အရင္စတီဗင္ဂ်ာရတ္စေကးလ္ကိုျပန္ျမင္ေတြ ့ခြင့္ရခဲ့တဲ့ ေလ့က်င့္ေရးကြင္းကဗီဒီယိုဖိုင္
အရင်စတီဗင်ဂျာရတ်ကိုစကေးလ်ကိုပြန်မြင်တွေ့ခွင့်ရခဲ့တဲ့ လေ့ကျင့်ရေးကွင်းကဗီဒီယိုဖိုင်
လေ့ကျင့်ရေးကွင်းမှာ ပြသခဲ့တဲ့ ရိန်းဂျားနည်းပြစတီဗင်ဂျာရတ်ရဲ့ဘောလုံးစကေးလ်တွေကြောင်းလူမှုကွန်ယက်တွေအပေါ် ပရိတ်သတ်တွေအကြား လတ်တလောလူပြောများစရာဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဆိုရှယ်မီဒီယာပေါ်မှာတင်ခဲ့တဲ့ဗီဒီယိုဖိုင်တခုမှာ ဂျရတ်ဟာ ရိန်းဂျားအသင်းသားတွေနဲ့အတူလေ့ကျင့် ကွင်းမှာနှစ်ဖက်ခွဲ Two side ကစားကြရာမှာ ညာတောင်ပံမှာလွတ်နေတဲ့အသင်းဖော်တယောက်ကို သူရဲ့အဝေးဘော ပေးပို့မှု Long ball pass တခုပြုလုပ်ခဲ့တာမှာ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် တိကျမှန်ကန်နေဆဲဖြစ်တာ ကိုတွေ့ခဲ့ရပါတယ်။
ဒီဗီဒီယိုဖိုင်ဟာ ခနအတွင်းကြည့်ရှုသူနဲ့ ပြန်လည်ဝေမျှသူများခဲ့ပြီး ဂျရတ်ရဲ့ ကစားနိုင်စွမ်းနဲ့ဘောလုံးပေးပို့မှုတွေကိုတွေ့ ခဲ့တဲ့ ပရိသတ်တွေက တွစ်တာပေါ်မှာ ” ရိုးရိုးသားသားပြောပါရစေ၊ သူ့ကို ကစားသမားနည်းပြအဖြစ်နဲ့ စာချုပ်ခဲ့သင့် တယ် ” ၊ ” ဒါကိုမြင်တဲ့ နည်းပြတွေ သူဘောလုံးကစားနိုင်ဆဲပဲလို့ တွေးမိကြမှာသေချာတယ် ” ၊ ” အကြီးအကျယ် နောင်တရမိတာက သူ့ကိုဘောလုံးသမားအနေနဲ့မဟုတ်ဘဲ နည်းပြအဖြစ်ခေါ်နိုင်ခဲ့တာကိုပါ ” ၊ ” သူကစားသမားတွေ ထက် သူပိုကောင်းတာကိုတွေးမိပြီး စိတ်အနှောက်အယှက်ဖြစ်နေမှာ ၁၀၀% ပဲ ” ၊ ” သူ့ဟာ စကော့တလန်လိဂ်မှာ တော့ အကောင်းဆုံးဘောလုံးပေးပို့သူပဲ ” လို့အသီးသီးရေးသား ချီးျကျူးသွားခဲ့ကြပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ လီဗာပူးလ်ကစားသမားဟောင်းကြီး စတီဗင်ဂျရတ်ဟာ ပြီးခဲ့တဲ့မေလကမှ စကော့တလန်ကလပ်သင်း ရိန်းဂျားအသင်းကိုနည်းပြ အဖြစ်တာဝန်ယူခဲ့သူဖြစ်ပြီး သူ့လက်အောက်မှာရိန်းဂျားအသင်းဟာ စကော့တလန်ပြည်တွင်းလိဂ်ပွဲစဉ်၂၁ အပြီး ၁၂ ပွဲ နိုင်၊ ၆ ပွဲသရေ၊ ၃ ပွဲရှုံးနဲ့ အမှတ်ပေးဇယားမှာ ဆဲလ်တစ်အသင်းနဲ့ ရမှတ်တူ တပွဲပိုနဲ့ အဆင့် ၂ နေရာမှာရပ်တည်နေ လျက်ရှိပါတယ်။
(Zawgyi)
အရင္စတီဗင္ဂ်ာရတ္ကိုစေကးလ္ကိုျပန္ျမင္ေတြ ့ခြင့္ရခဲ့တဲ့ ေလ့က်င့္ေရးကြင္းကဗီဒီယိုဖိုင္
ေလ့က်င့္ေရးကြင္းမွာ ျပသခဲ့တဲ့ ရိန္းဂ်ားနည္းျပစတီဗင္ဂ်ာရတ္ရဲ ့ေဘာလံုးစေကးလ္ေတြေၾကာင္းလူမႈကြန္ယက္ေတြအေပၚ ပရိတ္သတ္ေတြအၾကား လတ္တေလာလူေျပာမ်ားစရာျဖစ္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္ပုိင္းက ဆုိရွယ္မီဒီယာေပၚမွာတင္ခဲ့တဲ့ဗီဒီယုိဖုိင္တခုမွာ ဂ်ရတ္ဟာ ရိန္းဂ်ားအသင္းသားေတြနဲ႔အတူေလ့က်င့္ ကြင္းမွာႏွစ္ဖက္ခြဲ Two side ကစားၾကရာမွာ ညာေတာင္ပံမွာလြတ္ေနတဲ့အသင္းေဖာ္တေယာက္ကုိ သူရဲ့အေဝးေဘာ ေပးပုိ႔မႈ Long ball pass တခုျပဳလုပ္ခဲ့တာမွာ ရင္သပ္ရႈေမာဖြယ္ေကာင္းေလာက္ေအာင္ တိက်မွန္ကန္ေနဆဲျဖစ္တာ ကုိေတြ႔ခဲ့ရပါတယ္။
ဒီဗီဒီယိုဖုိင္ဟာ ခနအတြင္းၾကည့္ရႈသူနဲ႔ ျပန္လည္ေဝမွ်သူမ်ားခဲ့ၿပီး ဂ်ရတ္ရဲ့ ကစားနုိင္စြမ္းနဲ႔ေဘာလုံးေပးပုိ႔မႈေတြကုိေတြ႔ ခဲ့တဲ့ ပရိသတ္ေတြက တြစ္တာေပၚမွာ ” ရုိးရုိးသားသားေျပာပါရေစ၊ သူ႔ကုိ ကစားသမားနည္းျပအျဖစ္နဲ႔ စာခ်ဳပ္ခဲ့သင့္ တယ္ ” ၊ ” ဒါကုိျမင္တဲ့ နည္းျပေတြ သူေဘာလုံးကစားနုိင္ဆဲပဲလုိ႔ ေတြးမိၾကမွာေသခ်ာတယ္ ” ၊ ” အႀကီးအက်ယ္ ေနာင္တရမိတာက သူ႔ကုိေဘာလုံးသမားအေနနဲ႔မဟုတ္ဘဲ နည္းျပအျဖစ္ေခၚနုိင္ခဲ့တာကုိပါ ” ၊ ” သူကစားသမားေတြ ထက္ သူပုိေကာင္းတာကုိေတြးမိၿပီး စိတ္အေနွာက္အယွက္ျဖစ္ေနမွာ ၁၀၀% ပဲ ” ၊ ” သူ႔ဟာ စေကာ့တလန္လိဂ္မွာ ေတာ့ အေကာင္းဆုံးေဘာလုံးေပးပုိ႔သူပဲ ” လုိ႔အသီးသီးေရးသား ခ်ီး်က်ဴးသြားခဲ့ၾကပါတယ္။
အသက္ ၃၈ ႏွစ္အရြယ္ရွိ လီဗာပူးလ္ကစားသမားေဟာင္းၾကီး စတီဗင္ဂ်ရတ္ဟာ ၿပီးခဲ့တဲ့ေမလကမွ စေကာ့တလန္ကလပ္သင္း ရိန္းဂ်ားအသင္းကုိနညး္ျပ အျဖစ္တာဝန္ယူခဲ့သူျဖစ္ၿပီး သူ႔လက္ေအာက္မွာရိန္းဂ်ားအသင္းဟာ စေကာ့တလန္ျပည္တြင္းလိဂ္ပြဲစဥ္၂၁ အၿပီး ၁၂ ပြဲ နုိင္၊ ၆ ပြဲသေရ၊ ၃ ပြဲရႈံးနဲ႔ အမွတ္ေပးဇယားမွာ ဆဲလ္တစ္အသင္းနဲ႔ ရမွတ္တူ တပြဲပုိနဲ႔ အဆင့္ ၂ ေနရာမွာရပ္တည္ေန လ်က္ရွိပါတယ္။
Post a Comment