ဒီရာသီအိုေဇးနဲ႔ဂိုးဖန္တီးမႈအေရအတြက္နဲ ့တူသြားျပီျဖစ္တဲ့ဂါးနားကစားသမားေဟာင္းနာဆရီ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဝက္ဟမ္းကြင္းလယ္လူနာဆရီဟာ အာဆင္နယ္နဲ႔ပြဲမွာသူ႔ရဲ႕ ဒီရာသီပထမဆံုးဂိုးဖန္တီးမႈ ျပဳလုပ္နိုင္ခဲ့ပါတယ္။ဒါေျကာင့္ အိုးေဇးရဲ႕ဂိုးဖန္တီးမႈတစ္ျကိမ္နဲ႔ အတူတူျဖစ္သြားခဲ့ပါျပီ။ဒါေပမယ့္နာဆရီဟာ ဒီနွစ္ပရီးမီးယားလိဂ္မွာ အသင္းအတြက္ ၇၁မိနစ္သာကစားခဲ့ရေသးတာပါ။ကာလရွည္ ပြဲပယ္ျပစ္ဒဏ္ေျကာင့္ ျမက္ခင္းစိမ္းေတြနဲ႔ေဝးကြာေနတဲ့နာဆရီဟာ အသင္းေဟာင္း အာဆင္နယ္နဲ႔ပြဲမွာေတာ့ ဝက္ဟမ္းကြင္းလယ္မွာ အမွတ္မထင္ပါဝင္လာခဲ့ပါတယ္။
ကြင္းအတြင္း သူရဲ႕ပံုစံေကာင္းေတြကို ျပန္လည္ျပသနိုင္ခဲ့ျပီး ဒီပြဲရဲ႕တစ္လံုးတည္းေသာဂိုးကိုလည္းဖန္တီးေပးနိုင္ခဲ့ပါတယ္။ဒီဖန္တီးမႈေျကာင့္လည္း ဂ်ာမန္ကြင္းလယ္လူအိုေဇးနဲ႔ တူသြားခဲ့တာပါ။ဆိုရွယ္မီဒီယာမွာလည္း ''အခုမွပြဲထြက္တဲ့နာဆရီကဖန္တီးမႈ တစ္ျကိမ္၊စီးတီးဂိုးသမား အီဒါဆင္ကလည္းတစ္ျကိမ္၊အာဆင္နယ္ရဲ႕အေကာင္းဖန္တီးရွင္ျကီးကလည္း ဂိုးဖန္တီးမႈတစ္ျကိမ္ပဲရွိတယ္တဲ့လား''ဆိုျပီးေလွာင္ေျပာင္မႈေတြထြက္ေပၚလာပါတယ္။
အိုေဇးကေတာ့ နည္းျပအူနိုင္းအမ္မရီရဲ႕ ပထမဦးစားေပးမျဖစ္ခဲ့ပဲ ဒီရာသီမွာအသင္းအတြက္ 981မိနစ္သာ ပါဝင္ကစားခြင့္ရခဲ့တာပါ။ဒါေျကာင့္လည္း အိုေဇးရဲ႕အေျပာင္းအေရြ႕သတင္းေတြလႈပ္ခတ္လ်က္ရွိေနတာပါ။နာဆရီကေတာ့ ဝက္ဟမ္းအတြက္ ဆက္လက္အက်ိဳးျပဳနိုင္မလားစိတ္ဝင္စားစရာပါပဲ။ေနာက္ထပ္ ဖန္တီးမႈေတြဂိုးသြင္းေတြနဲ႕ ဝက္ဟမ္းမွာ နာဆရီရဲ႕ငယ္မူငယ္ေသြးျပန္ျမင္ေတြ႕ရမလားစိတ္ဝင္စားစရာပါပဲ။
(Unicode)
ဒီရာသီအိုဇေးနဲ့ဂိုးဖန်တီးမှုအရေအတွက်နဲ့တူသွားပြီဖြစ်တဲ့ဂါးနားကစားသမားဟောင်းနာဆရီ
ဝက်ဟမ်းကွင်းလယ်လူနာဆရီဟာ အာဆင်နယ်နဲ့ပွဲမှာသူ့ရဲ့ ဒီရာသီပထမဆုံးဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ဒါကြောင့် အိုးဇေးရဲ့ဂိုးဖန်တီးမှုတစ်ကြိမ်နဲ့ အတူတူဖြစ်သွားခဲ့ပါပြီ။ဒါပေမယ့်နာဆရီဟာ ဒီနှစ်ပရီးမီးယားလိဂ်မှာ အသင်းအတွက် ၇၁မိနစ်သာကစားခဲ့ရသေးတာပါ။ကာလရှည် ပွဲပယ်ပြစ်ဒဏ်ကြောင့် မြက်ခင်းစိမ်းတွေနဲ့ဝေးကွာနေတဲ့နာဆရီဟာ အသင်းဟောင်း အာဆင်နယ်နဲ့ပွဲမှာတော့ ဝက်ဟမ်းကွင်းလယ်မှာ အမှတ်မထင်ပါဝင်လာခဲ့ပါတယ်။
ကွင်းအတွင်း သူရဲ့ပုံစံကောင်းတွေကို ပြန်လည်ပြသနိုင်ခဲ့ပြီး ဒီပွဲရဲ့တစ်လုံးတည်းသောဂိုးကိုလည်းဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒီဖန်တီးမှုကြောင့်လည်း ဂျာမန်ကွင်းလယ်လူအိုဇေးနဲ့ တူသွားခဲ့တာပါ။ဆိုရှယ်မီဒီယာမှာလည်း ''အခုမှပွဲထွက်တဲ့နာဆရီကဖန်တီးမှု တစ်ကြိမ်၊စီးတီးဂိုးသမား အီဒါဆင်ကလည်းတစ်ကြိမ်၊အာဆင်နယ်ရဲ့အကောင်းဖန်တီးရှင်ကြီးကလည်း ဂိုးဖန်တီးမှုတစ်ကြိမ်ပဲရှိတယ်တဲ့လား''ဆိုပြီးလှောင်ပြောင်မှုတွေထွက်ပေါ်လာပါတယ်။
အိုဇေးကတော့ နည်းပြအူနိုင်းအမ်မရီရဲ့ ပထမဦးစားပေးမဖြစ်ခဲ့ပဲ ဒီရာသီမှာအသင်းအတွက် 981မိနစ်သာ ပါဝင်ကစားခွင့်ရခဲ့တာပါ။ဒါကြောင့်လည်း အိုဇေးရဲ့အပြောင်းအရွေ့သတင်းတွေလှုပ်ခတ်လျက်ရှိနေတာပါ။နာဆရီကတော့ ဝက်ဟမ်းအတွက် ဆက်လက်အကျိုးပြုနိုင်မလားစိတ်ဝင်စားစရာပါပဲ။နောက်ထပ် ဖန်တီးမှုတွေဂိုးသွင်းတွေနဲ့ ဝက်ဟမ်းမှာ နာဆရီရဲ့ငယ်မူငယ်သွေးပြန်မြင်တွေ့ရမလားစိတ်ဝင်စားစရာပါပဲ။
Post a Comment