Header Ads


နည္းျပသစ္ဆိုးလ္ရွားလက္ထက္ပထမဆံုးကစားသမားအသစ္ေခၚယူမႈျဖစ္လာခဲ့တဲ့ယူနိုက္တက္



Zawgyi သမားမ်ားေအာက္ဆြဲဖတ္ေပးပါ
နည်းပြသစ်ဆိုးလ်ရှားလက်ထက်ပထမဆုံးကစားသမားအသစ်ခေါ်ယူမှုဖြစ်လာခဲ့တဲ့ယူနိုက်တက်


မန်ချက်စတာယူနိုက်တက်အသင်းဟာအိုလေဂန်နားဆိုးလ်ရှားလက်ထက်ကစားသမားအသစ်တစ်ယောက်ကိုခေါ်ယူနိုင်ဖို့ရှိနေပါတယ်။ဒါပင်မယ့်လည်း ယူနိုက်တက်တို့ရဲ့ယာယီနည်းပြကြီးက ကစားသမားအသစ်ကိုထည့်သုံးဖို့မရှိပါဘူး။

ဆိုးလ်ရှားလက်ထက်မန်ချက်စတာယူနိုက်တက်အသင်းဟာ မော်ရင်ဟိုလက်ထက်ကအသင်းထက်သိသိသာသာကွဲပြားခြားနားတဲ့အသင်းဖြစ်လာခဲ့ပါတယ်။

ဆိုလ်းရှားဟာ ဘယ်ကစားသမားတစ်ယောက်မှ၊အသင်းနည်းပြအဖွဲ့ဝင်တစ်ယောက်ကိုမှပြောင်းလဲခြင်းမရှိပဲ ယူနိုက်တက်ကို ဆက်လက်ကစားစေခဲ့တာဖြစ်ပြီး ဂိုးသွင်းနှုန်းတွေလည်းမြှင့်တက်စေခဲ့ပါတယ်။ပေါလ်ပေါ့ဘာကို အရံခုံမှာထားတာထက်ကွင်းထဲမှာ ပိုမိုထိရောက်တဲ့နေရာမှာသာကစားစေခဲ့ပြီး အသင်းကို ပိုမိုအကျိုးပြုစေခဲ့ပါတယ်။

အခုချိန်ကတော့ ဇန်နဝါရီအပြောင်းအရွှေ့ကာလကိုရောက်ရှိလာခဲ့တာဖြစ်ပြီး ယာယီနည်းပြတစ်ယောက်အတွက်တော့ ကလပ်ကငွေထုတ်ပေးမယ့်ပုံမပေါ်ပါဘူး။အထူးသဖြင့်ယူနိုက်တက်တို့ မှာဘောလုံးဒါရိုက်တာ သို့မဟုတ် အားကစားဒါရိုက်တာတစ်ယောက်အခုထိမရှိသေးတာပဲဖြစ်ပါတယ်။

အခုကာလမှာတော့ ၁၉၉၉ ခုနှစ် ဖလား၃လုံးရ နည်းပြကြီးဟာ အသင်းရဲ့ပြင်သစ်လူငယ်ကစားသမား၂ယောက်ဖြစ်တဲ့ ပေါ့ဘာနဲ့မာရှယ်တို့ဆီအကောင်းဆုံးသောအရည်အသွေးတွေကို ထုတ်ယူနေတာပဲဖြစ်ပါတယ်။ဒါ့အပြင်ယူနိုက်တက်တို့ဟာနောက်ထပ်ပြင်သစ်လူငယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ အန်မရွန်ကလပ်က နိုအာအီမရန်ကို ခေါ်ယူဖို့အတော်လေးသေချာနေပြီဖြစ်ကြောင်းသိရပါတယ်။


 အဆိုပါဆယ်ကျော်သက်လူငယ်ကစားသမားလေးဟာ ဥရောပထိပ်တန်းကလပ်တွေဖြစ်ကြတဲ့ ဘာစီလိုနာ၊ဂျူဗင်တပ်စ်နဲ့ဗလန်စီယာတို့ဆီသွားကစားဖို့ချိတ်ဆက်ခဲ့သော်လည်း သူဟာယူနိုက်တက်ဆီသွားဖို့သာဆုံးဖြတ်ခဲ့ပါတယ်။
ပြင်သစ်သတင်းစာ ကော်ရီရာပီကဒ်နဲ့အင်တာဗျူးခဲ့ရာမှတော့ အသက်၁၆နှစ်အရွယ်တိုက်စစ်ကစားသမားက အခုလိုပြောကြားခဲ့ပါတယ်။

” ကျွန်တော့်မိသားစုနဲ့စကားပြောပြီးတဲ့အချိန်မှတော့ ကျွန်တော်ဟာ ထိပ်တန်းအဆင့်မှာကစားဖို့ကမ်းလှမ်းခံရတဲ့အပေါ်အကောင်းဆုံးရွေးချယ်နိုင်ခဲ့တယ်လို့ထင်ပါတယ်။အခုချိန်မှာတော့ ဒီအလုပ်ကနေ ကျွန်တော့်ရည်မှန်းချက်တွေ၊အိပ်မက်တွေဖြစ်လာဖို့ကျွန်တော်နဲ့သက်ဆိုင်သွားပါပြီ။”လို့ယူနိုက်တက်နဲ့အပြောင်းအရွှေ့အတွက်ရည်ရွယ်ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်တို့ဟာ အဆိုပါလူငယ်တောင်ပံကစားသမားလေးအတွက် တစ်ပတ်လုပ်ခပေါင် ၈၈၀၀၀ထိပေးသွားဖို့ရှိနေပြီး ယခုလထဲကပင်အသင်းထံပြောင်းရွှေ့လာဖွယ်ရှိနေပါတယ်။

လူငယ်စတားလေးကို ထပ်မံမေးမြန်းခဲ့ရာမှာ တော့ သူ့မှာ အန်မရွန်ကလပ်မှာ သူ့ရဲ့စံပြကစားသမားမရှိကြောင်းဝန်ခံပြောကြားခဲ့ပါတယ်။

” စီနီယာအသင်း(အမ်မရွန်) ကလပ်မှာ ကျွန်တော့်စံပြကစားသမားမရှိပါဘူး။ဒါပင်မယ့် ကာကူတာရဲ့ကစားပုံကိုတော့ကျွန်တော်ကြိုက်ပါတယ်။ဒါ့အပြင် လီယိုရီဆာနေးကို လည်းကျွန်တော်နှစ်သက်ပါတယ်။” လို့ဆိုခဲ့ပြီး မာရှယ်၊နေမာတို့ကိုလည်း သူကြိုက်နှစ်သက်ကြောင်းပြောကြားခဲ့ပါသေးတယ်။

နည်းပြဆိုးလ်ရှားလက်ထက်အိုထရက်ဖို့ဒ်ရဲ့စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေဟာအတော်လေး ပျော်ရွှင်တက်ကြွစရာဖြစ်ခဲ့ပြီး အထူးသဖြင့် ပြင်သစ်ကစားသမား၂ယောက်ဖြစ်တဲ့ မာရှယ်နဲ့ပေါ့ဘာတို့ကြား အဖုအထစ်တွေကို ဖြေရှင်းပြနိုင်ခဲ့တာဟာ ယူနိုက်တက်ဖန်တွေအတော်လေးကျေနပ်စရာဖြစ်ခဲ့တာပဲမဟုတ်ပါလား။

(Zawgyi)


နည္းျပသစ္ဆိုးလ္ရွားလက္ထက္ပထမဆံုးကစားသမားအသစ္ေခၚယူမႈျဖစ္လာခဲ့တဲ့ယူနိုက္တက္


မန္ခ်က္စတာယူနိုက္တက္အသင္းဟာအိုေလဂန္နားဆိုးလ္ရွားလက္ထက္ကစားသမားအသစ္တစ္ေယာက္ကိုေခၚယူနိုင္ဖို ့ရိွေနပါတယ္။ဒါပင္မယ့္လည္း ယူနိုက္တက္တို ့ရဲ ့ယာယီနည္းျပၾကီးက ကစားသမားအသစ္ကိုထည့္သံုးဖို ့မရိွပါဘူး။

ဆိုးလ္ရွားလက္ထက္မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ေမာ္ရင္ဟိုလက္ထက္ကအသင္းထက္သိသိသာသာကြဲဲျပားျခားနားတဲ့အသင္းျဖစ္လာခဲ့ပါတယ္။

ဆိုလ္းရွားဟာ ဘယ္ကစားသမားတစ္ေယာက္မွ၊အသင္းနည္းျပအဖြဲ ့၀င္တစ္ေယာက္ကိုမွေျပာင္းလဲျခင္းမရိွပဲ ယူနိုက္တက္ကို ဆက္လက္ကစားေစခဲ့တာျဖစ္ၿပီး ဂိုးသြင္းနႈန္းေတြလည္းျမွင့္တက္ေစခဲ့ပါတယ္။ေပါလ္ေပါ့ဘာကို အရံခုံမွာထားတာထက္ကြင္းထဲမွာ ပိုမိုထိေရာက္တဲ့ေနရာမွာသာကစားေစခဲ့ၿပီး အသင္းကို ပိုမိုအက်ိဳးျပဳေစခဲ့ပါတယ္။

အခုခ်ိန္ကေတာ့ ဇန္န၀ါရီအေျပာင္းအေရႊ ့ကာလကိုေရာက္ရိွလာခဲ့တာျဖစ္ၿပီး ယာယီနည္းျပတစ္ေယာက္အတြက္ေတာ့ ကလပ္ကေငြထုတ္ေပးမယ့္ပံုမေပၚပါဘူး။အထူးသျဖင့္ယူနိုက္တက္တို ့ မွာေဘာလံုးဒါရိုက္တာ သို ့မဟုတ္ အားကစားဒါရိုက္တာတစ္ေယာက္အခုထိမရိွေသးတာပဲျဖစ္ပါတယ္။

အခုကာလမွာေတာ့ ၁၉၉၉ ခုနွစ္ ဖလား၃လံုးရ နည္းျပၾကီးဟာ အသင္းရဲ ့ျပင္သစ္လူငယ္ကစားသမား၂ေယာက္ျဖစ္တဲ့ ေပါ့ဘာနဲ ့မာရွယ္တို ့ဆီအေကာင္းဆံုးေသာအရည္အေသြးေတြကို ထုတ္ယူေနတာပဲဲျဖစ္ပါတယ္။ဒါ့အျပင္ယူနိုက္တက္တို ့ဟာေနာက္ထပ္ျပင္သစ္လူငယ္ကစားသမားတစ္ေယာက္ျဖစ္တဲ့ အန္မရြန္ကလပ္က နိုအာအီမရန္ကို ေခၚယူဖို ့အေတာ္ေလးေသခ်ာေနၿပီျဖစ္ေၾကာင္းသိရပါတယ္။
 အဆိုပါဆယ္ေက်ာ္သက္လူငယ္ကစားသမားေလးဟာ ဥေရာပထိပ္တန္းကလပ္ေတြျဖစ္ၾကတဲ့ ဘာစီလိုနာ၊ဂ်ဴဗင္တပ္စ္နဲ ့ဗလန္စီယာတို ့ဆီသြားကစားဖို ့ခ်ိတ္ဆက္ခဲ့ေသာ္လည္း သူဟာယူနိုက္တက္ဆီသြားဖို ့သာဆံုးျဖတ္ခဲ့ပါတယ္။
ျပင္သစ္သတင္းစာ ေကာ္ရီရာပီကဒ္နဲ ့အင္တာဗ်ဴးခဲ့ရာမွေတာ့ အသက္၁၆နွစ္အရြယ္တိုက္စစ္ကစားသမားက အခုလိုေျပာၾကားခဲ့ပါတယ္။

” ကၽြန္ေတာ့္မိသားစုနဲ ့စကားေျပာၿပီးတဲ့အခ်ိန္မွေတာ့ ကၽြန္ေတာ္ဟာ ထိပ္တန္းအဆင့္မွာကစားဖို ့ကမ္းလွမ္းခံရတဲ့အေပၚအေကာင္းဆံုးေရြးခ်ယ္နိုင္ခဲ့တယ္လို ့ထင္ပါတယ္။အခုခ်ိန္မွာေတာ့ ဒီအလုပ္ကေန ကၽြန္ေတာ့္ရည္မွန္းခ်က္ေတြ၊အိပ္မက္ေတြျဖစ္လာဖို ့ကၽြန္ေတာ္နဲ ့သက္ဆိုင္သြားပါၿပီ။”လို ့ယူနိုက္တက္နဲ့အေျပာင္းအေရႊ ့အတြက္ရည္ရြယ္ေျပာၾကားခဲ့ပါတယ္။

ယူနိုက္တက္တို ့ဟာ အဆိုပါလူငယ္ေတာင္ပံကစားသမားေလးအတြက္ တစ္ပတ္လုပ္ခေပါင္ ၈၈၀၀၀ထိေပးသြားဖို ့ရိွေနၿပီး ယခုလထဲကပင္အသင္းထံေျပာင္းေရႊ ့လာဖြယ္ရိွေနပါတယ္။

လူငယ္စတားေလးကို ထပ္မံေမးျမန္းခဲ့ရာမွာ ေတာ့ သူ ့မွာ အန္မရြန္ကလပ္မွာ သူ ့ရဲ ့စံျပကစားသမားမရိွေၾကာင္း၀န္ခံေျပာၾကားခဲ့ပါတယ္။

” စီနီယာအသင္း(အမ္မရြန္) ကလပ္မွာ ကၽြန္ေတာ့္စံျပကစားသမားမရိွပါဘူး။ဒါပင္မယ့္ ကာကူတာရဲ ့ကစားပံုကိုေတာ့ကၽြန္ေတာ္ၾကိဳက္ပါတယ္။ဒါ့အျပင္ လီယိုရီဆာေနးကို လည္းကၽြန္ေတာ္နွစ္သက္ပါတယ္။” လို ့ဆိုခဲ့ၿပီး မာရွယ္၊ေနမာတို ့ကိုလည္း သူၾကိဳက္နွစ္သက္ေၾကာင္းေျပာၾကားခဲ့ပါေသးတယ္။

နည္းျပဆိုးလ္ရွားလက္ထက္အိုထရက္ဖို ့ဒ္ရဲ ့စီမံခန္ ့ခြဲမႈဆိုင္ရာကိစၥေတြဟာအေတာ္ေလး ေပ်ာ္ရႊင္တက္ၾကြစရာျဖစ္ခဲ့ၿပီး အထူးသျဖင့္ ျပင္သစ္ကစားသမား၂ေယာက္ျဖစ္တဲ့ မာရွယ္နဲ့ေပါ့ဘာတို ့ၾကား အဖုအထစ္ေတြကို ေျဖရွင္းျပနိုင္ခဲ့တာဟာ ယူနိုက္တက္ဖန္ေတြအေတာ္ေလးေက်နပ္စရာျဖစ္ခဲ့တာပဲမဟုတ္ပါလား။

No comments

Powered by Blogger.