ခရစ္စတီယာနိုရိုနယ္ဒိုတစ္ေယာက္ရီးရဲလ္မက္ဒရစ္ကိုစြန္ ့ခြာခဲ့တဲ့ အဓိကလ ွ်ိဳ ့၀ွက္ခ်က္ထြက္ေပၚလာ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ ့ကာလက ရီးရဲလ္မက္ဒရစ္ကေန ရုတ္တရက္ေျပာင္းေရႊ ့ခဲ့တဲ့ ရိုနယ္ဒိုနဲ ့ပတ္သတ္ၿပီး ခိုင္မာတဲ့သတင္းသစ္တစ္ခုရိွေနပါတယ္။
ေဘာ္လြန္ဒီေအာ္ဆု ၅ၾကိမ္ရကစားသမားၾကီးနဲ ့ရီးရဲလ္တို ့ရဲ ့လမ္းခြဲဇာတ္လမ္းေတြ၊စီးရီေအခ်န္ပီယံနဲ ့သြားပူးေပါင္းတဲ့ အေၾကာင္းေတြစတဲ့သတင္းေတြဟာ အမ်ိဳးမ်ိဳးအဖံုဖံုနားနဲ ့မဆံ့ေအာင္ၾကားခဲ့ရပါတယ္။အထူးသျဖင့္ ရီးရဲလ္တို ့ဘ႑ာေရးအေျခအေနေၾကာင့္ရိုနယ္ဒိုနဲ ့ပတ္သတ္ၿပီး ၀န္ထုပ္၀န္ပိုးျဖစ္ေနတဲ့အေပၚ သူတို ့ရဲ ့အေကာင္းဆံုးကစားသမားကို ေရာင္းထုတ္ခဲ့ရတာပါဆိုတဲ့ အေၾကာင္းျပခ်က္ပါတဲ့ သတင္းေတြအထိၾကားခဲ့သိခဲ့ရတာပဲဲျဖစ္ပါတယ္။
ဒါပင္မယ့္လည္း စပိန္ေဘာလံုးဂ်ာနယ္လစ္ ဂူလမ္ဘလာဂူက ရီးရဲလ္နဲ ့ရိုနယ္ဒိုရဲ ့အခ်စ္ဇာတ္လမ္းဘယ္လို အဆံုးသတ္သြားခဲ့လည္းအေပၚ ကြဲျပားစြာရွင္းျပခဲ့ပါတယ္။ရိုနယ္ဒိုက ကလပ္မွာဆက္ေနလို ၿပီးသူ ့ကိုစာခ်ဳပ္ခ်ဳပ္ဖို ့ေျပာခဲ့ေၾကာင္း၊အသင္းဥကၠဌ ပီးရက္ဇ္ကလည္း သူ ့ရဲ ့လူကို ဆက္လက္ထားရိွလိုၿပီးေစ်းကြက္မွာ သူတို ့ရဲ ့အစြံေကာင္အျဖစ္ဆက္လက္ထားရိွလိုေနတာပဲျဖစ္ပါတယ္။ဒါပင္မယ့္လည္း ပီးရက္ဇ္က စာခ်ဳပ္သစ္မွာ အျပီးသစ္၀ယ္ယူခြင့္တန္ဖိုးကိုေလ်ာ ့ခ်ပစ္မယ္လို ့ဆိုလိုက္တာေၾကာင့္ရိုနယ္ဒိုတို ့ေဒါသပုန္ထသြားခဲ့တယ္လို ့ဘလာဂူကေျပာၾကားခဲ့ပါတယ္။
Daily Express ရဲ ့GB transfer show နဲ ့စကားေျပာရာမွာေတာ့ ဘလာဂူက ” လိုပတ္တီဂူဟာ ခရစ္စတီယာနို အသင္းကေနထြက္ခြာသြားတာနဲ ့ပတ္သတ္ၿပီးသူဘာတစ္ခုမွမသိလိုက္ပါဘူး။ရီးရဲလ္မက္ဒရစ္ကေနသူစြန္ ့ခြာဖို ့ဘယ္အရာကမွသူ ့ကိုတြန္းအားမေပးခဲ့တာပါ။ခရစ္စတီယာနိုက ဒီလိုေျပာေနခဲ့တာပါ။” မင္းငါ့ကိုအလိုရိွတယ္ဆိုစာခ်ဳပ္သစ္ထပ္ခ်ဳပ္လိုက္ပါ။” လို ့ေျပာေနတာပါ။ၿပီးေတာ့ ဖေလာ္ရန္တီနိုပီရက္ဇ္ကလည္း ”ေကာင္းၿပီ။ဒါပင္မယ့္ မင္းရဲ ့အၿပီးသတ္၀ယ္ယူခြင့္တန္ဖိုးကိုနည္းထားလိုက္မယ္ဆိုရင္မင္းစိတ္မကြက္ဘူးမလား” လို ့ျပန္ေမးခဲ့ပါတယ္။ပီးရက္ဇ္က ရိုနယ္ဒိုရဲ ့အသက္အရြယ္ေၾကာင့္ အၿပီးသတ္၀ယ္ယူခြင့္ကို ထိန္းခ်ဳပ္ထားခ်င္တဲ့ပံုရပါတယ္။”
” ရိုနယ္ဒိုတစ္ေယာက္ဘယ္လုိျဖစ္သြားတယ္မွတ္လဲ? သူတို ့ငါကိုအလိုမရွိေတာ့ဘူး။သူတို ့ငါ့ကိုအလိုမရိွေတာ့ဘူး။အသင္းတစ္သင္းသြားရွာခဲ့ေတာ့ ေဂ်ာ့မန္ဒက္စ္(သူ ့ေအးဂ်င့္) ေရ” လို ့ေျပာခဲ့ပါတယ္။”
ၿပီးခဲ့တဲ့ေအာက္တိုဘာလတုန္းက ရိုနယ္ဒိုတစ္ေယာက္ စပိန္အသင္းကေနထြက္ခြာခဲ့တဲ့ဆံုးျဖတ္ခ်က္အေပၚေမးခြန္ထုတ္ခံခဲ့ရကာ ရိုနယ္ဒိုက ရွင္းရွင္းလင္းလင္းေျဖၾကားခဲ့ပါတယ္။ဒါဟာသူ ့ရဲ ့ခံစားခ်က္ေၾကာင့္လို ဆိုခဲ့ပါတယ္။
” ကၽြန္ေတာ္ကလပ္ရဲ ့အနက္ရိႈင္းဆံုးေနရကေနခံစားသိျမင္ခဲ့ပါတယ္။အထူးသျဖင့္ ဥကၠဌဆီကေပါ့။သူတို ့ဟိုးအရင္အစက လုပ္ခဲ့ၾကသလိုမ်ိဳး အခုခ်ိန္ကၽြန္ေတာ့္အေပၚမွာ မစဥ္းစားေပးၾကေတာ့ပါဘူး။အဲ့ဒီအသင္းမွာ ပထမ ၄ ၅နွစ္ေလာက္က ကၽြန္ေတာ္ဟာ ခရစ္စတီယာနိုရိုနယ္ဒိုတစ္ေယာက္ဆိုတဲ့ ခံစားခ်က္ကိုရရိွခဲ့ပါတယ္။ဒါပင္မယ့္ေနာက္ပိုင္းနွစ္ေတြမွာေတာ့ သူတို ့အတြက္ ကၽြန္ေတာ္ဟာမရိွမျဖစ္မဟုတ္ေတာ့ဘူးဆိုတဲ့ ပံုစံနဲ ့ ဖြင့္မေျပာရံုတမယ္ အၾကည့္မ်ိဳးနဲ ့ဥကၠွဌက ကၽြန္ေတာ့္ကို ၾကည့္ခဲ့ပါတယ္။ကၽြန္ေတာ္ဘာဆိုလိုတာလဲ ခင္ဗ်ားတို ့သိပါတယ္။” လို ့ျပင္သစ္ေဘာလံုးနဲ ့ေတြ ့ဆံုစဥ္မွာ ရိုနယ္ဒိုကေျပာခဲ့တာပါ။
ဆက္လက္ၿပီးသူက ” ဒါပါပဲ။တကယ့္အမွန္တရားက အသင္းဥကၠဌက ကၽြန္ေတာ့္ကို ဘယ္တုန္းကမွ မခ်ဳပ္ေႏွာင္ထားဘူးလို ့ကၽြန္ေတာ္ယူဆထားပါတယ္။” လို ့ေျပာခဲ့တာပဲျဖစ္ပါတယ္။
အီတလီေဘာလံုးေလာကမွာေတာ့ အသက္၃၃နွစ္အရြယ္ ရိုနယ္ဒိုဟာ သူ ့ရဲ ့ပံုစံေကာင္းကို ဆက္လက္ျပသေနဆဲျဖစ္ပါတယ္။စီရီးေအမွာ ၁၄ဂိုးသြင္းၿပီး ၅ၾကိမ္အထိဂိုးဖန္တီးေပးမႈေတြျပဳလုပ္ထားနိုင္ခဲ့ပါတယ္။ဂ်ဴဗင္တပ္စ္အသင္းနဲ ့အတူ အျမင့္ဆံုးစံခ်ိန္ေတြနဲ ့အတူရိုနယ္ဒိုတစ္ေယာက္ပ်ံသန္းလ်က္ရိွေနပါတယ္။
(Unicode)
ခရစ်စတီယာနိုရိုနယ်ဒိုတစ်ယောက်ရီးရဲလ်မက်ဒရစ်ကိုစွန့်ခွာခဲ့တဲ့ အဓိကလ ျှို့ဝှက်ချက်ထွက်ပေါ်လာ
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက ရီးရဲလ်မက်ဒရစ်ကနေ ရုတ်တရက်ပြောင်းရွှေ့ခဲ့တဲ့ ရိုနယ်ဒိုနဲ့ပတ်သတ်ပြီး ခိုင်မာတဲ့သတင်းသစ်တစ်ခုရှိနေပါတယ်။
ဘော်လွန်ဒီအော်ဆု ၅ကြိမ်ရကစားသမားကြီးနဲ့ရီးရဲလ်တို့ရဲ့လမ်းခွဲဇာတ်လမ်းတွေ၊စီးရီအေချန်ပီယံနဲ့သွားပူးပေါင်းတဲ့ အကြောင်းတွေစတဲ့သတင်းတွေဟာ အမျိုးမျိုးအဖုံဖုံနားနဲ့မဆံ့အောင်ကြားခဲ့ရပါတယ်။အထူးသဖြင့် ရီးရဲလ်တို့ဘဏ္ဍာရေးအခြေအနေကြောင့်ရိုနယ်ဒိုနဲ့ပတ်သတ်ပြီး ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့အပေါ် သူတို့ရဲ့အကောင်းဆုံးကစားသမားကို ရောင်းထုတ်ခဲ့ရတာပါဆိုတဲ့ အကြောင်းပြချက်ပါတဲ့ သတင်းတွေအထိကြားခဲ့သိခဲ့ရတာပဲဖြစ်ပါတယ်။
ဒါပင်မယ့်လည်း စပိန်ဘောလုံးဂျာနယ်လစ် ဂူလမ်ဘလာဂူက ရီးရဲလ်နဲ့ရိုနယ်ဒိုရဲ့အချစ်ဇာတ်လမ်းဘယ်လို အဆုံးသတ်သွားခဲ့လည်းအပေါ် ကွဲပြားစွာရှင်းပြခဲ့ပါတယ်။ရိုနယ်ဒိုက ကလပ်မှာဆက်နေလို ပြီးသူ့ကိုစာချုပ်ချုပ်ဖို့ပြောခဲ့ကြောင်း၊အသင်းဥက္ကဌ ပီးရက်ဇ်ကလည်း သူ့ရဲ့လူကို ဆက်လက်ထားရှိလိုပြီးဈေးကွက်မှာ သူတို့ရဲ့အစွံကောင်အဖြစ်ဆက်လက်ထားရှိလိုနေတာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း ပီးရက်ဇ်က စာချုပ်သစ်မှာ အပြီးသစ်ဝယ်ယူခွင့်တန်ဖိုးကိုလျော့ချပစ်မယ်လို့ဆိုလိုက်တာကြောင့်ရိုနယ်ဒိုတို့ဒေါသပုန်ထသွားခဲ့တယ်လို့ဘလာဂူကပြောကြားခဲ့ပါတယ်။
Daily Express ရဲ့GB transfer show နဲ့စကားပြောရာမှာတော့ ဘလာဂူက ” လိုပတ်တီဂူဟာ ခရစ်စတီယာနို အသင်းကနေထွက်ခွာသွားတာနဲ့ပတ်သတ်ပြီးသူဘာတစ်ခုမှမသိလိုက်ပါဘူး။ရီးရဲလ်မက်ဒရစ်ကနေသူစွန့်ခွာဖို့ဘယ်အရာကမှသူ့ကိုတွန်းအားမပေးခဲ့တာပါ။ခရစ်စတီယာနိုက ဒီလိုပြောနေခဲ့တာပါ။” မင်းငါ့ကိုအလိုရှိတယ်ဆိုစာချုပ်သစ်ထပ်ချုပ်လိုက်ပါ။” လို့ပြောနေတာပါ။ပြီးတော့ ဖလော်ရန်တီနိုပီရက်ဇ်ကလည်း ”ကောင်းပြီ။ဒါပင်မယ့် မင်းရဲ့အပြီးသတ်ဝယ်ယူခွင့်တန်ဖိုးကိုနည်းထားလိုက်မယ်ဆိုရင်မင်းစိတ်မကွက်ဘူးမလား” လို့ပြန်မေးခဲ့ပါတယ်။ပီးရက်ဇ်က ရိုနယ်ဒိုရဲ့အသက်အရွယ်ကြောင့် အပြီးသတ်ဝယ်ယူခွင့်ကို ထိန်းချုပ်ထားချင်တဲ့ပုံရပါတယ်။”
” ရိုနယ်ဒိုတစ်ယောက်ဘယ်လိုဖြစ်သွားတယ်မှတ်လဲ? သူတို့ငါကိုအလိုမရှိတော့ဘူး။သူတို့ငါ့ကိုအလိုမရှိတော့ဘူး။အသင်းတစ်သင်းသွားရှာခဲ့တော့ ဂျော့မန်ဒက်စ်(သူ့အေးဂျင့်) ရေ” လို့ပြောခဲ့ပါတယ်။”
ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက ရိုနယ်ဒိုတစ်ယောက် စပိန်အသင်းကနေထွက်ခွာခဲ့တဲ့ဆုံးဖြတ်ချက်အပေါ်မေးခွန်ထုတ်ခံခဲ့ရကာ ရိုနယ်ဒိုက ရှင်းရှင်းလင်းလင်းဖြေကြားခဲ့ပါတယ်။ဒါဟာသူ့ရဲ့ခံစားချက်ကြောင့်လို ဆိုခဲ့ပါတယ်။
” ကျွန်တော်ကလပ်ရဲ့အနက်ရှိုင်းဆုံးနေရကနေခံစားသိမြင်ခဲ့ပါတယ်။အထူးသဖြင့် ဥက္ကဌဆီကပေါ့။သူတို့ဟိုးအရင်အစက လုပ်ခဲ့ကြသလိုမျိုး အခုချိန်ကျွန်တော့်အပေါ်မှာ မစဉ်းစားပေးကြတော့ပါဘူး။အဲ့ဒီအသင်းမှာ ပထမ ၄ ၅နှစ်လောက်က ကျွန်တော်ဟာ ခရစ်စတီယာနိုရိုနယ်ဒိုတစ်ယောက်ဆိုတဲ့ ခံစားချက်ကိုရရှိခဲ့ပါတယ်။ဒါပင်မယ့်နောက်ပိုင်းနှစ်တွေမှာတော့ သူတို့အတွက် ကျွန်တော်ဟာမရှိမဖြစ်မဟုတ်တော့ဘူးဆိုတဲ့ ပုံစံနဲ့ ဖွင့်မပြောရုံတမယ် အကြည့်မျိုးနဲ့ဥက္ကှဌက ကျွန်တော့်ကို ကြည့်ခဲ့ပါတယ်။ကျွန်တော်ဘာဆိုလိုတာလဲ ခင်ဗျားတို့သိပါတယ်။” လို့ပြင်သစ်ဘောလုံးနဲ့တွေ့ဆုံစဉ်မှာ ရိုနယ်ဒိုကပြောခဲ့တာပါ။
ဆက်လက်ပြီးသူက ” ဒါပါပဲ။တကယ့်အမှန်တရားက အသင်းဥက္ကဌက ကျွန်တော့်ကို ဘယ်တုန်းကမှ မချုပ်နှောင်ထားဘူးလို့ကျွန်တော်ယူဆထားပါတယ်။” လို့ပြောခဲ့တာပဲဖြစ်ပါတယ်။
အီတလီဘောလုံးလောကမှာတော့ အသက်၃၃နှစ်အရွယ် ရိုနယ်ဒိုဟာ သူ့ရဲ့ပုံစံကောင်းကို ဆက်လက်ပြသနေဆဲဖြစ်ပါတယ်။စီရီးအေမှာ ၁၄ဂိုးသွင်းပြီး ၅ကြိမ်အထိဂိုးဖန်တီးပေးမှုတွေပြုလုပ်ထားနိုင်ခဲ့ပါတယ်။ဂျူဗင်တပ်စ်အသင်းနဲ့အတူ အမြင့်ဆုံးစံချိန်တွေနဲ့အတူရိုနယ်ဒိုတစ်ယောက်ပျံသန်းလျက်ရှိနေပါတယ်။
Post a Comment