ဘန္ေလနဲ့ပြဲက ပါရဲရားရဲ ့စြမ္းေဆာင္ရည္ေတြေၾကာင့္ယူနိုက္တက္မွာကစားဖို ့မထိုက္တန္ေသးတဲ့ပါရဲရား
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အိုေလးဂန္နားဆိုးလ္ရွားရဲံ မန္ခ်က္စတာယူနိုက္တက္ယာယီနည္းျပဘ၀မွာ မေမ ွ်ာ္လင့္ထားစရာအခက္အခဲတစ္ခုနဲ ့ၾကံဳေတြ ့ခဲ့ရပါတယ္။အထူးသျဖင့္ မေန ့ညကကစားခဲ့တဲ့ အိုထရက္ဖို ့ဒ္ကြင္းက ဘန္ေလနဲ့ပြဲမွာ မထင္မွတ္ထားစရာ ရလဒ္တစ္ခုနဲ ့ၾကံဳေတြ ့ခဲ့ရပါတယ္။
သရဲနီတုိ ့ဟာ ပရီးမီးယားလိပ္ပြဲစဥ္ ၂၄အျဖစ္ ဘန္ေလအသင္းကိုဧည့္ခံကစားခဲ့ပါတယ္။ဒါပင္မယ့္လည္း ဒီပြဲဟာ နည္းျပဆိုးလ္ရွားကိုင္တြယ္ခဲ့တဲ့ ပြဲစဥ္ေတြထဲက စြမ္းေဆာင္ရည္အညံ့ဖ်င္းဆံုးပြဲျဖစ္ၿပီး ပြဲၿပီးဆံုးဖို ့ေနာက္ဆံုး၅မိနစ္ေရာက္မွသာ ပံုစံေကာင္းေတြျပသနိုင္ခဲ့တာပဲဲျဖစ္ပါတယ္။
ဘန္ေလကစားသမား အက္ရွ္ေလဘားနက္စ္ က ဧည္သည္အသင္းအတြက္ ဒုတိယပိုင္းပြဲစလို ့၅မိနစ္အၾကာမွာ အဖြင့္ဂိုးသြင္းယူေပးခဲ့ပါတယ္။ပြဲၿပီးဆံုးဖို ့၁၀မိနစ္အလိုမွာ ခရစ္၀ုဒ္က ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူခဲ့ၿပီး ဘန္ေလအသင္းတို ့၂-၀ ျဖင့္ ဦးေဆာင္ေနပါတယ္။
အဆိုပါရလဒ္အတိုင္းပြဲၿပီးသြားေတာ့မယ္လို ့ထင္ခဲ့ၾကေသာ္လည္း ယူနိုက္တက္တို ့ကေတာ့ ျပန္လာနိုင္ေအာင္အေကာင္းဆံုးလုပ္ျပနိုင္ခဲ့ပါတယ္။
ေပါလ္ေပါ့ဘာက ပြဲၿပီးခါနီးမွာ ပယ္နယ္တီျပစ္ဒဏ္ေဘာကေန ေခ်ပဂိုးသြင္းယူခဲ့ၿပီး ပြဲၿပီးဆံုးဖို ့အခ်ိန္ပိုမိနစ္မွာေတာ့ေနာက္ခံလူ လင္ဒီေလာ့ဖ္က ဒုတိယေျမာက္ေခ်ပဂိုးကို သြင္းယူေပးခဲ့ၿပီး ပြဲအၿပီးမွာ ၂-၂ ရလဒ္ျဖင့္ သေရက်ခဲ့ပါတယ္။
မန္ခ်က္စတာယူနိုက္တက္ဆိုသည္မွာ ေနာက္က်သြင္းဂိုးေတြနဲ ့အသင္းကို ဒရမ္မာဆန္ဆန္အရံႈးကေနျပန္လာနိုင္ေအာင္လုပ္နိုင္တဲ့အသင္းအျဖစ္ နာမည္ၾကီးတာပဲျဖစ္ပါတယ္။နည္းျပဆိုးလ္ရွားဟာ ဒီပြဲအတြက္ပြဲထြက္လူစားရင္ကို အားလံုးမ်က္ေမွာင္ၾကံဳသြားေစမယ့္ ဆံုးျဖတ္ခ်က္အခ်ိဳ ့နဲ ့ပြဲထုတ္လာခဲ့တာပဲျဖစ္ပါတယ္။
ဂ်က္ဆီလင္ဂတ္၊ဆန္းခ်က္စ္နဲ ့အန္ဒါဟာရဲရားတို ့ကိုအရံခုံပို ့ထားၿပီး အန္တိုနီမာရွယ္ကေတာ့ ဒဏ္ရာျပႆနာေၾကာင့္ဒီပြဲမွာမပါ၀င္ခဲ့ပါဘူး။နည္းျပဆိုးလ္ရွားဟာ ပါရဲရားကို အသင္းရဲ့ပြဲထြက္လူစားရင္းမွာ ထည့္သံုးခဲ့ၿပီး ဒါဟာ ပါရဲရားအတြက္ ၾသဂတ္စ္၁၉ ရက္ေန ့က ပရီးမီးယားလိပ္ပြဲၿပီးေနာက္ ၁၆၃ ရက္အၾကာ ပထမဆံုးပြဲထြက္ခြင့္ရခဲ့တာပဲျဖစ္ပါတယ္။
ဒါပင္မယ့္လည္း ဘယ္လ္ဂ်ီယံအႏြယ္ဖြား ဘရာဇီးသားဟာ ဘန္ေလအသင္းရဲ ့ပထမဦးေဆာင္ဂိုးကို သူ ့ရဲ ့နေမာနမဲ ့အမွားကေနေပးဆပ္လိုက္ရတာပဲျဖစ္ပါတယ္။
အဆိုပါအမွားအယြင္းမလုပ္ခင္ထိေတာင္ လူမႈကြန္ယက္ေတြေပၚမွာ ယူနိုက္တက္ပရိတ္သတ္အမ်ားစုက ပါရဲရားစြမ္းေဆာင္ရည္နဲ ့ပတ္သတ္ၿပီး သေဘာမေတြ ့ေၾကာင္းထုတ္ေဖာ္ေျပာၾကားေနခဲ့တာပဲဲျဖစ္ၿပီး သူ ့ရဲ့အမွားေၾကာင္း ဂိုးေပးလိုက္ရတဲ့အခ်ိန္မွာ ေတာ့ ပါရဲရားတစ္ေယာက္ဟာ ယူနိုက္တက္ရဲ ့အဆင့္အတန္းကို မေရာက္ရိွေသးတဲ့သူအျဖစ္ပရိတ္သတ္မ်ားကလက္ခံခဲ့ၾကတာပဲျဖစ္ပါတယ္။
ပါရဲရားဟာလက္ရိွ အသက္၂၃ နွစ္သာရိွေသးၿပီး ယူနိုက္တက္အတြက္ဒီရာသီပြဲအနည္းငယ္သာပါ၀င္ကစားထားရေသးတာပဲျဖစ္ပါတယ္။ပံုမန္ပြဲထြက္မိနစ္မရိွတဲ့ကစားသမားတစ္ေယာက္အတြက္စုစည္းမႈအားေကာင္းတဲ့ဘန္ေလအသင္းကိုရင္ဆိုင္ဟန္ ့တားဖို ့ကြင္းလယ္လူအျဖစ္ထုတ္သံုးခဲ့တဲ့ နည္းျပဆိုးလ္ရွား ရဲ ့ဆံုးျဖတ္ခ်က္သာ စြန္ ့စားခဲ့ဟန္ေပၚလြင္ပါတယ္။
ေနာက္က်သြင္းဂိုးေတြနဲ ့ယူနိုက္တက္တို ့ျပန္လာနိုင္ခဲ့ေသာ္လည္း ပါရဲရားအတြက္ေတာ့ ေ၀ဖန္မႈေတြရင္ဆိုင္ေနရပါတယ္။ယူနိုက္တက္ဖန္ေတြအတြက္စိတ္ပ်က္လက္ပ်က္နဲ့အိမ္ျပန္သြားရမယ့္အစား အိုထရက္ဖို ့ဒ္မွာ ေတာ့ အရံႈးကေနျပန္လာနိုင္ခဲ့တဲ့အတြက္၀င့္ၾကြားစြာ အခိုက္အတန္ ့ကို ရရိွခဲ့ပါတယ္။
အန္ဒရာပါရဲရားတစ္ေယာက္ ယူနိုက္တက္အသင္းမွာကစားဖို ့လံုေလာက္တဲ့အရည္အေသြးရိွရဲ့လား?
(Unicode)
ဘန်လေနဲ့ပွဲက ပါရဲရားရဲ့စွမ်းဆောင်ရည်တွေကြောင့်ယူနိုက်တက်မှာကစားဖို့မထိုက်တန်သေးတဲ့ပါရဲရား
အိုလေးဂန်နားဆိုးလ်ရှားရဲံ မန်ချက်စတာယူနိုက်တက်ယာယီနည်းပြဘဝမှာ မမေ ျှာ်လင့်ထားစရာအခက်အခဲတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။အထူးသဖြင့် မနေ့ညကကစားခဲ့တဲ့ အိုထရက်ဖို့ဒ်ကွင်းက ဘန်လေနဲ့ပွဲမှာ မထင်မှတ်ထားစရာ ရလဒ်တစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။
သရဲနီတို့ဟာ ပရီးမီးယားလိပ်ပွဲစဉ် ၂၄အဖြစ် ဘန်လေအသင်းကိုဧည့်ခံကစားခဲ့ပါတယ်။ဒါပင်မယ့်လည်း ဒီပွဲဟာ နည်းပြဆိုးလ်ရှားကိုင်တွယ်ခဲ့တဲ့ ပွဲစဉ်တွေထဲက စွမ်းဆောင်ရည်အညံ့ဖျင်းဆုံးပွဲဖြစ်ပြီး ပွဲပြီးဆုံးဖို့နောက်ဆုံး၅မိနစ်ရောက်မှသာ ပုံစံကောင်းတွေပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။
ဘန်လေကစားသမား အက်ရှ်လေဘားနက်စ် က ဧည်သည်အသင်းအတွက် ဒုတိယပိုင်းပွဲစလို့၅မိနစ်အကြာမှာ အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။ပွဲပြီးဆုံးဖို့၁၀မိနစ်အလိုမှာ ခရစ်ဝုဒ်က နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီး ဘန်လေအသင်းတို့၂-၀ ဖြင့် ဦးဆောင်နေပါတယ်။
အဆိုပါရလဒ်အတိုင်းပွဲပြီးသွားတော့မယ်လို့ထင်ခဲ့ကြသော်လည်း ယူနိုက်တက်တို့ကတော့ ပြန်လာနိုင်အောင်အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပါတယ်။
ပေါလ်ပေါ့ဘာက ပွဲပြီးခါနီးမှာ ပယ်နယ်တီပြစ်ဒဏ်ဘောကနေ ချေပဂိုးသွင်းယူခဲ့ပြီး ပွဲပြီးဆုံးဖို့အချိန်ပိုမိနစ်မှာတော့နောက်ခံလူ လင်ဒီလော့ဖ်က ဒုတိယမြောက်ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ ၂-၂ ရလဒ်ဖြင့် သရေကျခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဆိုသည်မှာ နောက်ကျသွင်းဂိုးတွေနဲ့အသင်းကို ဒရမ်မာဆန်ဆန်အရှုံးကနေပြန်လာနိုင်အောင်လုပ်နိုင်တဲ့အသင်းအဖြစ် နာမည်ကြီးတာပဲဖြစ်ပါတယ်။နည်းပြဆိုးလ်ရှားဟာ ဒီပွဲအတွက်ပွဲထွက်လူစားရင်ကို အားလုံးမျက်မှောင်ကြုံသွားစေမယ့် ဆုံးဖြတ်ချက်အချို့နဲ့ပွဲထုတ်လာခဲ့တာပဲဖြစ်ပါတယ်။
ဂျက်ဆီလင်ဂတ်၊ဆန်းချက်စ်နဲ့အန်ဒါဟာရဲရားတို့ကိုအရံခုံပို့ထားပြီး အန်တိုနီမာရှယ်ကတော့ ဒဏ်ရာပြဿနာကြောင့်ဒီပွဲမှာမပါဝင်ခဲ့ပါဘူး။နည်းပြဆိုးလ်ရှားဟာ ပါရဲရားကို အသင်းရဲ့ပွဲထွက်လူစားရင်းမှာ ထည့်သုံးခဲ့ပြီး ဒါဟာ ပါရဲရားအတွက် သြဂတ်စ်၁၉ ရက်နေ့က ပရီးမီးယားလိပ်ပွဲပြီးနောက် ၁၆၃ ရက်အကြာ ပထမဆုံးပွဲထွက်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။
ဒါပင်မယ့်လည်း ဘယ်လ်ဂျီယံအနွယ်ဖွား ဘရာဇီးသားဟာ ဘန်လေအသင်းရဲ့ပထမဦးဆောင်ဂိုးကို သူ့ရဲ့နမောနမဲ့အမှားကနေပေးဆပ်လိုက်ရတာပဲဖြစ်ပါတယ်။
အဆိုပါအမှားအယွင်းမလုပ်ခင်ထိတောင် လူမှုကွန်ယက်တွေပေါ်မှာ ယူနိုက်တက်ပရိတ်သတ်အများစုက ပါရဲရားစွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီး သဘောမတွေ့ကြောင်းထုတ်ဖော်ပြောကြားနေခဲ့တာပဲဖြစ်ပြီး သူ့ရဲ့အမှားကြောင်း ဂိုးပေးလိုက်ရတဲ့အချိန်မှာ တော့ ပါရဲရားတစ်ယောက်ဟာ ယူနိုက်တက်ရဲ့အဆင့်အတန်းကို မရောက်ရှိသေးတဲ့သူအဖြစ်ပရိတ်သတ်များကလက်ခံခဲ့ကြတာပဲဖြစ်ပါတယ်။
ပါရဲရားဟာလက်ရှိ အသက်၂၃ နှစ်သာရှိသေးပြီး ယူနိုက်တက်အတွက်ဒီရာသီပွဲအနည်းငယ်သာပါဝင်ကစားထားရသေးတာပဲဖြစ်ပါတယ်။ပုံမန်ပွဲထွက်မိနစ်မရှိတဲ့ကစားသမားတစ်ယောက်အတွက်စုစည်းမှုအားကောင်းတဲ့ဘန်လေအသင်းကိုရင်ဆိုင်ဟန့်တားဖို့ကွင်းလယ်လူအဖြစ်ထုတ်သုံးခဲ့တဲ့ နည်းပြဆိုးလ်ရှား ရဲ့ဆုံးဖြတ်ချက်သာ စွန့်စားခဲ့ဟန်ပေါ်လွင်ပါတယ်။
နောက်ကျသွင်းဂိုးတွေနဲ့ယူနိုက်တက်တို့ပြန်လာနိုင်ခဲ့သော်လည်း ပါရဲရားအတွက်တော့ ဝေဖန်မှုတွေရင်ဆိုင်နေရပါတယ်။ယူနိုက်တက်ဖန်တွေအတွက်စိတ်ပျက်လက်ပျက်နဲ့အိမ်ပြန်သွားရမယ့်အစား အိုထရက်ဖို့ဒ်မှာ တော့ အရှုံးကနေပြန်လာနိုင်ခဲ့တဲ့အတွက်ဝင့်ကြွားစွာ အခိုက်အတန့်ကို ရရှိခဲ့ပါတယ်။
အန်ဒရာပါရဲရားတစ်ယောက် ယူနိုက်တက်အသင်းမှာကစားဖို့လုံလောက်တဲ့အရည်အသွေးရှိရဲ့လား?
Post a Comment