စီေရာ္နယ္ဒိုေနာက္က်ဂိုးသြင္းျပီးေနာက္ေျဗာင္းဆန္သြားခဲ့တဲ့ Olimpicoကြင္းျကီး
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
88မိနစ္မွာ ဂ်ဴဗင္တိုက္စစ္မွွဴး စီေရာ္နယ္ဒို ဂိုးသြင္းျပီးေနာက္ လာဇီယိုအသင္းရဲ႕ပြဲျကည့္စင္တစ္ခုလံုး ပြက္ေလာရိုက္သြားခဲ့ပါတယ္။အေဝးကြင္းပြဲစဥ္ျဖစ္ေပမယ့္ ဂ်ဴဗင္တပ္ပရိတ္သတ္ေတြကေတာ့ စီေရာ္နယ္ဒိုဘက္ကအျပည့္အဝရွိခဲ့ပါတယ္။ စီေရာ္နယ္ဒိုဂိုးသြင္းျပီးခ်ိန္မွာ သူ႔ရဲ႕ေအာင္ပြဲခံပံုအတိုင္း ''စီ''လို႕ ကြင္းလံုးျပည့္ေအာ္ဟစ္ခဲ့တာပါ။
ဒီအသံဟာ လာဇီယိုပရိတ္သတ္ျခမ္းဘက္ကေတာင္ ထြက္လာပါေသးတယ္။ေရာ္နယ္ဒိုကေတာ့ ေႏြရာသီက အီတလီေျမကိုေျခခ်ခဲ့ျပီးေနာက္မွာလည္း ဆက္တိုက္ေျခစြမ္းျပေနဆဲပါပဲ။ကစားသမားဘဝေနဝင္ခ်ိန္နီးေနျပီဆိုေပမယ့္ သူရဲ႕ဂိုးသြင္းနႈန္းက ထိပ္တန္းအဆင့္မွာရွိေနဆဲပါ။ဒါ့အျပင္ပရိတ္သတ္ေတြရဲ႕'' စီ ''လို႔ ့ျပိဳင္တူေအာ္ဟစ္ေအာင္ပြဲခံတာ ဒါပထမဆံုးမဟုတ္ပါဘူး။
ေဆာ္ဒီအာေရဗ် မွာ ေအစီမီလန္နဲ႔ စူပါကပ္ဖိုင္နယ္တုန္းကလည္း စီေရာ္နယ္ဒိုဂိုးသြင္းျပီးေနာက္ ပရိတ္သတ္ေတြ ''စီ''လို႔ေအာ္ခဲ့ျကတာ ကြင္းျကီးေပါက္ထြက္မတက္ပါပဲ။ဘာပဲ ျဖစ္ျဖစ္ CR7ရဲ႕ပြဲျပီးခါနီးအနိုင္ဂိုးေျကာင့္ လာဇီယိုကို၂-၁နဲ႕အနိုင္ယူနိုင္ခဲ့ပါတယ္။အခုခ်ိန္ထိ စီးရီးေအရံႈးပြဲမရွိေသးပဲ စီးရီးေအခ်န္ပီယံအိမ္မက္ကို ေရွ႕တစ္လွမ္းတိုးေစခဲ့ပါတယ္။
ေရာ္နယ္ဒိုကေတာ့ ဒီရာသီ လိဂ္ဂိုး၁၅ဂိုးထိသြင္းယူထားျပီး ဂိုးသြင္းဘုရင္ဆုအတြက္ ဒုတိယေနရာမွာရပ္တည္ေနပါတယ္။ဂိုးသြင္း အမ်ားဆံုးကစားသမားအျဖစ္ေတာ့ အသက္၃၅နွစ္အရြယ္ကြာဂလီရယ္လာ တိုက္စစ္မွဴး ေဖဘီယိုက၁၆ဂိုးနဲ႔ဦးေဆာင္ေနပါတယ္။
(Unicode)
စီရော်နယ်ဒိုနောက်ကျဂိုးသွင်းပြီးနောက်ဗြောင်းဆန်သွားခဲ့တဲ့ Olimpicoကွင်းကြီး
88မိနစ်မှာ ဂျူဗင်တိုက်စစ်မှူး စီရော်နယ်ဒို ဂိုးသွင်းပြီးနောက် လာဇီယိုအသင်းရဲ့ပွဲကြည့်စင်တစ်ခုလုံး ပွက်လောရိုက်သွားခဲ့ပါတယ်။အဝေးကွင်းပွဲစဉ်ဖြစ်ပေမယ့် ဂျူဗင်တပ်ပရိတ်သတ်တွေကတော့ စီရော်နယ်ဒိုဘက်ကအပြည့်အဝရှိခဲ့ပါတယ်။ စီရော်နယ်ဒိုဂိုးသွင်းပြီးချိန်မှာ သူ့ရဲ့အောင်ပွဲခံပုံအတိုင်း ''စီ''လို့ ကွင်းလုံးပြည့်အော်ဟစ်ခဲ့တာပါ။
ဒီအသံဟာ လာဇီယိုပရိတ်သတ်ခြမ်းဘက်ကတောင် ထွက်လာပါသေးတယ်။ရော်နယ်ဒိုကတော့ နွေရာသီက အီတလီမြေကိုခြေချခဲ့ပြီးနောက်မှာလည်း ဆက်တိုက်ခြေစွမ်းပြနေဆဲပါပဲ။ကစားသမားဘဝနေဝင်ချိန်နီးနေပြီဆိုပေမယ့် သူရဲ့ဂိုးသွင်းနှုန်းက ထိပ်တန်းအဆင့်မှာရှိနေဆဲပါ။ဒါ့အပြင်ပရိတ်သတ်တွေရဲ့'' စီ ''လို့ပြိုင်တူအော်ဟစ်အောင်ပွဲခံတာ ဒါပထမဆုံးမဟုတ်ပါဘူး။
ဆော်ဒီအာရေဗျ မှာ အေစီမီလန်နဲ့ စူပါကပ်ဖိုင်နယ်တုန်းကလည်း စီရော်နယ်ဒိုဂိုးသွင်းပြီးနောက် ပရိတ်သတ်တွေ ''စီ''လို့အော်ခဲ့ကြတာ ကွင်းကြီးပေါက်ထွက်မတက်ပါပဲ။ဘာပဲ ဖြစ်ဖြစ် CR7ရဲ့ပွဲပြီးခါနီးအနိုင်ဂိုးကြောင့် လာဇီယိုကို၂-၁နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။အခုချိန်ထိ စီးရီးအေရှုံးပွဲမရှိသေးပဲ စီးရီးအေချန်ပီယံအိမ်မက်ကို ရှေ့တစ်လှမ်းတိုးစေခဲ့ပါတယ်။
ရော်နယ်ဒိုကတော့ ဒီရာသီ လိဂ်ဂိုး၁၅ဂိုးထိသွင်းယူထားပြီး ဂိုးသွင်းဘုရင်ဆုအတွက် ဒုတိယနေရာမှာရပ်တည်နေပါတယ်။ဂိုးသွင်း အများဆုံးကစားသမားအဖြစ်တော့ အသက်၃၅နှစ်အရွယ်ကွာဂလီရယ်လာ တိုက်စစ်မှူး ဖေဘီယိုက၁၆ဂိုးနဲ့ဦးဆောင်နေပါတယ်။
Post a Comment