အဂၤလန္နည္းျပေဆာက္ဂိတ္ကိုေခၚယူဖို ့စိတ္၀င္စားလာတဲ့ မန္ခ်က္စတာယူနိုက္တက္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ရာသီကုန္မွာအၿမဲတမ္းနည္းျပေနရာအတြက္ အဂၤလန္အသင္းရဲ ့နည္းျပဂါရတ္သ္ေဆာက္ဂိတ္ကုိ ေခၚယူဖုိ႔ခ်ဥ္းကပ္ေနေၾကာင္းသိရၿပီးေနာက္ ေဆာက္ဂိတ္ဟာ ယူနိုက္တက္အသင္းရဲ့ေခၚယူဖြယ္ရွိနည္းျပ စာရင္းထဲမွာ ေနာက္ဆုံးေရပန္းစားတဲ့သူျဖစ္လာခဲ့တယ္လုိ႔သိရပါတယ္။
ၿပီးခဲ့တဲ့ရက္ပုိင္းကပဲ ယူနိုက္တက္တို ့ရဲ ့အလိုရွိဆုံးစပါးလ္နည္းျပပုိခ်က္တီနုိကို ေပါင္သန္း ၅၀ ေပးေခၚမယ္ဆုိရင္ေတာင္လက္လႊတ္ခံဖုိ႔မရွိ ဘူးလုိ႔ ေတာ့တင္ဟမ္အသင္းဥကၠဌဒန္နီရယ္လီဗုိင္းကထုတ္ေျပာခဲ့တဲ့အျပင္ပုိခ်က္တီုနိကုိယ္တုိင္ကလည္းစပါးလ္မွာပဲဆက္ေနမယ္လုိ႔ အတည္ျပဳခဲ့တာေၾကာင့္ ယူနိုက္တက္အသင္းဟာ သူူတုိ႔နည္းျပရာထူးအတြက္ လူငယ္နည္းျပေဆာက္ဂိတ္ဘက္ကုိလွည့္လာခဲ့တာလုိ႔ Telegraph သတင္းစာကေဖာ္ျပသြားခဲ့ပါတယ္။
ေဆာက္ဂိတ္ဟာ ၿပီးခဲ့တဲ့ကမၻာဖလားမွာအဂၤလန္အသင္းကုိ လူငယ္ေတြအားနဲ႔ ေအာင္ျမင္မႈတစ္စံုတစ္ရာရေအာင္လုပ္ေပးနုိင္ခဲ့သလုိ၊ UEFA Nations League ၿပိဳင္ပြဲမွာလည္း အုပ္စုက်ပ္ကုိျဖတ္ေက်ာ္ၿပီး ဆီမီးဖုိင္နယ္အဆင့္အထိပုိ႔ေဆာင္ ေပးနုိင္ခဲ့တာေတြေၾကာင့္ယူနိုက္တက္အသင္းတာဝန္ရွိသူေတြဟာ ပုိခ်က္တီနုိေခၚလုိ႔မရခဲ့ရင္ေဆာက္ဂိတ္ကုိေခၚဖုိ႔စိတ္ဝင္စားလာခဲ့တာလုိ႔ဆုိပါတယ္။
ေဆာက္ဂိတ္ကိုေခၚဖို ့ ယူနိုက္တက္အသင္းတာဝန္ရွိသူနွစ္သက္ရတဲ့အဓိကအခ်က္က လူူငယ္ေတြကုိရဲရဲရင့္ရင့္ယုံယုံၾကည္ၾကည္ေနရာေပးကစားတတ္တဲ့ ေဆာက္ဂိတ္ရဲ့ကစားဟန္ Style of Play ပဲဲျဖစ္ၿပီး လက္ရွိသူ႔နဲ႔အဂၤလန္အသင္းမွာတြဲကစားေနတဲ့ လင္ဂတ္၊ ရက္ရွ္ဖုိ႔ဒ္တုိ႔နဲ႔ တျခားလူငယ္ ကစားသမားေတြျဖစ္တဲ့ ေပါ့ဂ္ဘာ ဟာရဲရား ဖရက္ဒ္တုိအျပင္ ဂရင္းဝုဒ္၊ တာဟိသ္၊ေခ်ာင္စတဲ့ အကယ္ဒမီထြက္လူငယ္ကစားသမားေတြနဲ႔အတူ လန္းဆန္းတက္ၾကြတဲ့ ပုိသစ္ ပုိေကာင္းၿပီး ပုိစိတ္အားတက္ၾကြစရာ အသင္းတစ္သင္း အျဖစ္ပုံေဖာ္ေပးနုိင္မယ္လုိ႔ ေမွ်ာ္လင့္ေနၾကပါတယ္။
လက္ရွိမွာေတာ့ ေဆာက္ဂိတ္ဟာ ယူနိုက္တက္အသင္းရဲ့ေခၚယူမယ့္နည္းျပစာရင္းထဲမွာ ေရပန္းအစားဆုံးျဖစ္လာၿပီး၊ဒီသတင္း ကုိၾကားတဲ့ပရိသတ္ေတြၾကားတဲ့ အျမင္ႏွစ္မ်ိဳးႏွစ္ကြဲကာ လူငယ္ေတြဦးစားေပးတတ္တဲ့ လူငယ္နည္းျပေဆာက္ဂိတ္ကုိ ေထာက္ခံႀကိဳဆုိၾကတဲ့သူေတြရွိသလုိ၊ လူငယ္နည္းျပျခင္းအတူတူ မွာပင္ လက္ရွိအသင္းနဲ ့အဆင္ေျပညီညြတ္ေနတဲ့ အသင္းကစားသမားေဟာင္းဆုိးလ္ရွားကုိပဲဆက္ခန္႔ခ်င္တဲ့သူေတြလည္းရွိေနတယ္လုိ႔ သိရပါတယ္။
ဘာပဲျဖစ္ျဖစ္ ယေန ့ည ေတာ့တင္ဟမ္နဲ ့ကစားမယ့္ပြဲကေတာ့ နည္းျပသစ္ဆိုးလ္ရွားအတြက္ အစမ္းသပ္ခံမယ့္ပြဲျဖစ္လာမွာအေသအခ်ာပါပဲ။
(Unicode)
အင်္ဂလန်နည်းပြဆောက်ဂိတ်ကိုခေါ်ယူဖို့စိတ်ဝင်စားလာတဲ့ မန်ချက်စတာယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီကုန်မှာအမြဲတမ်းနည်းပြနေရာအတွက် အင်္ဂလန်အသင်းရဲ့နည်းပြဂါရတ်သ်ဆောက်ဂိတ်ကို ခေါ်ယူဖို့ချဉ်းကပ်နေကြောင်းသိရပြီးနောက် ဆောက်ဂိတ်ဟာ ယူနိုက်တက်အသင်းရဲ့ခေါ်ယူဖွယ်ရှိနည်းပြ စာရင်းထဲမှာ နောက်ဆုံးရေပန်းစားတဲ့သူဖြစ်လာခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ယူနိုက်တက်တို့ရဲ့အလိုရှိဆုံးစပါးလ်နည်းပြပိုချက်တီနိုကို ပေါင်သန်း ၅၀ ပေးခေါ်မယ်ဆိုရင်တောင်လက်လွှတ်ခံဖို့မရှိ ဘူးလို့ တော့တင်ဟမ်အသင်းဥက္ကဌဒန်နီရယ်လီဗိုင်းကထုတ်ပြောခဲ့တဲ့အပြင်ပိုချက်တီုနိကိုယ်တိုင်ကလည်းစပါးလ်မှာပဲဆက်နေမယ်လို့ အတည်ပြုခဲ့တာကြောင့် ယူနိုက်တက်အသင်းဟာ သူူတို့နည်းပြရာထူးအတွက် လူငယ်နည်းပြဆောက်ဂိတ်ဘက်ကိုလှည့်လာခဲ့တာလို့ Telegraph သတင်းစာကဖော်ပြသွားခဲ့ပါတယ်။
ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ကမ္ဘာဖလားမှာအင်္ဂလန်အသင်းကို လူငယ်တွေအားနဲ့ အောင်မြင်မှုတစ်စုံတစ်ရာရအောင်လုပ်ပေးနိုင်ခဲ့သလို၊ UEFA Nations League ပြိုင်ပွဲမှာလည်း အုပ်စုကျပ်ကိုဖြတ်ကျော်ပြီး ဆီမီးဖိုင်နယ်အဆင့်အထိပို့ဆောင် ပေးနိုင်ခဲ့တာတွေကြောင့်ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ ပိုချက်တီနိုခေါ်လို့မရခဲ့ရင်ဆောက်ဂိတ်ကိုခေါ်ဖို့စိတ်ဝင်စားလာခဲ့တာလို့ဆိုပါတယ်။
ဆောက်ဂိတ်ကိုခေါ်ဖို့ ယူနိုက်တက်အသင်းတာဝန်ရှိသူနှစ်သက်ရတဲ့အဓိကအချက်က လူူငယ်တွေကိုရဲရဲရင့်ရင့်ယုံယုံကြည်ကြည်နေရာပေးကစားတတ်တဲ့ ဆောက်ဂိတ်ရဲ့ကစားဟန် Style of Play ပဲဖြစ်ပြီး လက်ရှိသူ့နဲ့အင်္ဂလန်အသင်းမှာတွဲကစားနေတဲ့ လင်ဂတ်၊ ရက်ရှ်ဖို့ဒ်တို့နဲ့ တခြားလူငယ် ကစားသမားတွေဖြစ်တဲ့ ပေါ့ဂ်ဘာ ဟာရဲရား ဖရက်ဒ်တိုအပြင် ဂရင်းဝုဒ်၊ တာဟိသ်၊ချောင်စတဲ့ အကယ်ဒမီထွက်လူငယ်ကစားသမားတွေနဲ့အတူ လန်းဆန်းတက်ကြွတဲ့ ပိုသစ် ပိုကောင်းပြီး ပိုစိတ်အားတက်ကြွစရာ အသင်းတစ်သင်း အဖြစ်ပုံဖော်ပေးနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
လက်ရှိမှာတော့ ဆောက်ဂိတ်ဟာ ယူနိုက်တက်အသင်းရဲ့ခေါ်ယူမယ့်နည်းပြစာရင်းထဲမှာ ရေပန်းအစားဆုံးဖြစ်လာပြီး၊ဒီသတင်း ကိုကြားတဲ့ပရိသတ်တွေကြားတဲ့ အမြင်နှစ်မျိုးနှစ်ကွဲကာ လူငယ်တွေဦးစားပေးတတ်တဲ့ လူငယ်နည်းပြဆောက်ဂိတ်ကို ထောက်ခံကြိုဆိုကြတဲ့သူတွေရှိသလို၊ လူငယ်နည်းပြခြင်းအတူတူ မှာပင် လက်ရှိအသင်းနဲ့အဆင်ပြေညီညွတ်နေတဲ့ အသင်းကစားသမားဟောင်းဆိုးလ်ရှားကိုပဲဆက်ခန့်ချင်တဲ့သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။
ဘာပဲဖြစ်ဖြစ် ယနေ့ည တော့တင်ဟမ်နဲ့ကစားမယ့်ပွဲကတော့ နည်းပြသစ်ဆိုးလ်ရှားအတွက် အစမ်းသပ်ခံမယ့်ပွဲဖြစ်လာမှာအသေအချာပါပဲ။
Post a Comment