စီေရာ္နယ္ဒိုဂိုးသြင္းျပီးခ်ိန္မွာ ၆၁,၀၀၀ေသာပရိတ္သတ္ေတြ ''စီ''လို႔ေအာ္ဟစ္ခဲ့ျကပါတယ္။
Zawgyi သမားမ်ားေအာက္ဆြဲဖတ္ေပးပါ
စီရော်နယ်ဒိုဂိုးသွင်းပြီးချိန်မှာ ၆၁,၀၀၀သောပရိတ်သတ်တွေ ''စီ''လို့အော်ဟစ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ အေစီမီလန်နဲ့ အီတလီစူပါကပ် ဖိုင်နယ်မှာ ဂျူဗင်တိုက်စစ်မှူး စီရော်နယ်ဒိုဂိုးသွင်းလိုက်ချိန်ကွင်းတစ်ကွင်းလုံးပေါက်ကွဲမတတ်ဖြစ်သွားပါတယ်။ ပွဲချိန်၆၀ကျော်မှာ တိုက်စစ်မှူးစီရော်နယ်ဒိုက အပိုင်ခေါင်းတိုက်ဂိုးသွင်းပြီးနောက် သူရဲ့trademark ပုံစံအတိုင်းအောင်ပွဲခံခဲ့ပါတယ်။ဒါ့အပြင်ရော်နယ်ဒိုဟာ စိတ်လှုပ်ရှားပျော်ရွှင်ချိန်မှာ ''စီ ''လို့ အော်ဟစ်အောင်ပွဲခံလေ့ရှိပါတယ်။
ဒီတခါဂိုးသွင်းပြီးချိန်မှာတော့ တစ်ကွင်းလုံး ''စီ''လို့ ပြိုင်တူ အော်ဟစ်ခဲ့ပြီးပေါ်တူဂီသားရဲ့ ခန်းနားမှုကိုပိုပြီးအရောင်တင်ပေးခဲ့ကြပါတယ်။ CR7ဖန်တွေရဲ့အားပေးမှုက ကြက်သီးထလောက်စရာပါပဲ။သူ့ပုံစံအတိုင်းပရိတ်သတ်တွေ လိုက်အော်ဟစ်ခဲ့ကြတာ ဒါပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ဒီရာသီအစောပိုင်းကလည်း ဂျူဗင်တပ်ကွင်းကြီးရဲ့ပွဲကြည့်စင် ကနေ ''စီ''ဆိုပြီးအော်ဟစ်အားပေးခဲ့ပါသေးတယ်။
ဒီပွဲမှာလည်း စီရော်နယ်ဒိုရဲ့ ၆၁မိနစ်မှာသွင်းယူခဲ့တဲ့ဂိုးဟာ အဆုံးအဖြတ်ဖြစ်ခဲ့ပြီး ပွဲရဲ့တစ်လုံးထဲသောဂိုးဖြစ်ခဲ့ပါတယ်။ဒါကြောင့် ဂျူဗင်တပ်အသင်းဟာအီတလီ စူပါကပ်မှာရှစ်ကြိမ်မြှောက်ဗိုလ်စွဲပြီး အအောင်မြင်ဆုံးဖြစ်ခဲ့သလို ရော်နယ်ဒိုဟာလည်း အီတလီကလပ်နဲ့ ပထမဆုံးဆုဖလားဆွတ်ခူးနိုင်ခဲ့ပါပြီ။နွေရာသီက ဂျူဗင်တပ်ကိုရောက်လာခဲ့ပြီးနောက် သူဟာ ပြိုင်ပွဲစုံ၁၆ဂိုးအထိသွင်းယူထားခဲ့တာကြောင့် ပေးချေရတဲ့ငွေကြေးနဲ့ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့တာပါပဲ။
စီရော်နယ်ဒိုကတော့ ဒီပွဲအကြောင်းအမြင်ကိုပြောခဲ့ပြီး နောက်ထပ်ဆုဖလားတွေဆွတ်ခူးဖို့အသင့်ဖြစ်နေပြီလို့ဆိုခဲ့ပါတယ်။ရော်နယ်ဒိုက''ဒီပွဲကအလွန်ခက်ခဲခဲ့ပါတယ်။ဒီလိုပူနွေးတဲ့အခြေအနေမျိုးမှာကစားရတာမလွယ်ပါဘူး။ အခုကျနော် ၂၀၁၉ကို ဆုဖလားတစ်လုံးနဲ့စတင်နိုင်ခဲ့ပါပြီ။ဒါဟာဂျူဗင်နဲ့ရတဲ့ပထမဆုံးဆုဖလားဖြစ်တာကြောင့်လည်းအလွန်ပျော်ရွှင်နေပါတယ်။ဒါကအစပဲရှိပါသေးတယ်။ကျနော်တို့ရဲ့ပထမခြေလှမ်းလို့ဆိုနိုင်ပါတယ်။ အခုဖလားတစ်လုံးရပြီးနောက်မှာ အလုပ်ပိုကြိုးစားရမှာပါ။ပုံစံကောင်းတွေဆက်ထိန်ပြီးနောက်ထပ်ဆုဖလားတွေဆွတ်ခူးချင်ပါတယ်။ဂျူဗင်တပ်အသင်းဟာစီရီးအေဖလားယူဖို့ကိုလည်းအမြဲစိတ်အားထက်သန်နေပါတယ်။ကျနော်တို့အခုဇယားထိပ်မှာဆိုပေမယ့် ပြိုင်ပွဲကအရှည်ကြီးကျန်ပါသေးတယ်။အခက်အခဲတွေလည်းရင်ဆိုင်ရနိုင်ပါတယ်။ဒါကြောင့် ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နိုင်ဖို့လိုပါတယ်''လို့စီရော်နယ်ဒိုက ကြုံးဝါးသွားခဲ့ပါတယ်။
ပေါ်တူဂီသားကတော့ အလောင်းစည်သူမင်းကြီးလို ငါမအိုသေး လို့ဂိုးသွင်းတွေနဲ့သက်သေထူနေပါပြီ။နောက်ထပ်ဂျူဗင်ရဲ့ပွဲစဉ်ကတော့ တနင်္လာနေ့မှာ ချီရေဗိုနဲ့ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။
(Zawgyi)
စီေရာ္နယ္ဒိုဂိုးသြင္းျပီးခ်ိန္မွာ ၆၁,၀၀၀ေသာပရိတ္သတ္ေတြ ''စီ''လို႔ေအာ္ဟစ္ခဲ့ျကပါတယ္။
ျပီးခဲ့တဲ့ ေအစီမီလန္နဲ႔ အီတလီစူပါကပ္ ဖိုင္နယ္မွာ ဂ်ဴဗင္တိုက္စစ္မွဴး စီေရာ္နယ္ဒိုဂိုးသြင္းလိုက္ခ်ိန္ကြင္းတစ္ကြင္းလံုးေပါက္ကြဲမတတ္ျဖစ္သြားပါတယ္။ ပြဲခ်ိန္၆၀ေက်ာ္မွာ တိုက္စစ္မွဴးစီေရာ္နယ္ဒိုက အပိုင္ေခါင္းတိုက္ဂိုးသြင္းျပီးေနာက္ သူရဲ႕trademark ပံုစံအတိုင္းေအာင္ပြဲခံခဲ့ပါတယ္။ဒါ့အျပင္ေရာ္နယ္ဒိုဟာ စိတ္လႈပ္ရွားေပ်ာ္ရႊင္ခ်ိန္မွာ ''စီ ''လို႔ ေအာ္ဟစ္ေအာင္ပြဲခံေလ့ရွိပါတယ္။
ဒီတခါဂိုးသြင္းျပီးခ်ိန္မွာေတာ့ တစ္ကြင္းလံုး ''စီ''လို႔ ျပိဳင္တူ ေအာ္ဟစ္ခဲ့ျပီးေပၚတူဂီသားရဲ႕ ခန္းနားမႈကိုပိုျပီးအေရာင္တင္ေပးခဲ့ျကပါတယ္။ CR7ဖန္ေတြရဲ႕အားေပးမႈက ျကက္သီးထေလာက္စရာပါပဲ။သူ႔ပံုစံအတိုင္းပရိတ္သတ္ေတြ လိုက္ေအာ္ဟစ္ခဲ့ျကတာ ဒါပထမဆံုးအျကိမ္ေတာ့မဟုတ္ပါဘူး။ဒီရာသီအေစာပိုင္းကလည္း ဂ်ဴဗင္တပ္ကြင္းျကီးရဲ႕ပြဲျကည့္စင္ ကေန ''စီ''ဆိုျပီးေအာ္ဟစ္အားေပးခဲ့ပါေသးတယ္။
ဒီပြဲမွာလည္း စီေရာ္နယ္ဒိုရဲ႕ ၆၁မိနစ္မွာသြင္းယူခဲ့တဲ့ဂိုးဟာ အဆံုးအျဖတ္ျဖစ္ခဲ့ျပီး ပြဲရဲ႕တစ္လံုးထဲေသာဂိုးျဖစ္ခဲ့ပါတယ္။ဒါေျကာင့္ ဂ်ဴဗင္တပ္အသင္းဟာအီတလီ စူပါကပ္မွာရွစ္ျကိမ္ေျမွာက္ဗိုလ္စြဲျပီး အေအာင္ျမင္ဆံုးျဖစ္ခဲ့သလို ေရာ္နယ္ဒိုဟာလည္း အီတလီကလပ္နဲ႔ ပထမဆံုးဆုဖလားဆြတ္ခူးနိုင္ခဲ့ပါျပီ။ေႏြရာသီက ဂ်ဴဗင္တပ္ကိုေရာက္လာခဲ့ျပီးေနာက္ သူဟာ ျပိဳင္ပြဲစံု၁၆ဂိုးအထိသြင္းယူထားခဲ့တာေျကာင့္ ေပးေခ်ရတဲ့ေငြေျကးနဲ႕ထိုက္တန္ေျကာင္း သက္ေသျပနိုင္ခဲ့တာပါပဲ။
စီေရာ္နယ္ဒိုကေတာ့ ဒီပြဲအေျကာင္းအျမင္ကိုေျပာခဲ့ျပီး ေနာက္ထပ္ဆုဖလားေတြဆြတ္ခူးဖို႔အသင့္ျဖစ္ေနျပီလို႔ဆိုခဲ့ပါတယ္။ေရာ္နယ္ဒိုက''ဒီပြဲကအလြန္ခက္ခဲခဲ့ပါတယ္။ဒီလိုပူေႏြးတဲ့အေျခအေနမ်ိဳးမွာကစားရတာမလြယ္ပါဘူး။ အခုက်ေနာ္ ၂၀၁၉ကို ဆုဖလားတစ္လံုးနဲ႕စတင္နိုင္ခဲ့ပါျပီ။ဒါဟာဂ်ဴဗင္နဲ႕ရတဲ့ပထမဆံုးဆုဖလားျဖစ္တာေျကာင့္လည္းအလြန္ေပ်ာ္ရႊင္ေနပါတယ္။ဒါကအစပဲရွိပါေသးတယ္။က်ေနာ္တို႔ရဲ႕ပထမေျခလွမ္းလို႔ဆိုနိုင္ပါတယ္။ အခုဖလားတစ္လံုးရျပီးေနာက္မွာ အလုပ္ပိုျကိဳးစားရမွာပါ။ပံုစံေကာင္းေတြဆက္ထိန္ျပီးေနာက္ထပ္ဆုဖလားေတြဆြတ္ခူးခ်င္ပါတယ္။ဂ်ဴဗင္တပ္အသင္းဟာစီရီးေအဖလားယူဖို႔ကိုလည္းအျမဲစိတ္အားထက္သန္ေနပါတယ္။က်ေနာ္တို႔အခုဇယားထိပ္မွာဆိုေပမယ့္ ျပိဳင္ပြဲကအရွည္ျကီးက်န္ပါေသးတယ္။အခက္အခဲေတြလည္းရင္ဆိုင္ရနိုင္ပါတယ္။ဒါေျကာင့္ ကိုယ့္အလုပ္ကိုယ္ ဆက္လုပ္နိုင္ဖို႔လိုပါတယ္''လို႔စီေရာ္နယ္ဒိုက ျကံဳးဝါးသြားခဲ့ပါတယ္။
ေပၚတူဂီသားကေတာ့ အေလာင္းစည္သူမင္းျကီးလို ငါမအိုေသး လို႔ဂိုးသြင္းေတြနဲ႕သက္ေသထူေနပါျပီ။ေနာက္ထပ္ဂ်ဴဗင္ရဲ႕ပြဲစဥ္ကေတာ့ တနလၤာေန႔မွာ ခ်ီေရဗိုနဲ႔ယွဥ္ျပိဳင္ကစားသြားရမွာျဖစ္ပါတယ္။
Post a Comment