Zawgyi သမားများအောက်ဆွဲဖတ်ပေးပါ
အိုလ်ဇေးလ်ကို ယခုလမှာအမြန်ရောင်းထုတ်ဖို့နည်းလမ်းရှာနေတဲ့အူနိုင်းအမ်မရီ
အမ်မရိတ်မှာ တစ်ပတ်လုပ်ခပေါင်၃သိန်းခွဲထိပေးနေရတဲ့ အိုလ်ဇေးလ်ကိုလက်ဗလာနဲ့လက်မလွှတ်ရဖို့ ဆောင်းရာသီအပြောင်းအရွှေ့မှာရောင်းထုတ်မယ့်နည်းလမ်းအား အာဆင်နယ်အသင်းအဖြေရှာဖို့အူနိုင်းအမ်မရီတစ်ယောက်အလိုရှိနေတာပဲဖြစ်ပါတယ်။ဒီလိုဖြစ်ရပ်ဟာ အာဆင်နယ်အသင်းအတွက် သူတို့အသင်းရဲ့အကောင်းဆုံးကစားသမား၂ယောက်ကို အလွှတ်ရောင်းထုတ်ဖို့ရင်ဆိုင်ရတာဟာ ၁နှစ်ကြာမြှင့်ခဲ့ပြီပဲဖြစ်ပါတယ်။မာဆွတ်အိုလ်ဇေးလ်ရော၊အလက်ဆစ်ဆန်းချက်စ်ရောပါ ရာသီကုန်ပါက စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီးကစားသမားဟောင်းဆန်းချက်စ်ကိုစာချုပ်သက်တမ်းမတိုးနိုင်ခဲ့သလို အခုချိန်မှာလည်း အိုလ်ဇေးလ်ကိုလည်းဆန်းချက်စ်အတိုင်းလက်လွှတ်ရဖို့ရှိနေပါတယ်။
ဆန်းချက်စ်ကိုရောင်းထုတ်ဖို့နည်းလမ်းမရှာတွေ့ခဲ့တဲ့ ဂန်းနားတို့ဟာ ကစားသမားဟောင်းဆန်းချက်စ်ကို မန်ချက်စတာယူနိုက်တက်ရဲ့မခ်ခီတာရမ်နဲ့အလဲအထပ်လုပ်ခဲ့တာဖြစ်ပြီး အဆိုပါအလဲအထပ်ဟာလည်း ၂သင်းစလုံးအတွက်သိပ်အလုပ်မဖြစ်ခဲ့ပါဘူး။
အခုချိန်မှာတော့အသင်းရဲ့နံပါတ်၁အကောင်းဆုံးကစားသမားဟာ အိုလ်ဇေးလ်တစ်ယောက်သာရှိတော့သာဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလားကိုင်မြှောက်နိုင်ခဲ့တဲ့ အိုလ်ဇေးလ်ကို စာချုပ်ချုပ်စဉ်ထဲက တစ်ပတ်လုပ်ခပေါင်၃သိန်းခွဲအထိပေးချေနရတာပဲဖြစ်ပါတယ်။အခုချိန်မှာတော့ နည်းပြအူနိုင်းအမ်မရီလက်အောက်မှာ အိုလ်ဇေးလ်တစ်ယောက်ဟာ အပယ်ခံလိုဖြစ်နေရှာတာဖြစ်တာပဲဖြစ်ပါတယ်။အိုလ်ဇေးလ်ဟာ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းအသင်းကို ၁-၀ ဖြင့်ရှုံးနိမ့်တဲ့ပွဲမှာ အသင်းလူစာရင်းမှာတောင်ပါဝင်ခွင့်လုံးဝမရခဲ့တာဖြစ်ပြီး daily mail ရဲ့အဆိုအရတော့အမ်မရီတစ်ယောက်ဟာ အခုဇန်နဝါရီအပြောင်းအရွှေ့မှာ အိုလ်ဇေးလ်ကိုရောင်းထုတ်မယ့်နည်းလမ်းကိုရှာဖွေနေတယ်လို့သိရပါတယ်။
PSG နည်းပြဟောင်းအမ်မရီဟာ အိုလ်ဇေးလ်ကို ဇန်နဝါရီမှာ အမြန်ရောင်းထုတ်လို နေပြီး သူ့ကိုရောင်းချလို့ရတဲ့ပိုက်ဆံနဲ့ကွင်းလယ်လူသစ်တစ်ယောက်ကို ထပ်မံအားဖြည့်လိုနေတာပဲဖြစ်ပါတယ်။အခုလောလောဆယ်အခြေအနေမှာတော့အမ်မရီတစ်ယောက် အာဆင်နယ်အသင်းမှာ လုံလောက်တဲ့ပြောင်းရွှေ့ကြေးမရထားဘူးလို့သိရပါတယ်။ကွင်းလယ်လူအာရွန်ရမ်ဆေးဟာလည်းစာချုပ်သက်တမ်းကုန်တော့မှာဖြစ်တာကြောင့် ဂျူဗင်တပ်စ်အသင်းကိုပြောင်းရွှေ့လိုနေသော်လည်းအာဆင်နယ်အသင်းက ရမ်ဆေးကိုစာချုပ်သစ်ချုပ်ပြီး ရာသီကုန်မှာ ပေါင်၁၈သန်းနဲ့ရောင်းချလိုနေတာကြောင့် အပြောင်းအရွှေ့တွေဟာလိပ်ခဲတည်းလည်းအခြေအနေတွေဖြစ်နေတာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကလိုပဲ အသက်၃၀အရွယ်ကွင်းလယ်လူရမ်ဆေးရဲ့လုပ်ခလစာမြှင့်မားမှုကြောင့် ဘယ်အသင်းကခေါ်ယူဖို့စိတ်ဝင်စားခြင်းမရှိသလိုကစားသမားကိုယ်တိုင်ကည်း အငှားနဲ့သွားကစားလိုခြင်းလုံးဝမရှိတာကြောင့်အပြောင်းအရွှေ့ကိစ္စဟာခက်ခဲနေတာပဲဖြစ်ပါတယ်။
ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့ပြန်တာကြောင့် အူနိုင်းအမ်မရီရဲ့အဆင့်၄အတွင်းဝင်ရောက်ရေးဟာ စိုးရိမ်ရေမှတ်ကိုရောက်နေတာပဲဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာ မြောက်လန်ဒန်ကလပ်စပါးလ်အသင်းကို အနိုင်ယူပြီးနောက်အာဆင်နယ်အသင်းနဲ့ရမှတ်တူညီသွားခဲ့တာဖြစ်ပြီး အဆင့်၄အတွင်းဝင်ရောက်ရေးဟာပိုမိုခက်ခဲလာဖွယ်ရှိနေတာပဲဖြစ်ပါတယ်။
အိုလ်ဇေးလ်ဟာ အာဆင်နယ်တို့ရာသီကုန်အဆင့်၄အတွင်းဝင်ရေးအတွက်အလှည့်အပြောင်းလုပ်ပေးနိုင်လိမ့်မယ်လို့ အမ်မရီတစ်ယောက် မယုံမကြည်ဖြစ်နေတာပဲဖြစ်ပါတယ်။အိုလ်ဇေးလ်တစ်ယောက်ဘယ်လိုအဆုံးသတ်သွားရလိမ့်မလဲ?
ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့ပြန်တာကြောင့် အူနိုင်းအမ်မရီရဲ့ အဆင့်၎အတွင်းဝင်ရောက်ရေးဟာ စိုးရိမ်ရေမှတ်ကိုရောက်နေတာပဲဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာ မြောက်လန်ဒန်ကလပ်စပါးလ်အသင်းကို အနိုင်ယူပြီးနောက်အာဆင်နယ်အသင်းနဲ့ ရမှတ်တူညီသွားခဲ့တာဖြစ်ပြီး အဆင့်၎အတွင်းဝင်ရောက်ရေးဟာပိုမိုခက်ခဲလာဖွယ်ရှိနေတာပဲဖြစ်ပါတယ်။
Post a Comment