စြယ္စံုရတိုက္စစ္မွဴးတစ္ဦး(သို႔)လီယြန္နယ္မက္ဆီ ရဲ႕ေျပာင္းလဲျခင္းမ်ား(အပိုင္း-၂)
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
တကယ္ေတာ့ ခ်န္ပီယံလိဂ္မွာ ပရီးမီးယားလိဂ္ထိပ္သီးအသင္းေတြကို မက္ဆီပညာေကာင္းေကာင္းေပးခဲ့တာကို ျကည့္ရင္ အဂၤလန္ေျမမွာ မေအာင္ျမင္နိုင္ဘူးဆိုတဲ့ စကားေတြဟာ စိတ္ကူးယဥ္သက္သက္ပါပဲ။ရီကတ္ထြက္ခြာျပီးေနာက္ဂြါဒီယိုလာကိုင္တြယ္ခ်ိန္မွာေတာ့ ေဘာလံုးပိုင္ဆိုင္မႈအသားေပးဟန္နဲ႔ သမိုင္းတစ္ေလ်ွာက္အေကာင္းဆံုးေတြထဲက အသင္းတစ္သင္းအျဖစ္ဘာကာကို ျမင္ေတြ႕ခဲ့ရပါတယ္။ဂြါဒီယိုလာဟာဘာကာဆီ ေဒးဗစ္ဗီလာ,ပတ္ဒရို ,အဲဗက္,ပီေကးတို႕ကိုေခၚေဆာင္ျပီး tiki-takaကစားကြက္ကို အသက္သြင္းခဲ့ပါတယ္။
မက္ဆီကိုေတာ့role 10ကေန false nineအျဖစ္ေျပာင္းလဲျပီး ေတာင္းဆိုမႈအလြန္ျမင့္မားတဲ့ ၄-၃-၃အခင္းအက်င္းကိုေဖာ္ေဆာင္လာပါတယ္။ဂြါဒီယိုလာရဲ႕ဘာကာနည္းျပဘဝပထမဆံုးသံုးနွစ္ကို နည္းစနစ္ပိုင္းခ်ည္းကပ္ျကည့္ရင္အဓိက အခ်က္သံုးခ်က္ကိုေတြ႕ရမွာပါ။
၁.ေဘာလံုးကိုင္ထားတဲ့သူေဘးမွာ လူနွစ္ေယာက္ဝိုင္းရံျပီး ျတိဂံတြဲလံုးမ်ားတည္ေဆာက္ျခင္း
၂.ေဘာလံုးပ်က္တာနဲ႔ အနီးဆံုးလူက ခ်က္ျခင္း ဖိအားေပးျပန္လုျခင္း
၃.short passေတြသာသံုးျပီး ေဘာလံုးပိုင္ဆိုင္မႈထိန္းသိမ္းျခင္းတို႔ပါပဲ။
2008ရာသီကိုျပန္ျကည့္ရင္ အီတိုးကို ေတာင္ပံထုတ္ျပီး မက္ဆီကို falseေနရာထားသံုးတာေတြ႕ရမွာပါ။ဒါဘာေျကာင့္လဲဆိုရင္ မက္ဆီဟာ role 9စစ္စစ္တစ္ေယာက္မဟုတ္ပဲ ဂြါဒီယိုလာလိုခ်င္တဲ့အခ်က္ေတြအျပည့္အဝရွိေနလို႕ပါပဲ။သူ႔ရဲ႕နည္းစနစ္မွာမက္ဆီအေနနဲ႔ ေနာက္ခံလူနွစ္ေယာက္ျကားေနရာယူျပီး ကြင္းလယ္ကိုမ်ွားကစားရပါတယ္။ဒီအခ်ိန္မွာေတာင္ပံကစားသမားေတြက ေပၚလာတဲ့spaceေတြထဲ ခ်ိန္သားကိုက္ေျပးဝင္ပါတယ္။ဒီေတာ့ ျပိဳင္ဘက္ကြင္းလယ္လူေတြဟာ မျဖစ္မေနေနာက္ဆင္းလို႕ defend zoneကို ဝင္ကာရပါတယ္။ဒါေျကာင့္ပဲ ဘာစီလိုနာအသင္းဟာ ကြင္းလယ္မွာေဘာလံုးကိုစိတ္ျကိုက္ ကိုင္ကစားခြင့္ရလာပါတယ္။
ဘာစီလိုနာအသင္းလြယ္ကူစြာ ပြဲကိုလႊမ္းမိုးသြားရျခင္းအေျကာင္းေတြမွာ မက္ဆီရဲ႕ false nine ေနရာကေန ေနာက္ခံလူေတြကိုမ်ွားကစားနိုင္စြမ္းနဲ႔ ကြင္းလယ္က spaceက်ဥ္းက်ဥ္းေလးေတြကေန တစ္ကိုယ္ေတာ္အလိမ္အေခၚေတြနဲ႔ ဂိုးဧရိယာထဲဆြဲဝင္နိုင္ျခင္းေတြက မ်ားစြာအေထာက္အကူျပဳခဲ့ပါတယ္။ ၂၀၁၁ခုနွစ္မွာ ဆန္းခ်က္နဲဖာဘရီဂတ္တို႔ကို ေခၚယူျပီး ကစားဟန္အေျပာင္းအလဲလုပ္ခဲ့ျပန္ပါတယ္။စိန္ပြင့္ပံုစံ 3-4-3 မွာ မက္ဆီဟာ ဖာဘရီဂတ္နဲ႔တြဲဖက္ျပီး ေဘာလံုးပိုင္ဆိုင္မႈထိန္းေက်ာင္းဖို႕ တာဝန္ယူခဲ့ရျပန္ပါတယ္။မက္ဆီရဲ႕ေနရာက ကြင္းလယ္၃ေယာက္တန္းေရွ႕မွာပါ။ဒီကစားကြက္ကလည္း သူ႔ကို အခက္အခဲမျဖစ္ေစခဲ့ပါဘူး။အဲ့ဒီရာသီမွာ တိုက္စစ္လိုက္ပါလာတဲ့ အဲဗက္နဲ႔တြဲလံုးေတြဖန္တီးျပီး ဂိုးမ်ားစြာသြင္းနိုင္ခဲ့ပါတယ္။မက္ဆီဟာဂါဒီယိုလာလက္ေအာက္မွာတင္မတူညီတဲ့နည္းစနစ္နွစ္မ်ိဳး ရဲ႕main man ျဖစ္ခဲ့ပါတယ္။ဒါကကိုသူရဲ႕ လိုက္ေလ်ာညီေထြစြာေျပာင္းလဲနိုင္စြမ္းပါပဲ။
3-4-3ကစားဟန္နဲ႔မက္ဆီဟာ တစ္ရာသီအတြင္း ၇၃ဂိုးသြင္းျပီး ဥေရာပရဲ႕ရွိသမ်ွ တစ္ရာသီဂိုးသြင္းစံခ်ိန္ေတြကိုရိုက္ခ်ိဳးပစ္ပါတယ္။ပထမဆံုးတစ္ရာသီအတြင္း လိဂ္ဂိုး၅၀ျပည့္သူပါပဲ။၂၀၁၁ ခုနွစ္မွာပဲ မက္ဆီအနားယူခဲ့ရင္ေတာင္ သူဟာ ေခတ္တစ္ေခတ္အတြက္ မွတ္ေက်ာက္တင္နိုင္ခဲ့ပါျပီ။ဂြါဒီယိုလာ ဟာ မက္ဆီဒဏ္ရာေတြနဲ႕ရုန္းကန္ရခ်ိန္မွာေတာ့ သူ႔ကို false nineထက္ တိုက္စစ္သံုးဦးရဲ႕ မ်ွားထိပ္ေနရာမွာ ထားကစားခဲ့ပါတယ္။သူ႔ရဲ႕အထြန္းေတာက္ဆံုးကာလေတြပါပဲ။ အဲ့ဒီေနာက္ေတာ့ လူး၀စ္အင္းနရစ္က ဘာစီလိုနာနည္းျပျဖစ္လာပါတယ္။
သူကေတာ့ ေဘာလံုးပိုင္ဆိုင္မႈထက္ counter attack ေတြနဲ႕ျပိဳင္ဘက္ကိုထိုးနွက္ဖို႔လုပ္လာပါတယ္။Luisဟာကြင္းလယ္ကေနတိုက္စစ္ အလ်ွင္အျမန္ကူေျပာင္းပံုမ်ိဳး သေဘာက်တဲ့သူပါ။ေမာ္ဒန္ေဘာလံုးေဘာကရဲ႕ အေကာင္းဆံုးတိုက္စစ္အတြဲအဖက္လို႕ဆိုရမယ့္ MSN အတြဲကို ပံုေဖာ္ခဲ့ပါတယ္။ေနမာဘယ္,မက္ဆီညာ ,ဆြာရက္ဇ္ကအေထာင္ေပါ့။ဘာစီလိုနာဟာ အဲ့ဒီနွစ္လာလီဂါမွာ တန္ျပန္တိုက္စစ္အေကာင္းဆံုးအသင္းျဖစ္ခဲ့ပါတယ္။ထံုးစံအတိုင္း မက္ဆီက ဇာတ္လိုက္ေနရာကပါပဲ။စီေရာ္နယ္ဒိုဟာ counter attacking ကစားဟန္မွာ ဆရာတစ္ဆူဆိုေပမယ့္ ကစားကြက္တည္ေဆာက္မႈေတြရဲ႕ main man ဘယ္ေတာ့မွမျဖစ္ခဲ့ပါဘူး။မက္ဆီက ဒီနွစ္ခုလံုးကို လုပ္နိုုင္သူပါ။ဒါကိုလူေတြေမ့ထားျကတယ္။
တန္ျပန္တိုက္စစ္ ကစားဟန္ကလည္း သူ႔အတြက္စူးခလုတ္မျဖစ္ခဲ့ပဲ လူး၀စ္အင္းနရစ္ ရဲ႕လက္ေအာက္မွာ 158ပြဲကစား 153ဂိုးသြင္းျပီး ဖန္တီးမႈ 66ျကိမ္ျပဳလုပ္ခဲ့ျပန္ပါတယ္။ပတ္ဂြါဒီယိုလာေရာ အင္းနရစ္ေရာ3-4-3ကစားကြက္ကို သံုးခဲ့တယ္။ထူးျခားတာက ပတ္လက္ေအာက္မွာ မက္ဆီက အေထာင္တိုက္စစ္ ,ဖာဘရီဂတ္က စိန္ပြင့္ထိပ္မွာေနရာယူျပီး အင္းနရစ္ရဲ႕အသင္းမွာက် ဆြာရက္ဇ္ကအေထာင္,မက္ဆီက စိန္ပြင့္ထိပ္ကိုေရာက္သြားတယ္။ဘယ္လိုေတာင္ ဒီေလာက္ေျပာင္းလဲနိုင္ရတာလဲ။
အေျဖကေတာ့ နည္းစနစ္ပိုင္းေက်ညက္လြန္းတာေျကာင့္ပါပဲ။တစ္ခါဗယ္ဗာဒီလက္ထက္ေရာက္ေတာ့အရင္နဲ႔ အလြန္းျခားနားတဲ့ ပံုစံမ်ိဳးကစားရတယ္။ဗယ္ဗာဒီက 4-2-3-1 ကစားကြက္ရဲ႕ no.10 roleမွာမက္ဆီကို လြတ္လြတ္လပ္လပ္ကစားေစတယ္။ဒီေတာ့ မက္ဆီကသူ႕ကိုယ္သူလံုးဝျပည့္စံုတဲ့ playmaker တစ္ေယာက္အျဖစ္ေျပာင္းလဲပစ္တယ္။ေနာက္ေတာ့ ကြင္းလယ္တိုက္စစ္ထားကစားတယ္။AMေနရာကပြဲအေတာ္မ်ားမ်ားကစားေနရတာေတာင္ မက္ဆီကဥေရာပ ဂိုးသြင္းအမ်ားဆံုးေရႊဖိနပ္ဆု ယူသြားေသးတယ္။တကယ့္အံ့ ျသစရာပါပဲ။
ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝေရာက္လို႔ နည္းျပေတြရဲ႕ ကြဲျပားတဲ့နည္းစနစ္ ေအာက္မွာနွစ္ေနရာေလာက္ေျပာင္းကစားနိုင္တယ္ဆိုရင္ပဲ က်ေနာ္တို႔ ခ်ီးက်ဴးလို႔ရေနပါျပီ။ဒါဆိုမက္ဆီအတြက္ေရာ။ ခ်ီးက်ဴး စရာစကားေတာင္မရွိေတာ့ဘူး။
သူ႔ရဲ႕စြယ္စံုကစားနိုင္စြမ္းကို ေဖာ္ျပနိုင္မယ့္စကားလံုးမ်ိဳး အဘိဓာန္မွာမရွိေသးပါဘူး။ မက္ဆီဟာ final third zoneရဲ႕ ဘယ္ေနရာကမဆို နည္းျပရဲ႕ဗ်ဴဟာေတြကို အသင္းေဖာ္ေတြနဲ႔ ခ်ိတ္ဆက္ပံုေဖာ္နိုင္သူပါ။ အသင္းေဖာ္ေတြအတြက္ေဘာလံုးလမ္းေျကာင္းရွာေပးနိုင္သလို သူကိုယ္တိုင္လည္းေဘာလံုးနဲ႔အတူဆြဲဝင္နိုင္ပါတယ္။မက္ဆီဟာ အသင္းလိုအပ္တဲ့ ေနရာကို အတြက္ ဝင္ျပီးစေတးရဲသူပါ။ဒါေပမယ့္ သူကေမွးမွိန္သြားတယ္မရွိပဲပိုေတာက္ပလာပါတယ္။
ဥယ်ာဥ္ထဲက ပန္းေတြလိုေပါ့။ဥယ်ာဥ္ရဲ႕လြတ္တဲ့ေျမေပၚမွာအ စိုက္ခံရေပမယ့္ ေရာက္လာသူေတြရဲ႕ မ်က္လံုးကို အရင္ဆံုးစြဲေဆာင္နိုင္ပါတယ္။ လီယြန္နယ္မက္ဆီကအဲ့လိုပန္းမ်ိဳးပါ။ျပီးေတာ့ အဲ့ထက္အဓိပၸာယ္အမ်ားျကီးရွိပါတယ္။ သူဟာ ေမာ္ဒန္ေဘာလံုးေလာကရဲ႕ အျပည့္စံုဆံုး ပါရမီရွင္တစ္ေယာက္ျဖစ္တယ္ဆိုတာဘယ္သူမွ ျငင္းနိုင္မယ္မထင္ပါဘူး။
(Unicode)
စွယ်စုံရတိုက်စစ်မှူးတစ်ဦး(သို့)လီယွန်နယ်မက်ဆီ ရဲ့ပြောင်းလဲခြင်းများ(အပိုင်း-၂)
တကယ်တော့ ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေကို မက်ဆီပညာကောင်းကောင်းပေးခဲ့တာကို ကြည့်ရင် အင်္ဂလန်မြေမှာ မအောင်မြင်နိုင်ဘူးဆိုတဲ့ စကားတွေဟာ စိတ်ကူးယဉ်သက်သက်ပါပဲ။ရီကတ်ထွက်ခွာပြီးနောက်ဂွါဒီယိုလာကိုင်တွယ်ချိန်မှာတော့ ဘောလုံးပိုင်ဆိုင်မှုအသားပေးဟန်နဲ့ သမိုင်းတစ်လျှောက်အကောင်းဆုံးတွေထဲက အသင်းတစ်သင်းအဖြစ်ဘာကာကို မြင်တွေ့ခဲ့ရပါတယ်။ဂွါဒီယိုလာဟာဘာကာဆီ ဒေးဗစ်ဗီလာ,ပတ်ဒရို ,အဲဗက်,ပီကေးတို့ကိုခေါ်ဆောင်ပြီး tiki-takaကစားကွက်ကို အသက်သွင်းခဲ့ပါတယ်။
မက်ဆီကိုတော့role 10ကနေ false nineအဖြစ်ပြောင်းလဲပြီး တောင်းဆိုမှုအလွန်မြင့်မားတဲ့ ၄-၃-၃အခင်းအကျင်းကိုဖော်ဆောင်လာပါတယ်။ဂွါဒီယိုလာရဲ့ဘာကာနည်းပြဘဝပထမဆုံးသုံးနှစ်ကို နည်းစနစ်ပိုင်းချည်းကပ်ကြည့်ရင်အဓိက အချက်သုံးချက်ကိုတွေ့ရမှာပါ။
၁.ဘောလုံးကိုင်ထားတဲ့သူဘေးမှာ လူနှစ်ယောက်ဝိုင်းရံပြီး တြိဂံတွဲလုံးများတည်ဆောက်ခြင်း
၂.ဘောလုံးပျက်တာနဲ့ အနီးဆုံးလူက ချက်ခြင်း ဖိအားပေးပြန်လုခြင်း
၃.short passတွေသာသုံးပြီး ဘောလုံးပိုင်ဆိုင်မှုထိန်းသိမ်းခြင်းတို့ပါပဲ။
2008ရာသီကိုပြန်ကြည့်ရင် အီတိုးကို တောင်ပံထုတ်ပြီး မက်ဆီကို falseနေရာထားသုံးတာတွေ့ရမှာပါ။ဒါဘာကြောင့်လဲဆိုရင် မက်ဆီဟာ role 9စစ်စစ်တစ်ယောက်မဟုတ်ပဲ ဂွါဒီယိုလာလိုချင်တဲ့အချက်တွေအပြည့်အဝရှိနေလို့ပါပဲ။သူ့ရဲ့နည်းစနစ်မှာမက်ဆီအနေနဲ့ နောက်ခံလူနှစ်ယောက်ကြားနေရာယူပြီး ကွင်းလယ်ကိုမျှားကစားရပါတယ်။ဒီအချိန်မှာတောင်ပံကစားသမားတွေက ပေါ်လာတဲ့spaceတွေထဲ ချိန်သားကိုက်ပြေးဝင်ပါတယ်။ဒီတော့ ပြိုင်ဘက်ကွင်းလယ်လူတွေဟာ မဖြစ်မနေနောက်ဆင်းလို့ defend zoneကို ဝင်ကာရပါတယ်။ဒါကြောင့်ပဲ ဘာစီလိုနာအသင်းဟာ ကွင်းလယ်မှာဘောလုံးကိုစိတ်ကြိုက် ကိုင်ကစားခွင့်ရလာပါတယ်။
ဘာစီလိုနာအသင်းလွယ်ကူစွာ ပွဲကိုလွှမ်းမိုးသွားရခြင်းအကြောင်းတွေမှာ မက်ဆီရဲ့ false nine နေရာကနေ နောက်ခံလူတွေကိုမျှားကစားနိုင်စွမ်းနဲ့ ကွင်းလယ်က spaceကျဉ်းကျဉ်းလေးတွေကနေ တစ်ကိုယ်တော်အလိမ်အခေါ်တွေနဲ့ ဂိုးဧရိယာထဲဆွဲဝင်နိုင်ခြင်းတွေက များစွာအထောက်အကူပြုခဲ့ပါတယ်။ ၂၀၁၁ခုနှစ်မှာ ဆန်းချက်နဲဖာဘရီဂတ်တို့ကို ခေါ်ယူပြီး ကစားဟန်အပြောင်းအလဲလုပ်ခဲ့ပြန်ပါတယ်။စိန်ပွင့်ပုံစံ 3-4-3 မှာ မက်ဆီဟာ ဖာဘရီဂတ်နဲ့တွဲဖက်ပြီး ဘောလုံးပိုင်ဆိုင်မှုထိန်းကျောင်းဖို့ တာဝန်ယူခဲ့ရပြန်ပါတယ်။မက်ဆီရဲ့နေရာက ကွင်းလယ်၃ယောက်တန်းရှေ့မှာပါ။ဒီကစားကွက်ကလည်း သူ့ကို အခက်အခဲမဖြစ်စေခဲ့ပါဘူး။အဲ့ဒီရာသီမှာ တိုက်စစ်လိုက်ပါလာတဲ့ အဲဗက်နဲ့တွဲလုံးတွေဖန်တီးပြီး ဂိုးများစွာသွင်းနိုင်ခဲ့ပါတယ်။မက်ဆီဟာဂါဒီယိုလာလက်အောက်မှာတင်မတူညီတဲ့နည်းစနစ်နှစ်မျိုး ရဲ့main man ဖြစ်ခဲ့ပါတယ်။ဒါကကိုသူရဲ့ လိုက်လျောညီထွေစွာပြောင်းလဲနိုင်စွမ်းပါပဲ။
3-4-3ကစားဟန်နဲ့မက်ဆီဟာ တစ်ရာသီအတွင်း ၇၃ဂိုးသွင်းပြီး ဥရောပရဲ့ရှိသမျှ တစ်ရာသီဂိုးသွင်းစံချိန်တွေကိုရိုက်ချိုးပစ်ပါတယ်။ပထမဆုံးတစ်ရာသီအတွင်း လိဂ်ဂိုး၅၀ပြည့်သူပါပဲ။၂၀၁၁ ခုနှစ်မှာပဲ မက်ဆီအနားယူခဲ့ရင်တောင် သူဟာ ခေတ်တစ်ခေတ်အတွက် မှတ်ကျောက်တင်နိုင်ခဲ့ပါပြီ။ဂွါဒီယိုလာ ဟာ မက်ဆီဒဏ်ရာတွေနဲ့ရုန်းကန်ရချိန်မှာတော့ သူ့ကို false nineထက် တိုက်စစ်သုံးဦးရဲ့ မျှားထိပ်နေရာမှာ ထားကစားခဲ့ပါတယ်။သူ့ရဲ့အထွန်းတောက်ဆုံးကာလတွေပါပဲ။ အဲ့ဒီနောက်တော့ လူးဝစ်အင်းနရစ်က ဘာစီလိုနာနည်းပြဖြစ်လာပါတယ်။
သူကတော့ ဘောလုံးပိုင်ဆိုင်မှုထက် counter attack တွေနဲ့ပြိုင်ဘက်ကိုထိုးနှက်ဖို့လုပ်လာပါတယ်။Luisဟာကွင်းလယ်ကနေတိုက်စစ် အလျှင်အမြန်ကူပြောင်းပုံမျိုး သဘောကျတဲ့သူပါ။မော်ဒန်ဘောလုံးဘောကရဲ့ အကောင်းဆုံးတိုက်စစ်အတွဲအဖက်လို့ဆိုရမယ့် MSN အတွဲကို ပုံဖော်ခဲ့ပါတယ်။နေမာဘယ်,မက်ဆီညာ ,ဆွာရက်ဇ်ကအထောင်ပေါ့။ဘာစီလိုနာဟာ အဲ့ဒီနှစ်လာလီဂါမှာ တန်ပြန်တိုက်စစ်အကောင်းဆုံးအသင်းဖြစ်ခဲ့ပါတယ်။ထုံးစံအတိုင်း မက်ဆီက ဇာတ်လိုက်နေရာကပါပဲ။စီရော်နယ်ဒိုဟာ counter attacking ကစားဟန်မှာ ဆရာတစ်ဆူဆိုပေမယ့် ကစားကွက်တည်ဆောက်မှုတွေရဲ့ main man ဘယ်တော့မှမဖြစ်ခဲ့ပါဘူး။မက်ဆီက ဒီနှစ်ခုလုံးကို လုပ်နိုင်သူပါ။ဒါကိုလူတွေမေ့ထားကြတယ်။
တန်ပြန်တိုက်စစ် ကစားဟန်ကလည်း သူ့အတွက်စူးခလုတ်မဖြစ်ခဲ့ပဲ လူးဝစ်အင်းနရစ် ရဲ့လက်အောက်မှာ 158ပွဲကစား 153ဂိုးသွင်းပြီး ဖန်တီးမှု 66ကြိမ်ပြုလုပ်ခဲ့ပြန်ပါတယ်။ပတ်ဂွါဒီယိုလာရော အင်းနရစ်ရော3-4-3ကစားကွက်ကို သုံးခဲ့တယ်။ထူးခြားတာက ပတ်လက်အောက်မှာ မက်ဆီက အထောင်တိုက်စစ် ,ဖာဘရီဂတ်က စိန်ပွင့်ထိပ်မှာနေရာယူပြီး အင်းနရစ်ရဲ့အသင်းမှာကျ ဆွာရက်ဇ်ကအထောင်,မက်ဆီက စိန်ပွင့်ထိပ်ကိုရောက်သွားတယ်။ဘယ်လိုတောင် ဒီလောက်ပြောင်းလဲနိုင်ရတာလဲ။
အဖြေကတော့ နည်းစနစ်ပိုင်းကျေညက်လွန်းတာကြောင့်ပါပဲ။တစ်ခါဗယ်ဗာဒီလက်ထက်ရောက်တော့အရင်နဲ့ အလွန်းခြားနားတဲ့ ပုံစံမျိုးကစားရတယ်။ဗယ်ဗာဒီက 4-2-3-1 ကစားကွက်ရဲ့ no.10 roleမှာမက်ဆီကို လွတ်လွတ်လပ်လပ်ကစားစေတယ်။ဒီတော့ မက်ဆီကသူ့ကိုယ်သူလုံးဝပြည့်စုံတဲ့ playmaker တစ်ယောက်အဖြစ်ပြောင်းလဲပစ်တယ်။နောက်တော့ ကွင်းလယ်တိုက်စစ်ထားကစားတယ်။AMနေရာကပွဲအတော်များများကစားနေရတာတောင် မက်ဆီကဥရောပ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆု ယူသွားသေးတယ်။တကယ့်အံ့ သြစရာပါပဲ။
ပရော်ဖက်ရှင်နယ်ကစားသမားဘဝရောက်လို့ နည်းပြတွေရဲ့ ကွဲပြားတဲ့နည်းစနစ် အောက်မှာနှစ်နေရာလောက်ပြောင်းကစားနိုင်တယ်ဆိုရင်ပဲ ကျနော်တို့ ချီးကျူးလို့ရနေပါပြီ။ဒါဆိုမက်ဆီအတွက်ရော။ ချီးကျူး စရာစကားတောင်မရှိတော့ဘူး။
သူ့ရဲ့စွယ်စုံကစားနိုင်စွမ်းကို ဖော်ပြနိုင်မယ့်စကားလုံးမျိုး အဘိဓာန်မှာမရှိသေးပါဘူး။ မက်ဆီဟာ final third zoneရဲ့ ဘယ်နေရာကမဆို နည်းပြရဲ့ဗျူဟာတွေကို အသင်းဖော်တွေနဲ့ ချိတ်ဆက်ပုံဖော်နိုင်သူပါ။ အသင်းဖော်တွေအတွက်ဘောလုံးလမ်းကြောင်းရှာပေးနိုင်သလို သူကိုယ်တိုင်လည်းဘောလုံးနဲ့အတူဆွဲဝင်နိုင်ပါတယ်။မက်ဆီဟာ အသင်းလိုအပ်တဲ့ နေရာကို အတွက် ဝင်ပြီးစတေးရဲသူပါ။ဒါပေမယ့် သူကမှေးမှိန်သွားတယ်မရှိပဲပိုတောက်ပလာပါတယ်။
ဥယျာဉ်ထဲက ပန်းတွေလိုပေါ့။ဥယျာဉ်ရဲ့လွတ်တဲ့မြေပေါ်မှာအ စိုက်ခံရပေမယ့် ရောက်လာသူတွေရဲ့ မျက်လုံးကို အရင်ဆုံးစွဲဆောင်နိုင်ပါတယ်။ လီယွန်နယ်မက်ဆီကအဲ့လိုပန်းမျိုးပါ။ပြီးတော့ အဲ့ထက်အဓိပ္ပာယ်အများကြီးရှိပါတယ်။ သူဟာ မော်ဒန်ဘောလုံးလောကရဲ့ အပြည့်စုံဆုံး ပါရမီရှင်တစ်ယောက်ဖြစ်တယ်ဆိုတာဘယ်သူမှ ငြင်းနိုင်မယ်မထင်ပါဘူး။
Post a Comment