Header Ads


ျကမ္းတမ္းတဲ့အေျခအေနေတြေအာက္မွာေနသားက်ဖို႔ ေပါ့ဘာငယ္ငယ္ကဖာဂူဆန္ဘယ္လိုတြန္းအားေပးခဲ့လဲ










Zawgyi သမားမ်ားေအာက္ဆြဲဖတ္ေပးပါ
ကြမ်းတမ်းတဲ့အခြေအနေတွေအောက်မှာနေသားကျဖို့ ပေါ့ဘာငယ်ငယ်ကဖာဂူဆန်ဘယ်လိုတွန်းအားပေးခဲ့လဲ

ယာယီနည်းပြဆိုးရှားလက်အောက်မှာတော့ပေါလ်ပေါ့ဘာဆီကရာသီအစနဲ့လုံးဝခြားနားတဲ့ ခြေစွမ်းပိုင်းကို မြင်တွေ့နေရပါတယ်။မော်ရင်ဟိုရဲ့ခံစစ်ပိုင်းတောင်းဆိုမှုတွေအောက်မှာ ထင်သလောက်အလုပ်မဖြစ်ခဲ့တဲ့ ပေါ့ဘာဟာ ဆိုးရှားလက်အောက်မှာတော့တိုက်စစ်မှာ လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်ရလာပါတယ်။အကျိုးဆက်အနေနဲ့ ဆိုးရှားကိုယ်တွယ်ပြီးနောက် လေးဂိုးထိသွင်းပြီး chance creation ၁၃ကြိမ်ထိပြုလုပ်နိုင်ခဲ့ပါတယ်။

လူငယ်ကစားသမားဘဝ ထဲက ထိန်းကျောင်းခဲ့ဖူးတာကြောင့် ပေါ့ဘာအပေါ် ဆိုးရှားရဲ့လွှမ်းမိုးမှုကြီးမားစွာရှိနေမယ်ဆိုတာ အသေအချာပါပဲ။ဒါပေမယ့် ပေါ့ဘာပုံစံကောင်းတွေပြန်ရလာခြင်းရဲ့အခြားအကြောင်းရင်းတစ်ရပ်က ဖာဂူဆန်ဖြစ်နိုင်ပါတယ်။ဖာဂူဆန်ကို ကာရင်တန်လေ့ကျင့်ရေးကွင်းကြီးဆီလာဖို့ ဆိုးရှားဖိတ်ခေါ်ခဲ့တာအားလုံးအသိပါပဲ။ အတိတ်မှာ ပေါ့ဘာကို အခွင့်အရေးသိပ်မပေးခဲ့ပဲ လျစ်လျူရှုခဲ့ဖူးတယ်ဆိုပေမယ့် ကစားသမားတစ်ယောက်ရဲ့အကောင်းဆုံးပုံစံကို ထုတ်ယူရာမှာတော့ ဖာဂူဆန်လောက်ဆရာကျတဲ့သူရှိမယ်မထင်ပါဘူး။အရင်ကယူနိုက်တက်အသင်းခေါင်းဆောင်ဖြစ်တဲ့ ဘရိုင်ယန်ရော့ဆင်ကတော့ စပါးကွင်းလယ်လူအလီ ကိုဖြတ်ထုတ်ခဲ့ပုံကိုကြည့်ရင်သိနိုင်ပါတယ်။ ပရီးမီးယားလိဂ်စစ်မြေပြင်မှာ ကြမ်းကြမ်းတမ်းတမ်းကစားဖို့ဖာဂူဆန်ဟာပေါ့ဘာကိုအကြံပေးခဲ့တယ်လို့ထုတ်ပြောလာပါတယ်။

ဘရိုင်ယန်က''ပေါ့ဘာအလီကိုဖြတ်ထုတ်ပုံကြမ်းခဲ့တာအမှန်ပါပဲ။ဒါပေမယ့် ထိပ်တန်းကစားသမားတိုင်းမှာဒီလိုခက်ထန်မှုမျိုးတွေ့ရတတ်တာပါပဲ။ဒီအဖြစ်အပျက်ကိုပြန်ကြည့်ရင် ပေါ့ဘာဟာအကျင့်စရိုက်ကောင်းသူတစ်ယောက်လို့ ကျနော်ယုံပါတယ်။စပါးနဲ့ ပွဲကို ခင်ဗျားကိုယ်တိုင် ပြန်ကြည့်လိုက်ပါ။ ဒီလိုပွဲမျိုးမှာ ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှု တကယ်အရေးကြီးပါတယ်။ဆိုလိုတာကသူများကို နာကျင်အောင်လုပ်ဖို့မဟုတ်ပါဘူး။ဒီလိုပဲပေါ့ဘာ အလီကို နင်းမိတဲ့အချိန်မှာ ဘောလုံးကိုပဲအာရုံစိုက်နေတာပါ။ရည်ရွယ်ချက်မပါဘူးဆိုတာသိသာပါတယ်။ပေါ့ဘာကိုဘယ်လိုပုံသွင်းခဲ့လဲဆိုတာပြောရရင်လေ့ကျင့်ရေးကွင်းမှာဘောလုံးကစားနေတုန်းပေါစခိုးဟာပေါ့ဘာကို ကန်ခဲ့ပါတယ်။ဒါကိုဖာဂူဆန်နဲ့ မိုက်ဖီလန်တို့နှစ်ယောက်လုံးကဝင်ရောက်ဖျန်ဖြေမပေးခဲ့ပါဘူး။ဘာလို့လွှတ်ထားလဲဆိုတော့ သူ့ကိုခက်ထန်ကြမ်းတမ်းလာစေဖို့ပါ။မာကျောတဲ့ကွင်းလယ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်လာဖို့ ဒီလိုကြမ်းတမ်းတဲ့အခြေအနေမှာမတားခဲ့တာပါ။ဒါဟာ ဘောလုံးသင်ခန်းစာတွေထဲတစ်ခုပါပဲ။ပေါဘာနဲ့အလီတို့ကြားပေါကွဲလုနီးပါးအခြေအနေမျိုးမဖြစ်ခင်မှာထဲက လာမယ်လာ ကပေါ့ဘာကိုဆွပြီးကစားနေတာပါ။စပါးကစားသမားတွေသူတို့ဘာလုပ်နေလဲသူတို့သိပါတယ်။ဒီပွဲမှာပေါ့ဘာက ယူနိုက်တက်ကို စုစည်းမှုရှိအောင်လုပ်နေတော့ ပြိုင်ဘက်ကစားသမားတွေက သူကွင်းပြင်ရောက်အောင်ပြစ်မှတ်ထားလာတော့တာပါပဲ။''လို့ရိုင်ယန်ဘရော့ဆင်က ထုတ်ဖော်ပြောသွားခဲ့ပါတယ်။

လက်ရှိမန်ချက်စတာယူနိုက်တက်မှာ ပေါ့ဘာရဲ့အခန်းကဏ္ဍကို ဘယ်လိုမြင်လဲ။သူဟာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတွေထဲကတစ်ယောက်ဖြစ်နေပြီလား။

(ZAWGYI)

ျကမ္းတမ္းတဲ့အေျခအေနေတြေအာက္မွာေနသားက်ဖို႔ ေပါ့ဘာငယ္ငယ္ကဖာဂူဆန္ဘယ္လိုတြန္းအားေပးခဲ့လဲ

ယာယီနည္းျပဆိုးရွားလက္ေအာက္မွာေတာ့ေပါလ္ေပါ့ဘာဆီကရာသီအစနဲ႕လံုးဝျခားနားတဲ့ ေျခစြမ္းပိုင္းကို ျမင္ေတြ႕ေနရပါတယ္။ေမာ္ရင္ဟိုရဲ႕ခံစစ္ပိုင္းေတာင္းဆိုမႈေတြေအာက္မွာ ထင္သေလာက္အလုပ္မျဖစ္ခဲ့တဲ့ ေပါ့ဘာဟာ ဆိုးရွားလက္ေအာက္မွာေတာ့တိုက္စစ္မွာ လြတ္လြတ္လပ္လပ္လႈပ္ရွားခြင့္ရလာပါတယ္။အက်ိဳးဆက္အေနနဲ ႕ ဆိုးရွားကိုယ္တြယ္ျပီးေနာက္ ေလးဂိုးထိသြင္းျပီး chance creation ၁၃ျကိမ္ထိျပဳလုပ္နိုင္ခဲ့ပါတယ္။

လူငယ္ကစားသမားဘဝ ထဲက ထိန္းေက်ာင္းခဲ့ဖူးတာေျကာင့္ ေပါ့ဘာအေပၚ ဆိုးရွားရဲ႕လႊမ္းမိုးမႈျကီးမားစြာရွိေနမယ္ဆိုတာ အေသအခ်ာပါပဲ။ဒါေပမယ့္ ေပါ့ဘာပံုစံေကာင္းေတြျပန္ရလာျခင္းရဲ႕အျခားအေျကာင္းရင္းတစ္ရပ္က ဖာဂူဆန္ျဖစ္နိုင္ပါတယ္။ဖာဂူဆန္ကို ကာရင္တန္ေလ့က်င့္ေရးကြင္းျကီးဆီလာဖို႔ ဆိုးရွားဖိတ္ေခၚခဲ့တာအားလံုးအသိပါပဲ။ အတိတ္မွာ ေပါ့ဘာကို အခြင့္အေရးသိပ္မေပးခဲ့ပဲ လ်စ္လ်ဴရႈခဲ့ဖူးတယ္ဆိုေပမယ့္ ကစားသမားတစ္ေယာက္ရဲ႕အေကာင္းဆံုးပံုစံကို ထုတ္ယူရာမွာေတာ့ ဖာဂူဆန္ေလာက္ဆရာက်တဲ့သူရွိမယ္မထင္ပါဘူး။အရင္ကယူနိုက္တက္အသင္းေခါင္းေဆာင္ျဖစ္တဲ့ ဘရိုင္ယန္ေရာ႔ဆင္ကေတာ့ စပါးကြင္းလယ္လူအလီ ကိုျဖတ္ထုတ္ခဲ့ပံုကိုျကည့္ရင္သိနိုင္ပါတယ္။ ပရီးမီးယားလိဂ္စစ္ေျမျပင္မွာ ျကမ္းျကမ္းတမ္းတမ္းကစားဖို႔ဖာဂူဆန္ဟာေပါ့ဘာကိုအျကံေပးခဲ့တယ္လို႔ထုတ္ေျပာလာပါတယ္။

ဘရိုင္ယန္က''ေပါ့ဘာအလီကိုျဖတ္ထုတ္ပံုျကမ္းခဲ့တာအမွန္ပါပဲ။ဒါေပမယ့္ ထိပ္တန္းကစားသမားတိုင္းမွာဒီလိုခက္ထန္မႈမ်ိဳးေတြ႕ရတတ္တာပါပဲ။ဒီအျဖစ္အပ်က္ကိုျပန္ျကည့္ရင္ ေပါ့ဘာဟာအက်င့္စရိုက္ေကာင္းသူတစ္ေယာက္လို႕ က်ေနာ္ယံုပါတယ္။စပါးနဲ႕ ပြဲကို ခင္ဗ်ားကိုယ္တိုင္ ျပန္ျကည့္လိုက္ပါ။ ဒီလိုပြဲမ်ိဳးမွာ ရုပ္ပိုင္းဆိုင္ရာျကံခိုင္မႈ တကယ္အေရးျကီးပါတယ္။ဆိုလိုတာကသူမ်ားကို နာက်င္ေအာင္လုပ္ဖို႔မဟုတ္ပါဘူး။ဒီလိုပဲေပါ့ဘာ အလီကို နင္းမိတဲ့အခ်ိန္မွာ ေဘာလံုးကိုပဲအာရံုစိုက္ေနတာပါ။ရည္ရြယ္ခ်က္မပါဘူးဆိုတာသိသာပါတယ္။ေပါ့ဘာကိုဘယ္လိုပံုသြင္းခဲ့လဲဆိုတာေျပာရ႐င္ေလ့က်င့္ေရးကြင္းမွာေဘာလံုးကစားေနတုန္းေပါစခိုးဟာေပါ့ဘာကို ကန္ခဲ့ပါတယ္။ဒါကိုဖာဂူဆန္နဲ႕ မိုက္ဖီလန္တို႔နွစ္ေယာက္လံုးကဝင္ေရာက္ဖ်န္ေျဖမေပးခဲ့ပါဘူး။ဘာလို႔လႊတ္ထားလဲဆိုေတာ့ သူ႔ကိုခက္ထန္ျကမ္းတမ္းလာေစဖို႔ပါ။မာေက်ာတဲ့ကြင္းလယ္ဗိုလ္ခ်ဳပ္တစ္ေယာက္ျဖစ္လာဖို႔ ဒီလိုျကမ္းတမ္းတဲ့အေျခအေနမွာမတားခဲ့တာပါ။ဒါဟာ ေဘာလံုးသင္ခန္းစာေတြထဲတစ္ခုပါပဲ။ေပါဘာနဲ႕အလီတို႔ျကားေပါကြဲလုနီးပါးအေျခအေနမ်ိဳးမျဖစ္ခင္မွာထဲက လာမယ္လာ ကေပါ့ဘာကိုဆြျပီးကစားေနတာပါ။စပါးကစားသမားေတြသူတို႔ဘာလုပ္ေနလဲသူတို႔သိပါတယ္။ဒီပြဲမွာေပါ့ဘာက ယူနိုက္တက္ကို စုစည္းမႈရွိေအာင္လုပ္ေနေတာ့ ျပိဳင္ဘက္ကစားသမားေတြက သူကြင္းျပင္ေရာက္ေအာင္ျပစ္မွတ္ထားလာေတာ့တာပါပဲ။''လို႔ရိုင္ယန္ဘေရာ႔ဆင္က ထုတ္ေဖာ္ေျပာသြားခဲ့ပါတယ္။

လက္ရွိမန္ခ်က္စတာယူနိုက္တက္မွာ ေပါ့ဘာရဲ႕အခန္းက႑ကို ဘယ္လိုျမင္လဲ။သူဟာ ကမာၻ ့အေကာင္းဆံုးကြင္းလယ္လူေတြထဲကတစ္ေယာက္ျဖစ္ေနျပီလား။

No comments

Powered by Blogger.