ပြဲအျပီး ကြန္ပနီဟာသလာေျပာတာကို သေဘာမက်ခဲ့တဲ့ ဗန္ဒိုက္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မေန႔ညကပရီးမီးယားလိပ္ big matchပြဲစဥ္မွာ အျငင္းပြားဖြယ္ ျဖစ္ရပ္နွစ္ခုနဲ႔ မန္စီးတီးကိုရံႈးခဲ့တာေျကာင့္ လီဗာပူးဖန္ေတြ နာက်င္ေၾကကြဲေနျကမွာအေသအခ်ာပါပဲ။ဒါေပမယ့္ ကြန္ပနီကိုတုန္႔ျပန္ခဲ့တဲ့ ဗန္ဒိုက္ရဲ႕ပံုစံကေတာ့ အသင္းပရိတ္ေတြအတြက္ ေက်နပ္စရာပါပဲ။ဒီပြဲသာလီဗာပူူးနိုင္ခဲ့ရင္ ပရီးမီးယားလိဂ္ခ်န္ပီယံက ဇန္နဝါရီလထဲကအေျဖထြက္သလိုျဖစ္သြားမွာပါ။ဒါ့အျပင္ လီဗာပူးရဲ႕ ရံႈးပြဲမရွိခ်န္ပီယံအိပ္မက္က အားေကာင္းသြားမွာပါ။
အခုေတာ့ မန္ခ်က္စတာစီးတီးအသင္းက နိုင္ပြဲရယူျပီး ထိပ္ဆံုးအသင္းနဲ႔ ၁၀မွတ္ျပတ္သြားမယ္အေျခအေနကိုေရွာင္လႊဲနိုင္ခဲ့ပါတယ္။မန္စီးတီးဟာ ျကိုးျကာတို႔ကို၂-၁နဲ႔ အနိုင္ကန္ၿပီး ေနာက္မွာေတာ့ ထိပ္ဆံုးနွစ္သင္းျကားေလးမွတ္သာ ကြာျခားေတာ့သလို႔ ပရီးမီးယားလိဂ္ခ်န္ပီယံေျပးလမ္းကလည္း ပိုမိုအျကိတ္အနယ္ရွိလာပါျပီ။မိုးျပာေရာင္အသင္းရဲ႕ ျပန္လာနိုင္မႈေျကာင့္ ခ်န္ပီယံဆုကိုင္ေျမွာက္မယ့္အသင္းကို ျပိဳင္ပြဲေနာက္ဆံုးကာလထိေစာင့္ျကည့္ရမယ့္အေျခအေနပါပဲ။
ဒီပြဲမွာ ပြဲအေျဖကိုေျပာင္းလဲသြားေစနိုင္မယ့္ တကယ္အေရးပါတဲ့ျဖစ္ရပ္နွစ္ခုရွိခဲ့ပါတယ္။ဂြ်န္စတုန္းသာ ဂိုးစည္းေပၚကမျဖတ္ထုတ္နိုင္ခဲ့ရင္ဆိုတဲ့အေတြးမ်ိဳး ျကိဳးျကာဖန္တိုင္းမွာ ရွိေနပါတယ္။ဒီျဖစ္ရပ္မွာ ဆာလာသာ အနည္းငယ္ပိုျမန္ခဲ့ရင္ ေဘာလံုးဟာ ဂိုးပိုက္နဲ႔မိတ္ဆက္သြားမယ့္ အေျခအေနမ်ိဳးပါ။ေနာက္ထပ္ အျငင္းပြားဖြယ္ အေျခအေနတစ္ခုကေတာ့ ဆာလက္ကို ေျခစံုပစ္ဝင္ခဲ့တဲ့ ကြန္ပနီကို အဝါကတ္သာျပခဲ့တာပါပဲ။ကြင္းလယ္ဒိုင္သာမသက္ညွာခဲ့ရင္ စီးတီးကပၸတိန္ဟာ ပြဲခ်ိန္အေစာပိုင္းမွာပဲ ကြင္းျပင္ထြက္ေနရနိုင္ပါတယ္။
အနီကတ္ကို ေရွာင္လႊဲနိုင္ခဲ့တဲ့အျပင္ အနိုင္သံုးမွတ္ပါ အိပ္ထဲေကာက္ထည့္နိုင္ခဲ့တာေျကာင့္ပြဲအျပီးမွာေတာ့ကြန္ပနီဟာ ရႊင္ျမဴးေနတဲ့ ပံုစံနဲ႕ ဗန္ဒိုက္ကို က်ီစယ္စကားလာေျပာခဲ့ပါတယ္။ဗန္ဒိုက္ကေတာ့ ရင္းရင္းနွီးနွီးစကားလာေျပာေနတဲ့ ကြန္ပနီကို စိတ္ဝင္စားဟန္ေတာင္မျပခဲ့ပါဘူး။ စကားစျမည္ေလးေတာင္ျပန္မေျပာနိုင္ပဲအရံႈးရလဒ္ကိုတင္းေနတဲ့ ဗန္ဒိုက္ကိုျကည့္ျပီး လီဗာပူးဖန္ေတြ အားရေက်နပ္ေနျကပါတယ္။ဟုတ္တယ္ေလ။ခ်န္ပီယံျပိဳင္ဘက္ကိုရံႈးခဲ့တဲ့ အခ်ိန္မွာ ေဘးနာကလူေတြကို ဟာသျပန္လုပ္စရာလား။ဒီနွစ္ပရီးမီးယားလိဂ္ဖလားကေတာ့ ဒီနွစ္သင္းပဲလုရမွာျဖစ္လို႔ ရာသီကုန္ရင္ ဘယ္သူကျပံဳးေနနိုင္မလဲစိတ္ဝင္စားစရာပါပဲ။
(Unicode)
ပွဲအပြီး ကွန်ပနီဟာသလာပြောတာကို သဘောမကျခဲ့တဲ့ ဗန်ဒိုက်
မနေ့ညကပရီးမီးယားလိပ် big matchပွဲစဉ်မှာ အငြင်းပွားဖွယ် ဖြစ်ရပ်နှစ်ခုနဲ့ မန်စီးတီးကိုရှုံးခဲ့တာကြောင့် လီဗာပူးဖန်တွေ နာကျင်ကြေကွဲနေကြမှာအသေအချာပါပဲ။ဒါပေမယ့် ကွန်ပနီကိုတုန့်ပြန်ခဲ့တဲ့ ဗန်ဒိုက်ရဲ့ပုံစံကတော့ အသင်းပရိတ်တွေအတွက် ကျေနပ်စရာပါပဲ။ဒီပွဲသာလီဗာပူူးနိုင်ခဲ့ရင် ပရီးမီးယားလိဂ်ချန်ပီယံက ဇန်နဝါရီလထဲကအဖြေထွက်သလိုဖြစ်သွားမှာပါ။ဒါ့အပြင် လီဗာပူးရဲ့ ရှုံးပွဲမရှိချန်ပီယံအိပ်မက်က အားကောင်းသွားမှာပါ။
အခုတော့ မန်ချက်စတာစီးတီးအသင်းက နိုင်ပွဲရယူပြီး ထိပ်ဆုံးအသင်းနဲ့ ၁၀မှတ်ပြတ်သွားမယ်အခြေအနေကိုရှောင်လွှဲနိုင်ခဲ့ပါတယ်။မန်စီးတီးဟာ ကြိုးကြာတို့ကို၂-၁နဲ့ အနိုင်ကန်ပြီး နောက်မှာတော့ ထိပ်ဆုံးနှစ်သင်းကြားလေးမှတ်သာ ကွာခြားတော့သလို့ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းကလည်း ပိုမိုအကြိတ်အနယ်ရှိလာပါပြီ။မိုးပြာရောင်အသင်းရဲ့ ပြန်လာနိုင်မှုကြောင့် ချန်ပီယံဆုကိုင်မြှောက်မယ့်အသင်းကို ပြိုင်ပွဲနောက်ဆုံးကာလထိစောင့်ကြည့်ရမယ့်အခြေအနေပါပဲ။
ဒီပွဲမှာ ပွဲအဖြေကိုပြောင်းလဲသွားစေနိုင်မယ့် တကယ်အရေးပါတဲ့ဖြစ်ရပ်နှစ်ခုရှိခဲ့ပါတယ်။ဂျွန်စတုန်းသာ ဂိုးစည်းပေါ်ကမဖြတ်ထုတ်နိုင်ခဲ့ရင်ဆိုတဲ့အတွေးမျိုး ကြိုးကြာဖန်တိုင်းမှာ ရှိနေပါတယ်။ဒီဖြစ်ရပ်မှာ ဆာလာသာ အနည်းငယ်ပိုမြန်ခဲ့ရင် ဘောလုံးဟာ ဂိုးပိုက်နဲ့မိတ်ဆက်သွားမယ့် အခြေအနေမျိုးပါ။နောက်ထပ် အငြင်းပွားဖွယ် အခြေအနေတစ်ခုကတော့ ဆာလက်ကို ခြေစုံပစ်ဝင်ခဲ့တဲ့ ကွန်ပနီကို အဝါကတ်သာပြခဲ့တာပါပဲ။ကွင်းလယ်ဒိုင်သာမသက်ညှာခဲ့ရင် စီးတီးကပ္ပတိန်ဟာ ပွဲချိန်အစောပိုင်းမှာပဲ ကွင်းပြင်ထွက်နေရနိုင်ပါတယ်။
အနီကတ်ကို ရှောင်လွှဲနိုင်ခဲ့တဲ့အပြင် အနိုင်သုံးမှတ်ပါ အိပ်ထဲကောက်ထည့်နိုင်ခဲ့တာကြောင့်ပွဲအပြီးမှာတော့ကွန်ပနီဟာ ရွှင်မြူးနေတဲ့ ပုံစံနဲ့ ဗန်ဒိုက်ကို ကျီစယ်စကားလာပြောခဲ့ပါတယ်။ဗန်ဒိုက်ကတော့ ရင်းရင်းနှီးနှီးစကားလာပြောနေတဲ့ ကွန်ပနီကို စိတ်ဝင်စားဟန်တောင်မပြခဲ့ပါဘူး။ စကားစမြည်လေးတောင်ပြန်မပြောနိုင်ပဲအရှုံးရလဒ်ကိုတင်းနေတဲ့ ဗန်ဒိုက်ကိုကြည့်ပြီး လီဗာပူးဖန်တွေ အားရကျေနပ်နေကြပါတယ်။ဟုတ်တယ်လေ။ချန်ပီယံပြိုင်ဘက်ကိုရှုံးခဲ့တဲ့ အချိန်မှာ ဘေးနာကလူတွေကို ဟာသပြန်လုပ်စရာလား။ဒီနှစ်ပရီးမီးယားလိဂ်ဖလားကတော့ ဒီနှစ်သင်းပဲလုရမှာဖြစ်လို့ ရာသီကုန်ရင် ဘယ်သူကပြုံးနေနိုင်မလဲစိတ်ဝင်စားစရာပါပဲ။
Post a Comment