Header Ads


ယူနိုက္တက္ကေနအထုတ္ခံရၿပီးေနာက္ပိုင္းနည္းျပကေလာ့နဲ ့ဂြာဒီယိုလာတို ့ကိုတိုက္ခိုက္ေျပာဆိုလိုက္တဲ့ေမာ္ရင္ဟို


Zawgyi သမားမ်ားေအာက္ဆြဲဖတ္ေပးပါ
မန္ခ်က္စတာယူနိုက္တက္နည္းျပေဟာင္းျဖစ္တဲ့ ဟိုေဆးေမာ္ရင္ဟိုဟာ ၿပိဳင္ဘက္အသင္းနည္းျပေတြအေပၚေ၀ဖန္တိုက္ခိုက္ေျပာဆိုတဲ့ေနရာမွာနာမည္ၾကီးသူတစ္ေယာက္ျဖစ္ပါတယ္။သူဟာယူနိုက္တက္ကေနထုတ္ခံရၿပီးေနာက္ပိုင္းပထမဆံုးအၾကိမ္ beIN Sports နဲ ့အင္တာဗ်ဴးရမွာေတာ့ သူဟာ ယခင္ၿပိဳင္ဘက္နည္းျပေတြကို ေ၀ဖန္ခဲ့တာပဲျဖစ္ပါတယ္။

ပရီးမီးယားလိပ္ ၃ၾကိမ္ရ နည္းျပၾကီးက ဂ်ာဂန္ကေလာ့နဲ ့ပတ္ဂြာဒီယိုလာတို ့ရဲ့ကြင္းေဘးနည္းျပစည္းက်ပ္ေနရာက အျပဳအမူေတြဟာသူနဲ ့ယွဥ္ရင္ ဘာတစ္ခုမွ အျပစ္ေပးခံရျခင္းမရိွဘူးလို ့ေ၀ဖန္လိုက္တာပဲျဖစ္ပါတယ္။

” တစ္ခ်ိဳ ့ေသာလူေတြဟာ စိတ္အားထက္သန္မႈကို စိတ္ထိန္းခ်ဳပ္မႈနဲ ့ပတ္သတ္ၿပီး ေရာေထြးေနၾကပါတယ္။ကၽြန္ေတာ္ခင္ဗ်ားတို ့ကို ကၽြန္ေတာ္မွန္ေၾကာင္း ဥပမာတစ္ခုေပးမယ္။အျခားနည္းျပေတြနဲ့ ကၽြန္ေတာ္နဲ ့တူညီတဲ့အေျခအေနေတြမွာ အက်ိဳးဆက္မတူတဲ့ အေၾကာင္းေပါ့။”

” ေမာ္ရင္ဟိုတစ္ေယာက္ နည္းျပစည္းက်ပ္ေနရာမွာ ဆိုးဆိုးရြားရြားလုပ္မယ္ဆိုရင္၊ေမာ္ရင္ဟိုတစ္ေယာက္ေရဘူးကိုကန္မယ္ဆိုရင္၊ေမာ္ရင္ဟိုတစ္ေယာက္ဒါေတြကို လုပ္မယ္ ဟိုဟာေတြကိုလုပ္မယ္ဆိုရင္ သူဟာအထုတ္ခံရပါတယ္။ပြဲပယ္ခံရပါတယ္။ဒဏ္ေငြေဆာင္ရပါတယ္။”

” ဂ်ာဂန္ကေလာ့တစ္ေယာက္အဲ့လိုလုပ္မယ္ဆို သူဟာစပယ္ရွယ္ျဖစ္သြားၿပီ။ပတ္ဂြာဒီယိုလာတစ္ေယာက္အဲ့လိုလုပ္မယ္ဆို သူဟာလည္းပဲ စပယ္ရွယ္ျဖစ္သြားျပန္ေရာ။ေမာ္ရင္ဟိုလုပ္မယ္ဆိုရင္ေတာ့ ထြက္သြားလိုက္ေတာ့ဆိုေတာ့တာပါပဲ။” လို ့ေျပာၾကားခဲ့တာပဲျဖစ္ပါတယ္။

ေမာ္ရင္ဟိုဟာ မီဒီယာနဲ ့ပတ္သတ္ရင္အျငင္းပြားစရာကိစၥေတြမွာ မစိမ္းတဲ့လူတစ္ေယာက္လည္းျဖစ္ပါတယ္။သူဟာ ဒီဇင္ဘာလေနာက္ပိုင္းယူနိုက္တက္ကေနအထုတ္ခံရၿပီး မီဒီယာေတြၾကားတိတ္ဆိတ္ေနခဲ့ရာမွ အခုခ်ိန္မွာေတာ့ ေ၀ဖန္ေျပာစကားေတြနဲ ့အတူစတင္ေရာက္ရိွလာခဲ့ၿပီပဲျဖစ္ပါတယ္။

ေပၚတူဂီနည္းျပၾကီးကေတာ့ သူဟာ မန္ခ်က္စတာကေနအထုတ္ခံရၿပီးေနာက္ပိုင္း ကမ္းလွမ္းျခင္းခံရတဲ့ အလုပ္၃ခုစလံုးကိုျငင္းပယ္ခဲ့တယ္လို ့ဆိုခဲ့ပါတယ္။

” ကၽြန္ေတာ့္အေတြးအေခၚအယူအဆေပၚမွာလည္းမူတည္ပါတယ္။ဂ်ာဂန္ကေလာ့နဲ ့ပတ္ဂြာဒီယိုလာတို ့လို အခြင့္အေရးေပးခံရတဲ့ ကလပ္ေတြဆီပဲသြားဖို ့ကၽြန္ေတာ္လိုလားပါတယ္။ကၽြန္ေတာ္အလုပ္၃ခုစလံုးကိုုျငင္းပယ္ခဲ့ၿပီးပါၿပီ။ဘာလို ့လဲဆိုေတာ့ ကၽြန္ေတာ္လုိခ်င္တယ္လို ့မခံစားမိလို ့ပါ။” လို ့ေျပာၾကားခဲ့ပါတယ္။

ေမာ္ရင္ဟိုတစ္ေယာက္ ပရီးမီးယားလိပ္ကို ျပန္လာနို္င္မယ္လုိ ့ထင္ပါသလား?

(Unicode)

 ယူနိုက်တက်ကနေအထုတ်ခံရပြီးနောက်ပိုင်းနည်းပြကလော့နဲ့ဂွာဒီယိုလာတို့ကိုတိုက်ခိုက်ပြောဆိုလိုက်တဲ့မော်ရင်ဟို

မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းဖြစ်တဲ့ ဟိုဆေးမော်ရင်ဟိုဟာ ပြိုင်ဘက်အသင်းနည်းပြတွေအပေါ်ဝေဖန်တိုက်ခိုက်ပြောဆိုတဲ့နေရာမှာနာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။သူဟာယူနိုက်တက်ကနေထုတ်ခံရပြီးနောက်ပိုင်းပထမဆုံးအကြိမ် beIN Sports နဲ့အင်တာဗျူးရမှာတော့ သူဟာ ယခင်ပြိုင်ဘက်နည်းပြတွေကို ဝေဖန်ခဲ့တာပဲဖြစ်ပါတယ်။

ပရီးမီးယားလိပ် ၃ကြိမ်ရ နည်းပြကြီးက ဂျာဂန်ကလော့နဲ့ပတ်ဂွာဒီယိုလာတို့ရဲ့ကွင်းဘေးနည်းပြစည်းကျပ်နေရာက အပြုအမူတွေဟာသူနဲ့ယှဉ်ရင် ဘာတစ်ခုမှ အပြစ်ပေးခံရခြင်းမရှိဘူးလို့ဝေဖန်လိုက်တာပဲဖြစ်ပါတယ်။

” တစ်ချို့သောလူတွေဟာ စိတ်အားထက်သန်မှုကို စိတ်ထိန်းချုပ်မှုနဲ့ပတ်သတ်ပြီး ရောထွေးနေကြပါတယ်။ကျွန်တော်ခင်ဗျားတို့ကို ကျွန်တော်မှန်ကြောင်း ဥပမာတစ်ခုပေးမယ်။အခြားနည်းပြတွေနဲ့ ကျွန်တော်နဲ့တူညီတဲ့အခြေအနေတွေမှာ အကျိုးဆက်မတူတဲ့ အကြောင်းပေါ့။”

” မော်ရင်ဟိုတစ်ယောက် နည်းပြစည်းကျပ်နေရာမှာ ဆိုးဆိုးရွားရွားလုပ်မယ်ဆိုရင်၊မော်ရင်ဟိုတစ်ယောက်ရေဘူးကိုကန်မယ်ဆိုရင်၊မော်ရင်ဟိုတစ်ယောက်ဒါတွေကို လုပ်မယ် ဟိုဟာတွေကိုလုပ်မယ်ဆိုရင် သူဟာအထုတ်ခံရပါတယ်။ပွဲပယ်ခံရပါတယ်။ဒဏ်ငွေဆောင်ရပါတယ်။”

” ဂျာဂန်ကလော့တစ်ယောက်အဲ့လိုလုပ်မယ်ဆို သူဟာစပယ်ရှယ်ဖြစ်သွားပြီ။ပတ်ဂွာဒီယိုလာတစ်ယောက်အဲ့လိုလုပ်မယ်ဆို သူဟာလည်းပဲ စပယ်ရှယ်ဖြစ်သွားပြန်ရော။မော်ရင်ဟိုလုပ်မယ်ဆိုရင်တော့ ထွက်သွားလိုက်တော့ဆိုတော့တာပါပဲ။” လို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

မော်ရင်ဟိုဟာ မီဒီယာနဲ့ပတ်သတ်ရင်အငြင်းပွားစရာကိစ္စတွေမှာ မစိမ်းတဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။သူဟာ ဒီဇင်ဘာလနောက်ပိုင်းယူနိုက်တက်ကနေအထုတ်ခံရပြီး မီဒီယာတွေကြားတိတ်ဆိတ်နေခဲ့ရာမှ အခုချိန်မှာတော့ ဝေဖန်ပြောစကားတွေနဲ့အတူစတင်ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။

ပေါ်တူဂီနည်းပြကြီးကတော့ သူဟာ မန်ချက်စတာကနေအထုတ်ခံရပြီးနောက်ပိုင်း ကမ်းလှမ်းခြင်းခံရတဲ့ အလုပ်၃ခုစလုံးကိုငြင်းပယ်ခဲ့တယ်လို့ဆိုခဲ့ပါတယ်။

” ကျွန်တော့်အတွေးအခေါ်အယူအဆပေါ်မှာလည်းမူတည်ပါတယ်။ဂျာဂန်ကလော့နဲ့ပတ်ဂွာဒီယိုလာတို့လို အခွင့်အရေးပေးခံရတဲ့ ကလပ်တွေဆီပဲသွားဖို့ကျွန်တော်လိုလားပါတယ်။ကျွန်တော်အလုပ်၃ခုစလုံးကိုငြင်းပယ်ခဲ့ပြီးပါပြီ။ဘာလို့လဲဆိုတော့ ကျွန်တော်လိုချင်တယ်လို့မခံစားမိလို့ပါ။” လို့ပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုတစ်ယောက် ပရီးမီးယားလိပ်ကို ပြန်လာနိုင်မယ်လို့ထင်ပါသလား?




No comments

Powered by Blogger.