Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
အူဘာမီယန်းရဲ့အစ်ကိုဝဲလီရဲ့နောက်ကွယ်ကဇာတ်လမ်းတစ်ပုဒ်
အာဆင်နယ်အသင်းကစားသမား အူမီဘာယန်းရဲ့ အဖေ Pierre နှင့်သူရဲ့ညီအစ်ကို၂ဦးဖြစ်ကြတဲ့ ကက်တီလီနာ နှင့် ဝဲလီ တို့ဟာ အူမီဘာယန်းကိုအာဆင်နယ်အသင်းက စာချုပ်ချုပ်ခေါ်ယူမည်သတင်းကြားကြားခြင်း လန်ဒန်ကိုချီတက်ခဲ့ကြပါတယ်။ဒါပေမယ့် အူမီဘာယန်းရဲ့ တစ်အူထုံဆင်းညီအစ်ကိုဖြစ်တဲ့အသက်၃၀နှစ်အရွယ် ဝဲလီက အေစီမီလန်အသင်းမှာ ညီအစ်ကိုနှစ်ဦးတူတူကစားခဲ့ဖူးခဲ့တယ်ဆိုတဲ့အကြောင်းလူပြောနည်းကြမှာအမှန်ပါ။ဝဲလီအူမီဘာယန်းက တကယ်အခွင့်အရေးကောင်းတွေကိုအဖျားခတ်ခဲ့တဲ့သူတစ်ဦးလို့ဆိုရင်မမှားနိုင်လောက်ပါဘူး။သူဘဝရဲ့ အခွင့်အရေးကောင်းတစ်ခုကအေစီမီလန်အသင်းကို အီတလီကလပ် Triestinaကနေအသက်၁၇နှစ်အရွယ်လူငယ်အစီအစဉ်နှင့်ပြောင်းရွေ့လာခဲ့ခြင်း ပဲဖြစ်ပါတယ်။သူရဲ့ခြေစွမ်းကိုအသင်းကြီးကသဘောကျပြီးအရန်စာရင်းမှာထည့်သွင်းခြင်းခံရပြီးအသင်းကြီးမှာပွဲဦးထွက်အဖြစ် ၂၀၀၇ခုနှစ်ဒီဇင်ဘာလ ကစားခဲ့တဲ့ ကိုပါအီတာလျံ ပွဲစဉ်ဖြစ်တဲ့ ကတ်တာနီးယားအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ဒါပေမယ့်များမကြာမီ အေဗဲလီနိုအသင်းကိုအငှါးချခံခဲ့ရပြီး အဲဒီနောက်မှာ ဘဲလ်ဂျီယံ ကလပ် ယူပန်အသင်းကိုထပ်မံရောက်ရှိခဲ့ပါတယ်။ဘဲလ်ဂျီယံကလပ်ကိုမရောက်ရှိခင် အရင်အီတလီတတိယတန်းကလပ် မွန်ဇာမှာကစားခဲ့ပါသေးတယ်။ဝဲလီအူမီဘာယန်းရဲ့လူငယ်ဘဝအချိန်တွေကတော့အေစီမီလန်အသင်းမှာပဲကုန်ဆုံးခဲ့ပါတယ်။
နောက်၄နှစ်အကြာမှာသူကိုစကော့တလန်ကလပ် ကေလ်မာနော့ အသင်းကခေါ်ယူခဲ့ပါတယ်။သူကိုအေစီမီလန်အသင်းက သူကိုအလွတ်ပြောင်းရွေးကြေးနှင့်ထွက်ခွာခွင့်ပြုခဲ့ပြီး ၂၀၁၁ခုနှစ်ဇန်နဝါရီအပြောင်းအရွေ့ကာလမှာပဲ စကေ့ာတလန်ကလပ်ကခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ကေလ်မာနော့အသင်းနည်းပြပါတဲလ်လိုင်နင်က BBC စကော့တလန်နှင့်တွေ့ဆုံစဉ်မှာ
"သူက ဝဘ်ဆိုက်တော်တော်များများမှာ တိုက်စစ်မှုး အနေနဲ့ပဲ တွေ့မိဘူး ဒါပေမယ့်နောက်ဆုံးသူကိုအသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်နိုင်လောက်မယ်ထင်လို့ခေါ်ယူခဲ့ပါတယ်"လို့ဆိုခဲ့ပါတယ်၊
"သူကတကယ်မာတဲ့ကစားသမားပါ ကစားကွက်အလိမ်အခေါက်ကောင်းတယ်။ပြီးတော့ ကျွန်တော် မျှော်လင့်မိတာက သူကျွန်တော်တို့အသင်းနဲ့တိုးတက်လာမည့်ကစားသမားတစ်ဦးဖြစ်လာဖို့ပါပဲ"
အဲဒီစကော့တလန်ကလပ်မှတဆင့် ဝဲလီဟာမိခင်နိုင်ငံ ဂါဘွန်နိုင်ငံ ပထမတန်းကလပ် အေကန်ဒါအသင်းကိုပြောင်းရွေသွားလာခဲ့ပါတယ်။အဆိုပါကလပ်ရောက်ရှိတဲ့အခါသူကစားတဲ့တိုက်စစ်နေရာမှ ခံစစ်နေရာကိုပြောင်းရွေ့ကစားခဲ့ပါတယ်။ဒါပေမယ့်ကံကောင်းခြင်းက သူနှင့်အတူပါလာခြင်းမရှိခဲ့ဘဲ ၂၀၁၁ခုနှစ်မှ ၂၀၁၃ခုနှစ်အထိတစ်ပွဲသာကစားခွင့်ရခဲ့သော်လည်းဇွဲမလျော့ဘဲဂျာမန် စတုတ္ထ တန်းကလပ် FC krayအသင်းကိုပြောင်းရွေ့သွားခဲ့ပါတယ်။အဆိုပါဂျာမန်ကလပ်မှာ ၂၀၁၄ ၂၀၁၅ နှစ် နှစ်အတွင်း၃၄ပွဲကစားခွင့်ရခဲ့ပါတယ်။တစ်ဖက်မှာလည်းညီဖြစ်သူ ပီရီအမ်မရက်အူဘာမီးယန်း က သူရဲ့ဟိုအရင်တစ်ချိန်တစ်ခါက အေစီမီလန်မှာကစားခဲ့တဲ့အခံဖြင့် လူအသိများကာ နေရာပေးခြင်းခံခဲ့ရပါတယ်။လက်ရှိအချိန် မှာတော့ အသက်၃၁နှစ်အရွယ် ဝဲလီအူမီဘာယန်းဟာ အလွတ်တန်းအေးဂျင့်အဖြစ်လုပ်ကိုင်နေပြီး သူညီကတော့ အမ်မရီရဲ့အာဆင်နယ်အသင်းမှာဂိုးသွင်းစက်အဖြစ်အသုံးတော်ခံလျက်ရှိနေပါတယ်။
No comments
Powered by Blogger.