Header Ads


ခြားနားတဲ့ပုံစံနဲ့အလွန်ရယ်စရာကောင်းတဲ့ မက်ဆီနဲ့စီရော်နယ်ဒိုတို့သားနှစ်ယောက်video

                          



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။








(Unicode)

ခားနားတဲ့ပုံစံနဲ့အလွန်ရယ်စရာကောင်းတဲ့ မက်ဆီနဲ့စီရော်နယ်ဒိုတို့သားနှစ်ယောက်video                           

မက်ဆီနဲ့စီရော်နယ်တို့သားနှစ်ယောက်ကြားမှာ အလွန်ခြားနားတဲ့ပုံစံမျိုးရှိနေပါတယ်။နှစ်ယောက်စလုံးကအလွန်တော်တဲ့ကလေးတွေပါပဲ။         

Oh My Goalကနေပြီးတော့ သူတို့နှစ်ယောက်သားတွေရဲ့  လုပ်ရပ်လေးတွေကိုစုပေါင်းပြီး ကြည့်ရူသူတွေတဟားဟားရယ်နေရအောင်ဖန်တီးထားပါတယ်။တစ်ဖက်မှာစီရော်နယ်ဒိုရဲ့သားလေး  Jr.ရော်နယ်ဒိုဟာ လျှင်မြန်တဲ့ အရှိန်နဲ့ဘောလုံးကိုသယ်လာပြီး သူ့အဖေပုံစံမျိုး ဂိုးသွင်းယူခဲ့ပါတယ်။မက်ဆီရဲ့သားလေး သီယာဂိုကတော့ မောင်နှမတွေကြားမှာ ဆော့ကစားထားလို့ညစ်ပတ်တဲ့ပုံစံမျိုးနဲ့ရှိနေပါတယ်။ဂျီနီယာရော်နယ်ဒို အပြင်းအထန်လေ့ကျင့်နေတာလဲဖြစ်သင့်ပါတယ်။သူဟာဂျူဗင်တပ်ကို သြဂုတ်လကုန်ပိုင်းကပြောင်းရွေ့ပြီးနောက်ဆုဖလားတွေရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

8နှစ်သားရော်နယ်ဒိုပေါက်စလေးဟာဆိုရင်စက်တင်ဘာလတုန်းက ဂျူဗင်တပ်U-9နဲ့ ပွဲဦးထွက်မှာပဲနံပါတ်၇ပါတဲ့ဂျာစီကိုဝတ်ပြီး တစ်ဦးထဲလေးဂိုးသွင်းခဲ့ပါတယ်။ခရစ္စတီယာနို  ရော်နယ်ဒိုဂျူနီယာလေးရဲ့ဘောလုံးကစားသမားဘဝအပေါ်သူ့ဖခင် စီရော်နယ်ဒို ဟောကိန်းထုတ်ခဲ့တာလည်းမကြာသေးပါဘူး။''ကျနော့်သားက ယှဉ်ပြိုင်လိုစိတ်ပြင်းထန်ပါတယ်။သူကိုကြည့်ရတာ ကျနော်ကလေးဘဝကိုပြန်မြင်ရသလိုပဲ။သူက အရှုံးဆိုတာကိုမကြိုက်ဖူး။သူဟာ အဖေတူသားတစ်ယောက်ဖြစ်လာမယ်ဆိုတာ၁၀၀%သေချာပါတယ်။''လို့CR7က ထုတ်ဖော်ပြောထားပါတယ်။

အခုဆို ဂျူနီယာရော်နယ်ဒိုလေးဟာ သူ့အဖေလို ဆုဖလားတွေလည်းဆွတ်ခူးနေပါပြီ။နောက်ထပ်ဆုဖလားတစ်လုံးနဲ့ဟန်များနေတဲ့သားပုံကိုတင်ပြီး ''ဂုဏ်ယူပါတယ်သားရေ''လို့စီရော်နယ်ဒိုကဆိုရှယ်မီဒီယာမှာတင်ခဲ့ပါသေးတယ်။

သူ့သားပေါက်စလေး တူရင်မြေမှာတစ်ဦးချင်းခြေစွမ်းကောင်းတွေပြနေတာဟာ လျှပ်တပြတ်ကြည့်ရင် ရော်နယ်ဒို စပို့တင်းမှာ ကစားခဲ့တာတွေနဲ့တောင် ဆင်နေပါသေးတယ်။ဂျူနီယာစီရော်နယ်ဒိုလေးဟာ လက်ရှိညာတောင်ပံမှာကစားနေပြီး နောက်ခံလူတွေကိုလှည်းစားကာဘယ်ခြေနဲ့ သူ့အဖေလိုအတွင်းထဲဆွဲဝင်ကန်သွင်းလေ့ရှိပါတယ်။သူ့အသင်းဖော်တွေဟာ စီရော်နယ်ဒိုပေါက်စလေးကို''ခရစ်ရေ အဲ့တစ်ယောက်ကို ကျော်ဖြတ်ပြလိုက်ပြီး လှပတဲ့တစ်ကိုယ်တော်သွင်းဂိုးလေး သွင်းလိုက်ပါအုံး''လို့အော်ဟစ်လေ့ရှိပါတယ်။

တကယ်ပဲဖအေတူသားတစ်ယောက်ဖြစ်လာမလားစိတ်ဝင်စားစရာပါပဲ

No comments

Powered by Blogger.