Header Ads


ေပါ့ဘာဟာ ဂ်ာရတ္ထက္ပိုေကာင္းတယ္ဆိုတဲ့ ယူနိုက္တက္ဖန္ေတြရဲ႕ေျပာစကားကို လီဗာပူးပရိတ္သတ္မ်ားတုန္႔ျပန္


         
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
 ေဘာလံုးပရိတ္သတ္ေတြအေနနဲ႔ပရီးမီးယားလိဂ္ကြင္းလယ္လူေတြျကားဘယ္သူပိုေကာင္းလဲျငင္းခုန္ရတာကို သေဘာက်ပံုပါပဲ။အရင္က ဗီအဲရာနဲ႔ရြိဳင္ကိန္း,ေပါစခိုးနဲ႔လမ္းပတ္တို႔ ဘယ္သူပိုဆရာက်လဲ စကားနိုင္လုေနျကပါ။အခုေပါ့ဘာနဲ႔ဂ်ာရတ္ ျဖစ္လာျပန္ပါျပီ။

ေပါ့ဘာကေတာ့မနွစ္က, ကမာၻ ့ဖလားရခဲ့ျပီး သူ႔ရဲ႕အေကာင္းဆံုးရာသီတစ္ခုကိုျဖတ္သန္းေနပါတယ္။ေပါ့ဘာဟာရာသီအစက နည္းျပေဟာင္းေမာ္ရင္ဟိုလက္ထက္မွာ ရုန္းကန္ခဲ့ရေပမယ့္ ယာယီနည္းျပဆိုးရွားလက္ေအာက္မွာေတာ့ အေကာင္းဆံုးပံုစံေတြနဲ႔ အသင္းကိုေမာင္းနွင္ေပးေနပါတယ္။

ဆိုးလ္ရွားရဲ႕ကိုးပြဲဆက္ရံႈးပြဲမရွိခရီးလမ္းမွာ ေပါ့ဘာကအသင္းရဲ႕ အေကာင္းဆံုးကစားသမားပါပဲ။ ဘန္ေလနဲ႔ပြဲမွာ နွစ္ဂိုးျပတ္ရံႈးေနခ်ိန္မွာလည္း ပင္နယ္တီက ေနပထမေခ်ပဂိုးသြင္းျပီး အသင္းသားေတြရဲ႕တိုက္ပြဲဝင္စိတ္ကို ျမွင့္တင္ေပးခဲ့ပါတယ္။သူရဲ႕ယံုျကည္ခ်က္အျပည့္ရွိတဲ့ဟန္ပန္နဲ႔ ေခါင္းေဆာင္မႈစြမ္းရည္က တျဖည္းျဖည္းပိုတိုးတက္လာတယ္ဆိုေပမယ့္၂၅နွစ္အရြယ္ဒီျပင္သစ္သားကို လီဗာပူးဂႏၱဝင္ကစားသမား စတီဗင္ဂ်ာရတ္နဲ႔နိႈင္းယွဥ္ဖို႔ေတာ့ ေစာေနေသးသလိုပါပဲ။

ဂ်ာရတ္ဟာ ပရီးမီးယားလိဂ္ေခတ္ရဲ႕ ပရီးမီးယားလိဂ္ဖလားမရဖူးတဲ့အသင္း ေခါင္းေဆာင္ေတြထဲမွာေတာ့ အေကာင္းဆံုးတစ္ေယာက္ပါပဲ။မန္ယူနိုက္တက္အကယ္ဒမီထြက္ေပါ့ဘာကေတာ့ ၂၀၁၆နွစ္ကမွ ဂ်ဴဗင္ကေန ျပန္ေရာက္လာတာျဖစ္လို႔ EPLမွာသူေျခစြမ္းေကာင္းျပတာ သံုးရာသီေတာင္မရွိေသးပါဘူး။ဒါ့ေၾကာင့္  ပရီးမီးယားလိဂ္အေကာင္းဆံုးေခါင္းေဆာင္ေတြထဲကတစ္ေယာက္နဲ႔ နိႈင္းယွဥ္ဖို႔ ေပါ့ဘာအတြက္ေစာလြန္းေနပါေသးတယ္။


ဒါေပမယ့္အစထဲကယူနိုက္တက္နဲ႔လီဗာပူးဆိုတာ ေက်ာင္းေတာ္ကရန္စရွိသူေတြမို႔ဆိုရွယ္ မီဒီယာေတြေပၚမွာေတာ့ အေလ်ာ႔မေပးပဲ တစ္သင္းနဲ႔တစ္သင္းစကားလံုးတိုက္ပြဲဆင္ႏြဲေနျကပါတယ္။ယူနိုက္တက္မွာေပါ့ဘာေနာက္ငါးနွစ္ေလာက္ဆက္ရွိေနခဲ့ရင္ေတာ့သူတို႔နွစ္ဦးျကား ဘယ္သူပိုေကာင္းလဲဆိုတဲ့ အေျဖထြက္လာနိုင္ပါတယ္။စာဖတ္သူတို႔အေနနဲ႔ေရာ ဘယ္လိုထင္ျကလဲ။

(Unicode)

ပေါ့ဘာဟာ ဂျာရတ်ထက်ပိုကောင်းတယ်ဆိုတဲ့ ယူနိုက်တက်ဖန်တွေရဲ့ပြောစကားကို လီဗာပူးပရိတ်သတ်များတုန့်ပြန်                

 ဘောလုံးပရိတ်သတ်တွေအနေနဲ့ပရီးမီးယားလိဂ်ကွင်းလယ်လူတွေကြားဘယ်သူပိုကောင်းလဲငြင်းခုန်ရတာကို သဘောကျပုံပါပဲ။အရင်က ဗီအဲရာနဲ့ရွိုင်ကိန်း,ပေါစခိုးနဲ့လမ်းပတ်တို့ ဘယ်သူပိုဆရာကျလဲ စကားနိုင်လုနေကြပါ။အခုပေါ့ဘာနဲ့ဂျာရတ် ဖြစ်လာပြန်ပါပြီ။

ပေါ့ဘာကတော့မနှစ်က, ကမ္ဘာ့ဖလားရခဲ့ပြီး သူ့ရဲ့အကောင်းဆုံးရာသီတစ်ခုကိုဖြတ်သန်းနေပါတယ်။ပေါ့ဘာဟာရာသီအစက နည်းပြဟောင်းမော်ရင်ဟိုလက်ထက်မှာ ရုန်းကန်ခဲ့ရပေမယ့် ယာယီနည်းပြဆိုးရှားလက်အောက်မှာတော့ အကောင်းဆုံးပုံစံတွေနဲ့ အသင်းကိုမောင်းနှင်ပေးနေပါတယ်။

ဆိုးလ်ရှားရဲ့ကိုးပွဲဆက်ရှုံးပွဲမရှိခရီးလမ်းမှာ ပေါ့ဘာကအသင်းရဲ့ အကောင်းဆုံးကစားသမားပါပဲ။ ဘန်လေနဲ့ပွဲမှာ နှစ်ဂိုးပြတ်ရှုံးနေချိန်မှာလည်း ပင်နယ်တီက နေပထမချေပဂိုးသွင်းပြီး အသင်းသားတွေရဲ့တိုက်ပွဲဝင်စိတ်ကို မြှင့်တင်ပေးခဲ့ပါတယ်။သူရဲ့ယုံကြည်ချက်အပြည့်ရှိတဲ့ဟန်ပန်နဲ့ ခေါင်းဆောင်မှုစွမ်းရည်က တဖြည်းဖြည်းပိုတိုးတက်လာတယ်ဆိုပေမယ့်၂၅နှစ်အရွယ်ဒီပြင်သစ်သားကို လီဗာပူးဂန္တဝင်ကစားသမား စတီဗင်ဂျာရတ်နဲ့နှိုင်းယှဉ်ဖို့တော့ စောနေသေးသလိုပါပဲ။

ဂျာရတ်ဟာ ပရီးမီးယားလိဂ်ခေတ်ရဲ့ ပရီးမီးယားလိဂ်ဖလားမရဖူးတဲ့အသင်း ခေါင်းဆောင်တွေထဲမှာတော့ အကောင်းဆုံးတစ်ယောက်ပါပဲ။မန်ယူနိုက်တက်အကယ်ဒမီထွက်ပေါ့ဘာကတော့ ၂၀၁၆နှစ်ကမှ ဂျူဗင်ကနေ ပြန်ရောက်လာတာဖြစ်လို့ EPLမှာသူခြေစွမ်းကောင်းပြတာ သုံးရာသီတောင်မရှိသေးပါဘူး။ဒါ့ကြောင့်  ပရီးမီးယားလိဂ်အကောင်းဆုံးခေါင်းဆောင်တွေထဲကတစ်ယောက်နဲ့ နှိုင်းယှဉ်ဖို့ ပေါ့ဘာအတွက်စောလွန်းနေပါသေးတယ်။

ဒါပေမယ့်အစထဲကယူနိုက်တက်နဲ့လီဗာပူးဆိုတာ ကျောင်းတော်ကရန်စရှိသူတွေမို့ဆိုရှယ် မီဒီယာတွေပေါ်မှာတော့ အလျော့မပေးပဲ တစ်သင်းနဲ့တစ်သင်းစကားလုံးတိုက်ပွဲဆင်နွဲနေကြပါတယ်။ယူနိုက်တက်မှာပေါ့ဘာနောက်ငါးနှစ်လောက်ဆက်ရှိနေခဲ့ရင်တော့သူတို့နှစ်ဦးကြား ဘယ်သူပိုကောင်းလဲဆိုတဲ့ အဖြေထွက်လာနိုင်ပါတယ်။စာဖတ်သူတို့အနေနဲ့ရော ဘယ်လိုထင်ကြလဲ။

No comments

Powered by Blogger.