တပည့္ေက်ာ္ပီတာဆက္ခ်္ၾကီးအနားယူေတာ့မယ့္အေပၚေမာ္ရင္ဟိုတစ္ေယာက္ဘာေျပာလိုက္ၿပီလဲ?
Zawgyi သမားမ်ားေအာက္ဆြဲဖတ္ေပးပါ
တပည့်ကျော်ပီတာဆက်ချ်ကြီးအနားယူတော့မယ့်အပေါ်မော်ရင်ဟိုတစ်ယောက်ဘာပြောလိုက်ပြီလဲ?
အာဆင်နယ်အသင်းရဲ့ဂိုးသမားကြီးပီတာဆက်ချ်တစ်ယောက်ရာသီကုန်မှာအနားယူတော့မယ်လို့ကြေညာခဲ့ပြီးနောက် ပီတာဆက်ချ်အတွက်စပယ်ရှယ်စကားတွေကို နည်းပြဟိုဆေးမော်ရင်ဟိုတစ်ယောက် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ပေါ်တို၊ချဲလ်ဆီး၊အင်တာ၊ရီးရဲလ်နဲ့ယူနိုက်တက်တို့ရဲ့နည်းပြဟောင်းဟိုဆေးမော်ရင်ဟိုဟာ သူစတန်းဖို့ဘရစ်ချ်မှာကိုင်တွယ်နေစဉ်က အသက်၃၆နှစ်အရွယ်ပီတာဆက်ချ်ကို ဂိုးသမားနေရာအတွက်အထူးပင်အားကိုးခဲ့ပါတယ်။
”ပီတာချက်ကို ပရီးမီးယားလိဂ်ရဲ့ထိပ်တန်းနံပါတ် ၁အင်္ကျီ ပေးနိုင်ခဲ့လို့ ကျွန်တော်ဂုဏ်ယူပါတယ်။ အဲဒီနောက်မှာတော့ အားလုံးက သူ့အစွမ်းတွေချည်းပါပဲ။ သူ့ရဲ့ကိန်းဂဏန်းတွေ၊ စွမ်းဆောင်ရည်တွေ၊ Clean Sheet တွေ၊ ဆုဖလားတွေနဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုတွေပါ။ သူအနားယူမှာက ဘောလုံးလောကအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်လာနိုင်ပေမယ့် သမိုင်းမှတ်တမ်းကို ဖျက်လို့မရပါဘူး။ ဒီလိုအံ့အားသင့်စရာကောင်းတဲ့ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့လို့ ဂုဏ်ပြုပါတယ်”လို့ မော်ရင်ဟို ကSky Sports နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းကလည်း ”ပီတာချက်ဟာ ၂၀၁၄ နွေရာသီက ချဲလ်ဆီးအသင်းကို စတင်ရောက်ရှိလာပြီး ဆယ်စုနှစ်ကြာတဲ့အထိ နံပါတ် ၁ဦးစားပေးဂိုးသမားဖြစ်ခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်ရည်တွေကြောင့် အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးသမားတစ်ဦးအဖြစ်သာမက အကြီးကျယ်ဆုံးဂိုးသမားတစ်ဦးအဖြစ်ပါ သူ့ကို အမှတ်ရနေမှာပါ။ အရပ် ၆ပေ၊ ၅လက်မရှိ ချက်အသင်းခေါင်းဆောင်ဟောင်း ပီတာချက်ဟာ ပထမရာသီဖြစ်တဲ့ ၂၀၀၄-၀၅ ရာသီမှာ Clean Sheet ၂၁ပွဲအထိရရှိခဲ့ပါတယ်။ သူဟာ ကျွန်တေ်တို့အသင်းနဲ့အတူ အက်ဖ်အေဖလား ၄ကြိမ်၊ လိဂ်ဖလား ၃ကြိမ်နဲ့ ယူရိုပါလိဂ်ဖလား ၁ကြိမ်ရရှိခဲ့ပြီး အဲဒါတွေထက်ပိုတာက ချန်ပီယံလိဂ်ဖလားရရှိခဲ့တာပါပဲ။ ၂၀၁၂ ဗိုလ်လုပွဲမှာ သူ ပင်နယ်တီ ၃ကြိမ်အထိ ကာကွယ်နိုင်ခဲ့တာက ကျွန်တော်တို့အသင်း ချန်ပီယံဖြစ်ဖို့ အဓိကကျခဲ့ပါတယ်”လို့ အသင်းဝဘ်ဆိုဒ်မှာ ကြေညချက်ထုတ်ပြန်ခဲ့ပါတယ်။
ဂိုးသမားကြီးပီတာဆက်ချ်ကိုယ်တိုင်က တွစ်တာစာမျက်နှာမှာ အခုလို ရေးသားတင်ခဲ့တာပဲဖြစ်ပါတယ်။
” ဟုတ်ကဲ့။ကျွန်တော့် ပရိုဖယ်ရှင်နယ်ကစားသမားဘဝကလည်း နှစ်၂၀ကြာပြီမလား။ပရီးမီးယားလိပ်မှာကစားတာလည်း ၁၅နှစ်ပြည့်မြောက်ပါပြီ။ဒီအချိန်မှာ အနားယူဖို့ကြေညာတာအကောင်းဆုံးပဲမို့လား။အာဆင်နယ်အသင်းနဲ့ ရာသီကုန်မှာဖလားတစ်လုံးလောက်ရယူဖို့ကြိုးစားသွားမှာပါ။ကစားသမားဘဝကနေအနားယူပြီးနောက်ပိုင်းဘာတွေဆက်ဖြစ်မလဲ ရင်ခုန်စရာပါပဲဗျာ” လို့ရေးသားခဲ့တာပဲဖြစ်ပါတယ်။
ပီတာဆက်ချ်ဟာ ပရီးမီးယားလိပ်သမိုင်းတစ်လေ ျှာက်အကောင်းဆုံးဂိုးသမားတွေထဲကတစ်ယောက်လား?
(Zawgyi)
အာဆင္နယ္အသင္းရဲ ့ဂိုးသမားၾကီးပီတာဆက္ခ်္တစ္ေယာက္ရာသီကုန္မွာအနားယူေတာ့မယ္လို ့ေၾကညာခဲ့ၿပီးေနာက္ ပီတာဆက္ခ်္အတြက္စပယ္ရွယ္စကားေတြကို နည္းျပဟိုေဆးေမာ္ရင္ဟိုတစ္ေယာက္ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
ေပၚတို၊ခ်ဲလ္ဆီး၊အင္တာ၊ရီးရဲလ္နဲ ့ယူနို္က္တက္တို ့ရဲ့နည္းျပေဟာင္းဟိုေဆးေမာ္ရင္ဟိုဟာ သူစတန္းဖို ့ဘရစ္ခ်္မွာကိုင္တြယ္ေနစဥ္က အသက္၃၆နွစ္အရြယ္ပီတာဆက္ခ်္ကို ဂိုးသမားေနရာအတြက္အထူးပင္အားကိုးခဲ့ပါတယ္။
”ပီတာခ်က္ကို ပရီးမီးယားလိဂ္ရဲ႕ထိပ္တန္းနံပါတ္ ၁အက်ႌ ေပးႏိုင္ခဲ့လို႔ ကၽြန္ေတာ္ဂုဏ္ယူပါတယ္။ အဲဒီေနာက္မွာေတာ့ အားလုံးက သူ႕အစြမ္းေတြခ်ည္းပါပဲ။ သူ႕ရဲ႕ကိန္းဂဏန္းေတြ၊ စြမ္းေဆာင္ရည္ေတြ၊ Clean Sheet ေတြ၊ ဆုဖလားေတြနဲ႔ ပေရာ္ဖက္ရွင္နယ္ဆန္မႈေတြပါ။ သူအနားယူမွာက ေဘာလုံးေလာကအတြက္ ႀကီးမားတဲ့ဆုံး႐ံႈးမႈျဖစ္လာႏိုင္ေပမယ့္ သမုိင္းမွတ္တမ္းကို ဖ်က္လုိ႔မရပါဘူး။ ဒီလုိအံ့အားသင့္စရာေကာင္းတဲ့ကစားသမားဘ၀ကို ပိုင္ဆုိင္ခဲ့လို႔ ဂုဏ္ျပဳပါတယ္”လုိ႔ ေမာ္ရင္ဟို ကSky Sports နဲ့ ေတြ ့ဆံုစဥ္မွာ ေျပာၾကားခဲ့ပါတယ္။
ခ်ဲလ္ဆီးအသင္းကလည္း ”ပီတာခ်က္ဟာ ၂၀၁၄ ေႏြရာသီက ခ်ဲလ္ဆီးအသင္းကို စတင္ေရာက္ရွိလာၿပီး ဆယ္စုႏွစ္ၾကာတဲ့အထိ နံပါတ္ ၁ဦးစားေပးဂုိးသမားျဖစ္ခဲ့ပါတယ္။ ဒီလုိစြမ္းေဆာင္ရည္ေတြေၾကာင့္ အသင္းသမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးဂိုးသမားတစ္ဦးအျဖစ္သာမက အႀကီးက်ယ္ဆုံးဂိုးသမားတစ္ဦးအျဖစ္ပါ သူ႕ကို အမွတ္ရေနမွာပါ။ အရပ္ ၆ေပ၊ ၅လက္မရွိ ခ်က္အသင္းေခါင္းေဆာင္ေဟာင္း ပီတာခ်က္ဟာ ပထမရာသီျဖစ္တဲ့ ၂၀၀၄-၀၅ ရာသီမွာ Clean Sheet ၂၁ပဲြအထိရရွိခဲ့ပါတယ္။ သူဟာ ကၽြန္ေတ္တို႔အသင္းနဲ႔အတူ အက္ဖ္ေအဖလား ၄ႀကိမ္၊ လိဂ္ဖလား ၃ႀကိမ္နဲ႔ ယူ႐ုိပါလိဂ္ဖလား ၁ႀကိမ္ရရွိခဲ့ၿပီး အဲဒါေတြထက္ပိုတာက ခ်န္ပီယံလိဂ္ဖလားရရွိခဲ့တာပါပဲ။ ၂၀၁၂ ဗိုလ္လုပြဲမွာ သူ ပင္နယ္တီ ၃ႀကိမ္အထိ ကာကြယ္ႏိုင္ခဲ့တာက ကၽြန္ေတာ္တို႔အသင္း ခ်န္ပီယံျဖစ္ဖုိ႔ အဓိကက်ခဲ့ပါတယ္”လုိ႔ အသင္း၀ဘ္ဆိုဒ္မွာ ေၾကညခ်က္ထုတ္ျပန္ခဲ့ပါတယ္။
ဂိုးသမားၾကီးပီတာဆက္ခ်္ကိုယ္တိုင္က တြစ္တာစာမ်က္နွာမွာ အခုလို ေရးသားတင္ခဲ့တာပဲျဖစ္ပါတယ္။
” ဟုတ္ကဲ့။ကၽြန္ေတာ့္ ပရိုဖယ္ရွင္နယ္ကစားသမားဘ၀ကလည္း နွစ္၂၀ၾကာၿပီမလား။ပရီးမီးယားလိပ္မွာကစားတာလည္း ၁၅နွစ္ျပည့္ေျမာက္ပါၿပီ။ဒီအခ်ိန္မွာ အနားယူဖို ့ေၾကညာတာအေကာင္းဆံုးပဲမို ့လား။အာဆင္နယ္အသင္းနဲ့ ရာသီကုန္မွာဖလားတစ္လံုးေလာက္ရယူဖို ့ၾကိဳးစားသြားမွာပါ။ကစားသမားဘ၀ကေနအနားယူၿပီးေနာက္ပို္င္းဘာေတြဆက္ျဖစ္မလဲ ရင္ခုန္စရာပါပဲဗ်ာ” လို ့ေရးသားခဲ့တာပဲျဖစ္ပါတယ္။
ပီတာဆက္ခ်္ဟာ ပရီးမီးယားလိပ္သမိုင္းတစ္ေလ ွ်ာက္အေကာင္းဆံုးဂိုးသမားေတြထဲကတစ္ေယာက္လား?
Post a Comment