Header Ads


မက္ဆီထက္ပိုမိုတန္ေၾကးျမင့္မားေနတဲ့စပါးတိုက္စစ္မႉးဟာရီကိန္း


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

CIESရဲ႕ေလ့လာေတြ႐ွိေဖာ္ျပခ်က္အရ စပါးအသင္းရဲ႕တိုက္စစ္မႈး ဟာရီကိန္းက အံ့ျသဖြယ္ေကာင္းေလာက္ေအာင္ တန္ေၾကးျမင့္ေနၿပီး ေပါင္သန္း၁၈၀အထိတန္ေၾကး႐ွိေနပါတယ္။

ေဘာလံုးစံုေထာက္ဂု႐ုႀကီးေတြရဲ႕ႏွံႏွံစပ္စပ္ေလ့လာခ်က္ေတြကလိဂ္ႀကီး၅ခုမွာကစားေနတဲ့ကစားသမားေတြထဲမွာတန္ေၾကးအျမင့္ဆံုးကစားသမားကိုဆံုးျဖတ္သတ္မွတ္ေပးထားၿပီး အဲဒီသူတို့ရဲ့ရလဒ္ေတြကအရမ္းကိုစိတ္ဝင္စားစရာေကာင္းေနပါတယ္။

ထိပ္ဆံုးေနရာကိုေတာ့ ျပင္သင္လူငယ္ကစားသမား အမ္ဘက္ေပးကလြဲွရင္ဘယ္သူမွအနားကပ္ႏိုင္ျခင္းမ႐ွိဘဲ ေပါင္ ၁၉၆သန္းႏွင့္ဦးေဆာင္ေနၿပီး သူရဲ႕ေနာက္မွာဟာရီကိန္းကရပ္တည္ေနၿပီး အမ္ဘက္ေပးရဲ႕အသင္းေဖာ္ ေနမာက တတိယေနရာမွာ ေပါင္၁၇၇သန္းႏွင့္ရပ္တည္ေနၿပီး သူေနာက္မွာေတာ့ မန္စီးတိီးအသင္းအတြက္ ယခုရာသီမွာ ေျခစြမ္းျပေနတဲ့ရဟင္းမ္ စတားလင္းက ေပါင္၁၆၆သန္းႏွင့္လည္းေကာင္း လီဗာပူးလ္အသင္းၾကယ္ပြင့္ကစားသမား မိုဟမၼဒ္ ဆာလာကေပါင္၁၆၅သန္းႏွင့္လည္းေကာင္း သူတို႔ရဲ႕ေနာက္မွာ ဒိုင္ဘာလာ မက္ဆီ လူကာကူ ေကာ္တင္ဟို ဆာေနးတို႔ က အစဥ္အလိုက္ အဆင့္၁၀ထိရပ္တည္ေနၾကပါတယ္။နာမည္ႀကီးကစားသမား ႐ိုနယ္လ္ဒိုက ေတာ့တန္ေၾကး ေပါင္၁၁၄သန္းႏွင့္အဆင့္၁၉ေနရာကိုအံ့ျသသင့္ဖြယ္ေရာက္႐ွိေနပါတယ္။





ယူႏိုက္တက္အသင္းႏွင့္ရီးရဲလ္အသင္းကစားသမားေဟာင္းျဖစ္တဲ့ ႐ိုနယ္လ္ဒို ယခုႏွစ္ရာသီမွာ ေပါင္သန္း၁၀၀ႏွင့္ဂ်ဴဗင္တပ္စ္အသင္းကိုေျပာင္းေရြ႔လာခဲ့ပါတယ္။CIESရဲ႕သတ္မွတ္ခ်က္အရ ႐ိုနယ္လ္ဒိုထပ္ ဂရစ္ဇ္မန္း ေပါ့ဘာ ဟာဇက္ တို႔က ပိုၿပီးတန္ေၾကးျမင့္ေနလ်က္႐ွိေနတာကိုေတြ႔႐ွိရပါတယ္။အဂၤလန္လူငယ္ေျခတက္ကစားသမားေတြျဖစ္ၾကတဲ့ အာႏြန္က ေပါင္၁၀၅သန္းႏွင့္လည္းေကာင္း ဆန္ခ်ိဳက ေပါင္၁၀၁သန္းႏွင့္လည္းေကာင္း အသီးသီးရပ္တည္ေနပါတယ္။လီဗာပူးလ္အသင္းရဲ႕ အားထားရတဲ့ေနာက္ခံလူဗန္ဒိူက္က ေပါင္၈၅သန္းတန္ေၾကး႐ွိပါတယ္။RB leipzigအသင္းရဲ႕တက္ေနဆဲအၫြန္႔အဖူးလူငယ္ကစားသမား ဝါနာကေတာ့ ေပါင္၇၄သန္းတန္ဖိုးသတ္မွတ္ခံရပါတယ္။

(Unicode)

မက်ဆီထက်ပိုမိုတန်ကြေးမြင့်မားနေတဲ့စပါးတိုက်စစ်မှူးဟာရီကိန်း


CIESရဲ့လေ့လာတွေရှိဖော်ပြချက်အရ စပါးအသင်းရဲ့တိုက်စစ်မှုး ဟာရီကိန်းက အံ့သြဖွယ်ကောင်းလောက်အောင် တန်ကြေးမြင့်နေပြီး ပေါင်သန်း၁၈၀အထိတန်ကြေးရှိနေပါတယ်။

ဘောလုံးစုံထောက်ဂုရုကြီးတွေရဲ့နှံနှံစပ်စပ်လေ့လာချက်တွေကလိဂ်ကြီး၅ခုမှာကစားနေတဲ့ကစားသမားတွေထဲမှာတန်ကြေးအမြင့်ဆုံးကစားသမားကိုဆုံးဖြတ်သတ်မှတ်ပေးထားပြီး အဲဒီသူတို့ရဲ့ရလဒ်တွေကအရမ်းကိုစိတ်ဝင်စားစရာကောင်းနေပါတယ်။

ထိပ်ဆုံးနေရာကိုတော့ ပြင်သင်လူငယ်ကစားသမား အမ်ဘက်ပေးကလွဲှရင်ဘယ်သူမှအနားကပ်နိုင်ခြင်းမရှိဘဲ ပေါင် ၁၉၆သန်းနှင့်ဦးဆောင်နေပြီး သူရဲ့နောက်မှာဟာရီကိန်းကရပ်တည်နေပြီး အမ်ဘက်ပေးရဲ့အသင်းဖော် နေမာက တတိယနေရာမှာ ပေါင်၁၇၇သန်းနှင့်ရပ်တည်နေပြီး သူနောက်မှာတော့ မန်စီးတီးအသင်းအတွက် ယခုရာသီမှာ ခြေစွမ်းပြနေတဲ့ရဟင်းမ် စတားလင်းက ပေါင်၁၆၆သန်းနှင့်လည်းကောင်း လီဗာပူးလ်အသင်းကြယ်ပွင့်ကစားသမား မိုဟမ္မဒ် ဆာလာကပေါင်၁၆၅သန်းနှင့်လည်းကောင်း သူတို့ရဲ့နောက်မှာ ဒိုင်ဘာလာ မက်ဆီ လူကာကူ ကော်တင်ဟို ဆာနေးတို့ က အစဉ်အလိုက် အဆင့်၁၀ထိရပ်တည်နေကြပါတယ်။နာမည်ကြီးကစားသမား ရိုနယ်လ်ဒိုက တော့တန်ကြေး ပေါင်၁၁၄သန်းနှင့်အဆင့်၁၉နေရာကိုအံ့သြသင့်ဖွယ်ရောက်ရှိနေပါတယ်။

ယူနိုက်တက်အသင်းနှင့်ရီးရဲလ်အသင်းကစားသမားဟောင်းဖြစ်တဲ့ ရိုနယ်လ်ဒို ယခုနှစ်ရာသီမှာ ပေါင်သန်း၁၀၀နှင့်ဂျူဗင်တပ်စ်အသင်းကိုပြောင်းရွေ့လာခဲ့ပါတယ်။CIESရဲ့သတ်မှတ်ချက်အရ ရိုနယ်လ်ဒိုထပ် ဂရစ်ဇ်မန်း ပေါ့ဘာ ဟာဇက် တို့က ပိုပြီးတန်ကြေးမြင့်နေလျက်ရှိနေတာကိုတွေ့ရှိရပါတယ်။အင်္ဂလန်လူငယ်ခြေတက်ကစားသမားတွေဖြစ်ကြတဲ့ အာနွန်က ပေါင်၁၀၅သန်းနှင့်လည်းကောင်း ဆန်ချိုက ပေါင်၁၀၁သန်းနှင့်လည်းကောင်း အသီးသီးရပ်တည်နေပါတယ်။လီဗာပူးလ်အသင်းရဲ့ အားထားရတဲ့နောက်ခံလူဗန်ဒိူက်က ပေါင်၈၅သန်းတန်ကြေးရှိပါတယ်။RB leipzigအသင်းရဲ့တက်နေဆဲအညွန့်အဖူးလူငယ်ကစားသမား ဝါနာကတော့ ပေါင်၇၄သန်းတန်ဖိုးသတ်မှတ်ခံရပါတယ်။

No comments

Powered by Blogger.