ဖီအိုရင္တီနားကို၇-၁ ျဖင့္ရံႈးနိမ့္တဲ့ပြဲမွာဒိုင္လူၾကီးမ်က္နွာကိုတံေတြးနဲ ့ေထြးခဲ့တဲ့ဒီဇီကို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မေန ့ညက ဖီအိုရင္တီနားအသင္းကို ၇-၁ ျဖင့္ရံႈးနိမ့္ခဲ့တဲ့ပြဲမွာ ရိုးမားတိုက္စစ္မွဴး ဒီဇီကိုဟာ ကြင္းလယ္ဒိုင္လူၾကီးရဲ ့မ်က္နွာကို တံေတြးနဲ ့ေထြးခဲ့တာေၾကာင့္ အနီကဒ္နဲ့အထုတ္ခံခဲ့ရၿပီး ကာလရွည္ပြဲပယ္ျပစ္ဒဏ္က်ခံရေခ်ရိွေၾကာင္းသိရပါတယ္။
ကိုပါအီတလီယာဖလားပြဲစဥ္အျဖစ္ကစားခဲ့တဲ့ အဆိုပါပြဲမွာ ရိုးမားတို ့၄-၁ ျဖင့္ရံႈးနိမ့္ေနခ်ိန္ တိုက္စစ္မွဴးဒီဇီကိုဟာ ကြင္းလယ္ဒိုင္ရဲ ့ဆံုးျဖတ္ခ်က္တစ္ခုအေပၚမေက်မနပ္ျဖစ္ခဲ့ၿပီး ရြံရွာစရာေကာင္းတဲ့အျပဳအမူအျဖစ္ ကြင္းလယ္ဒိုင္ကို တံေတြးနဲ ့ဆက္တိုက္ဆင့္ေထြးခဲ့တာပဲျဖစ္ပါတယ္။ကြင္းလယ္ဒိုင္က မဆိုင္းမတြ အနီကဒ္ထုတ္ျပခဲ့ေသာ္လည္း ဒီဇီကို က ေနာင္ထပ္ ဒုတိယအၾကိမ္ တံေတြးနဲ ့ထပ္ေထြးခဲ့တာပဲျဖစ္ပါတယ္။
မန္စီးတီးတိုက္စစ္မွဴးေဟာင္းရဲ ့အျပဳအမူနဲ ့ပတ္သတ္ၿပီး လူမႈကြန္ယက္ေတြေပၚမွာေ၀ဖန္အျပစ္တင္ေနၾကတာပဲျဖစ္ပါတယ္။ဒီဇီကိုဟာ ဒီရာသီေဘာလံုးေလာကမွာ အီတလီမွာ ကစားေနရင္း တံေတြးေထြးတဲ့ စက္စုပ္ရံြရွာအျပဳအမူကိုျပဳလုပ္ခဲ့ေသာ ဒုတိယေျမာက္ကစားသမားျဖစ္လာခဲ့ပါတယ္။ၿပီးခဲ့တဲ့ စက္တင္ဘာလတုန္းကဂ်ဴဗင္တပ္စ္အသင္း ဆာဆူလိုအသင္းကို ၂-၁ျဖင့္ အနိုင္ရတဲ့ပြဲမွာ ဂ်ဴဗင္တပ္စ္ေတာင္ပံကစားသမားေဒါက္ကလပ္စ္ေကာ္စတာတစ္ေယာက္ တစ္ဖက္ကစားသမား ဖရန္ဆီစစ္ကိုရဲ ့ေခါင္းကို ဒိုင္ေရွ ့မွာတင္ တံေတာင္နဲ ့တမင္တြတ္ခဲ့ၿပီး အသက္၂၄ နွစ္အရြယ္ဖရစ္ဆီစစ္ကို ရဲ ့မ်က္နွာကိုလည္း တံေတြးနဲ ့ေထြးခဲ့ပါေသးတယ္။
VAR အကူအညီနဲ ့ျပန္ၾကည့္ရာမွာေတာ့ ေကာ္စတာဟာ အနီကဒ္ျပစ္ဒဏ္နဲ ့ထိုက္တန္ခဲ့ၿပီး ၄ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရပါတယ္။ဒါပင္မယ့္ ဒီဇီကိုကေတာ့ ပြဲရဲ ့အဓိက လူတစ္ဦးကို ျပဳမႈခဲ့တာျဖစ္ၿပီး သူ ့ရဲ ့ျပစ္ဒဏ္ဟာအေတာ္ေလးၾကီးေလးဖြယ္ရိွေနပါတယ္။
(Unicode)
ဖီအိုရင်တီနားကို၇-၁ ဖြင့်ရှုံးနိမ့်တဲ့ပွဲမှာဒိုင်လူကြီးမျက်နှာကိုတံတွေးနဲ့ထွေးခဲ့တဲ့ရိုးမားတိုက်စစ်မှူးဒီဇီကို
မနေ့ညက ဖီအိုရင်တီနားအသင်းကို ၇-၁ ဖြင့်ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ရိုးမားတိုက်စစ်မှူး ဒီဇီကိုဟာ ကွင်းလယ်ဒိုင်လူကြီးရဲ့မျက်နှာကို တံတွေးနဲ့ထွေးခဲ့တာကြောင့် အနီကဒ်နဲ့အထုတ်ခံခဲ့ရပြီး ကာလရှည်ပွဲပယ်ပြစ်ဒဏ်ကျခံရချေရှိကြောင်းသိရပါတယ်။
ကိုပါအီတလီယာဖလားပွဲစဉ်အဖြစ်ကစားခဲ့တဲ့ အဆိုပါပွဲမှာ ရိုးမားတို့၄-၁ ဖြင့်ရှုံးနိမ့်နေချိန် တိုက်စစ်မှူးဒီဇီကိုဟာ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်တစ်ခုအပေါ်မကျေမနပ်ဖြစ်ခဲ့ပြီး ရွံရှာစရာကောင်းတဲ့အပြုအမူအဖြစ် ကွင်းလယ်ဒိုင်ကို တံတွေးနဲ့ဆက်တိုက်ဆင့်ထွေးခဲ့တာပဲဖြစ်ပါတယ်။ကွင်းလယ်ဒိုင်က မဆိုင်းမတွ အနီကဒ်ထုတ်ပြခဲ့သော်လည်း ဒီဇီကို က နောင်ထပ် ဒုတိယအကြိမ် တံတွေးနဲ့ထပ်ထွေးခဲ့တာပဲဖြစ်ပါတယ်။
မန်စီးတီးတိုက်စစ်မှူးဟောင်းရဲ့အပြုအမူနဲ့ပတ်သတ်ပြီး လူမှုကွန်ယက်တွေပေါ်မှာဝေဖန်အပြစ်တင်နေကြတာပဲဖြစ်ပါတယ်။ဒီဇီကိုဟာ ဒီရာသီဘောလုံးလောကမှာ အီတလီမှာ ကစားနေရင်း တံတွေးထွေးတဲ့ စက်စုပ်ရွံရှာအပြုအမူကိုပြုလုပ်ခဲ့သော ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကဂျူဗင်တပ်စ်အသင်း ဆာဆူလိုအသင်းကို ၂-၁ဖြင့် အနိုင်ရတဲ့ပွဲမှာ ဂျူဗင်တပ်စ်တောင်ပံကစားသမားဒေါက်ကလပ်စ်ကော်စတာတစ်ယောက် တစ်ဖက်ကစားသမား ဖရန်ဆီစစ်ကိုရဲ့ခေါင်းကို ဒိုင်ရှေ့မှာတင် တံတောင်နဲ့တမင်တွတ်ခဲ့ပြီး အသက်၂၄ နှစ်အရွယ်ဖရစ်ဆီစစ်ကို ရဲ့မျက်နှာကိုလည်း တံတွေးနဲ့ထွေးခဲ့ပါသေးတယ်။
VAR အကူအညီနဲ့ပြန်ကြည့်ရာမှာတော့ ကော်စတာဟာ အနီကဒ်ပြစ်ဒဏ်နဲ့ထိုက်တန်ခဲ့ပြီး ၄ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ဒါပင်မယ့် ဒီဇီကိုကတော့ ပွဲရဲ့အဓိက လူတစ်ဦးကို ပြုမှုခဲ့တာဖြစ်ပြီး သူ့ရဲ့ပြစ်ဒဏ်ဟာအတော်လေးကြီးလေးဖွယ်ရှိနေပါတယ်။
Post a Comment