ေဘာလံုးေလာကရဲ့စြယ္စြံက်မ္းၾကီးလို ့ဖာဂူဆန္ကိုတင္စားေခၚေ၀ၚလိုက္တဲ့ပိုခ်က္တီနို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ယူနိုက္တက္တို ့ဟာ နည္းျပၾကီးဖာဂူဆန္အနားယူသြားၿပီးေနာက္ပိုင္း သူတို ့အသင္းနဲ ့အံ၀င္ခြင္က်ျဖစ္မယ့္နည္းျပေတြကို ေျပာင္းလဲခန္ ့အပ္ခဲ့ပါတယ္။၅နွစ္တာကာလအတြင္း နည္းျပ ၄ဦးအထိခန္ ့အပ္ခဲ့တာျဖစ္ၿပီး ယခုအခ်ိန္မွာေတာ့ ယူနိုက္တက္ပရိတ္သတ္ေတြရဲ့အခ်စ္ေတာ္ အိုေလးဂန္းနာဆိုးလ္ရွားကို နည္းျပေဟာင္းေမာ္ရင္ဟိုေနရာယာယီနည္းျပအျဖစ္တာ၀န္ေပးအပ္ထားတာပဲျဖစ္ပါတယ္။
မန္ခ်က္စတာယူနိုက္တက္အသင္းဟာ သူတို ့အသင္းကို နွစ္၂၀ေက်ာ္အၾကာ ကိုင္တြယ္ၿပီးေအာင္ျမင္မႈေတြအလီလီရယူခဲ့တဲ့ ဂႏၱ၀င္နည္းျပၾကီး ဆာအဲလက္စ္ဖာဂူဆန္ကို အသင္းကေန လံုး၀ပစ္ပယ္နိုင္ျခင္းမရိွေသးပါဘူး။၂၀၁၃ ခုနွစ္ေနာက္ပိုင္း အသင္းရဲ ့နည္းျပရာထူးအတြက္ ဆာအဲလက္စ္နဲ ့တိုင္ပင္ေနရဆဲျဖစ္သလို အေရးၾကံဳလို ့အသင္းအခက္ေတြ ့ခ်ိန္ အကူအညီလိုျပန္ရင္လည္း ဂုရုၾကီးထံဆည္းပူးေနရဆဲျဖစ္ပါတယ္။အခုခ်ိန္ထိ ဦးေခါင္းေရာဂါကေန သက္သာခါစျဖစ္ေသာ္လည္း ဆာအဲလက္စ္ဖာဂူဆန္ဟာ အသင္းရဲ ့ပြဲစဥ္ေတြကို လာေရာက္ၾကည့္ရႈၿပီး အသင္းေပၚဘယ္ေလာက္ထိ ခ်စ္ျမတ္နိုးေသးလည္း အသိသာၾကီးေတြ ့ျမင္ေနရဆဲျဖစ္ပါတယ္။
ယူနိုက္တက္တို ့ရဲ ့အနာဂတ္နည္းျပအျဖစ္ ပစ္မွတ္ထားခဲ့ရတဲ့ စပါးလ္နည္းျပပိုခ်က္တီနို ကေတာ့ ယခုသူ ့အသင္းနဲ ့ေတြ ့ဆံုမယ့္ယူနိုက္တက္အသင္းမွာ နည္းျပဆိုလ္ရွားရဲ ့အၾကံေပးအျဖစ္တာ၀န္ထမ္းေဆာင္ေနတဲ့ ဖာဂူဆန္ကို ျပန္လည္ျမင္ေတြ ့ရတာဟာ အေတာ္ေလးေက်နပ္၀မ္းသာမႈုျဖစ္မိတယ္လို ့ဆိုလိုက္ပါတယ္။
” ဖာဂူဆန္ေနမေကာင္းတုန္းက ခင္ဗ်ားကို ဆုေတာင္းစာေပးပို ့ေသးလား? ဟုတ္ကဲ့။ကၽြန္ေတာ္သူနဲ ့ဆက္ဆံေရးေတြရယ္ သူ ့ကိုေလးစားခ်စ္ခင္နွစ္သက္မႈေတြအေပၚ ကၽြန္ေတာ္ဖုံးမကြယ္နိုင္ပါဘူးဗ်ာ။သူဟာ ကၽြန္ေတာ္အေလးစားအၾကိဳက္နွစ္သက္ဆံုးနည္းျပတစ္ေယာက္ပါ။”
”ကၽြန္ေတာ္တို ့၂၀၁၆ တုန္းကဆို သူ နဲ ့ေန ့လည္စာစားခဲ့ဖူးပါတယ္။ေကာင္းမြန္တဲ့ဆက္ဆံေရးကိုထိန္းထားနိုင္ခဲ့တယ္ဗ်။ကၽြန္ေတာ္တို ့ဟာ ေဘာလံုးလူသားေတြေလ။ဖာဂူဆန္ဟာ ယူနိုက္တက္အတြက္စြမ္းအင္အသစ္ေတြတစ္ဖန္ျပန္ေပးေနၿပီလား? သူဟာ ေဘာလံုးသမိုင္းမွာ အေကာင္းဆံုးမန္ေနဂ်ာတစ္ေယာက္ပါ။သူ ့ကို ေလ့က်င့္ေရးကြင္းမွာေန ့တိုင္းေတြ ့ရတာဟာ တကယ့္ကို ေကာင္းပါတယ္။သူဟာေဘာလံုးေလာကရဲ ့စြယ္စြံက်မ္းၾကီးပါ။” လို ့ဆိုခဲ့ပါတယ္။
ယူနိုက္တက္အသင္းဟာ နည္းျပပိုခ်က္တီနိုကိုင္တြယ္တဲ့ စပါးလ္အသင္းကို မနက္ဖန္မွာ ရင္ဆိုင္ကစားရမွာပဲျဖစ္ပါတယ္။နည္းျပၾကီး ဖာဂူဆန္နဲ ့ဆက္ဆံေရးေကာင္းေတြရိွတဲ့ နည္းျပပိုခ်က္တီနို တစ္ေယာက္ ယူနိုက္တက္အသင္းရဲ့ အနာဂတ္မွာ နည္းျပျဖစ္လာနိုင္ဖြယ္ရိွေနလား? အခုခ်ိန္မွာေတာ့ ယူနိုက္တက္တို ့ဟာ နည္းျပဆိုးလ္ရွားလက္ေအာက္ ပံုစံေကာင္းေတြဆက္လက္ျပသေနလ်က္ရိွေနတာပဲျဖစ္ပါတယ္။
(Unicode)
ဘောလုံးလောကရဲ့စွယ်စွံကျမ်းကြီးလို့ဖာဂူဆန်ကိုတင်စားခေါ်ဝေါ်လိုက်တဲ့ပိုချက်တီနို
ယူနိုက်တက်တို့ဟာ နည်းပြကြီးဖာဂူဆန်အနားယူသွားပြီးနောက်ပိုင်း သူတို့အသင်းနဲ့အံဝင်ခွင်ကျဖြစ်မယ့်နည်းပြတွေကို ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။၅နှစ်တာကာလအတွင်း နည်းပြ ၄ဦးအထိခန့်အပ်ခဲ့တာဖြစ်ပြီး ယခုအချိန်မှာတော့ ယူနိုက်တက်ပရိတ်သတ်တွေရဲ့အချစ်တော် အိုလေးဂန်းနာဆိုးလ်ရှားကို နည်းပြဟောင်းမော်ရင်ဟိုနေရာယာယီနည်းပြအဖြစ်တာဝန်ပေးအပ်ထားတာပဲဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့အသင်းကို နှစ်၂၀ကျော်အကြာ ကိုင်တွယ်ပြီးအောင်မြင်မှုတွေအလီလီရယူခဲ့တဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ကို အသင်းကနေ လုံးဝပစ်ပယ်နိုင်ခြင်းမရှိသေးပါဘူး။၂၀၁၃ ခုနှစ်နောက်ပိုင်း အသင်းရဲ့နည်းပြရာထူးအတွက် ဆာအဲလက်စ်နဲ့တိုင်ပင်နေရဆဲဖြစ်သလို အရေးကြုံလို့အသင်းအခက်တွေ့ချိန် အကူအညီလိုပြန်ရင်လည်း ဂုရုကြီးထံဆည်းပူးနေရဆဲဖြစ်ပါတယ်။အခုချိန်ထိ ဦးခေါင်းရောဂါကနေ သက်သာခါစဖြစ်သော်လည်း ဆာအဲလက်စ်ဖာဂူဆန်ဟာ အသင်းရဲ့ပွဲစဉ်တွေကို လာရောက်ကြည့်ရှုပြီး အသင်းပေါ်ဘယ်လောက်ထိ ချစ်မြတ်နိုးသေးလည်း အသိသာကြီးတွေ့မြင်နေရဆဲဖြစ်ပါတယ်။
ယူနိုက်တက်တို့ရဲ့အနာဂတ်နည်းပြအဖြစ် ပစ်မှတ်ထားခဲ့ရတဲ့ စပါးလ်နည်းပြပိုချက်တီနို ကတော့ ယခုသူ့အသင်းနဲ့တွေ့ဆုံမယ့်ယူနိုက်တက်အသင်းမှာ နည်းပြဆိုလ်ရှားရဲ့အကြံပေးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဖာဂူဆန်ကို ပြန်လည်မြင်တွေ့ရတာဟာ အတော်လေးကျေနပ်ဝမ်းသာမှုုဖြစ်မိတယ်လို့ဆိုလိုက်ပါတယ်။
” ဖာဂူဆန်နေမကောင်းတုန်းက ခင်ဗျားကို ဆုတောင်းစာပေးပို့သေးလား? ဟုတ်ကဲ့။ကျွန်တော်သူနဲ့ဆက်ဆံရေးတွေရယ် သူ့ကိုလေးစားချစ်ခင်နှစ်သက်မှုတွေအပေါ် ကျွန်တော်ဖုံးမကွယ်နိုင်ပါဘူးဗျာ။သူဟာ ကျွန်တော်အလေးစားအကြိုက်နှစ်သက်ဆုံးနည်းပြတစ်ယောက်ပါ။”
”ကျွန်တော်တို့၂၀၁၆ တုန်းကဆို သူ နဲ့နေ့လည်စာစားခဲ့ဖူးပါတယ်။ကောင်းမွန်တဲ့ဆက်ဆံရေးကိုထိန်းထားနိုင်ခဲ့တယ်ဗျ။ကျွန်တော်တို့ဟာ ဘောလုံးလူသားတွေလေ။ဖာဂူဆန်ဟာ ယူနိုက်တက်အတွက်စွမ်းအင်အသစ်တွေတစ်ဖန်ပြန်ပေးနေပြီလား? သူဟာ ဘောလုံးသမိုင်းမှာ အကောင်းဆုံးမန်နေဂျာတစ်ယောက်ပါ။သူ့ကို လေ့ကျင့်ရေးကွင်းမှာနေ့တိုင်းတွေ့ရတာဟာ တကယ့်ကို ကောင်းပါတယ်။သူဟာဘောလုံးလောကရဲ့စွယ်စွံကျမ်းကြီးပါ။” လို့ဆိုခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ နည်းပြပိုချက်တီနိုကိုင်တွယ်တဲ့ စပါးလ်အသင်းကို မနက်ဖန်မှာ ရင်ဆိုင်ကစားရမှာပဲဖြစ်ပါတယ်။နည်းပြကြီး ဖာဂူဆန်နဲ့ဆက်ဆံရေးကောင်းတွေရှိတဲ့ နည်းပြပိုချက်တီနို တစ်ယောက် ယူနိုက်တက်အသင်းရဲ့ အနာဂတ်မှာ နည်းပြဖြစ်လာနိုင်ဖွယ်ရှိနေလား? အခုချိန်မှာတော့ ယူနိုက်တက်တို့ဟာ နည်းပြဆိုးလ်ရှားလက်အောက် ပုံစံကောင်းတွေဆက်လက်ပြသနေလျက်ရှိနေတာပဲဖြစ်ပါတယ်။
Post a Comment