ပယ္နယ္တီမကန္ခင္မွာခ်ဲလ္ဆီးပရိတ္သတ္ေတြကိုအံၾသသင့္ေစခဲ့တဲ့အထိ၀ီလီယံနဲ ့ဟီဂြာအင္တို ့ဘာျဖစ္ခဲ့ၾကတာလဲ?
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဂြမ္ဇာလိုဟီဂြာအင္ဟာ ခ်ဲလ္ဆီးအသင္းနဲ့ပြဲဦးထြက္ပြဲမွာ ဂိုးမသြင္းနိုင္ခဲ့ပါဘူး။ဒါပင္မယ့္လည္းသူဟာခ်ဲလ္ဆီးပရိတ္သတ္ေတြရဲ ့အသဲကိုေျခြခဲ့ပါတယ္။
အသက္၃၁နွစ္အရြယ္အာဂ်င္တိုင္းတိုက္စစ္မွဴးဟာ ခ်ဲလ္ဆီးအသင္းဆီ ၿပီးခဲ့တဲ့ အပတ္ကမွအငွားျဖင့္ေျပာင္းေရႊ ့ကစာခဲ့တာျဖစ္ၿပီး EFL ဖလား ဒုတိယေက်ာ့အျဖစ္ ေတာ့တင္ဟမ္နဲ ့ပြဲမွာပါ၀င္နို္င္ျခင္းမရိွခဲ့ပါဘူး။
FA ဖလားပြဲစဥ္အျဖစ္ ရွက္ဖီး၀က္ဒ္နက္စေဒး အသင္းနဲ ့ကစားတဲ့ပြဲမွာေတာ့ ေနာက္ခံလူအက္စပတ္က်ဴတာကို ရွက္ဖီးကစားသမား ဟတ္ခ်င္ဆန္က ဆြဲလွဲခ်ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးအသင္းတို ့ ပယ္နယ္တီျပစ္ဒဏ္ေဘာရရိွခဲ့ပါတယ္။
ဒီလိုအခ်ိန္ဟာ ဟီဂြာအင္အတြက္ ဂိုးသြင္းၿပီး မွတ္တမ္းအသစ္ကို စတင္ေရးထိုးဖို ့အခ်ိန္ေကာင္းမဟုတ္ပါလား?
ဒါပင္မယ့္ တကယ္ေတာ့မဟုတ္ခဲ့ပါဘူး။
၀ီလီယံဟာ ေဘာလံုးေကာက္ယူလိုက္ၿပီး ရီးရဲလ္နဲ့ ေအစီမီလန္စတားေဟာင္းဟီဂြာအင္ဆီေဘာလံုးေပးလိုက္ကာ ခ်ဲလ္ဆီးအသင္းနဲ့အသင္းသစ္အတြက္ အဖြင့္ဂိုးသြင္းယူဖို ့အခြင့္အေရးေပးလိုက္တာပဲျဖစ္ပါတယ္။
ဒါပင္မယ့္လည္း ဟီဂြာအင္က အဆိုပါအခြင့္အေရးကို ျငင္းပယ္လိုက္ကာ ၂ေယာက္သားေႏြးေထြးစြာေပြ ့ဖြက္ေနၾကတာကိုေတြ ့လိုက္ရပါတယ္။
ခ်ဲလ္ဆီးပရိတ္သတ္ေတြကေတာ့ ဟီဂြာအင္ရဲ ့အျပဳအမူခံယူခ်က္အေပၚအေတာ္ေက်နပ္သေဘာေက်နပ္ခဲ့ၾကကာ အထူးသျဖင့္ စတန္းဖို ့ဘရစ္ခ်္မွာ ဂိုးသြင္းခြင့္ရမယ့္အခြင့္အေရးကို အသင္းေဖာ္ကိုသာဦးစားေပးခဲ့တဲ့ ဟီဂြာအင္ကို သေဘာေတြ ့လ်က္ရိွေနၾကပါတယ္။ဒီသြင္းဂိုးဟာ ၀ီလီယံအတြက္ ခ်ဲလ္ဆီးအသင္းနဲ ့ၿပိဳင္ပြဲစံု သြင္းဂိုး ၅၀ ျပည့္ေျမာက္ပဲဂိုးပဲဲျဖစ္ပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ ၀ီလီယံရဲ ့ပယ္နယ္တီသြင္းဂိုးကေနရွက္ဖီးအသင္းကို အဖြင့္ဂိုးစတင္သြင္းယူနိုင္ခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ဆီသြားဖို ့ခ်ိတ္ဆက္ေနတဲ့ ဟဒ္ဆန္က ခ်ဲလ္ဆီးတို ့အတြက္ ဒုတိယဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။ဒုတိယပိုင္းၿပီးခါနီးအခ်ိန္မွာေတာ့ အသက္၃၀အရြယ္ ဘရာဇီးေတာင္ပံကစားသမား ၀ီလီယံကပဲ တတိယဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ကာ ပြဲအၿပီးမွာ ၃-၀ ျဖင့္ ရွက္ဖီးကိုအနိုင္ယူၿပီး FA ဖလား ၁၆သင္းအဆင့္ကို တက္ေရာက္သြားနိုင္ခဲ့ၿပီပဲျဖစ္ပါတယ္။
တိုက္စစ္မွဴးဟီဂြာအင္တို ့ခ်ဲလ္ဆီးမွာ ေအာင္ျမင္မႈေတြ ရယူနိုင္ပါ့မလား?
(Unicode)
ပယ်နယ်တီမကန်ခင်မှာချဲလ်ဆီးပရိတ်သတ်တွေကိုအံသြသင့်စေခဲ့တဲ့အထိဝီလီယံနဲ့ဟီဂွာအင်တို့ဘာဖြစ်ခဲ့ကြတာလဲ?
ဂွမ်ဇာလိုဟီဂွာအင်ဟာ ချဲလ်ဆီးအသင်းနဲ့ပွဲဦးထွက်ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ဒါပင်မယ့်လည်းသူဟာချဲလ်ဆီးပရိတ်သတ်တွေရဲ့အသဲကိုခြွေခဲ့ပါတယ်။
အသက်၃၁နှစ်အရွယ်အာဂျင်တိုင်းတိုက်စစ်မှူးဟာ ချဲလ်ဆီးအသင်းဆီ ပြီးခဲ့တဲ့ အပတ်ကမှအငှားဖြင့်ပြောင်းရွှေ့ကစာခဲ့တာဖြစ်ပြီး EFL ဖလား ဒုတိယကျော့အဖြစ် တော့တင်ဟမ်နဲ့ပွဲမှာပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး။
FA ဖလားပွဲစဉ်အဖြစ် ရှက်ဖီးဝက်ဒ်နက်စဒေး အသင်းနဲ့ကစားတဲ့ပွဲမှာတော့ နောက်ခံလူအက်စပတ်ကျူတာကို ရှက်ဖီးကစားသမား ဟတ်ချင်ဆန်က ဆွဲလှဲချခဲ့တာကြောင့် ချဲလ်ဆီးအသင်းတို့ ပယ်နယ်တီပြစ်ဒဏ်ဘောရရှိခဲ့ပါတယ်။
ဒီလိုအချိန်ဟာ ဟီဂွာအင်အတွက် ဂိုးသွင်းပြီး မှတ်တမ်းအသစ်ကို စတင်ရေးထိုးဖို့အချိန်ကောင်းမဟုတ်ပါလား?
ဒါပင်မယ့် တကယ်တော့မဟုတ်ခဲ့ပါဘူး။
ဝီလီယံဟာ ဘောလုံးကောက်ယူလိုက်ပြီး ရီးရဲလ်နဲ့ အေစီမီလန်စတားဟောင်းဟီဂွာအင်ဆီဘောလုံးပေးလိုက်ကာ ချဲလ်ဆီးအသင်းနဲ့အသင်းသစ်အတွက် အဖွင့်ဂိုးသွင်းယူဖို့အခွင့်အရေးပေးလိုက်တာပဲဖြစ်ပါတယ်။
ဒါပင်မယ့်လည်း ဟီဂွာအင်က အဆိုပါအခွင့်အရေးကို ငြင်းပယ်လိုက်ကာ ၂ယောက်သားနွေးထွေးစွာပွေ့ဖွက်နေကြတာကိုတွေ့လိုက်ရပါတယ်။
ချဲလ်ဆီးပရိတ်သတ်တွေကတော့ ဟီဂွာအင်ရဲ့အပြုအမူခံယူချက်အပေါ်အတော်ကျေနပ်သဘောကျေနပ်ခဲ့ကြကာ အထူးသဖြင့် စတန်းဖို့ဘရစ်ချ်မှာ ဂိုးသွင်းခွင့်ရမယ့်အခွင့်အရေးကို အသင်းဖော်ကိုသာဦးစားပေးခဲ့တဲ့ ဟီဂွာအင်ကို သဘောတွေ့လျက်ရှိနေကြပါတယ်။ဒီသွင်းဂိုးဟာ ဝီလီယံအတွက် ချဲလ်ဆီးအသင်းနဲ့ပြိုင်ပွဲစုံ သွင်းဂိုး ၅၀ ပြည့်မြောက်ပဲဂိုးပဲဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဝီလီယံရဲ့ပယ်နယ်တီသွင်းဂိုးကနေရှက်ဖီးအသင်းကို အဖွင့်ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ဆီသွားဖို့ချိတ်ဆက်နေတဲ့ ဟဒ်ဆန်က ချဲလ်ဆီးတို့အတွက် ဒုတိယဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ဒုတိယပိုင်းပြီးခါနီးအချိန်မှာတော့ အသက်၃၀အရွယ် ဘရာဇီးတောင်ပံကစားသမား ဝီလီယံကပဲ တတိယဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ကာ ပွဲအပြီးမှာ ၃-၀ ဖြင့် ရှက်ဖီးကိုအနိုင်ယူပြီး FA ဖလား ၁၆သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။
တိုက်စစ်မှူးဟီဂွာအင်တို့ချဲလ်ဆီးမှာ အောင်မြင်မှုတွေ ရယူနိုင်ပါ့မလား?
Post a Comment