Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
တွစ်တာပေါ်မှာလီဗာပူးလ်ကိုဖဲ့ဖို့ဖန်ပေါင်းစုံစုစည်းခဲ့ကြတဲ့ anyonebutliverpool စာသား
လီဗာပူးလ်အသင်းဟာ လက်ရှိမှာတော့ဇယားထိပ်မှာ ရပ်တည်နေပြီး ဒုတိယနေရာကမန်စီးတီးအသင်းကို ၄မှတ်ဖြတ်ထားလျက်ရှိပါတယ်။လီဗာပူးလ်အသင်းဟာ မန်စီးတီးကို မနေ့ညကရှုံးတဲ့ပွဲမတိုင်ခင်အထိ ပရီးမီးယားလိပ်ပွဲပေါင်း ၂၀ကို ရှုံးပွဲမရှိစံချိန်ရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။
ဒါ့ကြောင့် အခြားသောပရီးမီးယားလိပ်ပရိတ်သတ်တွေက တော့ တွစ်တာစာမျက်နှာပေါ်မှာတော့ လက်ရှိလိပ်ဇယားကို လွှမ်းမိုးနေတဲ့ လီဗာပူးလ်အသင်းနဲ့ပတ်သတ်ပြီးမကျေနပ်တဲ့အကြောင်းကို Hashtag ဖြင့်တွဲတင်ထားကြတာပဲဖြစ်ပါတယ်။ အဆိုပါစာသားက လီဗာပူးလ်ကလွဲ၍ဘယ်သူမဆိုပါဆိုတဲ့ စာသားပဲဖြစ်ပါတယ်။
တွစ်တာအသုံးပြု သူပရီးမီးယားလိပ်ပရိတ်သတ်တစ်ချို့ရဲ့စာသားများကိုအောက်မှလေ့လာနိုင်ပါတယ်။
“ ငါဒီလိုပြောမိနေတာကို မယုံနိုင်ဘူး။ဒါပင်မယ့်စီးတီးကို လာထားကြ”
“ ဒီနေ့မှာ မန်စီးတီးနိုင်တာကို တွေ့ချင်တယ်လို့ဘယ်တုန်းကမှမတွေးခဲ့မိတာပါ။”
” အားလုံးအတွက်မင်္ဂလာနှစ်သစ်ဖြစ်ပါစေ။အားလုံးအတွက် ၂၀၁၉ မှာ ပျော်ရွှင်မှုတွေရရှိကြပါစေ။ လီဗာပူးလ်က လွဲ၍မည်သူမဆိုဖြစ်ပါစေ“လို့ရေးသားနေကြပါတယ်။
Anyonebutliverpool ဆိုတဲ့Hashtag စာသားက တွစ်တာစာမျက်နှာမှာနမည်ကြီးနေတာပဲဖြစ်ပါတယ်။
Post a Comment