အာဆင္နယ္နဲ ့ပြဲမွာ ဆန္းခ်က္စ္ဂိုးသြင္းမယ္ဆိုတာၾကိဳသိေနခဲ့တဲ့နည္းျပဆိုးလ္ရွား
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အိုေလးဂန္နားဆိုးလ္ရွားက အသင္းကစားသမားဆန္းခ်က္စ္တစ္ေယာက္ FA ဖလားပြဲမွာ အာဆင္နယ္အသင္းနဲ့ ရင္ဆိုင္ကစားရမယ့္အခြင့္အေရးကို ေကာင္းေကာင္းၾကီးအသံုးခ်နိုင္မယ္ဆိုတာ ၾကိဳတင္သိျမင္ခဲ့ပံုရပါတယ္။အသက္၃၀အရြယ္ဂန္းနားကစားသမားေဟာင္းဟာ မနွစ္ရာသီအိုထရက္ဖို ့ဒ္ကိုေျပာင္းေရႊ ့လာၿပီးေနာက္ပိုင္း ပံုစံေကာင္းေတြ ျပန္ရဖို ့ၾကိဳးစားရုန္းကန္ေနရတာပဲျဖစ္ပါတယ္။
သို ့ေသာ္လည္း အသက္၄၅နွစ္အရြယ္ေနာ္ေ၀းနည္းျပၾကီးကေတာ့ အသင္းေဟာင္းနဲ ့ေတြ ့ဆံုတဲ့ပြဲမွာဆန္းခ်က္စ္တစ္ေယာက္ အခြင့္အေရးေကာင္းေတြကို ေကာင္းေကာင္းအသံုးခ်နိုင္မယ္လို ့ယံုၾကည္ခဲ့ပါတယ္။
“ ပရိတ္သတ္ေတြကသူ ့ကိုေလွာင္ေျပာင္ေ၀ဖန္ေနၾကခ်ိန္မွာ ဆန္းခ်က္စ္တစ္ေယာက္ဒါကို နွစ္သက္လိမ့္မယ္လို ့ကၽြန္ေတာ္ထင္ပါတယ္။သူ ့ကို ေလွာင္ေျပာင္သေရာ္သံေတြပဲေပးၾကတာကိုး။ကစားသမားတစ္ေယာက္အေနနဲ ့ဂုဏ္ယူစရာကန္သြင္းခ်က္ပါပဲ။မင္းတို ့အကုန္မွားေနေၾကာင္း ငါသက္ေသျပမယ္ဆိုတဲ့ ကန္ခ်က္ပံုစံမ်ိဳးပါ။”
ပထမဆံုးေထာက္ျပခ်ီးက်ဳးျခင္တာကေတာ့ ခ်ီလီတိုက္စစ္မွဴးဟာ နည္းျပဆိုးလ္ရွားလိုခ်င္တဲ့ပံုစံအတိုင္းအေကာင္းဆံုးလုပ္ျပနိုင္ခဲ့တာပဲျဖစ္ပါတယ္။လူကာကူ ရဲ ့လွပအကြက္ျမင္တဲ့ဖန္တီးေပးမႈကေန ဆန္းခ်က္စ္က ဂိုးသမားပီတာဆက္ခ်္ကို ေက်ာ္ျဖတ္ၿပီး ဂိုးေပါက္ထဲေထာင့္ခ်ိဳးသြင္းယူေပးခဲ့တာပဲျဖစ္ပါတယ္။သိပ္မၾကာခင္မွာတင္ ဘယ္လ္ဂ်ီယံတိုက္စစ္မွဴး ရဲ့ေနာက္ထပ္တစ္ၾကိမ္ဖန္တီးေပးမႈကေန လင္ဂတ္က ဒုတိယဦးေဆာင္ဂိုးသြင္းယူနိုင္ခဲ့ၿပီး ပထမပိုင္းၿပီးခ်ိန္မွာ အာဆင္နယ္အသင္းအတြက္ အူဘာမီးယန္းက ေခ်ပဂိုးသြင္းယူခဲ့ပါတယ္။
ဒါပင္မယ့္လည္း ဒုတိယပိုင္းအေရာက္မွာ အရံခုံကေန၀င္လာတဲ့ အန္တိုနီမာရွယ္ကယူနိုက္တက္တို ့အတြက္ တတိယဦးေဆာင္ဂိုးသြင္းယူေပးခဲ့ကာ ၃-၁ ရလဒ္ျဖင့္ အာဆင္နယ္အသင္းတို ့ၿပိဳင္ပြဲကေနထြက္ခြာသြားခဲ့ရတာပဲျဖစ္ပါတယ္။
“ ကၽြန္ေတာ္တို ့ေကာင္းေကာင္းအလုပ္လုပ္ခဲ့တယ္လို ့ထင္ပါတယ္။ကၽြန္ေတာ္တို ့ရဲ့ ဒဏ္ရာျပႆနာေတြက ကြဲျပားတဲ့အရာေတြကိုလုပ္ေဆာင္နိုင္စြမ္းမရိွေအာင္ ေျပာင္းလဲခဲ့ပါတယ္။ကၽြန္ေတာ္တို ့၂-၁ ျဖစ္ေနတဲ့ အခ်ိန္မွာ ၂-၂ ျဖစ္ဖို ့အခြင့္အေရးေတြရခဲ့ပင္မယ့္ ဂိုးမသြင္းနိုင္ခဲ့ပါဘူး။ဆိုကရက္တီးစ္ဆို ေျခက်င္း၀တ္နာက်င္ထိခိုက္သြားတယ္။အရမ္းၾကီးမျဖစ္ပါေစနဲ ့လို ့ေမ ွ်ာ္လင့္ပါတယ္။ကိုစီယယ္နီက်ေတာ့ မတူပါဘူး။အရမ္းၾကီးမျဖစ္ပါေစနဲ ့လို ့ပဲေမ ွ်ာ္လင့္ထားပါတယ္။သူေဆးရံုကိုသြားမွာပါ။ကၽြန္ေတာ္တို ့ေစာင့္ေနၾကပါတယ္။” လို ့အာဆင္နယ္နည္းျပအူနိုင္းအမ္မရီကပြဲအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။
” ကၽြန္ေတာ္တို ့မွာဒဏ္ရာျပႆနာေတြၾကီးပဲရင္ဆိုင္ေနရပါတယ္။ဟတ္တာဘယ္လာရင္လိုမ်ိဳးေပါ့။ေကာင္းမြန္တဲ့အေျခအေနမွာ ရိွေနတဲ့အသင္းတစ္သင္းနဲ ့ရင္ဆိုင္ကစားခဲ့ရတာပါ။ဒီပြဲရံႈးပင္မယ့္ကၽြန္ေတာ္တို ့အလုပ္အတြက္ေပ်ာ္ပါတယ္။ပရိတ္သတ္ေတြကလည္းကၽြန္ေတာ္တို ့ကို အားေပးခဲ့ၾကပါတယ္။ပရီးမီးယားလိပ္အေၾကာင္း ေတြးဖို ့လိုၿပီထင္ပါတယ္။ကၽြန္ေတာ္တို ့ခ်ဲလ္ဆီးကိုနိုင္ၿပီး ဇယားထိပ္ပိုင္းနဲ ့နီးစပ္လာပါၿပီ။ဒီၿပိဳင္ပြဲမွာ ကၽြန္ေတာ္တို ့တြန္းကစားဖို ့လိုေနပါၿပီ။ေနာက္ထပ္ယူရိုပါလိပ္ၿပိဳင္ပြဲလည္းရိွေနပါေသးတယ္၊ “လို ့အမ္မရီက ထပ္မံေျပာၾကားခဲ့တာပဲဲျဖစ္ပါတယ္။
ယူနိုက္တက္တို ့ေရာ ရာသီကုန္မွာ အဆင့္၄အတြင္း၀င္ေရာက္နိုင္ဖို ့ရိွေနလား?
(Unicode)
အာဆင်နယ်နဲ့ပွဲမှာ ဆန်းချက်စ်ဂိုးသွင်းမယ်ဆိုတာကြိုသိနေခဲ့တဲ့နည်းပြဆိုးလ်ရှား
အိုလေးဂန်နားဆိုးလ်ရှားက အသင်းကစားသမားဆန်းချက်စ်တစ်ယောက် FA ဖလားပွဲမှာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ကစားရမယ့်အခွင့်အရေးကို ကောင်းကောင်းကြီးအသုံးချနိုင်မယ်ဆိုတာ ကြိုတင်သိမြင်ခဲ့ပုံရပါတယ်။အသက်၃၀အရွယ်ဂန်းနားကစားသမားဟောင်းဟာ မနှစ်ရာသီအိုထရက်ဖို့ဒ်ကိုပြောင်းရွှေ့လာပြီးနောက်ပိုင်း ပုံစံကောင်းတွေ ပြန်ရဖို့ကြိုးစားရုန်းကန်နေရတာပဲဖြစ်ပါတယ်။
သို့သော်လည်း အသက်၄၅နှစ်အရွယ်နော်ဝေးနည်းပြကြီးကတော့ အသင်းဟောင်းနဲ့တွေ့ဆုံတဲ့ပွဲမှာဆန်းချက်စ်တစ်ယောက် အခွင့်အရေးကောင်းတွေကို ကောင်းကောင်းအသုံးချနိုင်မယ်လို့ယုံကြည်ခဲ့ပါတယ်။
“ ပရိတ်သတ်တွေကသူ့ကိုလှောင်ပြောင်ဝေဖန်နေကြချိန်မှာ ဆန်းချက်စ်တစ်ယောက်ဒါကို နှစ်သက်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။သူ့ကို လှောင်ပြောင်သရော်သံတွေပဲပေးကြတာကိုး။ကစားသမားတစ်ယောက်အနေနဲ့ဂုဏ်ယူစရာကန်သွင်းချက်ပါပဲ။မင်းတို့အကုန်မှားနေကြောင်း ငါသက်သေပြမယ်ဆိုတဲ့ ကန်ချက်ပုံစံမျိုးပါ။”
ပထမဆုံးထောက်ပြချီးကျုးခြင်တာကတော့ ချီလီတိုက်စစ်မှူးဟာ နည်းပြဆိုးလ်ရှားလိုချင်တဲ့ပုံစံအတိုင်းအကောင်းဆုံးလုပ်ပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။လူကာကူ ရဲ့လှပအကွက်မြင်တဲ့ဖန်တီးပေးမှုကနေ ဆန်းချက်စ်က ဂိုးသမားပီတာဆက်ချ်ကို ကျော်ဖြတ်ပြီး ဂိုးပေါက်ထဲထောင့်ချိုးသွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။သိပ်မကြာခင်မှာတင် ဘယ်လ်ဂျီယံတိုက်စစ်မှူး ရဲ့နောက်ထပ်တစ်ကြိမ်ဖန်တီးပေးမှုကနေ လင်ဂတ်က ဒုတိယဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းပြီးချိန်မှာ အာဆင်နယ်အသင်းအတွက် အူဘာမီးယန်းက ချေပဂိုးသွင်းယူခဲ့ပါတယ်။
ဒါပင်မယ့်လည်း ဒုတိယပိုင်းအရောက်မှာ အရံခုံကနေဝင်လာတဲ့ အန်တိုနီမာရှယ်ကယူနိုက်တက်တို့အတွက် တတိယဦးဆောင်ဂိုးသွင်းယူပေးခဲ့ကာ ၃-၁ ရလဒ်ဖြင့် အာဆင်နယ်အသင်းတို့ပြိုင်ပွဲကနေထွက်ခွာသွားခဲ့ရတာပဲဖြစ်ပါတယ်။
“ ကျွန်တော်တို့ကောင်းကောင်းအလုပ်လုပ်ခဲ့တယ်လို့ထင်ပါတယ်။ကျွန်တော်တို့ရဲ့ ဒဏ်ရာပြဿနာတွေက ကွဲပြားတဲ့အရာတွေကိုလုပ်ဆောင်နိုင်စွမ်းမရှိအောင် ပြောင်းလဲခဲ့ပါတယ်။ကျွန်တော်တို့၂-၁ ဖြစ်နေတဲ့ အချိန်မှာ ၂-၂ ဖြစ်ဖို့အခွင့်အရေးတွေရခဲ့ပင်မယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ဆိုကရက်တီးစ်ဆို ခြေကျင်းဝတ်နာကျင်ထိခိုက်သွားတယ်။အရမ်းကြီးမဖြစ်ပါစေနဲ့လို့မေ ျှာ်လင့်ပါတယ်။ကိုစီယယ်နီကျတော့ မတူပါဘူး။အရမ်းကြီးမဖြစ်ပါစေနဲ့လို့ပဲမေ ျှာ်လင့်ထားပါတယ်။သူဆေးရုံကိုသွားမှာပါ။ကျွန်တော်တို့စောင့်နေကြပါတယ်။” လို့အာဆင်နယ်နည်းပြအူနိုင်းအမ်မရီကပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
” ကျွန်တော်တို့မှာဒဏ်ရာပြဿနာတွေကြီးပဲရင်ဆိုင်နေရပါတယ်။ဟတ်တာဘယ်လာရင်လိုမျိုးပေါ့။ကောင်းမွန်တဲ့အခြေအနေမှာ ရှိနေတဲ့အသင်းတစ်သင်းနဲ့ရင်ဆိုင်ကစားခဲ့ရတာပါ။ဒီပွဲရှုံးပင်မယ့်ကျွန်တော်တို့အလုပ်အတွက်ပျော်ပါတယ်။ပရိတ်သတ်တွေကလည်းကျွန်တော်တို့ကို အားပေးခဲ့ကြပါတယ်။ပရီးမီးယားလိပ်အကြောင်း တွေးဖို့လိုပြီထင်ပါတယ်။ကျွန်တော်တို့ချဲလ်ဆီးကိုနိုင်ပြီး ဇယားထိပ်ပိုင်းနဲ့နီးစပ်လာပါပြီ။ဒီပြိုင်ပွဲမှာ ကျွန်တော်တို့တွန်းကစားဖို့လိုနေပါပြီ။နောက်ထပ်ယူရိုပါလိပ်ပြိုင်ပွဲလည်းရှိနေပါသေးတယ်၊ “လို့အမ်မရီက ထပ်မံပြောကြားခဲ့တာပဲဖြစ်ပါတယ်။
ယူနိုက်တက်တို့ရော ရာသီကုန်မှာ အဆင့်၄အတွင်းဝင်ရောက်နိုင်ဖို့ရှိနေလား?
Post a Comment