Header Ads




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။








ရိုနယ်လ်ဒို ဟာ ရီးရဲလ်အသင်းမှာ ၉ရာသီတိတိကစားခဲ့ပြီးဂိုးပေါင်းများစွားသွင်းယူပေးခဲ့ပြီး အောင်မြင်မှုသရဖူအကြိမ်ကြိမ်ဆောင်းနိုင်ခဲ့ကာ ပြည်တွင်းဖလားများစွာနှင့် ချန်ပီယံလိဂ်၎ကြိမ်ထိဆွတ်ခူးနိုင်ခဲ့ပါတယ်။

(Unicode)

ဘယ်အသင်းမှခေါ်လို့မရအောင်ဟာရီကိန်းရဲ့တန်ဖိုးကိုဈေးသတ်မှတ်ပေးလိုက်တဲ့တော့တင်ဟမ်

အကယ်၍ ဟာရီကိန်းကိုအသင်းတွေကဝယ်ယူချင်တယ်ဆိုရင် သူတို့အနေနှင့်ပိုက်ဆံကိုတစ်ဆုံး ရေလိုသုံးရမှာပါ။ ကျွန်တော်တို့ ဆိုလိုချင်တာက အများကြီးနော်။ကမ္ဘာ့စံချိန်ချိုးမည့်ဈေးနှုန်းလိုပေါ့ အဲဒီထပ်ပိုချင်ပိုလည်းရတယ်။

ဟာရီကိန်းကိုခေါ်ယူချင်နေတဲ့အသင်းတွေကအမြောက်အများရှိနေပြီး ယူနိုက်တက်အသင်းနှင့်ရီးရဲလ်မက်ဒရစ်အသင်းတို့လည်းအပါအဝင်ဖြစ်ပါတယ်။သူကယခုနှစ်ကာလအတောအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်မှာဂိုးတွေအများအပြားသွင်းယူထားပြီးဥရောပဘောလုံးလောကမှာရှိတဲ့အသင်းတွေကိုစိတ်ဝင်စားလာအောင်ဆွဲဆောင်နေလျက်ရှိပါတယ်။ဒါတွေကိုစပါးအသင်းကကောင်းကောင်းသိနေပြီး သူရဲ့ဈေးနှုန်းကိုသတ်မှတ်ထားပါတယ်။ဈေးနှုန်းကတကယ်ကိုကြီးကြီးမားမားကြီးပါ။

စပိန်သတင်းစာ ASရဲ့ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် အသင်းက ဘုတ်အဖွဲ့ရဲ့အကြုံပြုချက်အတိုင်းလုပ်ဆောင်ဖို့ရှိနေပြီးစပါးအသင်းဖက်က ခရစ်စမတ်မတိုင်ခင်ထဲကအပြောင်းအရွေ့ဈေးအတွက်အဆိုပါအကြုံပြုချက်ကိုရ ရှိနေပြီး အဆိုပါအင်္ဂလန်တိုက်စစ်မှုးကြီးကိုလည်းအသိပေးညွန်ကြားထားပါတယ်။ဟာရီကိန်းကိုရောင်းချလျှင်ရရှိမည့်ပမာဏက ပေါင်၃၁၂သန်း(ယူရိုသန်း၃၅၀)ဖြစ်ပါတယ်။တကယ်ကိုများပြားလှတဲ့ပမာဏလည်းဖြစ်ပါတယ်။

အကယ်စပါးအသင်းကသာ ဒီကမ်းလှမ်းမှုကိုလက်ခံခဲ့မည်ဆိုရင် လက်ရှိကမ္ဘာ့စံချိန်တင်အပြောင်းအရွေ့မှတ်တမ်းကိုရိုက်ချိုးနိုင်မည်ဖြစ်ပါတယ်။လက်ရှိကမ္ဘာ့စံချိန်ကတော့ 2017ခုနှစ်က ဖြစ်ခဲ့တဲ့ PSGအသင်းကစားသမားနေမာရဲ့အပြောင်းအရွေ့ဖြစ်ပြီး ဘာစီလိုနာအသင်းထံကို ပေါင်၁၉၈သန်းပေးချေခဲ့ရပါတယ်။


ဒီအပြောင်းအရွေသတ်မှတ်ချက်က ကိန်းရဲ့အသက်နှင့်စွမ်းရည်လည်းအပါအဝင်ဖြစ်နေပါတယ်။သူရဲ့ဈေးနှုန်းကလည်းဘောလုံးနယ်ပယ်မှာတော့မတန်ဘူးလို့အသံတွေလည်းထွက်ပေါ်နေပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းကပိုက်ဆံသုံးဖြုန်းဖို့ရှိနေပြီး သူတို့ လိုအပ်နေတဲ့အရည်အချင်းရှိတဲ့လူတွေကိုအသည်းအသန်ခေါ်ယူချင်နေပါတယ်။အသက်၂၅နှစ်အရွယ် ကိန်းကတစ်နေ့နှင့်တစ်နေ့ပိုမိုကောင်းမွန်လာလျက်ရှိနေပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ချန်ပီယံလိဂ်လက်ရှိဘုရင်ရီးရဲလ်က ရိုနယ်လ်ဒိုရဲ့နေရာမှာအစားထိုးဖို့လူလိုအပ်နေပါတယ်။ ရိုနယ်လ်ဒိုကို ဂျူဗင်တပ်စ်အသင်းအား ပုံမှန်အလယ်အလတ်ဈေးနှင့်ရောင်းချခဲ့ပါတယ်။

ရိုနယ်လ်ဒို ဟာ ရီးရဲလ်အသင်းမှာ ၉ရာသီတိတိကစားခဲ့ပြီးဂိုးပေါင်းများစွားသွင်းယူပေးခဲ့ပြီး အောင်မြင်မှုသရဖူအကြိမ်ကြိမ်ဆောင်းနိုင်ခဲ့ကာ ပြည်တွင်းဖလားများစွာနှင့် ချန်ပီယံလိဂ်၄ကြိမ်ထိဆွတ်ခူးနိုင်ခဲ့ပါတယ်။

No comments

Powered by Blogger.