Header Ads


ဂ်ဴဗင္တပ္စ္ကေနထြက္ခြာပါကသူ ့ရဲ့အနာဂတ္အစီအစဥ္အေၾကာင္းအရိပ္အျမြက္ဆိုလိုက္တဲ့ရိုနယ္ဒို



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဂ်ဳဗင္တပ္စ္အသင္းဟာ ခရစ္စတီယာနိုရိုနယ္ဒိုရဲ ့ကစားသမားဘ၀ေနာက္ဆံုးကလပ္မဟုတ္နိုင္ပါဘူး။ဘာလို ့လဲဆိုေတာ့ သူ ့ရဲ ့အရင္အသင္းေဟာင္းေတြထဲက အသင္းတစ္သင္းဆီျပန္သြားကစားဖို ့အရိပ္အျမြက္ေျပာၾကားခဲ့လို ့ပါ။
မန္ခ်က္စတာယူနိုက္တက္နဲ ့ရီးရဲလ္မက္ဒရစ္စတားေဟာင္းကို သူ ့ရဲ ့အနာဂတ္နဲ ့ပတ္သတ္ၿပီးေမးျမန္းခဲ့ရာမွာေတာ့ သူ ့ကစားခဲ့ဖူးတဲ့ေပၚတူဂီကလပ္စပို ့တင္းစ္ကလပ္ဆီသြားကစားဖို ့ျဖစ္နိုင္ေခ်ရိွေၾကာင္းအရိပ္အျမြက္ဆိုခဲ့တာပဲျဖစ္ပါတယ္။

နာနီလို မ်ိဳး စပို ့စ္တင္းကို ကၽြန္ေတာ္ျပန္သြားမွာလား? ေဘာလံုးေလာကမွာ ခင္ဗ်ားတို ့ဘယ္လိုမွၾကိဴမသိနိုင္ပါဘူးလို Fox Sports ကိုေျပာၾကားခဲ့တာပါ။ဒီလိုအသင္းေဟာင္းဆီျပန္သြားဖို ့ဆိုတာ ရိုနယ္ဒိုတစ္ေယာက္ၿပီးခဲ့တဲ့ ေႏြရာသီက ဂ်ဴဗင္တပ္စ္အသင္းနဲ ့၄နွစ္စာခ်ဳပ္မခ်ဳပ္ခင္ျဖစ္နိုင္ဖြယ္ရိွခဲ့တာပါ။ေဘာလံုးဒီေအာ္၅ၾကိမ္ရကစားသမားဟာ ၂၀၀၂ ခုနွစ္ကစတင္ၿပီး သူ ့ရဲ ့စီနီယာကစားသမားဘ၀ကို စပို ့စ္တင္းကလပ္နဲ ့ကစားခဲ့တာျဖစ္ကာ ၂၅ ပြဲကစားခဲ့တာပဲျဖစ္ပါတယ္။

ရိုနယ္ဒိုဟာ ဒီရာသီမွာ ဂ်ဳဗင္တပ္စ္အသင္းအတြက္၁၉ ပြဲကစားထားၿပီး ၁၄ဂိုးထိသြင္းယူထားတာပဲျဖစ္ပါတယ္။ဂ်ဴဗင္တပ္စ္နည္းျပအယ္လီဂရီကေတာ့ ရိုနယ္ဒိုရဲ ့ပရိုဖယ္ရွႈင္နယ္ဆန္မႈေတြနဲ ့အတူ စိတ္အားထက္သန္မႈေတြအေပၚ ခ်ီးက်ဴးေျပာၾကားခဲ့ပါတယ္။

ကၽြန္ေတာ္ထင္ထားတာထက္သူဟာ ကြဲျပားေနတဲ့သူမဟုတ္ပါဘူး။သူဟာၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ စိတ္ဓာတ္နဲ ့အတူအေတာ္ေကာင္းမြန္တဲ့ ပရိုဖယ္ရွင္နယ္ဆန္တာေတြကို ကၽြန္ေတာ္သိထားပါတယ္။ၿပီးေတာ့သူဟာလူတိုင္းကို တိုးတက္လာဖို ့ကူညီေပးပါတယ္။” 

သူဟာ ေန ့တိုင္းအေကာင္းဆံုးတစ္ေယာက္ျဖစ္လာခ်င္တဲ့သူပါ။ဒါဟာ ကၽြန္ေတာ္တို ့အားလံုးကိုကူညီရာေရာက္တဲ့သူ ့ရဲ့အေရးၾကီးတဲ့တန္ဖိုးတစ္ခုပါပဲ။ကၽြန္ေတာ္မအံၾသပါဘူး။သူကစားတာကို ေတြ ့ရတာေကာင္းပါတယ္။ဘာလို ့လဲဆိုေတာ့ သူဟာ ကြဲျပားျခားနားတဲ့ကစားသမားတစ္ေယာက္မို ့ပါ။ရိုနယ္ဒိုရဲ ့အၾကီးမားဆံုးအရည္အေသြးက ပြဲမွာေရာ ထရိန္နင္မွာပါ အရမ္းကိုအာရံုစူးစိုက္မႈရိွတာပါပဲ။သူဟာကစားပြဲအတြင္းမွာလည္းေဘာလံုးတစ္ခုထဲသာအာရံုစိုက္ထားတဲ့အေလ့အက်င့္အျမဲရိွထားတာပါ။ကၽြန္ေတာ္သူ ့ဆီကလိုခ်င္တာက သြင္းဂိုးေတြပါ။သူလည္းအဲ့ဒါကို ေကာင္းေကာင္းသိတယ္ေလ။ခရစ္တီယာနိုဟာ လူတိုင္းအတြက္ဥပမာတစ္ခုပါပဲ။” 

စီးရီးေအဖလားက ဂ်ဳဗင္တပ္စ္အတြက္သာမန္ေအာင္ျမင္မႈတစ္ခုပါ။ခ်န္ပီယံလိပ္မွာဆိုရင္ေတာ့ခင္ဗ်ားကံေကာင္းဖို ့လိုပါတယ္။ရိုနယ္ဒိုဟာဂ်ဴဗင္တပ္စ္အတြက္ေတာ့ အီတလီေဘာလံုးေလာကအတြက္ပါေက်နပ္စရာပါပဲ။


ရိုနယ္ဒိုဟာ ၂၀၁၈ ျပကၡဒိန္ကို ရီးရဲလ္အသင္းအတြက္ထိပ္တန္းဂိုးသြင္းသူအျဖစ္ေရာ ဂ်ဴဗင္တပ္စ္အသင္းအတြက္ ဒုတိယသြင္းဂိုးအမ်ားဆံုးသူအျဖစ္ပါ အဆံုးသတ္နိုင္ခဲ့ၿပီး မွတ္တမ္းမ်ားအရလည္း သူဟာဂိုးသာသြင္းယူတတ္တဲ့သူတစ္ေယာက္ထက္အမ်ားၾကီးအသင္းကို အက်ိဳးျပဳေနတယ္ဆိုတာသက္ေသျပထားတာပဲျဖစ္ပါတယ္။

(Unicode)

ဂျူဗင်တပ်စ်ကနေထွက်ခွာပါကသူ့ရဲ့အနာဂတ်အစီအစဉ်အကြောင်းအရိပ်အမြွက်ဆိုလိုက်တဲ့ရိုနယ်ဒို


ဂျုဗင်တပ်စ်အသင်းဟာ ခရစ်စတီယာနိုရိုနယ်ဒိုရဲ့ကစားသမားဘဝနောက်ဆုံးကလပ်မဟုတ်နိုင်ပါဘူး။ဘာလို့လဲဆိုတော့ သူ့ရဲ့အရင်အသင်းဟောင်းတွေထဲက အသင်းတစ်သင်းဆီပြန်သွားကစားဖို့အရိပ်အမြွက်ပြောကြားခဲ့လို့ပါ။

မန်ချက်စတာယူနိုက်တက်နဲ့ရီးရဲလ်မက်ဒရစ်စတားဟောင်းကို သူ့ရဲ့အနာဂတ်နဲ့ပတ်သတ်ပြီးမေးမြန်းခဲ့ရာမှာတော့ သူ့ကစားခဲ့ဖူးတဲ့ပေါ်တူဂီကလပ်စပို့တင်းစ်ကလပ်ဆီသွားကစားဖို့ဖြစ်နိုင်ချေရှိကြောင်းအရိပ်အမြွက်ဆိုခဲ့တာပဲဖြစ်ပါတယ်။

” နာနီလို မျိုး စပို့စ်တင်းကို ကျွန်တော်ပြန်သွားမှာလား? ဘောလုံးလောကမှာ ခင်ဗျားတို့ဘယ်လိုမှကြိူမသိနိုင်ပါဘူး” လို့Fox Sports ကိုပြောကြားခဲ့တာပါ။ဒီလိုအသင်းဟောင်းဆီပြန်သွားဖို့ဆိုတာ ရိုနယ်ဒိုတစ်ယောက်ပြီးခဲ့တဲ့ နွေရာသီက ဂျူဗင်တပ်စ်အသင်းနဲ့၄နှစ်စာချုပ်မချုပ်ခင်ဖြစ်နိုင်ဖွယ်ရှိခဲ့တာပါ။ဘောလုံးဒီအော်၅ကြိမ်ရကစားသမားဟာ ၂၀၀၂ ခုနှစ်ကစတင်ပြီး သူ့ရဲ့စီနီယာကစားသမားဘဝကို စပို့စ်တင်းကလပ်နဲ့ကစားခဲ့တာဖြစ်ကာ ၂၅ ပွဲကစားခဲ့တာပဲဖြစ်ပါတယ်။

ရိုနယ်ဒိုဟာ ဒီရာသီမှာ ဂျုဗင်တပ်စ်အသင်းအတွက်၁၉ ပွဲကစားထားပြီး ၁၄ဂိုးထိသွင်းယူထားတာပဲဖြစ်ပါတယ်။ဂျူဗင်တပ်စ်နည်းပြအယ်လီဂရီကတော့ ရိုနယ်ဒိုရဲ့ပရိုဖယ်ရှှုင်နယ်ဆန်မှုတွေနဲ့အတူ စိတ်အားထက်သန်မှုတွေအပေါ် ချီးကျူးပြောကြားခဲ့ပါတယ်။

” ကျွန်တော်ထင်ထားတာထက်သူဟာ ကွဲပြားနေတဲ့သူမဟုတ်ပါဘူး။သူဟာပြိုင်ဆိုင်မှုပြင်းထန်တဲ့ စိတ်ဓာတ်နဲ့အတူအတော်ကောင်းမွန်တဲ့ ပရိုဖယ်ရှင်နယ်ဆန်တာတွေကို ကျွန်တော်သိထားပါတယ်။ပြီးတော့သူဟာလူတိုင်းကို တိုးတက်လာဖို့ကူညီပေးပါတယ်။” 

” သူဟာ နေ့တိုင်းအကောင်းဆုံးတစ်ယောက်ဖြစ်လာချင်တဲ့သူပါ။ဒါဟာ ကျွန်တော်တို့အားလုံးကိုကူညီရာရောက်တဲ့သူ့ရဲ့အရေးကြီးတဲ့တန်ဖိုးတစ်ခုပါပဲ။ကျွန်တော်မအံသြပါဘူး။သူကစားတာကို တွေ့ရတာကောင်းပါတယ်။ဘာလို့လဲဆိုတော့ သူဟာ ကွဲပြားခြားနားတဲ့ကစားသမားတစ်ယောက်မို့ပါ။ရိုနယ်ဒိုရဲ့အကြီးမားဆုံးအရည်အသွေးက ပွဲမှာရော ထရိန်နင်မှာပါ အရမ်းကိုအာရုံစူးစိုက်မှုရှိတာပါပဲ။သူဟာကစားပွဲအတွင်းမှာလည်းဘောလုံးတစ်ခုထဲသာအာရုံစိုက်ထားတဲ့အလေ့အကျင့်အမြဲရှိထားတာပါ။ကျွန်တော်သူ့ဆီကလိုချင်တာက သွင်းဂိုးတွေပါ။သူလည်းအဲ့ဒါကို ကောင်းကောင်းသိတယ်လေ။ခရစ်တီယာနိုဟာ လူတိုင်းအတွက်ဥပမာတစ်ခုပါပဲ။” 

” စီးရီးအေဖလားက ဂျုဗင်တပ်စ်အတွက်သာမန်အောင်မြင်မှုတစ်ခုပါ။ချန်ပီယံလိပ်မှာဆိုရင်တော့ခင်ဗျားကံကောင်းဖို့လိုပါတယ်။ရိုနယ်ဒိုဟာဂျူဗင်တပ်စ်အတွက်တော့ အီတလီဘောလုံးလောကအတွက်ပါကျေနပ်စရာပါပဲ။”

ရိုနယ်ဒိုဟာ ၂၀၁၈ ပြက္ခဒိန်ကို ရီးရဲလ်အသင်းအတွက်ထိပ်တန်းဂိုးသွင်းသူအဖြစ်ရော ဂျူဗင်တပ်စ်အသင်းအတွက် ဒုတိယသွင်းဂိုးအများဆုံးသူအဖြစ်ပါ အဆုံးသတ်နိုင်ခဲ့ပြီး မှတ်တမ်းများအရလည်း သူဟာဂိုးသာသွင်းယူတတ်တဲ့သူတစ်ယောက်ထက်အများကြီးအသင်းကို အကျိုးပြုနေတယ်ဆိုတာသက်သေပြထားတာပဲဖြစ်ပါတယ်။

No comments

Powered by Blogger.