ဒီဂီယာေလာက္ကာကြယ္နို္င္တဲ ့ဂိုးသမားမရိွေတာ့ဘူးလို ့ခ်ီးက်ဴးေနၾကတဲ့ယူနိုက္တက္ဖန္မ်ား
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ေဒးဗစ္ဒီဂီယာ တစ္ေယာက္မေန ့ညကစပါးလ္နဲ့ပြဲမွာ ပရီးမီယားလိပ္သမိုင္းတစ္ေလ ွ်ာက္အေကာင္းဆံုးဂိုးသမားအရည္အေသြးကိုျပသခဲ့ၿပီးေနာက္ အြန္လိုင္းေပၚေတြမွာ ဒီဂီယာေတာ္ေၾကာင္း ဖိုတိုေလ ွ်ာ ့ေတြဟာလည္း အေျမာက္အျမားေပၚထြက္လာခဲ့တာပဲျဖစ္ပါတယ္။
ခင္ဗ်ားအေနနဲ ့မေန ့ညကပြဲကိုၾကည့္ျဖစ္တယ္ဆိုရင္ေတာ့ ဂိုးသမားအနည္းစုသာလုပ္နိုင္တဲ့ ဒီဂီယာရဲ့ကမာၻ ့အဆင့္စြမ္းေဆာင္ရည္ေတြကိုေတြ ့ျမင္နိုင္ပါတယ္။ဒီဂီယာရဲ ့ဂိုးေပါက္ကာကြယ္ေစာင့္ေရွာက္မႈစေကးလ္ကေတာ့ ပရီးမီးယားလိပ္မွာ တစ္စံုတစ္ရာအေကာင္းဆံုးတစ္ခုလို ့သတ္မွတ္ထားနိုင္ပါတယ္။
ေဒးဗစ္ဒီဂီယာရဲ ့မန္ခ်က္စတာယူနိုက္တက္အသင္းဟာ စပါးလ္အသင္းကို ၁-၀ ျဖင့္အနိုင္ရရိွခဲ့ရံုမက ဟာရီကိန္း၊ဒယ္လီအလီတို ့ရဲ့ အေပါင္းအပါကန္သြင္းခ်က္ေတြကို ၁၁ၾကိမ္တိတိ ပုတ္ထုတ္ျပခဲ့တာေၾကာင့္ ပြဲၾကည့္ပရိတ္သတ္ေတြကို ဆြံ ့အသြားေစခဲ့တာပဲျဖစ္ပါတယ္။ဒီဂီယာရဲ ့အံ့ၾသစရာ စြမ္းေဆာင္ခ်က္ေတြေၾကာင့္ ပြဲအၿပီးမွာ အသင္းေဖာ္မာတာကိုယ္တိုင္ပင္ အံၾသမင္သက္ေနခဲ့တာကိုေတြ ့ရပါတယ္။
ေအာက္မွာ ဒီဂီယာနဲ ့ပတ္သတ္ၿပီး ဖန္ေတြတင္ထားၾကတဲ့ ပလူးပ်ံေနတဲ့ ဖိုတိုေလ ွ်ာ ့ေတြကို တစ္ခ်က္ၾကည့္လိုက္ပါဦး။
စပါးလ္အသင္းဟာ ဒုတိယပိုင္းအေရာက္မွာ တိုက္စစ္ပိုင္းကိုအသားကုန္ဖိကစားခဲ့ေသာ္လည္း အသက္၂၈နွစ္အရြယ္ဂိုးသမားကိုေက်ာ္ျဖတ္သြားနိုင္ျခင္းမရိွပါဘူး။ပိုခ်က္တီနို ရဲ ့အသင္းဟာ ေသခ်ာေပါက္အခြင့္အေရးေတြရရိွခဲ့ေသာ္လည္း ယူနိုက္တက္ဂိုးကို ဘယ္လို၀င္ေအာင္ကန္သြင္းရမလဲအေျဖရွာမရခဲ့ပါဘူး။
၂သင္းစလံုးအတြက္အဆံုးအျဖတ္ျဖစ္သြားေစခဲ့တာကေတာ့ ယူနိုက္တက္တိုက္စစ္မွဴးမာကပ္ရပ္ဖို ့ဒ္ရဲ ့ပထမပိုင္းသြင္းဂိုးပါပဲ။ေပါလ္ေပါ့ဘာတစ္ေယာက္ဟာ သူ ့ရဲ ့ကမာၻ ့အဆင့္ဂိုးဖန္တီးမႈကို ျပသလိုက္တာလည္းျဖစ္ၿပီး( ဒီထက္ပိုလုပ္ျပဖို ့လုိအပ္ေသး) ကြင္းလယ္ကေန ခက္ခက္ခဲခဲ မာကပ္ရပ္ဖို ့ဒ္ေျပးလမ္းေၾကာင္းထဲကို တန္းတန္းမတ္မတ္ေပးပို ့ခဲ့ကာ ရပ္ဖို ့ဒ္က ဂိုးဧရိယာအထဲထိဆြဲေျပးသြားၿပီး ဂိုးသမားဟူဂိုေလာရစ္ရဲ ့ညာဘက္ေထာင့္ကို ကန္သြင္းယူခဲ့တာပဲျဖစ္ပါတယ္။
အိုလ္ေလးဂန္နားဆိုလ္ရွားရဲ ့ယူနိုက္တက္အသင္းဟာ ပထမပိုင္းမွာ ပိုေကာင္းတဲ့အသင္းျဖစ္ခဲ့ၿပီး ထိေရာက္တဲ့ဟန္ ့တားမႈေတြျပဳလုပ္နိုင္ခဲ့ကာ ဒီဂီယာရဲ ့ ကမာၻ ့အျပင္ထိကာကြယ္မႈေတြနဲ ့အတူ ပြဲအၿပီး အဆိုပါ ၁-၀ မရိွရလဒ္အတိုင္းဆုပ္ကိုင္နိုင္ခဲ့တာပဲျဖစ္ပါတယ္။
(Unicode)
ဒီဂီယာလောက်ကာကွယ်နိုင်တဲ့ဂိုးသမားမရှိတော့ဘူးလို့ချီးကျူးနေကြတဲ့ယူနိုက်တက်ဖန်များ
ဒေးဗစ်ဒီဂီယာ တစ်ယောက်မနေ့ညကစပါးလ်နဲ့ပွဲမှာ ပရီးမီယားလိပ်သမိုင်းတစ်လေ ျှာက်အကောင်းဆုံးဂိုးသမားအရည်အသွေးကိုပြသခဲ့ပြီးနောက် အွန်လိုင်းပေါ်တွေမှာ ဒီဂီယာတော်ကြောင်း ဖိုတိုလေ ျှာ့တွေဟာလည်း အမြောက်အမြားပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။
ခင်ဗျားအနေနဲ့မနေ့ညကပွဲကိုကြည့်ဖြစ်တယ်ဆိုရင်တော့ ဂိုးသမားအနည်းစုသာလုပ်နိုင်တဲ့ ဒီဂီယာရဲ့ကမ္ဘာ့အဆင့်စွမ်းဆောင်ရည်တွေကိုတွေ့မြင်နိုင်ပါတယ်။ဒီဂီယာရဲ့ဂိုးပေါက်ကာကွယ်စောင့်ရှောက်မှုစကေးလ်ကတော့ ပရီးမီးယားလိပ်မှာ တစ်စုံတစ်ရာအကောင်းဆုံးတစ်ခုလို့သတ်မှတ်ထားနိုင်ပါတယ်။
ဒေးဗစ်ဒီဂီယာရဲ့မန်ချက်စတာယူနိုက်တက်အသင်းဟာ စပါးလ်အသင်းကို ၁-၀ ဖြင့်အနိုင်ရရှိခဲ့ရုံမက ဟာရီကိန်း၊ဒယ်လီအလီတို့ရဲ့ အပေါင်းအပါကန်သွင်းချက်တွေကို ၁၁ကြိမ်တိတိ ပုတ်ထုတ်ပြခဲ့တာကြောင့် ပွဲကြည့်ပရိတ်သတ်တွေကို ဆွံ့အသွားစေခဲ့တာပဲဖြစ်ပါတယ်။ဒီဂီယာရဲ့အံ့သြစရာ စွမ်းဆောင်ချက်တွေကြောင့် ပွဲအပြီးမှာ အသင်းဖော်မာတာကိုယ်တိုင်ပင် အံသြမင်သက်နေခဲ့တာကိုတွေ့ရပါတယ်။
အောက်မှာ ဒီဂီယာနဲ့ပတ်သတ်ပြီး ဖန်တွေတင်ထားကြတဲ့ ပလူးပျံနေတဲ့ ဖိုတိုလေ ျှာ့တွေကို တစ်ချက်ကြည့်လိုက်ပါဦး။
စပါးလ်အသင်းဟာ ဒုတိယပိုင်းအရောက်မှာ တိုက်စစ်ပိုင်းကိုအသားကုန်ဖိကစားခဲ့သော်လည်း အသက်၂၈နှစ်အရွယ်ဂိုးသမားကိုကျော်ဖြတ်သွားနိုင်ခြင်းမရှိပါဘူး။ပိုချက်တီနို ရဲ့အသင်းဟာ သေချာပေါက်အခွင့်အရေးတွေရရှိခဲ့သော်လည်း ယူနိုက်တက်ဂိုးကို ဘယ်လိုဝင်အောင်ကန်သွင်းရမလဲအဖြေရှာမရခဲ့ပါဘူး။
၂သင်းစလုံးအတွက်အဆုံးအဖြတ်ဖြစ်သွားစေခဲ့တာကတော့ ယူနိုက်တက်တိုက်စစ်မှူးမာကပ်ရပ်ဖို့ဒ်ရဲ့ပထမပိုင်းသွင်းဂိုးပါပဲ။ပေါလ်ပေါ့ဘာတစ်ယောက်ဟာ သူ့ရဲ့ကမ္ဘာ့အဆင့်ဂိုးဖန်တီးမှုကို ပြသလိုက်တာလည်းဖြစ်ပြီး( ဒီထက်ပိုလုပ်ပြဖို့လိုအပ်သေး) ကွင်းလယ်ကနေ ခက်ခက်ခဲခဲ မာကပ်ရပ်ဖို့ဒ်ပြေးလမ်းကြောင်းထဲကို တန်းတန်းမတ်မတ်ပေးပို့ခဲ့ကာ ရပ်ဖို့ဒ်က ဂိုးဧရိယာအထဲထိဆွဲပြေးသွားပြီး ဂိုးသမားဟူဂိုလောရစ်ရဲ့ညာဘက်ထောင့်ကို ကန်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။
အိုလ်လေးဂန်နားဆိုလ်ရှားရဲ့ယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာ ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပြီး ထိရောက်တဲ့ဟန့်တားမှုတွေပြုလုပ်နိုင်ခဲ့ကာ ဒီဂီယာရဲ့ ကမ္ဘာ့အပြင်ထိကာကွယ်မှုတွေနဲ့အတူ ပွဲအပြီး အဆိုပါ ၁-၀ မရှိရလဒ်အတိုင်းဆုပ်ကိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
Post a Comment