Header Ads


စြယ္စံုရတိုက္စစ္မွဴးတစ္ဦး(သို႔)လီယြန္နယ္မက္ဆီ ရဲ႕ေျပာင္းလဲျခင္းမ်ား(အပိုင္း-၁)



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လီယြန္နယ္မက္ဆီကို၂၁ရာစုရဲ႕ခြ်င္းခ်က္မရွိကမာၻ ့အေကာင္းဆံုးေဘာလံုးသမားအျဖစ္ သတ္မွတ္ထားတဲ့           ေဘာလံုးပရိတ္သတ္မ်ားစြာရွိပါတယ္။ဂြါဒီယိုလာလက္ေအာက္မွာ False nineေနရာကေန   ကစားျပီး ကမာၻ ့အေကာင္းဆံုးဆိုတဲ့အဆင့္ကိုတက္လွမ္းလာခဲ့ပါတယ္။ဒါ့အျပင္ညာေတာင္ပံမွာထားေတာ့လည္းနည္းျပအလိုက်အလိုက္သင့္စီးေမ်ာျပီးfinal third zoneမွာ ေနရာစံုကစားနိုင္ေျကာင္းသက္ေသျပခဲ့ပါတယ္။ဒါေပမယ့္ ဒီေလာက္က ပါရမီရွင္တစ္ေယာက္အတြက္စာဖြဲ႕စရာမဟုတ္ေသးပါဘူး။

နည္းျပအဆက္ဆက္ေအာက္မွာ ေမွာ္ဆန္တဲ့ နည္းစနစ္ပိုင္းေျပာင္းလဲေတြနဲ႔အတူ စြယ္စံုထူးခြ်န္သူတစ္ေယာက္ဆိုတာထင္ရွားလာပါတယ္။တစ္ခ်ိဳ႕ကေတာ့ နိုင္ငံအသင္းကို ဆုဖလားေတြရေအာင္ ေခါင္းေဆာင္မႈမျပဳနိုင္တာကို လက္ညွိဳးထိုးေဝဖန္သူေတြရွိပါတယ္။ကမာၻ ့ဖလားနဲ႕ ကိုပါအေမရိကဖိုင္နယ္ ပြဲေတြကိုျကည့္ ရင္မက္ဆီဟာေဘာလံုးနတ္ဘုရားမဟုတ္ေျကာင္း ေထာက္ျပမႈေတြရွိေနပါတယ္။ဟုတ္ပါတယ္၊မက္ဆီဟာ နတ္ဘုရားလည္းမဟုတ္သလို ျဂိဳလ္သားလည္းမဟုတ္ပါဘူး။ဒါေပမယ့္ သူဟာ နည္းျပေတြရဲ႕ နည္းဗ်ဴဟာအမ်ိဳးမ်ိဳးေအာက္မွာ လူသားဆန္စြာအလိုက္သင့္ေျပာင္းလဲျပီး အေကာင္းဆံုးေျခစြမ္းျပနိုင္တဲ့ ပါရမီရွင္တစ္ဦးျဖစ္တယ္ဆိုတာတြစ္တာ အသံုးျပဳသူတစ္ေယာက္က အခ်က္အလက္ေတြနဲ႔ သံုးသပ္ထားပါတယ္။

ဆိုရွယ္မီဒီယာေပၚမွာ ေဘာလံုးပရိတ္သတ္တစ္ေယာက္ေရးထားတာေတြကိုျပန္လည္ေဖာ္ျပရရင္ေတာ့.....           လီယြန္နယ္မက္ဆီဟာ သူရဲ႕မ်ိဳးဆက္မွာေတာ့ အေကာင္းဆံုးစြယ္စံုရတိုက္စစ္မွဴးတစ္ဦးပါပဲ။မန္ေနဂ်ာအသီးသီးရဲ႕ မတူညီတဲ့ နည္းစပိုင္းအမ်ိဳးေအာက္မွာ  မက္ဆီဟာ သူ႕ကိုယ္သူ ဖေယာင္းရုပ္ေလးလိုပံုသြင္းခဲ့ပါတယ္။က်ေနာ့္အျမင္အရေတာ့ မက္ဆီရဲ႕ပါရပီေကာင္းေတြထဲကတစ္ခုက အလိုက္သင့္ေျပာင္းလဲနိုင္စြမ္းပါပဲ။ ဘာစီလိုနာနဲ႔ အာဂ်င္တီးနားတို႔မွာ သူ႔ရဲ႕ နည္းစနစ္ပိုင္းပါဝင္ပတ္သတ္မႈေတြ အလြန္ျခားနားစြာရွိေနပါတယ္။အခုကေတာ့ သူ႔ရဲ႕ဘာစီလိုနာကစားသမားဘဝမွာ အျပည့္စံုဆံုးတိုက္စစ္မွဴးတစ္ေယာက္ျဖစ္ေအာင္တည္ေဆာက္ခဲ့ပံုေတြကိုေဖာ္ျပမွာပါ။

မက္ဆီဦးေနွာက္ထဲ တိုက္စစ္ဧရီယာအတြင္း ဘယ္အခ်ိန္မွာဘာလုပ္ရမလဲေကာင္းေကာင္းသိေနပါတယ္။ သူမတူထူးကျခားတဲ့ အခ်က္က ဘယ္ေနရာမဆိုအံဝင္ေအာင္ကစားနိုင္ျခင္းပါပဲ။ဘာစီလိုနာကစားသမား ဘဝမွာ နည္းျပ၇ဦးလက္ေအာက္မွာကစားခဲ့ရပါတယ္။အမ်ားစု ကေတာ့ ဘာကာနည္းျပတိုင္းေဘာလံုးပိုင္ဆိုင္မႈအသားေပးကစားဟန္အသံုးျပဳခဲ့လို႔ မက္ဆီအတြက္လြယ္ကူတယ္ထင္ျကပါတယ္။တကယ္ေတာ့နည္းျပ တစ္ဦးခ်င္စီဟာ မတူညီတဲ့ style of football ကို အသံုးျပဳခဲ့ျပီး မက္ဆီကိုလည္း ေနရာအမ်ိဳးမ်ိဳးေျပာင္းကစားေစခဲ့တာပါ။

မက္ဆီအေနနဲ႔ဒီနည္းျပ၇ဦးလံုးရဲ႕ အဓိက,ကစားသမားျဖစ္ေနျခင္းကေတာ့ သူရဲ႕ အလိုက္သင့္ေျပာင္းလဲနိုင္စြမ္းေျကာင့္ဆိုတာ ျငင္းစရာမရွိပါဘူး။နည္းျပရီကတ္လက္ထက္မွာ မက္ဆီတစ္ေယာက္စတင္ ပြဲထြက္ခြင့္ရလာပါတယ္။ရီကတ္က၄--၃ကစားကြက္ရဲ႕ သမားရိုးက်ေတာင္ပံကစားသမားေနရာသူ႔ကိုကစားေစပါတယ္။အီတိုး,ဟင္နရီ,လာဆင္တို႔တိုက္စစ္မွာရွိေနတဲ့အတြက္ သြင္းဂိုးေတြထက္ ဖန္တီးမႈပိုလုပ္ဖို႕ညႊန္ျကားခံခဲ့ရေျကာင္း ေနာက္ပိုင္းသူထုတ္ေျပာလာပါတယ္။ဒါေပမယ့္လင္းယုန္ငွက္ကို နိမ့္နိမ့္ပ်ံခိုင္းလို႔မရပါဘူး။ရီကတ္လက္ထက္ မက္ဆီရဲ႕  သြင္းဂိုးနဲ႔ဖန္တီးမႈေပါင္းကပြဲ၁၁၀မွာ ၆၁အထိရွိေန ပါတယ္။

ရီကတ္က၄-- ကိုအသံုးမ်ားေပမယ့္ တခါတရံ၃--, ---၁လိုမ်ိဳးdouble pivots ထားကစားတဲ့ အခင္းအက်င္းေတြနဲ႕လည္းပြဲထြက္ေလ့ရွိပါတယ္။ ဒီလိုအခင္းအက်င္းမ်ိဳးမွာ ေရာ္နယ္ဒင္ဟိုနဲ႔မက္ဆီတို႔အတြင္းဝင္ခ်ိန္  ဘာကာကြင္းလယ္ကဇာဗီ (သို႔)ေဒကိို က ေတာင္ပံကိုခြဲထြက္ေပးရပါတယ္။   ေနာက္ပိုင္း  ကြင္းလည္လူေတြဟာ ရုပ္ပိုင္းဆိုင္ရာ ေတာင့္တင္း သင့္တယ္ဆိုတဲ့ အေျကာင္းျပခ်က္နဲ႔ ရီကတ္ဟာ ဇာဗီနဲ႕အင္နီေယစတာ ကို ပြဲထြက္ခြင့္သိပ္မေပးေတာ့ပါဘူး။

ေဒကို ကို နံပါတ္၁၀roleကေနဖယ္ရွားတာ နဲ႔စပိန္သား နွစ္ေယာက္ကို ေခါက္ထားခဲ့ျခင္းတို႔ဟာ ရီကတ္က်ဆံုးျခင္းရဲ႕အဓိကအေျကာင္းတရားေတြပါပဲ။ဒီလိုနဲ႔ရီကတ္ရဲ႕ေနာက္ပိုင္းနွစ္ေတြမွာ ေဒကို၊အီတိုးတို႔လိုစီနီယာေတြနဲ႔အျကီးအက်ယ္သေဘာထားကြဲလြဲလာပါတယ္။ ဒီအခ်ိန္မွာ ဘာစီလိုနာရဲ႕ကံျကမၼာကို ဆယ္ေက်ာ္သက္ကစားသမားေလး မက္ဆီက ထမ္းပိုးဖို႔ျဖစ္လာပါတယ္။အထူးသျဖင့္၂၀၀၇ခုႏွစ္မွာ ၇၆ပြဲကစား သြင္းဂိုးနဲ႔ဖန္တီးမႈေပါင္း ၄၆ဂိုးထိပါဝင္ပတ္သတ္ခဲ့ျပီး အသက္အရြယ္နဲ႔မလိုက္တဲ့ေျခစြမ္းမ်ိဳးျပခဲ့ပါတယ္။အဒီအခ်ိန္မွာ မက္ဆီဟာ ဘာစီအသင္းရဲ႕ no 10 roleကစား အျဖစ္ေဘာလံုးကမာၻက အသိမွတ္ျပဳခဲ့ပါတယ္။

အဲ့ဒီနွစ္မွာ ဘာစီလိုနာအသင္းေအာင္ျမင္မႈမရခဲ့ေပမယ့္ မက္ဆီကေတာ့ Ballon d'Or ဆုေပးပြဲမွာ တတိယေနရာရခဲ့ပါတယ္။ဆယ္ေက်ာ္သက္အရြယ္ထဲက လီယြန္နယ္မက္ဆီဟာ ေတာင္ပံကစားသမားဘဝကေန no.10roleကို ျငင္ျငင္သာသာပဲ ေျပာင္းလဲျပခဲ့ျပီးပါျပီ။19နွစ္သားမွာပဲ  ရီးရဲမက္ဒရစ္ကို   Hat - trickသြင္းယူျပခဲ့ျပီးပါျပီ။၂၀၀၇-၀၈ေဘာလံုးရာသီမွာ ဘာကာအတြက္ ၄၀ပြဲကစား၁၆ဂိုးသြင္းျပီး ၁၃ဂိုးဖန္တီးခဲ့ပါတယ္။အသက္၂၀အရြယ္မွာပဲ ျပည္တြင္းပြဲေတြမွာ ဆက္တိုက္ေျခစြမ္းျပလာျပီး  ဒင္ဟိုထြက္သြားတဲ့ အသင္းကို UCL ဆီမီးအဆင့္ထိ ပို႔ေဆာင္ေပးခဲ့ပါတယ္။ဆီမီးမွာ ဘာကာနဲ႕ယူနိုက္တက္ေတြ႕ခဲ့ျပီးအဲ့ဒီခ်ိန္က ဆာအဲလက္ဦးေဆာင္တဲ့အိုးထရက္ဖိုဒ့္ကြင္းဟာ ျပိဳင္ဘက္ေတြအတြက္ေတာ့ ငရဲခန္းပါပဲ။ဒီအဆင့္ မွာ ေပါစခိုးရဲ႕အေဝးကန္ခ်က္ေျကာင့္  ဘာကာတို႕လက္ျပခဲ့ရေပမယ့္ မက္ဆီကေတာ့ နွစ္သင္းျကားမွာ ပိုေကာင္းတဲ့ကစားသမားျဖစ္ခဲ့ပါတယ္။ သူ႔ေျခစြမ္းဟာ ကမာၻ ့အေကာင္းဆံုးဆုေတြကိုဆြတ္ခူးဖို႔တာဆူေနတဲ့အေျခအေနေရာက္ေနပါျပီ။  


အပိုင္း-၂ဆက္ရန္

(Unicode)

စွယ်စုံရတိုက်စစ်မှူးတစ်ဦး(သို့)လီယွန်နယ်မက်ဆီ  ရဲ့ပြောင်းလဲခြင်းများ(အပိုင်း-၁)                      

လီယွန်နယ်မက်ဆီကို၂၁ရာစုရဲ့ချွင်းချက်မရှိကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် သတ်မှတ်ထားတဲ့           ဘောလုံးပရိတ်သတ်များစွာရှိပါတယ်။ဂွါဒီယိုလာလက်အောက်မှာ False nineနေရာကနေ   ကစားပြီး ကမ္ဘာ့အကောင်းဆုံးဆိုတဲ့အဆင့်ကိုတက်လှမ်းလာခဲ့ပါတယ်။ဒါ့အပြင်ညာတောင်ပံမှာထားတော့လည်းနည်းပြအလိုကျအလိုက်သင့်စီးမျောပြီးfinal third zoneမှာ နေရာစုံကစားနိုင်ကြောင်းသက်သေပြခဲ့ပါတယ်။ဒါပေမယ့် ဒီလောက်က ပါရမီရှင်တစ်ယောက်အတွက်စာဖွဲ့စရာမဟုတ်သေးပါဘူး။

နည်းပြအဆက်ဆက်အောက်မှာ မှော်ဆန်တဲ့ နည်းစနစ်ပိုင်းပြောင်းလဲတွေနဲ့အတူ စွယ်စုံထူးချွန်သူတစ်ယောက်ဆိုတာထင်ရှားလာပါတယ်။တစ်ချို့ကတော့ နိုင်ငံအသင်းကို ဆုဖလားတွေရအောင် ခေါင်းဆောင်မှုမပြုနိုင်တာကို လက်ညှိုးထိုးဝေဖန်သူတွေရှိပါတယ်။ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိကဖိုင်နယ် ပွဲတွေကိုကြည့် ရင်မက်ဆီဟာဘောလုံးနတ်ဘုရားမဟုတ်ကြောင်း ထောက်ပြမှုတွေရှိနေပါတယ်။ဟုတ်ပါတယ်၊မက်ဆီဟာ နတ်ဘုရားလည်းမဟုတ်သလို ဂြိုလ်သားလည်းမဟုတ်ပါဘူး။ဒါပေမယ့် သူဟာ နည်းပြတွေရဲ့ နည်းဗျူဟာအမျိုးမျိုးအောက်မှာ လူသားဆန်စွာအလိုက်သင့်ပြောင်းလဲပြီး အကောင်းဆုံးခြေစွမ်းပြနိုင်တဲ့ ပါရမီရှင်တစ်ဦးဖြစ်တယ်ဆိုတာတွစ်တာ အသုံးပြုသူတစ်ယောက်က အချက်အလက်တွေနဲ့ သုံးသပ်ထားပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ ဘောလုံးပရိတ်သတ်တစ်ယောက်ရေးထားတာတွေကိုပြန်လည်ဖော်ပြရရင်တော့.....           လီယွန်နယ်မက်ဆီဟာ သူရဲ့မျိုးဆက်မှာတော့ အကောင်းဆုံးစွယ်စုံရတိုက်စစ်မှူးတစ်ဦးပါပဲ။မန်နေဂျာအသီးသီးရဲ့ မတူညီတဲ့ နည်းစပိုင်းအမျိုးအောက်မှာ  မက်ဆီဟာ သူ့ကိုယ်သူ ဖယောင်းရုပ်လေးလိုပုံသွင်းခဲ့ပါတယ်။ကျနော့်အမြင်အရတော့ မက်ဆီရဲ့ပါရပီကောင်းတွေထဲကတစ်ခုက အလိုက်သင့်ပြောင်းလဲနိုင်စွမ်းပါပဲ။ ဘာစီလိုနာနဲ့ အာဂျင်တီးနားတို့မှာ သူ့ရဲ့ နည်းစနစ်ပိုင်းပါဝင်ပတ်သတ်မှုတွေ အလွန်ခြားနားစွာရှိနေပါတယ်။အခုကတော့ သူ့ရဲ့ဘာစီလိုနာကစားသမားဘဝမှာ အပြည့်စုံဆုံးတိုက်စစ်မှူးတစ်ယောက်ဖြစ်အောင်တည်ဆောက်ခဲ့ပုံတွေကိုဖော်ပြမှာပါ။

မက်ဆီဦးနှောက်ထဲ တိုက်စစ်ဧရီယာအတွင်း ဘယ်အချိန်မှာဘာလုပ်ရမလဲကောင်းကောင်းသိနေပါတယ်။ သူမတူထူးကခြားတဲ့ အချက်က ဘယ်နေရာမဆိုအံဝင်အောင်ကစားနိုင်ခြင်းပါပဲ။ဘာစီလိုနာကစားသမား ဘဝမှာ နည်းပြ၇ဦးလက်အောက်မှာကစားခဲ့ရပါတယ်။အများစု ကတော့ ဘာကာနည်းပြတိုင်းဘောလုံးပိုင်ဆိုင်မှုအသားပေးကစားဟန်အသုံးပြုခဲ့လို့ မက်ဆီအတွက်လွယ်ကူတယ်ထင်ကြပါတယ်။တကယ်တော့နည်းပြ တစ်ဦးချင်စီဟာ မတူညီတဲ့ style of football ကို အသုံးပြုခဲ့ပြီး မက်ဆီကိုလည်း နေရာအမျိုးမျိုးပြောင်းကစားစေခဲ့တာပါ။

မက်ဆီအနေနဲ့ဒီနည်းပြ၇ဦးလုံးရဲ့ အဓိက,ကစားသမားဖြစ်နေခြင်းကတော့ သူရဲ့ အလိုက်သင့်ပြောင်းလဲနိုင်စွမ်းကြောင့်ဆိုတာ ငြင်းစရာမရှိပါဘူး။နည်းပြရီကတ်လက်ထက်မှာ မက်ဆီတစ်ယောက်စတင် ပွဲထွက်ခွင့်ရလာပါတယ်။ရီကတ်က၄-၃-၃ကစားကွက်ရဲ့ သမားရိုးကျတောင်ပံကစားသမားနေရာသူ့ကိုကစားစေပါတယ်။အီတိုး,ဟင်နရီ,လာဆင်တို့တိုက်စစ်မှာရှိနေတဲ့အတွက် သွင်းဂိုးတွေထက် ဖန်တီးမှုပိုလုပ်ဖို့ညွှန်ကြားခံခဲ့ရကြောင်း နောက်ပိုင်းသူထုတ်ပြောလာပါတယ်။ဒါပေမယ့်လင်းယုန်ငှက်ကို နိမ့်နိမ့်ပျံခိုင်းလို့မရပါဘူး။ရီကတ်လက်ထက် မက်ဆီရဲ့  သွင်းဂိုးနဲ့ဖန်တီးမှုပေါင်းကပွဲ၁၁၀မှာ ၆၁အထိရှိနေ ပါတယ်။

ရီကတ်က၄-၃-၃ ကိုအသုံးများပေမယ့် တခါတရံ၃-၅-၂, ၄-၃-၂-၁လိုမျိုးdouble pivots ထားကစားတဲ့ အခင်းအကျင်းတွေနဲ့လည်းပွဲထွက်လေ့ရှိပါတယ်။ ဒီလိုအခင်းအကျင်းမျိုးမှာ ရော်နယ်ဒင်ဟိုနဲ့မက်ဆီတို့အတွင်းဝင်ချိန်  ဘာကာကွင်းလယ်ကဇာဗီ (သို့)ဒေကို က တောင်ပံကိုခွဲထွက်ပေးရပါတယ်။   နောက်ပိုင်း  ကွင်းလည်လူတွေဟာ ရုပ်ပိုင်းဆိုင်ရာ တောင့်တင်း သင့်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရီကတ်ဟာ ဇာဗီနဲ့အင်နီယေစတာ ကို ပွဲထွက်ခွင့်သိပ်မပေးတော့ပါဘူး။

ဒေကို ကို နံပါတ်၁၀roleကနေဖယ်ရှားတာ နဲ့စပိန်သား နှစ်ယောက်ကို ခေါက်ထားခဲ့ခြင်းတို့ဟာ ရီကတ်ကျဆုံးခြင်းရဲ့အဓိကအကြောင်းတရားတွေပါပဲ။ဒီလိုနဲ့ရီကတ်ရဲ့နောက်ပိုင်းနှစ်တွေမှာ ဒေကို၊အီတိုးတို့လိုစီနီယာတွေနဲ့အကြီးအကျယ်သဘောထားကွဲလွဲလာပါတယ်။ ဒီအချိန်မှာ ဘာစီလိုနာရဲ့ကံကြမ္မာကို ဆယ်ကျော်သက်ကစားသမားလေး မက်ဆီက ထမ်းပိုးဖို့ဖြစ်လာပါတယ်။အထူးသဖြင့်၂၀၀၇ခုနှစ်မှာ ၇၆ပွဲကစား သွင်းဂိုးနဲ့ဖန်တီးမှုပေါင်း ၄၆ဂိုးထိပါဝင်ပတ်သတ်ခဲ့ပြီး အသက်အရွယ်နဲ့မလိုက်တဲ့ခြေစွမ်းမျိုးပြခဲ့ပါတယ်။အဒီအချိန်မှာ မက်ဆီဟာ ဘာစီအသင်းရဲ့ no 10 roleကစား အဖြစ်ဘောလုံးကမ္ဘာက အသိမှတ်ပြုခဲ့ပါတယ်။

အဲ့ဒီနှစ်မှာ ဘာစီလိုနာအသင်းအောင်မြင်မှုမရခဲ့ပေမယ့် မက်ဆီကတော့ Ballon d'Or ဆုပေးပွဲမှာ တတိယနေရာရခဲ့ပါတယ်။ဆယ်ကျော်သက်အရွယ်ထဲက လီယွန်နယ်မက်ဆီဟာ တောင်ပံကစားသမားဘဝကနေ no.10roleကို ငြင်ငြင်သာသာပဲ ပြောင်းလဲပြခဲ့ပြီးပါပြီ။19နှစ်သားမှာပဲ  ရီးရဲမက်ဒရစ်ကို   Hat - trickသွင်းယူပြခဲ့ပြီးပါပြီ။၂၀၀၇-၀၈ဘောလုံးရာသီမှာ ဘာကာအတွက် ၄၀ပွဲကစား၁၆ဂိုးသွင်းပြီး ၁၃ဂိုးဖန်တီးခဲ့ပါတယ်။အသက်၂၀အရွယ်မှာပဲ ပြည်တွင်းပွဲတွေမှာ ဆက်တိုက်ခြေစွမ်းပြလာပြီး  ဒင်ဟိုထွက်သွားတဲ့ အသင်းကို UCL ဆီမီးအဆင့်ထိ ပို့ဆောင်ပေးခဲ့ပါတယ်။ဆီမီးမှာ ဘာကာနဲ့ယူနိုက်တက်တွေ့ခဲ့ပြီးအဲ့ဒီချိန်က ဆာအဲလက်ဦးဆောင်တဲ့အိုးထရက်ဖိုဒ့်ကွင်းဟာ ပြိုင်ဘက်တွေအတွက်တော့ ငရဲခန်းပါပဲ။ဒီအဆင့် မှာ ပေါစခိုးရဲ့အဝေးကန်ချက်ကြောင့်  ဘာကာတို့လက်ပြခဲ့ရပေမယ့် မက်ဆီကတော့ နှစ်သင်းကြားမှာ ပိုကောင်းတဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ သူ့ခြေစွမ်းဟာ ကမ္ဘာ့အကောင်းဆုံးဆုတွေကိုဆွတ်ခူးဖို့တာဆူနေတဲ့အခြေအနေရောက်နေပါပြီ။  

အပိုင်း-၂ဆက်ရန်

No comments

Powered by Blogger.