Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ရီးရဲလ်မက်ဒရစ်ပရိတ်သတ်တွေကိုနှုတ်ဆက်စကားပြောကြားခဲ့တဲ့ ဂိုးသမားနာဗက်စ်
ကော်စတာရီကာအသင်းလက်ရွေးစင် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဂိုးသမား နာဗာက်စ်ဟာ ယခုနှစ်ဇန်နဝါရီအပြောင်းအရွေကာလမှာအသင်းမှထွက်ခွာတော့မည်ဖြစ်တာကြောင့် ပရိသတ်တွေကို လူမှုကွန်ရက်မှတဆင့်နှုတ်ဆက်စကားပြောကြားလိုက်ပါတယ်။
လူအများစုဟာ နှစ်သစ်ကူးဖို့အတွက် 10ကနောက်ပြန်ရေတွက်ရင်းနှစ်သစ်ကူးတဲ့အခါ ပျော်ရွင်စရာနှစ်သစ်ကိုကျော်ဖြတ်ရင်း နှစ်သစ်ကူးတဲ့အချိန်ကလည်းအလွန်ကိုမြန်ဆန်လှပါတယ်။လူမှုကွန်ရက်ပေါ်မှာတော့ရေးသားတဲ့သူမရှိသလောက်ဖြစ်တဲ့အကြောင်းအရာက နှစ်သစ်ဖြစ်ပေမယ့် လူတွေကတော့အဟောင်းပါပဲ ဆိုတာပါပဲ။တစ်ချို့ဘောလုံးသမားတွေရဲ့ဘဝတွေလည်းငရဲပြည်ကနေပြောင်းရွေ့သလို ၂၀၁၈ကနေ ၂၀၁၉ကိုကူးပြောင်းလာပါတယ်။ဘာလို့လဲဆိုတော့ သူတို့တွေက တကယ်ကိုအခွင့်အရေးတွေရဖို့အတွက် သူတို့ရဲ့ဘဝကိုပြောင်းလဲဖို့ အခုဆောင်းရာသီအပြောင်းအရွေ့မှာ ပြောင်းလဲကြမှာပါ။ကစားသမားတွေကို ကမ်းခြေမှာနားနေမလား ဒါမှမဟုတ် သူဘဝရဲ့အကြီးမားဆုံးကလပ်အသင်းရဲ့လူစာရင်းမှာပါဝင်ပြီး အသင်းရဲ့ခေါ်ဆောင်ရမှာကစားမလား နားမလားဆိုတာပါပဲ။အဲဒါကြောင့်တစ်ချို့ကစားသမားတွေက ထွက်ခွာဖို့ပျော်ရွှင်နေကြတာပါ။ပြီးတော့ နှလုံးသားကြီးမားတဲ့ တခြားလူတွေလည်းဒီလိုလုပ်မိကြပါမှာပါ။နာဗက်စ်ကလည်းဒီကိစ္စကိုအသေးစိတ်ရှင်းပြပြီးနောက်ထွက်ခွာတော့မယ်လို့သိရပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်းဂိုးသမားနာဗက်စ်ကသူဘာနေဗျူးကထွက်ခွာတော့မည်ဖြစ်ကြောင်းကိုအသိပေးခဲ့ပြီး လူမှုကွန်ရက် အင်စတာဂရမ်မှတဆင့် "အရာရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်"လို့ နှုတ်ဆက်စကားဆိုလိုက်ပါတယ်။သူရဲ့အင်စတာဂရမ်မှာတင်ခဲ့တဲ့ပို့စ်ကြောင့် စပိန်မြေကတော့အမြန်ဆုံးထွက်ခွာတော့မည့်လို့ကောက်ချက်ချနိုင်ပါတယ်။
အာဆင်နယ်အသင်းက အသက် ၃၂နှစ်အရွယ်နာဗက်စ်ကိုပေါင်၁၄သန်းနှင့်ကမ်းလှမ်းထားပြီး ရိုးမားအသင်းကလည်းသူကိုခေါ်ယူဖို့စိတ်ဝင်စားတဲ့အကြောင်းအတိအလင်းပြောကြားထားပါတယ်။နာဗက်စ်ဟာ ဘာနေဗျူးကို ၂၀၁၄ခုနှစ်ကရောက်ရှိလာခဲ့ပြီး ဘရာဇီးလ်မှာကျင်းပခဲ့တဲ့ ကမ္ဘာဖလားပြိုင်ပွဲပြီးနောက်သူကိုရီးရဲလ်အသင်းကသဘောကျကာ ပထမဂိုးသမားနေရာကို ၂၀၁၅ကနေ ၂၀၁၈အထိရရှိခဲ့ပါတယ်။အသင်းကိုလည်းချန်ပီယံလိဂ်ဖလားသုံးလုံးဆက်တိုက်ရရှိအောင်အကောင်းဆုံးကူညီခဲ့သော်လည်းကလပ်က သူနေရာပုံမှန်ရရှိဖို့အာမခံထားခြင်းမရှိခဲ့ပါဘူး။အသင်းဥက္ကဋ္ဌပီရက်ဇ်ကလည်းလက်ရှိဂိုးသမားကော်တွိုင်းစ်ကိုမခေါ်ယူခင်အထိနာဗက်စ်ဟာ အသင်းရဲ့နံပါတ်တစ်ဂိုးသမားနေရာကို ကိုင်ဆုပ်နိူင်ခဲ့ပါတယ်။လက်ရှိအချိန်ထိအသင်းအတွက် နွေရာသီမှအခုထိ၈ပွဲသာကစားခွင့်ရထားပြီး နည်းပြအသစ် ဆိုလာရီရဲ့လက်အောက်မှာ အသင်းရဲ့၁၁စာရင်းနှင့်အပြီးဝေးကွာနေရသူလည်းဖြစ်ပါတယ်။
Post a Comment