Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
PSG U19 မှာစတင်အသုံးပြုတော့မယ့်သီရေဂိုမော်တာရဲ့၂-၇-၂ ကစားကွက်အသစ်
ဘောလုံးလောကရဲ့ ဆွေးနွေးစရာတစ်ခုဖြစ်လာတဲ့ကိစ္စ့ဖြစ်လာစေတဲ့ သီရေဂိုမိုတာဖန်တီးလိုက်တဲ့အရာကတော့ 2-7-2ကစားကွက်ကိစ္စဖြစ်ပြီး ဒီကစားကွက်ကို PSG ယူ၁၉ အသင်းမှာစတင်ဖို့ပြင်ဆင်နေပါတယ်။PSGအသင်းကစားသမားဟောင်းကဒီကစားကွက်ကိုကစားဖို့တိုက်တွန်းပြောကြားလိုက်ပြီး အင်တာမီလန်နှင့်ဘာစီလိုနာအသင်းကြယ်ပွင့်ကစားသမားဖြစ်ခဲ့တဲ့သူက ဒါက အကြီးကျယ်တိုက်စစ်ဆင်မည့် ကစားကွက်လို့မြင်ပြီး ဂိုးသမားတစ်ယောက်ကိုလည်း ကွင်းလယ်ကစားသမားနေရာမှာထားပြီးကစားခဲ့ပါတယ်။
လက်ရှိမှာတော့လူမှုကွန်ရက်တွစ်တာအသုံးပြုတဲ့သူ ခေါင်းလည်အလွန်မာတဲ့နည်းပြကြီးက PSG ယူ၁၉အသင်းမှာထိုကစားကွက်ကိုအသုံးပြုခဲ့ကာ လူတော်တော်များများကတော့ဒီအကြောင်းအရာကိုတွေမြင်ဖတ်ရှုခဲ့ကြပြီး သူရဲ့အိုင်ဒီယာက ဂိုးသမားတစ်ဦးကိုလည်း ကွင်းလယ်လူ၇ယောက်မှာအသုံးပြုမှာဖြစ်ပါတယ်။ဒါ့ကြောင့်လည်းလူမှုကွန်ရက်မှာလည်းဒီကိစ္စဟာအုပ်အော်သောင်းနင်းဖြစ်နေပါတယ်။
"သီရေဂိုမိုတာ က ဒီ2-7-2ကစားကွက်ကိုမှတ်ချက်ပေးလိုက်ပါတယ်။ဂိုးသမားတစ်ဦးကို ကွင်းလယ်နေရာမှာအသုံးပြုထားတယ်။ဒီကိစ္စခေါင်းစီးတစ်ခုအနေနှင့်ကာလတစ်ခုကြာဆွေးနွေးရမှာပါ"
"ဒါပေမယ့်ဒါကဘေးကနေသူရေးသားထားကိုဖတ်ရှုရတာပါ။နောက်တန်း၂ယောက်ကြားမှာ ဂိုးသမားက ရှိနေပြီး ကွင်းလယ်လူ ၇ယောက်မှာတက်နေရာယူနေမှာပါ။ဒါကတကယ့်ကိုကောင်းတဲ့ချိတ်ဆက်မှုပါ။"
အသက်၃၆နှစ်အရွယ် ဘရာဇီး ကစားသမားကြီးက အီတလီအားကစားသတင်းစာ Gazzetta della နဲ့တွေ့ဆုံမှုမှာ သူ့ရဲ့ကစားကွက်အသစ်နဲ့ပတ်သတ်ပြီးအခုလိုပြောကြားခဲ့ပါတယ်။
"ကျွန်တော်အတွေးအခေါ်က တိုက်စစ်ကစားဖို့ပါပဲ။" သူက"အသင်းလေးနဲ့တွေ့တဲ့ပွဲကိုကောင်းကောင်းထိန်းနိုင်ပါတယ်။ဘောလုံးမရဘူးဆိုရင်တကယ်ကိုဖိအားကြီးကြီးမားမားနဲ့ လှုပ်ရှားမှုများမှာပါ။"
"ကျွန်တော်ကစားသမားတွေကိုဘောလုံးအမြဲရှိဖို့လိုပြီး ၃ လေး ယောက်က ဒီကိစ္စကိုကောင်းကောင်းထိနိးနိုင်ပါတယ်။ပြီးတော့ ကျန်တဲ့အသင်းဖော်နှစ်ယောက်ကိုလည်းအနီးကပ်ကူညီနိုင်တယ်ဗျ။ဘောလုံးရဲ့ခက်ခဲနက်နဲမှုကို ရိုးရိုးရှင်းရှင်းလွယ်လွယ်ကူကူဖြစ်စေမှာပါ။ဒါပေမယ့် ကိုယ်ဖက်မှာကောင်းကောင်းထိန်းနိုင်ရမှာပါ။လူပေးမယ် ပြီးတော့ ရှင်းရှင်းလေးဖြစ်စေမှာပါ။"
"ကျွန်တော်နံပါတ်တွေနဲ့စီထားရတာကိုမကြိုက်ဘူး ဘာလို့လဲဆိုတော့ သူတို့ကမင်းကိုလှည့်စားလိမ့်မယ်။မင်း5-3-2ကစားကွက်နဲ့ကောင်းကောင်းတိုက်စစ်ဆင်နိုင်တယ်။ခံစစ်ကစားမယ်ဆိုရင် 4-3-3ပေါ့ "
"ဒါကကစားသမားကောင်းတွေပေါ်မှာအများကြီးမူတည်တယ်။ကျွန်တော်ကာလတစ်ခုလောက်ကစားဖူးတယ်။နောက်ခံအစွန်လူ၂ဦးက ရှေ့ကို ရှယ်တက်ကစားနိုင်ပါတယ်။ ဒါပေမယ့် ဒါက ဆင်မြူရယ်တို့ ချီလီနီတို့လို ခံစစ်သမားတွေကိုမကြိုက်ဘူးလို့ဆိုလိုတာမဟုတ်ပါဘူး”
သီရေဂိုမော်တာ ရဲ့ကစားကွက်က ထိပ်တန်းလိပ်တွေမှာ အလုပ်ဖြစ်ပါ့မလား?
No comments
Powered by Blogger.