Header Ads


နွစ္ေပါင္း၈၀အတြင္းၾကီးမားတဲ့အေျပာင္းအလဲျဖစ္တဲ့လက္ထိေဘာဥပေဒအသစ္တစ္ခုျပင္ဆင္ေရးဆြဲေတာ့မည္။


Zawgyi သမားမ်ားေအာက္ဆြဲဖတ္ေပးပါ
နှစ်ပေါင်း၈၀အတွင်းကြီးမားတဲ့အပြောင်းအလဲဖြစ်တဲ့လက်ထိဘောဥပဒေအသစ်တစ်ခုပြင်ဆင်ရေးဆွဲတော့မည်။


လက်ထိဘောဥပဒေတွေဟာ ဘောလုံးလောကရဲ့နှစ်၈၀ အတွင်းပထမဆုံးအကြိမ်အကြီးအကျယ်ပြောင်းလဲပြင်ဆင်သွားဖို့ရှိနေပါတယ်။ဘာကြောင့်လို့ဆိုရင် ပရီးမီးယားလိပ်ပွဲစဉ်တွေမှာ ဥပဒေပြင်ပလုပ်ရပ်တွေပေါ်ပေါက်ကျူးလွန်နေကြတာဖြစ်ပြီး ကွင်းလယ်ဒိုင်များကလည်း ခွင့်ပြုမပေးသင့်တဲ့ဂိုးတွေကို မှားယွင်းစွာပေးနေကြတာပဲဖြစ်ပါတယ်။

VAR သုံးသုံးမသုံးသုံး ဘောလုံးကွင်းထဲက ၂၂ယောက်သောကစားသမားတွေ၊ဘောလုံးပရိတ်သတ်တွေ၊ပွဲအစီအစဉ်တင်ဆက်သူ၊ ဝေဖန်ရေးသမားတွေနဲ့လူမှုကွန်ယက်ပေါ်ကသူတွေကတော့ အဆိုပါဥပဒေနဲ့ပတ်သတ်ပြီး ပိုကောင်းအောင်လုပ်ကြဖို့တွေးတောကြံစည်နေကြပြီပဲဖြစ်ပါတယ်။

ပရိတ်သတ်တွေကတော့ဒိုင်လူကြီးဆိုတာ ဘက်လိုက်တတ်တယ်လို့ယုံကြည်နေကြပြီး ပညာရှင်တွေပေါ်လည်းဝေဖန်တိုက်ခိုက်ကြသလို အမှန်တကယ်တော့ ပရိတ်သတ်တွေဟာ သူတို့ကိုယ်ပိုင်အမြင်တွေနဲ့တခြားအရာတွေအပေါ်ဘက်လိုက်နေကြတာပဲဖြစ်ပါတယ်။

ဒိုင်လူကြီးတွေအတွက်အကြီးမားဆုံးပြဿနာကတော့ လက်ထိဘောပြဿနာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ တကယ့်တရားဝင်ဥပဒေအရ တမင်ရည်ရွယ်ပြီး ဘောလုံးကိုလက်နဲ့ထိတဲ့ ဖြစ်ရပ်တွေပေါ်သာ အရေးယူပြစ်ဒဏ်ပေးဖို့ပဲရှိရမယ်လို့ဆိုထားတာပဲဖြစ်ပါတယ်။

သို့ပင်မယ့်လည်း ပြီးခဲ့တဲ့ စက်တင်ဘာလက အင်္ဂလန်မှာရှိတဲ့ ဒိုင်လူကြီးတွေကို Professional Game Match Official Ltd ကနေ ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် လက်နဲ့မတော်တဆထိပြီးဂိုးသွားတဲ့သွင်းဂိုးမှန်သမ ျှခွင့်မပြူဖို့ညွှန်ကြားထားတယ်လို့သိရပါတယ်။ဒီညွှန်ကြားချက်ဟာ ပြီးခဲ့တဲ့ နှစ်က ကိုဆီရယ်နီရဲ့လက်ထိသွင်းဂိုးနဲ့အတူ ဒီရာသီဝီလီဘိုလီရဲ့လက်ထိသွင်းဂိုးတွေနဲ့အခြားသောမတော်တဆလက်ထိသွင်းဂိုးတွေပေါ်ပေါက်ပြီးနောက်ပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။

The Times ရဲ့အဆိုအရတော့ IFAB တို့ရဲ့ဥပဒေရေးဆွဲသူများဟာ အေဗာဒင်မှာတွေ့ဆုံခဲ့ကြပြီးနောက် လာမယ့်မတ်လကနေစတင်ပြီးမတော်တဆလက်ထိသွင်းဂိုးတွေကို  ပြစ်ဒဏ်ဘောဖရီးကစ်တွေသာပေးဖို့ ခွင့်ပြုမယ်လို့သိရပါတယ်။

အဆိုပါဥပဒေရဲ့အဆိုအရ ပယ်နယ်တီဧရိယာအတွင်းတမင်ရည်ရွယ်လက်ထိခဲ့ရင်တော့ ပယ်နယ်တီပေးရမှာဖြစ်ပြီးရည်ရွယ်ချက်မပါပဲလက်ထိမယ်ဆိုရင်တော့ဖရီးကစ်သာခွင့်ပြုမယ်လို့သိရပါတယ်။ရည်ရွယ်ချက်မပါတဲ့လက်ထိဂိုးတွေကိုတောင်ခွင့်မပြုတော့ဘူးလို့သိရပါတယ်။

IFAB နည်းစနစ်ဒါရိုက်တာ ယခင်ဒိုင်လူကြီးဟောင်း ဒေးဗစ်အီလာရေနဲ့တွေ့ဆုံစဉ်မှာတော့

” ကျွန်တော်တို့တွေဟာ တမင်ရည်ရွယ်ပြီးဘောလုံးကိုလက်နဲ့ထိကာဂိုးသွင်းတာတွေလုပ်လာကြပါတယ်။ဒါပင်မယ့်လည်း ဥပဒေအရ ဒိုင်လူကြီးဟာဒါကို ပြစ်ဒဏ်ဘောပေးသင့်လားဆိုတဲ့အခြေအနေတွေလည်းရှိနေပါတယ်။လူတွေကတော့ တမင်ပဲဖြစ်ဖြစ် မတော်တဆပဲဖြစ်ဖြစ် လက်နဲ့ဂိုးမသွင်းသင့်ဘူးလို့ပြောနေကြပါတယ်။မင်းရဲ့လက်ကိုလာထိပြီးခြေထောက်နားကိုကျ၊ကန်သွင်းပြီး ဂိုးဝင်သွားတဲ့ဆိုရင်တော့လူအများစုကဒီဂိုးကိုမပေးသင့်ဘူးလို့ဆိုနေကြပါတယ်။”

” တကယ်တော့တမင်ရည်ရွယ်တဲ့စကားလုံးတွေကို ကျွန်တော်တို့မသုံးသင့်ပါဘူး။ဘာလို့လဲဆိုတော့ ဟော်ကီလို အခြေအနေမျိုးမှမဟုတ်တာ။ကျွန်တော်တို့ဟာဘောလုံးကိုထိဖို့ခြေထောက်ပဲသုံးရတာလေ။ပြီးတော့တိုက်စစ်ကစားသမားတွေဆိုနောက်တန်းတွေရဲ့လက်မောင်းတွေကိုဘောလုံးနဲ့ကန်မိမှာပဲ။ကျွန်တော်တို့ဟာဘောလုံးလောကကိုရှင်းရှင်းလင်းလင်းသိစေချင်ပါတယ်။ လက်နဲ့ထိတိုင်းဖရီးကစ်ပေးတာဟာဘောလုံးလောကကိုပျက်စီးစေတဲ့ဆိုတဲ့ အခြေအနေတွေကို ပိုမိုမကြီးထွားမပြင်းထန်စေချင်ပါဘူး”လို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

(Zawgyi)

နွစ္ေပါင္း၈၀အတြင္းၾကီးမားတဲ့အေျပာင္းအလဲျဖစ္တဲ့လက္ထိေဘာဥပေဒအသစ္တစ္ခုျပင္ဆင္ေရးဆြဲေတာ့မည္။


လက္ထိေဘာဥပေဒေတြဟာ ေဘာလံုးေလာကရဲ ့နွစ္၈၀ အတြင္းပထမဆံုးအၾကိမ္အၾကီးအက်ယ္ေျပာင္းလဲျပင္ဆင္သြားဖို ့ရိွေနပါတယ္။ဘာေၾကာင့္လို ့ဆိုရင္ ပရီးမီးယားလိပ္ပြဲစဥ္ေတြမွာ ဥပေဒျပင္ပလုပ္ရပ္ေတြေပၚေပါက္က်ဴးလြန္ေနၾကတာျဖစ္ၿပီး ကြင္းလယ္ဒိုင္မ်ားကလည္း ခြင့္ျပဳမေပးသင့္တဲ့ဂိုးေတြကို မွားယြင္းစြြာေပးေနၾကတာပဲျဖစ္ပါတယ္။

VAR သံုးသံုးမသံုးသံုး ေဘာလံုးကြင္းထဲက ၂၂ေယာက္ေသာကစားသမားေတြ၊ေဘာလံုးပရိတ္သတ္ေတြ၊ပြဲအစီအစဥ္တင္ဆက္သူ၊ ေ၀ဖန္ေရးသမားေတြနဲ ့လူမႈကြန္ယက္ေပၚကသူေတြကေတာ့ အဆိုပါဥပေဒနဲ ့ပတ္သတ္ၿပီး ပိုေကာင္းေအာင္လုပ္ၾကဖို ့ေတြးေတာၾကံစည္ေနၾကၿပီပဲျဖစ္ပါတယ္။

ပရိတ္သတ္ေတြကေတာ ့ဒိုင္လူၾကီးဆိုတာ ဘက္လိုက္တတ္တယ္လို ့ယံုၾကည္ေနၾကၿပီး ပညာရွင္ေတြေပၚလည္းေ၀ဖန္တိုက္ခိုက္ၾကသလို အမွန္တကယ္ေတာ့ ပရိတ္သတ္ေတြဟာ သူတို ့ကို္ယ္ပိုင္အျမင္ေတြနဲ့တျခားအရာေတြအေပၚဘက္လိုက္ေနၾကတာပဲျဖစ္ပါတယ္။

ဒိုင္လူၾကီးေတြအတြက္အၾကီးမားဆံုးျပႆနာကေတာ့ လက္ထိေဘာျပႆနာပဲျဖစ္ပါတယ္။ဘာလို ့လဲဆိုေတာ့ တကယ့္တရား၀င္ဥပေဒအရ တမင္ရည္ရြယ္ၿပီး ေဘာလံုးကိုလက္နဲ ့ထိတဲ့ ျဖစ္ရပ္ေတြေပၚသာ အေရးယူျပစ္ဒဏ္ေပးဖို ့ပဲရိွရမယ္လို ့ဆိုထားတာပဲျဖစ္ပါတယ္။

သို ့ပင္မယ့္လည္း ၿပီးခဲ့တဲ့ စက္တင္ဘာလက အဂၤလန္မွာရိွတဲ့ ဒိုင္လူၾကီးေတြကို Professional Game Match Official Ltd ကေန ေခၚယူစစ္ေဆးခဲ့ၿပီးေနာက္ လက္နဲ ့မေတာ္တဆထိၿပီးဂိုးသြားတဲ့သြင္းဂိုးမွန္သမ ွ်ခြင့္မျပဴဖို ့ညႊန္ၾကားထားတယ္လို ့သိရပါတယ္။ဒီညႊန္ၾကားခ်က္ဟာ ၿပီးခဲ့တဲ့ နွစ္က ကိုဆီရယ္နီရဲ ့လက္ထိသြင္းဂိုးနဲ ့အတူ ဒီရာသီ၀ီလီဘိုလီရဲ့လက္ထိသြင္းဂိုးေတြနဲ ့အျခားေသာမေတာ္တဆလက္ထိသြင္းဂိုးေတြေပၚေပါက္ၿပီးေနာက္ေပၚထြက္လာခဲ့တာပဲျဖစ္ပါတယ္။

The Times ရဲ ့အဆိုအရေတာ့ IFAB တို ့ရဲ ့ဥပေဒေရးဆြဲသူမ်ားဟာ ေအဗာဒင္မွာေတြ ့ဆံုခဲ့ၾကၿပီးေနာက္ လာမယ့္မတ္လကေနစတင္ၿပီးမေတာ္တဆလက္ထိသြင္းဂိုးေတြကို  ျပစ္ဒဏ္ေဘာဖရီးကစ္ေတြသာေပးဖို ့ ခြင့္ျပဳမယ္လို ့သိရပါတယ္။

အဆိုပါဥပေဒရဲ ့အဆိုအရ ပယ္နယ္တီဧရိယာအတြင္းတမင္ရည္ရြယ္လက္ထိခဲ့ရင္ေတာ့ ပယ္နယ္တီေပးရမွာျဖစ္ၿပီးရည္ရြယ္ခ်က္မပါပဲလက္ထိမယ္ဆိုရင္ေတာ့ဖရီးကစ္သာခြင့္ျပဳမယ္လို ့သိရပါတယ္။ရည္ရြယ္ခ်က္မပါတဲ့လက္ထိဂိုးေတြကိုေတာင္ခြင့္မျပဳေတာ့ဘူးလို ့သိရပါတယ္။

IFAB နည္းစနစ္ဒါရိုက္တာ ယခင္ဒိုင္လူၾကီးေဟာင္း ေဒးဗစ္အီလာေရနဲ ့ေတြ ့ဆံုစဥ္မွာေတာ့

” ကၽြန္ေတာ္တို ့ေတြဟာ တမင္ရည္ရြယ္ၿပီးေဘာလံုးကိုလက္နဲ့ထိကာဂိုးသြင္းတာေတြလုပ္လာၾကပါတယ္။ဒါပင္မယ့္လည္း ဥပေဒအရ ဒိုင္လူၾကီးဟာဒါကို ျပစ္ဒဏ္ေဘာေပးသင့္လားဆိုတဲ့အေျခအေနေတြလည္းရိွေနပါတယ္။လူေတြကေတာ့ တမင္ပဲျဖစ္ျဖစ္ မေတာ္တဆပဲျဖစ္ျဖစ္ လက္နဲ ့ဂိုးမသြင္းသင့္ဘူးလို ့ေျပာေနၾကပါတယ္။မင္းရဲ ့လက္ကိုလာထိၿပီးေျခေထာက္နားကိုက်၊ကန္သြင္းၿပီး ဂိုး၀င္သြားတဲ့ဆိုရင္ေတာ့လူအမ်ားစုကဒီဂိုးကိုမေပးသင့္ဘူးလို ့ဆိုေနၾကပါတယ္။”

” တကယ္ေတာ ့တမင္ရည္ရြယ္တဲ့စကားလံုးေတြကို ကၽြန္ေတာ္တို ့မသံုးသင့္ပါဘူး။ဘာလို ့လဲဆိုေတာ့ ေဟာ္ကီလို အေျခအေနမ်ိဳးမွမဟုတ္တာ။ကၽြန္ေတာ္တို ့ဟာေဘာလံုးကိုထိဖို ့ေျခေထာက္ပဲသံုးရတာေလ။ၿပီးေတာ့တိုက္စစ္ကစားသမားေတြဆိုေနာက္တန္းေတြရဲ ့လက္ေမာင္းေတြကုိေဘာလံုးနဲ ့ကန္မိမွာပဲ။ကၽြန္ေတာ္တို ့ဟာေဘာလံုးေလာကကိုရွင္းရွင္းလင္းလင္းသိေစခ်င္ပါတယ္။ လက္နဲ့ထိတိုင္းဖရီးကစ္ေပးတာဟာေဘာလံုးေလာကကိုပ်က္စီးေစတဲ့ဆိုတဲ့ အေျခအေနေတြကို ပိုမိုမၾကီးထြားမျပင္းထန္ေစခ်င္ပါဘူး”လို ့ေျပာၾကားခဲ့တာပဲျဖစ္ပါတယ္။

No comments

Powered by Blogger.