Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
\ပွဲကစားချိန်၇၅မိနစ်မှာလှောင်ပြောင်ခဲ့ကြတဲ့အာဆင်နယ်ပရိတ်သတ်တွေကိုအသံတိတ်စေခဲ့တဲ့အူနိုင်းအမ်မရီ
အာဆင်နယ်အသင်းဟာ မနေ့ညကကစားဖူလ်ဟမ်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့တာပဲဖြစ်ပါတယ်။ပွဲကစားချိန်၇၅မိနစ်အရောက်မှာတော့ အာဆင်နယ်အသင်းဟာ ဖူလ်ဟမ်အသင်းကို ၂-၁ ဖြင့်ဦးဆောင်ထားနိုင်နေပါတယ်။ထိုအချိန်မှာတော့ နည်းပြအူနိုင်းအမ်မရီက အာဆင်နယ်အတွက်ဂိုးသွင်းပေးခဲ့တဲ့ တိုက်စစ်မှူး လာကာဇက်တီနေရာကို ကွင်းလယ်လူရမ်ဆေးနဲ့လူစားလဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဆိုပါအခြေအနေမှာတင် အိမ်ကွင်းပရိတ်သတ်များဖြစ်ကြတဲ့ အာဆင်နယ်ပရိတ်သတ်များဟာ နည်းပြအူနိုင်းအမ်မရီရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သတ်ပြီးအတော်လေးစိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ကြကာ ဒီဝေးလ်ကွင်းလယ်လူကို လှောင်ပြောင်အော်ဟစ်သံတွေစတင်ပြုလုပ်ခဲ့ကြတော့တာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ရမ်ဆေးဟာ အမ်မရိတ်ကနေထွက်ခွာဖို့သေချာပေါက်ပြင်ဆင်နေတာဖြစ်နေလို့ပဲဖြစ်ပါတယ်။
လာကာဇက်တီနဲ့လူစားလဲခဲ့တဲ့အတွက်အာဆင်နယ်ပရိတ်သတ်တွေဟာမကျေမနပ်ဖြစ်ခဲ့ကြသော်လည်း မိနစ်အနည်းငယ်ကြာမှာတော့ သူတို့တွေမှားသွားမှန်းသဘောပေါက်သွားခဲ့ကြပါတယ်။ရမ်ဆေးကိုလူစားလဲလိုက်ပြီးနောက်မှာတော့ ရမ်ဆေးကိုယ်တိုင်သွင်းယူတဲံ့ဂိုးနဲ့အတူ ၄-၁ ဖြင့်အနိုင်ရခဲ့ပြီး ဝေဖန်မှုတွေကို တိတ်ဆိတ်စေခဲ့ပါတယ်။အာဆင်နယ်အသင်းဟာ အဆိုပါပွဲမှာ လာကာဇက်တီ၊ရှာကာ၊အူဘာမီးယန်း၊ရမ်ဆေးတို့ရဲ့သွင်းဂိုးတွေနဲ့အတူ အနိုင်ရခဲ့တာပဲဖြစ်ပါတယ်။
အာဆင်နယ်ပရိတ်သတ်များကတော့ ရမ်ဆေးတစ်ယောက်ဂိုးသွင်းယူပြီးသွားတဲ့အချိန်မှာ ” သူ့ကိုစာချုပ်ချုပ်လိုက်ကြပါ။” လို့အော်ဟစ်ပြောဆိုခဲ့ကြပါတယ်။ရမ်ဆေးဟာ အမ်မရိတ်ကနေထွက်ခွာဖို့သေချာသလောက်ရှိနေတာပဲဖြစ်ပါတယ်။အသက်၂၇နှစ်အရွယ် ရမ်ဆေးဟာ PSG အသင်းနဲ့ဘိုင်ယန်မြူးနစ်တို့ရဲ့ပစ်မှတ်ဖြစ်နေတာဖြစ်ပါတယ်။ဒါပင်မယ့်လည်း နောက်ထပ်အသင်းတစ်သင်းကသာ ရမ်ဆေးကိုခေါ်ယူသွားဖို့ရှိနေတယ်လို့လည်းသိရပါတယ်။သူဟာ အာဆင်နယ်အသင်းမှာစာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တဲ့အတွက်အသင်းကနေအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာမှာဖြစ်ပြီး Football Italia ရဲ့အဆိုအရတော့ အင်တာမီလန်အသင်းက သူ့ကိုခေါ်ယူဖို့ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။
အီတလီကလပ်က ရမ်ဆေးနဲ့နှုတ်အားဖြင့်အခြေခံစည်းမျဉ်းတွေအရသဘောတူညီချက်ရပြီးပြီလို့သိရပြီး လာမယ့်နွေရာသီအပြောင်းအရွှေ့ဖြစ်တဲ့ ဂျူလိုင်လ ၁ရက်နေ့မှသာဆန်ဆီယိုကိုရောက်လာဖို့ရှိတယ်လို့လည်းသိရပါတယ်။ဒါပင်မယ့်လည်း အင်တာနည်းပြ လူစီယာနိစပါလ်လီတီကတော့ ယခုဇန်နဝါရီအပြောင်းအရွှေ့မှာခေါ်ယူသွားချင်နေတာဖြစ်တယ်လို့သိရပါတယ်။အသက်၅၉ နှစ်အရွယ်အီတလီနည်းပြကြီးက ရမ်ဆေးကို အခုချက်ချင်းအလိုရှိနေတာဖြစ်တယ်လို့ပြောကြားခဲ့တယ်လို့သိရပြီး CEO ဘီပီကလည်း ဇန်နဝါရီမှာ ရမ်ဆေးတစ်ယောက်ရောက်လာဖို့ကြိုးစားနေကြောင်းသိရပါတယ်။
ရမ်ဆေးဟာ လုပ်ခလစာအဖြစ်တစ်နှစ်ကို ပေါင် ၆ သန်းကနေ ၇သန်းအကြားအလိုရှိနေပြီး ကလပ်ကလည်း သူ့ရဲ့လုပ်ခလစာကိုပေးချေသွားဖို့အဆင်သင့်ဖြစ်နေပါတယ်။အီတလီသတင်းစာများကတော့ စီရီးအေကလပ်ဟာ ရမ်ဆေးကို ချက်ချင်းခေါ်ဖို့ဆန္ဒရှိနေတယ်လို့ဖော်ပြနေကြပါတယ်။
ဒီလအစောပိုင်းမှာတော့ အာဆင်နယ်နည်းပြအူနိုင်းအမ်မရီက ကလပ်အသင်းဟာ ရမ်ဆေးကို စာချုပ်သစ်ချုပ်ဆိုဖို့အစီအစဉ်မရှိကြောင်းဖွင့်ဟဝန်ခံပြောကြားခဲ့ဖူးပါတယ်။
No comments
Powered by Blogger.