ဟာရီကိန္းတစ္ေယာက္လူကၽြံေနေၾကာင္းလက္ပ္ေတာ့ၾကီးတစ္လံုးနဲ ့ရွင္းျပခဲ့တဲ့နည္းျပဆာရီ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
VARစနစ္ရဲ့ဆံုးျဖတ္ခ်က္က ပြဲတစ္ခုလံုးကိုလႈပ္ခါသြားေစခဲ့ပါတယ္။ၿပီးခဲ့တဲ့ညကာရာေဘာင္ဖလား ဆီမီးဖိုင္နယ္ပြဲစဥ္ျဖစ္တဲ့ခ်ဲလ္ဆီးအသင္းႏွင့္ စပါးအသင္းပြဲစဥ္မွာ စပါးအသင္းတိုက္စစ္မႈးဟာရီကိန္းေၾကာင့္ရ႐ွိခဲ့တဲ့ပင္နယ္တီဂိုးျဖင့္ပိုခ်က္တီႏိုတို ့ ဝင္ဘေလကြင္းမွာအႏိုင္ရ႐ွိေစခဲ့ပါတယ္။အဆိုပါဂိုးကို ဟာရီကိန္းက ၂၆မိနစ္မွာသြင္းယူခဲ့ၿပီး အျငင္းပြယ္ဖြယ္ရာအေနအထားနဲ႔ရ႐ွိခဲ့တဲ့ဂိုးလည္းျဖစ္ပါတယ္။ခ်ဲလ္ဆီးအသင္းဂိုုးသမားက အဆိုပါ အဂၤလန္တိုက္စစ္မႉးကုိ ဧရိယာထဲမွာဖ်က္ထုတ္ခဲ့တာေၾကာင့္ပင္နယ္တီေပးခဲ့ရျခင္းျဖစ္ပါတယ္။အစပိုင္းဆံုးျဖတ္ခ်က္က အလြတ္တည္ကန္ေဘာအျဖစ္အတည္ျပဳခဲ့ေသာ္လည္း ကိန္းကလူကြၽံေဘာျဖစ္ေနခဲ့တယ္။ဒါေပမယ့္ အဆိုပါ ဆံုးျဖတ္ခ်က္ကိုျပင္ဆင္ခဲ့ၿပီး ဒိုင္လူႀကီးအိုလီဗာက ပင္နယ္တီအျဖစ္ေျပာင္းလဲသတ္မွတ္ခဲ့ပါတယ္။ဒီဆံုးျဖတ္ခ်က္ကအေတာ္ေလးကိုအျငင္းပြားဖြယ္ရာျဖစ္ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းကစားသမားေတြက ဒိုင္လူႀကီးကိုပတ္ၿပီးေမးခြန္းထုတ္ခဲ့ၾကပါတယ္။အဆိုပါဆံုးျဖတ္ခ်က္ကိုဒိုင္လူႀကီးက VARစနစ္မွ ရယူကာဆံုးျဖတ္ခဲ့ျခင္းျဖစ္ပါတယ္။
ခ်ဲလ္ဆီးအသင္းနည္းျပဆာရီကဒီကိစၥကိုေျဖ႐ွင္းဖို႔အတြက္သူရဲ႕လပ္ေတာ့ျဖင့္ကိန္းလူကြၽံေနတာကိုသက္ေသျပခဲ့ပါတယ္။
ဒါကခ်ဲလ္ဆီးအသင္းနည္းျပဆာရီအတြက္ ၿပီးဆံုးဖို႔မ႐ွိတဲ့အျငင္းပြားစရာတစ္ခုျဖစ္လာခဲ့ပါတယ္။ဆာရီက စပါးအသင္းကစားသမာဟာရီကိန္းတကယ္ကိုလူကြၽံေနတယ္ဆိုတာကိုသက္ေသျပဖို႔အတြက္ အဆိုပါပြဲစဥ္ကိုခြဲျခမ္းစိတ္ျဖာၿပီးသူရဲ့လပ္ေတာ့ျဖင့္သက္ေသျပခဲ့ပါတယ္။သူက အကူဒိုင္လူႀကီးအလံေထာင္ျပျခင္းကိုရပ္တန္႔လိုက္တဲ့အခ်ိန္ မွာသူရဲ႕ ေနာက္ခံလူတြန္႔ဆုတ္သြားခဲ့ၿပီးဟာရီကိန္းကလူကြၽံအေနအထားကိုေရာက္႐ွိေနခဲ့ပါတယ္။
"ကြၽန္ေတာ္ တို႔ကင္မရာေတြက လိုင္းစညး္မ်ည္းေပၚမွာဟာရီကိန္းႏွင့္အတူ႐ွိခဲ့ၿပီးတဲ့ေနာက္မွာ သူရဲ႕ ေခါင္းနဲ႔ ဒူးေခါင္း က လူကြၽံေနခဲ့တယ္ လို႔"ဆာရီကဆိုပါတယ္။
"ကြၽန္ေတာ္ကင္မရာမွတ္တမ္းေတြကေနဒီ႐ုပ္သံကိုေတြျမင္ခဲ့ရတာပါ။VARကင္မရာကတစ္ျခားပံုစံအေနအထားကိုလွည့္ၿပီးမွတ္တမ္းတင္ေနေကာင္းတင္ေနႏိုင္တယ္။ဒါေပမယ့္ကြၽန္ေတာ္တို႔ေနရာကၾကည့္ရင္လူကြၽံေနတာသိသိသာသာႀကီးပါဗ်ာ။ဒါကအရမ္းကိုအေရးႀကီးလို႔ စည္းၾကပ္ဒိုင္ကရပ္လိုက္တာပါ။ကြၽန္ေတာ္ေနာက္တန္းလူေတြအတြက္သူကအမ်ားႀကီးသက္ေရာက္ေစခဲ့ပါတယ္။"
"အဂၤလိဂ္ဒိုင္ေတြဘာလို႔ VARစနစ္ကိုဘာလို႔အသံုးျပဳခဲ့တယ္ဆိုတာမစဥ္းစားႏိုင္ေအာင္ပါပဲ။အကယ္၍မင္းမေသခ်ာမွအဲဒီစနစ္ကိုအသံုးျပဳရမွာေလ။မင္းေဘာလံုးေနာက္အတူတူလိုက္ေနတဲ့အခ်ိန္မွာ ဒီလႈပ္႐ွားမႈေတြကိုရပ္တန္႔ဖို႔ဆံုးျဖတ္ခ်က္ ခ်ရမယ္ေလ။ဒါေပမယ့္သူရပ္ခဲ့ပါတယ္။ၿပီးေတာ့ေဘာလံုးေနာက္မလိုက္ေတာ့ဘူး။ ကြၽန္ေတာ္တို႔ ေနာက္တန္းလူေတြကအတြက္ဒါကလူကြၽံေနတာအ႐ွင္းႀကီးေလဗ်ာ။ဂိုးသမားအေၾကာင္းေတာ့ဘာမွမသိလိုက္ဘူး။ေနာက္တန္းလူေတြအေၾကာင္းပဲေသခ်ာသိတယ္။"
ဆာရီကသူရဲ႕ေဆြးေႏြးမႈကိုဆက္ခဲ့ၿပီး အီတလီမွာသူတို့VARစနစ္ကိုစတင္အသံုးျပဳစဥ္က VARစနစ္ကတကယ္ကို အႏၲရာယ္ေကာင္ႀကီးပါလို႔ဆိုပါတယ္။
"အီတလီမွာ VARစနစ္စတင္အသံုးျပဴေတာ့ဒီစနစ္ႀကီးကတကယ္ကို အႏၲရာယ္ဒုကၡေပးတဲ့ေကာင္ႀကီးပါ။ ဒိုင္လူႀကီးေတြကဒီစနစ္ကိုအသံုးျပဴဖို႔မသိၾကဘူးဗ်။ ကြၽန္ေတာ္အထင္ ဒိုင္လူႀကီးက အဲဒီေနရာမွာမ႐ွိခဲ့ဘဲ ဒီစနစ္ကိုနည္းလမ္းမွန္မွန္မသံုးတတ္ဘူးလို႔ထင္တယ္"
"ပရီးမီးယားလိဂ္မွာဒါႀကီးကအားလံုးအတြက္ထူးဆန္းေနတယ္ဗ်။ ဒီမွာက VARမလိုဘူးေလဗ်ာ။ ကာရာေဘာင္ေလဗ်ာ"
(Unicode)
ဟာရီကိန်းတစ်ယောက်လူကျွံနေကြောင်းလက်ပ်တော့ကြီးတစ်လုံးနဲ့ရှင်းပြခဲ့တဲ့နည်းပြဆာရီ
VARစနစ်ရဲ့ဆုံးဖြတ်ချက်က ပွဲတစ်ခုလုံးကိုလှုပ်ခါသွားစေခဲ့ပါတယ်။ပြီးခဲ့တဲ့ညကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ချဲလ်ဆီးအသင်းနှင့် စပါးအသင်းပွဲစဉ်မှာ စပါးအသင်းတိုက်စစ်မှုးဟာရီကိန်းကြောင့်ရရှိခဲ့တဲ့ပင်နယ်တီဂိုးဖြင့်ပိုချက်တီနိုတို့ ဝင်ဘလေကွင်းမှာအနိုင်ရရှိစေခဲ့ပါတယ်။အဆိုပါဂိုးကို ဟာရီကိန်းက ၂၆မိနစ်မှာသွင်းယူခဲ့ပြီး အငြင်းပွယ်ဖွယ်ရာအနေအထားနဲ့ရရှိခဲ့တဲ့ဂိုးလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဂိုးသမားက အဆိုပါ အင်္ဂလန်တိုက်စစ်မှူးကို ဧရိယာထဲမှာဖျက်ထုတ်ခဲ့တာကြောင့်ပင်နယ်တီပေးခဲ့ရခြင်းဖြစ်ပါတယ်။အစပိုင်းဆုံးဖြတ်ချက်က အလွတ်တည်ကန်ဘောအဖြစ်အတည်ပြုခဲ့သော်လည်း ကိန်းကလူကျွံဘောဖြစ်နေခဲ့တယ်။ဒါပေမယ့် အဆိုပါ ဆုံးဖြတ်ချက်ကိုပြင်ဆင်ခဲ့ပြီး ဒိုင်လူကြီးအိုလီဗာက ပင်နယ်တီအဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကအတော်လေးကိုအငြင်းပွားဖွယ်ရာဖြစ်ခဲ့ပြီး ချဲလ်ဆီးအသင်းကစားသမားတွေက ဒိုင်လူကြီးကိုပတ်ပြီးမေးခွန်းထုတ်ခဲ့ကြပါတယ်။အဆိုပါဆုံးဖြတ်ချက်ကိုဒိုင်လူကြီးက VARစနစ်မှ ရယူကာဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းနည်းပြဆာရီကဒီကိစ္စကိုဖြေရှင်းဖို့အတွက်သူရဲ့လပ်တော့ဖြင့်ကိန်းလူကျွံနေတာကိုသက်သေပြခဲ့ပါတယ်။
ဒါကချဲလ်ဆီးအသင်းနည်းပြဆာရီအတွက် ပြီးဆုံးဖို့မရှိတဲ့အငြင်းပွားစရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဆာရီက စပါးအသင်းကစားသမာဟာရီကိန်းတကယ်ကိုလူကျွံနေတယ်ဆိုတာကိုသက်သေပြဖို့အတွက် အဆိုပါပွဲစဉ်ကိုခွဲခြမ်းစိတ်ဖြာပြီးသူရဲ့လပ်တော့ဖြင့်သက်သေပြခဲ့ပါတယ်။သူက အကူဒိုင်လူကြီးအလံထောင်ပြခြင်းကိုရပ်တန့်လိုက်တဲ့အချိန် မှာသူရဲ့ နောက်ခံလူတွန့်ဆုတ်သွားခဲ့ပြီးဟာရီကိန်းကလူကျွံအနေအထားကိုရောက်ရှိနေခဲ့ပါတယ်။
"ကျွန်တော် တို့ကင်မရာတွေက လိုင်းစည်းမျည်းပေါ်မှာဟာရီကိန်းနှင့်အတူရှိခဲ့ပြီးတဲ့နောက်မှာ သူရဲ့ ခေါင်းနဲ့ ဒူးခေါင်း က လူကျွံနေခဲ့တယ် လို့"ဆာရီကဆိုပါတယ်။
"ကျွန်တော်ကင်မရာမှတ်တမ်းတွေကနေဒီရုပ်သံကိုတွေမြင်ခဲ့ရတာပါ။VARကင်မရာကတစ်ခြားပုံစံအနေအထားကိုလှည့်ပြီးမှတ်တမ်းတင်နေကောင်းတင်နေနိုင်တယ်။ဒါပေမယ့်ကျွန်တော်တို့နေရာကကြည့်ရင်လူကျွံနေတာသိသိသာသာကြီးပါဗျာ။ဒါကအရမ်းကိုအရေးကြီးလို့ စည်းကြပ်ဒိုင်ကရပ်လိုက်တာပါ။ကျွန်တော်နောက်တန်းလူတွေအတွက်သူကအများကြီးသက်ရောက်စေခဲ့ပါတယ်။"
"အင်္ဂလိဂ်ဒိုင်တွေဘာလို့ VARစနစ်ကိုဘာလို့အသုံးပြုခဲ့တယ်ဆိုတာမစဉ်းစားနိုင်အောင်ပါပဲ။အကယ်၍မင်းမသေချာမှအဲဒီစနစ်ကိုအသုံးပြုရမှာလေ။မင်းဘောလုံးနောက်အတူတူလိုက်နေတဲ့အချိန်မှာ ဒီလှုပ်ရှားမှုတွေကိုရပ်တန့်ဖို့ဆုံးဖြတ်ချက် ချရမယ်လေ။ဒါပေမယ့်သူရပ်ခဲ့ပါတယ်။ပြီးတော့ဘောလုံးနောက်မလိုက်တော့ဘူး။ ကျွန်တော်တို့ နောက်တန်းလူတွေကအတွက်ဒါကလူကျွံနေတာအရှင်းကြီးလေဗျာ။ဂိုးသမားအကြောင်းတော့ဘာမှမသိလိုက်ဘူး။နောက်တန်းလူတွေအကြောင်းပဲသေချာသိတယ်။"
ဆာရီကသူရဲ့ဆွေးနွေးမှုကိုဆက်ခဲ့ပြီး အီတလီမှာသူတို့VARစနစ်ကိုစတင်အသုံးပြုစဉ်က VARစနစ်ကတကယ်ကို အန္တရာယ်ကောင်ကြီးပါလို့ဆိုပါတယ်။
"အီတလီမှာ VARစနစ်စတင်အသုံးပြူတော့ဒီစနစ်ကြီးကတကယ်ကို အန္တရာယ်ဒုက္ခပေးတဲ့ကောင်ကြီးပါ။ ဒိုင်လူကြီးတွေကဒီစနစ်ကိုအသုံးပြူဖို့မသိကြဘူးဗျ။ ကျွန်တော်အထင် ဒိုင်လူကြီးက အဲဒီနေရာမှာမရှိခဲ့ဘဲ ဒီစနစ်ကိုနည်းလမ်းမှန်မှန်မသုံးတတ်ဘူးလို့ထင်တယ်"
"ပရီးမီးယားလိဂ်မှာဒါကြီးကအားလုံးအတွက်ထူးဆန်းနေတယ်ဗျ။ ဒီမှာက VARမလိုဘူးလေဗျာ။ ကာရာဘောင်လေဗျာ"
Post a Comment