Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်း အမ်မရိတ်မှာ - ဖြင့်အနိုင်ယူပြီးနောက် အာဆင်နယ်အသင်းကို FA ဖလားပြိုင်ပွဲကနေထွက်ခွာသွားစေခဲ့တာပဲဖြစ်ပါတယ်။
(Unicode)
 အာဆင်နယ်အသင်းကိုFA ဖလားပြိုင်ပွဲကနေထွက်ခွာသွားစေခဲ့တဲ့မန်ချက်စတာယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းရဲ့အိမ်ကွင်း အမ်မရိတ်မှာ ၁-၃ ဖြင့်အနိုင်ယူပြီးနောက် အာဆင်နယ်အသင်းကို FA ဖလားပြိုင်ပွဲကနေထွက်ခွာသွားစေခဲ့တာပဲဖြစ်ပါတယ်။
အလက်ဆစ်ဆန်းချက်စ်က သရဲနီအသင်းအတွက် အဖွင့်ဂိုး ကို အသင်းဟောင်းရဲ့ဂိုးပေါက်ဆီလှပစွာသွင်းယူခဲ့တာပဲဖြစ်ပါတယ်။အဆိုပါဂိုးဟာ လူကာကူရဲ့လှပသေသပ်တဲ့ အကွက်မြင်ပေးပို့မှုကနေရရှိခဲ့တာပဲဖြစ်ပြီး အသက်၃၀ အရွယ်ဂန်းနားစတားဟောင်းဟာ ဂိုးသမားပီတာဆက်ချ်ကို ကျော်ဖြတ်ပြီးသွင်းယူသွားခဲ့တာပဲဖြစ်ပါတယ်။
အသက်၂၅နှစ်အရွယ်ဘယ်လ်ဂျီယံတိုက်စစ်မှူးကြီးဟာ ယူနိုက်တက်တို့ရဲ့ဒုတိယဦးဆောင်ဂိုးကို ထပ်မံဖန်တီးပေးခဲ့ပြီး ဂျက်ဆီလင်ဂတ်က သွင်းယူသွားခဲ့တာပဲဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးခါနီးအချိန်မှာတော့ ရမ်ဆေးရဲ့ပါးနပ်တဲ့ဖန်တီးပေးမှုကနေ အာဆင်နယ်တိုက်စစ်မှူး အူဘာမီးယန်းက ချေပဂိုးသွင်းယူသွားခဲ့တာပဲဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပွဲချိန်အပြည့်ဖိအားပေးကစားနိုင်ခဲ့သော်လည်း ယူနိုက်တက်ရဲ့မြန်နှုန်းမြင့် တန်ပြန်တိုက်စစ်တွေကို မထိန်းနိုင်ပဲပေးဂိုးတွေခွင့်ပြုခဲ့ရတာပဲဖြစ်ပါတယ်။ဒုတိယပိုင်းရောက်မှာတော့အာဆင်နယ်အသင်းတို့ဟာ တရပ်စပ်ဖိအားပေးနိုင်ခဲ့သော်လည်း ပေါ့ဘာရဲ့တန်ပြန်တိုက်စစ်ဆင်ကန်သွင်းမှုကနေ အန်ကျလာတဲ့ ဘောလုံးကို လူစားဝင်ကစားသမား မာရှယ်က ပိတ်သွင်းယူပြီး ၁-၃ ရလဒ်ဖြင့် ပွဲပြီးသွားခဲ့ပါတယ်။
ယူနိုက်တက်တို့ရဲ့အဆိုပါနိုင်ပွဲကြောင်း နည်းပြဆိုးလ်ရှားအနေနဲ့စံချိန်သစ်စိုက်ထူနိုင်ခဲ့ပြီး ၈ပွဲဆက်အနိုင်ယူနိုင်ခဲ့တဲ့ အသင်းရဲ့ပထမဆုံးနည်းပြဖြစ်လာခဲ့ပါတယ်။
No comments
Powered by Blogger.