သူေရြးခ်ယ္ခဲ့တဲ့အေကာင္းဆံုး၁၁ေယာက္အသင္းေၾကာင့္ေ၀ဖန္မႈေတြရင္ဆိုင္ေနရတဲ့ယာယာတိုေရး
Zawgyi သမားမ်ားေအာက္ဆြဲဖတ္ေပးပါ
သူရွေးချယ်ခဲ့တဲ့အကောင်းဆုံး၁၁ယောက်အသင်းကြောင့်ဝေဖန်မှုတွေရင်ဆိုင်နေရတဲ့ယာယာတိုရေး
ယနေ့မနက် က Sky Sports ရဲ့ Monday Night Football အစီအစဉ် မှာ မန်စီးတီး နဲ့ ဘာစီလိုနာ အသင်း တို့ရဲ့ ကွင်းလယ်လူ ဟောင်း ကြီးယာယာတိုရေး ဟာ ကစားသမား ဘဝ တစ်လျှောက် သူနဲ့ တွဲ ကစားခဲ့ဖူး တဲ့ အသင်းဖော်တွေ ထဲက မှစိတ်ကြိုက် အကောင်းဆုံး ကစားသမား ၁၁ ယောက် ပါဝင် ခဲ့တဲ့ အသင်း တစ်သင်း ကို ရွေးချယ်မှု ပြုလုပ် ခဲ့ပါတယ်။
ယာယာတိုရေး ရွေးချယ် ခဲ့တဲ့ ကစားသမား တွေ ဟာ တကယ့် ဒိတ်ဒိတ်ကြဲ ကစားသမား တွေ ဆိုတာ သံသယ ဖြစ်စရာ မလို ခဲ့ပေမယ့် သူရွေးချယ်ခဲ့တဲ့ ကစားကွက် ကပိုပြီး အံ့အားသင့် စရာ ဖြစ်ခဲ့ ရပါတယ်။သူဟာ တိုက်စစ် အလွန်အားပေးတဲ့ ၃ – ၁-၆ ကစားကွက် ကို အသုံးပြု ခဲ့ပြီး အရှေ့မှာ တိုက်စစ် ကစားသမား ၆ ဦး အထိ ရွေးချယ် ခဲ့တာ ဖြစ်ပါတယ်။
နောက်တန်း မှာတော့ သူနဲ့ တွဲ ကစားဖူး တဲ့ ဘာကာ ဂန္တဝင် ၂ ဦး နဲ့ လက်ရှိ မန်စီးတီး ခံစစ်မှူး တဦး တို့ ပါဝင်ခဲ့ ပါတယ် ။ နောက်တန်း ၂ နေရာ မှာ ဘာစီလိုနာ အသင်း ရဲ့ အသင်းခေါင်းဆောင် ဟောင်း ကားလို့စ် ပူယိုးလ် နဲ့ ရာဖေးလ် မားကွက်ဇ် တို့ကို ရွေးချယ် ခဲ့တာ ဖြစ်ပြီး ကျန်တနေရာ မှာတော့ လက်ရှိ မန်စီးတီး အသင်း ခေါင်းဆောင် ဗင်းဆင့် ကွန်ပနီ ကို ရွေးချယ် ခဲ့ပါတယ်။
တိုရေး ရဲ့ စိတ်ကြိုက် ကွင်းလယ်လူ တစ်ယာက်သာ ရှိခဲ့ပြီး ဘာစီလိုနာကွင်းလယ်လူဟောင်း၊ လက်ရှိ ဂျပန် ကလပ် ဗစ်ဆဲကိုဘီ မှာ ကစားနေတဲ့ ကွင်းလယ်လူ အန်ဒရေ အင်နီယေစတာ ပဲ ဖြစ်ပါတယ်။ ကျန်တဲ့ ၆ နေရာ မှာတော့ တိုရေး ဟာ တောင်ပံ ကစားသမား တွေနဲ့ အထောင် တိုက်စစ်မှူး တွေကို ရွေးချယ် ခဲ့ပါတယ်။
တောင်ပံ ၂ ဖက် မှာတော့ လက်ရှိ မန်စီးတီး အသင်း ဂျာမန် တောင်ပံ ကစားသမား လီရွိုင်း ဆာနေး နဲ့ တစ်ချိန် က ဘာစီလိုနာ မှာ တွဲကစား ဖူးတဲ့ အာဆင်နယ် ဂန္တဝင် တောင်ပံ ကစားသမား ဟောင်း သီယာရီ အွန်နရီ တို့ကို ရွေးချယ် ခဲ့ပါတယ်။ ကျန်တဲ့ လေး နေရာ မှာတော့ အထောင် တိုက်စစ် ကစားသမား သက်သက် ကိုသာ ရွေးချယ် ခဲ့ပါတယ် ။
ကျန် လေးနေရာ မှာတော့ လက်ရှိ မန်စီးတီး အသင်း ရဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရို ၊ ဘာစီလိုနာ အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား လီယွန်နယ် မက်ဆီ ၊ ချယ်လ်ဆီး ဂန္တဝင် ၊ တိုရေး ရဲ့ အိုင်ဗရီကို့စ် အသင်းဖော် ဟောင်း တိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာ နဲ့ ဘာကာ မှာ တွဲကစား ခဲ့ဖူး တဲ့ ဆမ်မြူရယ် အီတူး တို့ပဲ ဖြစ်ပါတယ်။
တွစ်တာ မှာတော့ ဘောလုံး ပရိသတ် အများ အပြား က ယာယာတိုရေး ရဲ့ အကောင်းဆုံး အသင်း ကို ဝေဖန် ထောက်ပြမှု ကောင်းများ ပြုလုပ် ခဲ့ကြ သလို တချို့က လည်း ပြက်ရယ် ပြုခဲ့ ကြ ပါတယ်။သို့ပေမယ့် လည်း တိုရေး ရဲ့ အကောင်းဆုံး အသင်း ဟာ ကမ္ဘာ့ ထိပ်တန်း ကစားသမား တွေနဲ့ စုဖွဲ့ ထားတယ် ဆိုတာ ငြင်းစရာ မရှိပါဘူး။
Credit
(Zawgyi)
သူေရြးခ်ယ္ခဲ့တဲ့အေကာင္းဆံုး၁၁ေယာက္အသင္းေၾကာင့္ေ၀ဖန္မႈေတြရင္ဆိုင္ေနရတဲ့ယာယာတိုေရး
ယေန႕မနက္ က Sky Sports ရဲ႕ Monday Night Football အစီအစဥ္ မွာ မန္စီးတီး နဲ႕ ဘာစီလိုနာ အသင္း တို႕ရဲ႕ ကြင္းလယ္လူ ေဟာင္း ၾကီးယာယာတုိေရး ဟာ ကစားသမား ဘဝ တစ္ေလွ်ာက္ သူနဲ႕ တြဲ ကစားခဲ့ဖူး တဲ့ အသင္းေဖာ္ေတြ ထဲက မွစိတ္ၾကိဳက္ အေကာင္းဆံုး ကစားသမား ၁၁ ေယာက္ ပါဝင္ ခဲ့တဲ့ အသင္း တစ္သင္း ကို ေရြးခ်ယ္မႈ ျပဳလုပ္ ခဲ့ပါတယ္။
ယာယာတိုေရး ေရြးခ်ယ္ ခဲ့တဲ့ ကစားသမား ေတြ ဟာ တကယ့္ ဒိတ္ဒိတ္ၾကဲ ကစားသမား ေတြ ဆိုတာ သံသယ ျဖစ္စရာ မလို ခဲ့ေပမယ့္ သူေရြးခ်ယ္ခဲ့တဲ့ ကစားကြက္ ကပိုျပီး အံ့အားသင့္ စရာ ျဖစ္ခဲ့ ရပါတယ္။သူဟာ တိုက္စစ္ အလြန္အားေပးတဲ့ ၃ – ၁-၆ ကစားကြက္ ကို အသံုးျပဳ ခဲ့ျပီး အေရွ႕မွာ တိုက္စစ္ ကစားသမား ၆ ဦး အထိ ေရြးခ်ယ္ ခဲ့တာ ျဖစ္ပါတယ္။
ယာယာတိုေရး ရဲ႕ အေကာင္းဆံုး အသင္း မွာေတာ့ ဂိုးသမား ေနရာ မွာ လက္ရွိ မန္စီးတီး အသင္း ရဲ႕ ဘရာဇီး ဂိုးသမား အီဒါဆင္ ကို ေရြးခ်ယ္ ခဲ့ပါတယ္။အီဒါဆင္ ဟာ လက္ရွိ မန္စီးတီး အသင္း ရဲ႕ နံပါတ္တစ္ ဂိုးသမား ျဖစ္ျပီး ျပီးခဲ့တဲ့ ေဘာလံုးရာသီကေအာင္ျမင္မႈ ေတြမွာ တစ္ဖက္တစ္လမ္း က ပါဝင္ကူညီေပးထားနိုင္ခဲ့သူ ျဖစ္ပါတယ္။
ေနာက္တန္း မွာေတာ့ သူနဲ႕ တြဲ ကစားဖူး တဲ့ ဘာကာ ဂႏၲဝင္ ၂ ဦး နဲ႕ လက္ရွိ မန္စီးတီး ခံစစ္မွဴး တဦး တို႕ ပါဝင္ခဲ့ ပါတယ္ ။ ေနာက္တန္း ၂ ေနရာ မွာ ဘာစီလိုနာ အသင္း ရဲ႕ အသင္းေခါင္းေဆာင္ ေဟာင္း ကားလို႕စ္ ပူယိုးလ္ နဲ႕ ရာေဖးလ္ မားကြက္ဇ္ တို႕ကို ေရြးခ်ယ္ ခဲ့တာ ျဖစ္ျပီး က်န္တေနရာ မွာေတာ့ လက္ရွိ မန္စီးတီး အသင္း ေခါင္းေဆာင္ ဗင္းဆင့္ ကြန္ပနီ ကို ေရြးခ်ယ္ ခဲ့ပါတယ္။
တုိေရး ရဲ႕ စိတ္ၾကိဳက္ ကြင္းလယ္လူ တစ္ယာက္သာ ရွိခဲ့ျပီး ဘာစီလိုနာကြင္းလယ္လူေဟာင္း၊ လက္ရွိ ဂ်ပန္ ကလပ္ ဗစ္ဆဲကိုဘီ မွာ ကစားေနတဲ့ ကြင္းလယ္လူ အန္ဒေရ အင္နီေယစတာ ပဲ ျဖစ္ပါတယ္။ က်န္တဲ့ ၆ ေနရာ မွာေတာ့ တိုေရး ဟာ ေတာင္ပံ ကစားသမား ေတြနဲ႕ အေထာင္ တိုက္စစ္မွဴး ေတြကို ေရြးခ်ယ္ ခဲ့ပါတယ္။
ေတာင္ပံ ၂ ဖက္ မွာေတာ့ လက္ရွိ မန္စီးတီး အသင္း ဂ်ာမန္ ေတာင္ပံ ကစားသမား လီရြိဳင္း ဆာေနး နဲ႕ တစ္ခ်ိန္ က ဘာစီလိုနာ မွာ တြဲကစား ဖူးတဲ့ အာဆင္နယ္ ဂႏၲဝင္ ေတာင္ပံ ကစားသမား ေဟာင္း သီယာရီ အြန္နရီ တို႕ကို ေရြးခ်ယ္ ခဲ့ပါတယ္။ က်န္တဲ့ ေလး ေနရာ မွာေတာ့ အေထာင္ တိုက္စစ္ ကစားသမား သက္သက္ ကိုသာ ေရြးခ်ယ္ ခဲ့ပါတယ္ ။
က်န္ ေလးေနရာ မွာေတာ့ လက္ရွိ မန္စီးတီး အသင္း ရဲ႕ တိုက္စစ္မွဴး ဆာဂ်ီယို အေဂြရို ၊ ဘာစီလိုနာ အသင္း ရဲ႕ ေတာင္ပံ တိုက္စစ္ ကစားသမား လီယြန္နယ္ မက္ဆီ ၊ ခ်ယ္လ္ဆီး ဂႏၲဝင္ ၊ တိုေရး ရဲ႕ အိုင္ဗရီကို႕စ္ အသင္းေဖာ္ ေဟာင္း တိုက္စစ္မွဴး ဒီဒီယာ ဒေရာ့ဘာ နဲ႕ ဘာကာ မွာ တြဲကစား ခဲ့ဖူး တဲ့ ဆမ္ျမဴရယ္ အီတူး တို႕ပဲ ျဖစ္ပါတယ္။
တြစ္တာ မွာေတာ့ ေဘာလံုး ပရိသတ္ အမ်ား အျပား က ယာယာတိုေရး ရဲ႕ အေကာင္းဆံုး အသင္း ကို ေဝဖန္ ေထာက္ျပမႈ ေကာင္းမ်ား ျပဳလုပ္ ခဲ့ၾက သလို တခ်ိဳ႕က လည္း ျပက္ရယ္ ျပဳခဲ့ ၾက ပါတယ္။သို႕ေပမယ့္ လည္း တိုေရး ရဲ႕ အေကာင္းဆံုး အသင္း ဟာ ကမၻာ့ ထိပ္တန္း ကစားသမား ေတြနဲ႕ စုဖြဲ႕ ထားတယ္ ဆိုတာ ျငင္းစရာ မရွိပါဘူး။
Credit
Post a Comment