Header Ads


လီဗာပူးလ္တို ့ရဲ ့ေရႊဖလားအိပ္မက္ကို ရိုက္ခ်ိဳးခဲ့တဲ့ ပတ္ဂြာဒီယိုလာ







Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဂ်ာဂန္ကေလာ့ရဲ ့လီဗာပူးလ္အသင္းဟာ အီတီဟဒ္ကြင္းမွာ မန္စီးတီးအသင္းကို - ျဖင့္ရံႈးနိမ့္ခဲ့ၿပီးေနာက္ ဒုတိယေနရာမွ မန္စီးတီးတို ့နဲ ့၄မွတ္သာကြာဟၿပီးဇယားထိပ္မွာဆက္လက္ဦးေဆာင္ေနဆဲျဖစ္ပါတယ္။

ဂ်ာဂန္ကေလာ့တို ့ရဲ ့အဖြဲ ့သားေတြဟာနည္းျပပတ္ရဲ ့မန္စီးတီးတိုက္စစ္ကို ေကာင္းေကာင္းမဟန္ ့တာနိုင္ခဲ့ပါဘူး။ပြဲစဥ္ ၂၀ အထိ ေျခစြမ္းျပကစားခဲ့တဲ့ လီဗာပူးလ္တို ့ေနာက္တန္းဟာလည္း ဒီပြဲမွာအာရံုစူးစိုုက္မႈေလ်ာ့နည္းေနခဲ့တာျဖစ္ၿပီး အဂူရို၊စတာလင္တို ့ရဲ ့အပိုင္အဆံုးသတ္တစ္ခ်ိဳ့ ဂိုးအျဖစ္မေျပာင္းလဲနိုင္ခဲ့လိုသာ လီဗာပူးလ္တို ့ဒီရလဒ္နဲ ့သက္သာရရခဲ့တာပဲျဖစ္ပါတယ္။

လီဗာပူးလ္တို ့ဟာ ဒီပြဲမွာတိုက္စစ္ပိုင္းအရ တစ္ခ်က္တစ္ခ်က္ အႏၱရာယ္မ်ားတဲ့ထိုးေဖာက္မႈေတြလုပ္ေဆာင္နိုင္ခဲ့ေသာ္လည္း ဖာမီနိုနဲ့ မာေနးတို ့ကို အပိုင္ကပ္ထားၾကတဲ့မန္စီးတီးေနာက္ခံလူေတြေၾကာင့္ လီဗာပူးလ္တို ့ထင္သေလာက္အလုပ္မျဖစ္ခဲ့တာပါ။ဂ်ာဂန္ကေလာ့ဟာ မန္စီးတီးတို ့ရဲ့ကြင္းလယ္ေဘာလံုးပိုင္ဆိုင္မႈကို ဖ်က္စီးဖို ့ဟန္ဒါဆင္၊၀စ္ခ်္နယ္လ္ဒန္နဲ ့မီလ္နာတို ့ကိုထိပ္သံုးခဲ့တာဟာ မွန္သင့္သေလာက္မွန္ေသာ္လည္း အဆိုပါကြင္းလယ္လူ ၃ဦးဟာ ခံစစ္ကိုသာအားျပဳလြန္းေနျခင္း၊တိုက္စစ္လိုက္ပါဖို ့ေၾကာက္ေနျခင္းက တိုက္စစ္မွာ အပိုင္လူကပ္ျခင္းခံထားရတဲ့ မာေနး၊ဖာမီနိ၊ဆာလာတို ့ကိုေနရာလြတ္ေတြရွာေဖြမေပးနိုင္ခဲ့ပါဘူး။

သို ့ေသာ္လည္း အဂူရို ရဲ့ လွပေသသပ္တဲ့ေဒါင့္က်ဥ္းဂိုးကို မသြင္းယူခင္မွာေတာ့ မာေနး၊ဆာလာ၊ဖာမီနိတို ့ရဲ ့လွပတဲ့တြဲလံုးကေန ဂိုးရလုနီးပါးျဖစ္ခဲ့ၿပီးဂိုးစည္းေက်ာ္ေနၿပီျဖစ္တဲ့ ေဘာလံုးကို ဂၽြန္စတုန္းတစ္ေယာက္ျဖတ္ထုတ္ခဲ့ေသာ္လည္း ကြင္းလယ္ဒိုင္က ဂိုးအျဖစ္လံုး၀မသတ္မွတ္ေပးခဲ့တာကေတာ့ လီဗာပူးလ္တို ့အတြက္နစ္နာခဲ့ရပါတယ္။

ဒုတိယပိုင္းေရာက္မွာေတာ့ ေခ်ပဂိုးရဖို ့ၾကိဳးစားေနတဲ့ လီဗာပူးလ္တို ့အတြက္ဖာမီနိုက မန္စီးတီးေနာက္ခံလူေတြ လူကပ္ပံုအားနည္းမႈကေနေခ်ပဂိုးသြင္းယူခဲ့ပါတယ္။

ဒီပြဲမွာ လီဗာပူးလ္တို ့မန္စီးတီးကို ရံႈးနိမ့္ခဲ့ရတဲ့ အေၾကာင္းအရင္းက အစြန္ေနာက္ခံလူ ၂ဦးျဖစ္ၾကတဲ့ အာနိုးလ္နဲ ့ေရာဘတ္ဆန္တို ့ကို တိုက္စစ္အထိအလြန္အကၽြံလိုက္ပါကစားေစတာက ေတာင္ပံတိုက္စစ္ကိုအထူးအားကိုးတဲ့ နည္းျပပတ္ရဲ ့တပည့္ေက်ာ္ ၂ေယာက္ ျဖစ္တဲ့ စတာလင္နဲ ့ဆာေနးတို ့ရဲ ့တိုးအား၊ေျပးအားေတြကို ဟန္ ့တားဖို ့အေတာ္ေလးခက္ခဲသြားေစခဲ့တာပဲျဖစ္ပါတယ္။

လီဗာပူးလ္ကြင္းလယ္လူေတြေရာ၊အစြန္ေနာက္ခံလူေတြပါ တိုက္စစ္ကို လိုက္ကစားေနခ်ိန္မွာေတာ့ မန္စီးတီးတို ့ဟာ တန္ျပန္တိုက္စစ္ဆင္ဖို ့အေကာင္းဆံုးေနရာလြတ္ေတြရရိွခဲ့ၿပီး တန္ျပန္တိုက္စစ္ကေနပဲ ဆာေနးက လွပေသသပ္တဲ့ ဂိုးတစ္ဂိုးကို သြင္းယူခဲ့ပါတယ္။

လီဗာပူးလ္တို ့သက္သာရရခဲ့တာက မန္စီးတီးတိုက္စစ္မွဴး အဂူရို တစ္ေယာက္ ပံုမွန္ေျခစြမ္းေအာက္ေရာက္ေနလို ့သာျဖစ္ၿပီး လီဗာပူးလ္ေနာက္ခံလူေလာဗရန္အမွားေတြကို ဗန္ဒိုက္စစ္တစ္ေယာက္လိုက္ျဖည့္ေပးေနရတာကလည္းရင္ေမာစရာျဖစ္ခဲ့ပါတယ္။

မန္စီးတီးတို ့ဟာ ဒီနိုင္ပြဲဟာ သူတို ့ရဲ ့ပရီးမီးယားလိပ္ခ်န္ပီယံဆုကိုကာကြယ္ဖို ့အသက္တစ္မ ွ်အေရးပါတဲ့အားေဆးတစ္ခြက္ျဖစ္ခဲ့တာေတာ့အမွန္ပါပဲ။


လီဗာပူးလ္တို ့ဒီရာသီပရီးမီးယားလိပ္ဖလားကို ဆြတ္ခူးနိုင္ပါ့မလား?

(Unicode)

လီဗာပူးလ်တို့ရဲ့ရွှေဖလားအိပ်မက်ကို ရိုက်ချိုးခဲ့တဲ့ ပတ်ဂွာဒီယိုလာ

ဂျာဂန်ကလော့ရဲ့လီဗာပူးလ်အသင်းဟာ အီတီဟဒ်ကွင်းမှာ မန်စီးတီးအသင်းကို ၂-၁ ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် ဒုတိယနေရာမှ မန်စီးတီးတို့နဲ့၄မှတ်သာကွာဟပြီးဇယားထိပ်မှာဆက်လက်ဦးဆောင်နေဆဲဖြစ်ပါတယ်။

ဂျာဂန်ကလော့တို့ရဲ့အဖွဲ့သားတွေဟာနည်းပြပတ်ရဲ့မန်စီးတီးတိုက်စစ်ကို ကောင်းကောင်းမဟန့်တာနိုင်ခဲ့ပါဘူး။ပွဲစဉ် ၂၀ အထိ ခြေစွမ်းပြကစားခဲ့တဲ့ လီဗာပူးလ်တို့နောက်တန်းဟာလည်း ဒီပွဲမှာအာရုံစူးစိုက်မှုလျော့နည်းနေခဲ့တာဖြစ်ပြီး အဂူရို၊စတာလင်တို့ရဲ့အပိုင်အဆုံးသတ်တစ်ချို့ ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့လိုသာ လီဗာပူးလ်တို့ဒီရလဒ်နဲ့သက်သာရရခဲ့တာပဲဖြစ်ပါတယ်။

လီဗာပူးလ်တို့ဟာ ဒီပွဲမှာတိုက်စစ်ပိုင်းအရ တစ်ချက်တစ်ချက် အန္တရာယ်များတဲ့ထိုးဖောက်မှုတွေလုပ်ဆောင်နိုင်ခဲ့သော်လည်း ဖာမီနိုနဲ့ မာနေးတို့ကို အပိုင်ကပ်ထားကြတဲ့မန်စီးတီးနောက်ခံလူတွေကြောင့် လီဗာပူးလ်တို့ထင်သလောက်အလုပ်မဖြစ်ခဲ့တာပါ။ဂျာဂန်ကလော့ဟာ မန်စီးတီးတို့ရဲ့ကွင်းလယ်ဘောလုံးပိုင်ဆိုင်မှုကို ဖျက်စီးဖို့ဟန်ဒါဆင်၊ဝစ်ချ်နယ်လ်ဒန်နဲ့မီလ်နာတို့ကိုထိပ်သုံးခဲ့တာဟာ မှန်သင့်သလောက်မှန်သော်လည်း အဆိုပါကွင်းလယ်လူ ၃ဦးဟာ ခံစစ်ကိုသာအားပြုလွန်းနေခြင်း၊တိုက်စစ်လိုက်ပါဖို့ကြောက်နေခြင်းက တိုက်စစ်မှာ အပိုင်လူကပ်ခြင်းခံထားရတဲ့ မာနေး၊ဖာမီနိ၊ဆာလာတို့ကိုနေရာလွတ်တွေရှာဖွေမပေးနိုင်ခဲ့ပါဘူး။

သို့သော်လည်း အဂူရို ရဲ့ လှပသေသပ်တဲ့ဒေါင့်ကျဉ်းဂိုးကို မသွင်းယူခင်မှာတော့ မာနေး၊ဆာလာ၊ဖာမီနိတို့ရဲ့လှပတဲ့တွဲလုံးကနေ ဂိုးရလုနီးပါးဖြစ်ခဲ့ပြီးဂိုးစည်းကျော်နေပြီဖြစ်တဲ့ ဘောလုံးကို ဂျွန်စတုန်းတစ်ယောက်ဖြတ်ထုတ်ခဲ့သော်လည်း ကွင်းလယ်ဒိုင်က ဂိုးအဖြစ်လုံးဝမသတ်မှတ်ပေးခဲ့တာကတော့ လီဗာပူးလ်တို့အတွက်နစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်းရောက်မှာတော့ ချေပဂိုးရဖို့ကြိုးစားနေတဲ့ လီဗာပူးလ်တို့အတွက်ဖာမီနိုက မန်စီးတီးနောက်ခံလူတွေ လူကပ်ပုံအားနည်းမှုကနေချေပဂိုးသွင်းယူခဲ့ပါတယ်။

ဒီပွဲမှာ လီဗာပူးလ်တို့မန်စီးတီးကို ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းအရင်းက အစွန်နောက်ခံလူ ၂ဦးဖြစ်ကြတဲ့ အာနိုးလ်နဲ့ရောဘတ်ဆန်တို့ကို တိုက်စစ်အထိအလွန်အကျွံလိုက်ပါကစားစေတာက တောင်ပံတိုက်စစ်ကိုအထူးအားကိုးတဲ့ နည်းပြပတ်ရဲ့တပည့်ကျော် ၂ယောက် ဖြစ်တဲ့ စတာလင်နဲ့ဆာနေးတို့ရဲ့တိုးအား၊ပြေးအားတွေကို ဟန့်တားဖို့အတော်လေးခက်ခဲသွားစေခဲ့တာပဲဖြစ်ပါတယ်။

လီဗာပူးလ်ကွင်းလယ်လူတွေရော၊အစွန်နောက်ခံလူတွေပါ တိုက်စစ်ကို လိုက်ကစားနေချိန်မှာတော့ မန်စီးတီးတို့ဟာ တန်ပြန်တိုက်စစ်ဆင်ဖို့အကောင်းဆုံးနေရာလွတ်တွေရရှိခဲ့ပြီး တန်ပြန်တိုက်စစ်ကနေပဲ ဆာနေးက လှပသေသပ်တဲ့ ဂိုးတစ်ဂိုးကို သွင်းယူခဲ့ပါတယ်။

လီဗာပူးလ်တို့သက်သာရရခဲ့တာက မန်စီးတီးတိုက်စစ်မှူး အဂူရို တစ်ယောက် ပုံမှန်ခြေစွမ်းအောက်ရောက်နေလို့သာဖြစ်ပြီး လီဗာပူးလ်နောက်ခံလူလောဗရန်အမှားတွေကို ဗန်ဒိုက်စစ်တစ်ယောက်လိုက်ဖြည့်ပေးနေရတာကလည်းရင်မောစရာဖြစ်ခဲ့ပါတယ်။

မန်စီးတီးတို့ဟာ ဒီနိုင်ပွဲဟာ သူတို့ရဲ့ပရီးမီးယားလိပ်ချန်ပီယံဆုကိုကာကွယ်ဖို့အသက်တစ်မ ျှအရေးပါတဲ့အားဆေးတစ်ခွက်ဖြစ်ခဲ့တာတော့အမှန်ပါပဲ။

လီဗာပူးလ်တို့ဒီရာသီပရီးမီးယားလိပ်ဖလားကို ဆွတ်ခူးနိုင်ပါ့မလား?

No comments

Powered by Blogger.