Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဇန်နဝါရီလထိသာရှိသေးသော်လည်းဒီရာသီသွင်းဂိုး၉၆ဂိုးသွင်းယူထားနိုင်တဲ့မန်စီးတီး
မန်ချက်စတာစီးတီးအသင်းဟာ ဒီရာသီမှာ တိုက်စစ်ပိုင်းကသွင်းဂိုးမြောက်မြားစွာသွင်းယူထားနိုင်တာပဲဖြစ်ပါတယ်။ကျွန်တော်တို့ပြောနေကြတာက ဇန်နဝါရီလထိသာရှိသေးတဲ့ ရာသီဝက်ကာလမှာ သွင်းယူထားတဲ့ သွင်းဂိုး ၉၆ ဂိုးကိုဆိုလိုတာပဲဖြစ်ပါတယ်.
စီးတီးတို့ဟာ လိပ်ဖလားဆီမီးဖိုင်နယ်ပထမအကျော့မှာ ဘာမှမစွမ်းဆောင်နိုင်တဲ့ ဘာတန်အသင်းကို ဂိုးအပြတ်ဖြင့်မှတ်တမ်းကောင်းကိုသိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်။ဒီဘရိုင်း၊ဂျီးဆပ်စ်(၄)၊ဇင်ချန်ကို၊ဖိုဒင်၊ဝေါလ်ကာနဲ့မာရက်ဇ်တို့က ပွဲအပြီးရလဒ်ကို ၉ -၀ ဖြင့်ပြီးဆုံးသွားအောင် ဂိုးတွေလှိုင်လှိုင်သွင်းယူခဲ့ကြတာပဲဖြစ်ပါတယ်။
အခြားပြိုင်ဘက်အသင်းတွေနှိုင်းယှဉ်ကြည့်မယ်ဆိုရင် စပါးလ်အသင်းက သွင်းဂိုး၇၀၊မက်ဆီရဲ့ဘာစီလိုနာအသင်းက သွင်းဂိုး ၇၁ဂိုးနဲ့လက်ရှိကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေဖြစ်ကြတဲ့နေမာ၊ဘာပေးတို့ကိုပိုင်ဆိုင်ထားတဲ့ PSG အသင်းတောင် ၇၇ ဂိုးသာ အခုချိန်ထိသွင်းယူထားနိုင်သေးတာပဲဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့်ပိတ်ရက်မှာတော့ ပရီးမီးယားလိပ်ကလပ် ဝုလ်ဗ်အသင်းနဲ့ရင်ဆိုင်ကစားရမှာပဲဖြစ်ပြီး တိုက်စစ်ပိုင်းက အခုလို ဂိုးတွေဆက်မြူးနေပါ့မလားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
Post a Comment