Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
''messi
mes-sey (v)
messi'd (past tense) ''
(Unicode)
ဂီတာဖေးနဲ့ပွဲမှာပုံစံကောင်းတွေပြသပြီးနောက် မက်ဆီရဲ့အမည်ကိုverb တြိယာအဖြစ်ဖော်ပြခဲ့တဲ့ ပရိတ်သတ်
ပရိတ်သတ်တစ်ယောက်ကဂီတာဖေးနဲ့ပွဲမှာအကောင်းဆုံးပုံစံပြသခဲ့တဲ့ မက်ဆီရဲ့အမည်ကို verbအဖြစ် စနောက်ဖော်ပြခဲ့ပါတယ်။အသက်၃၁နှစ်အရွယ်မက်ဆီဟာ ၂၀၁၉ခုနှစ်မှာစံချိန် ၆ခုထိရိုက်ချိုးနိုင်ခဲ့ပါတယ်။
အခုလည်း ဇာဗီလိုဘောလုံးပေးပို့ပုံမျိုးနဲ့ ဂီတာဖေးကစားသမား၆ယောက်ကိုကျော်ပြီး ဆွာရက်ဇ် ဆီတိတိကျကျဘောလုံးပေးပို့ ခဲ့ပါတယ်။ဒီပွဲအပြီး ဘောလုံးဖန်တစ်ယောက်က
အခုလည်း ဇာဗီလိုဘောလုံးပေးပို့ပုံမျိုးနဲ့ ဂီတာဖေးကစားသမား၆ယောက်ကိုကျော်ပြီး ဆွာရက်ဇ် ဆီတိတိကျကျဘောလုံးပေးပို့ ခဲ့ပါတယ်။ဒီပွဲအပြီး ဘောလုံးဖန်တစ်ယောက်က
''messi
mes-sey (v)
messi'd (past tense) ''
အဓိပ္ပာယ်ကတော့ ''သာမန်လူမလုပ်နိုင်သောအရာကို လုပ်ပြသည်။ထာဝရအတွက်တစ်စုံတစ်ရာမှာ အခမ်းနားဆုံးဖြစ်နေသည်''ဆိုပြီးတော့ပါ။ဥပမာ-ဒီဝင်္ကပါကနေထွက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုပေမယ့် ငါ့အတွက်တော့မဟုတ်ဖူး။ငါက သာမန်လူမလုပ်နိုင်တဲ့အရာကို လုပ်ပြနိုင်ခဲ့တယ်။''ဆိုပြီး ဖန်တစ်ယောက်က တွစ်တာမှာတင်ခဲ့ပါတယ်။ပြောရရင်ဒီလောက်ကတော့ မက်ဆီအတွက်အထူးအဆန်းမဟုတ်ပါဘူး။သူဟာ အမြဲတမ်း သူရဲကောင်းဘွဲ့တွေကြား ရှိနေပါတယ်။
တဖက်မှာလည်းမက်ဆီကိုဟာသလုပ်တဲ့သူတွေရှိသေးပါတယ်။ဂီတာဖေးနဲ့ပွဲမှာ အဖွင့်ဂိုးသွင်းပြီး အနိုင်ရလဒ်ယူဆောင်ပေးခဲ့ပေမယ့် Ballon d'Or ငါးဆုရှင်မက်ဆီကို ဒီနှစ်လာလီဂါဖလား မင်းရသွားပြီလို့ဖုန်းဆက်တဲ့သူမရှိပါလားတဲ့။ ပွဲအကြောင်းဂိုပြန်ကြည့်ရင်ဆွာရက်ဇ်က ဒုတိယသွင်းပြီးနောက် ဂီတာဖေးကစားသမား ဂျေမီမာတာက ခြေပဂိုးတစ်ဂိုးပြန်သွင်းခဲ့တာကြောင့် ပထမပိုင်းမှာတင်၂-၁ပြန်ဖြစ်ခဲ့ပါတယ်။ဒီရလဒ်အတိုင်း ပွဲသိမ်းခဲ့ပြီး ဘာကာကပဲ အဖိတ်အစင်မရှိ သုံးမှတ်စုဆောင်းနိုင်ခဲ့ပါတယ်။
ဒီပွဲအပြီး မက်ဆီအနေနဲ့ လာလီဂါသွင်းဂိုး၃၉၉ဂိုးရရှိထားပြီဖြစ်တာလျှောက် စပိန်အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက်ပထမဆုံးဂိုးလေးရာပြည့်ကစားသမားဖြစ်ဖို့တစ်ဂိုးသာလိုတော့ပါတယ်။ဘာစီလိုနာအသင်းသည်လည်း ဒုတိယနေရာက အက်တလက်တီကိုမက်ဒရစ်ကို ငါးမှတ်ဖြတ်ပြီး ဇယားထိပ်မှာဦးဆောင်နေပါတယ်။ဘာကာနည်းပြဗယ်ဘာဒီကတော့ဂီတာဖေးကို အနိုင်ရခဲ့လို့ပျော်ရွှင်နေပြီး'ဒါက ပစ်မှတ်ကိုရောက်ဖို့ ကျနော်တို့လိုအပ်နေတဲ့ရလဒ်ပါပဲ။အခုအဝေးကွင်းပွဲစဉ်ကမလွယ်ကူခဲ့ပါဘူး။သူတို့မှာကြံခိုင်မှုအားကောင်းတဲ့ကစားသမားတွေပိုင်ဆိုင်ထားပြီး တစ်ဦးချင်းထိုးဖောက်လို့ကတော့ အရာထင်မှာမဟုတ်ဘူူး။ဒုတိယပိုင်းမှာ ဂီတာဖေးကပိုကောင်းနေတဲ့အခိုက်အတန့်တွေရှိပါတယ်။ကျနော်တို့ ဘောလုံးကိုင်ပြီး ပွဲကိုထိန်းချုပ်နိုင်ခဲ့လို့သာ အမှတ်မလျော့ခဲ့တာပါ။အစထဲကခက်ခဲမယ်ဆိုတာ သိခဲ့ပြီး သူတို့ကလည်းဂိုးပြန်သွင်းပြီးထင်တဲ့အတိုင်း အခက်တွေ့စေခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်အနိုင်ရလဒ်ကြောင့်ပျော်နေပါတယ်''လို့ပြောသွားခဲ့ပါတယ်။
ဒီရာသီမှာလည်း ဘာစီလိုနာအသင်းကပဲ လာလီဂါဖလားကိုသိမ်းပိုက်သွားနိုင်မလား။
Post a Comment