ရပ္ဖို ့ဒ္သြင္းယူခဲ့တဲ့ဂိုးကိုစတင္တိုက္စစ္ဆင္တဲ့ေနရာမွာဆန္းခ်က္စ္တစ္ေယာက္တိုက္စစ္မွာရိွမေနေသးပါဘူး။
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန္ခ်က္စတာယူနိုက္တက္အသင္းဟာမေန ့ညကကစားခဲ့တဲ့ နယူးကာဆယ္အသင္းနဲ ့အေ၀းကြင္းပြဲမွာ ၂-၀ ျဖင့္အနိုင္ရခဲ့ပါတယ္။ယူနိုက္တက္တို ့ရဲ ့ဒုတိယဦးေဆာင္ဂိုးကိုဖန္တီးေပးခဲ့တဲ့ အလက္ဆစ္ဆန္းခ်က္စ္ဟာလည္း သူ ့ရဲ ့မယံုနိုင္စရာအေျပးႏႈန္းေၾကာင့္ ရပ္ဖို ့ဒ္ရဲ ့ဂိုးကိုအေကာင္းဆံုးဖန္တီးေပးနိုင္ခဲ့တဲ့အတြက္ ခ်ီးက်ဳးအသိအမွတ္ျပဳသင့္တာေတာ့အမွန္ပါပဲ။
နည္းျပဆိုလ္ရွားလက္ထက္မန္ယူနိုက္တက္အသင္းဟာ နယူးကာဆယ္တို ့ရဲ ့ေျမမွာသြားကစားရမွာျဖစ္တာေၾကာင့္အဆိုပါပြဲအတြက္သံသယတစ္ခ်ဳိ ့ရိွခဲ့ၾကတာေတာ့အမွန္ျဖစ္ေသာ္လည္း ပြဲၿပီးဆံုးသြားတဲ့အခ်ိန္မွာေတာ့အဆိုပါစိုးရိမ္စိတ္ေတြနဲ ့သံသယစိတ္ေတြေပ်ာက္ဆံုးသြားခဲ့ၾကပါတယ္။
ယူနိုက္တက္တို ့ဟာ သူတို ့ရဲ ့၄ပြဲဆက္နိုင္ပြဲရမွတ္တမ္းေကာင္းကိုစိုက္ထူနိုင္ခဲ့ၿပီး အဆိုပါပြဲမွာလည္း နယူးကာဆယ္တို ့ရရိွတဲ့အခြင့္အေရးေကာင္းကို အသံုးမခ်နိုင္တဲ့ေနာက္ လူကာကူ၊ရပ္ဖို ့ဒ္၊နဲ ့ဆန္းခ်က္စ္တို ့ရဲ ့တြဲလံုးေတြကေန ဒုတိယေျမာက္ဦးေဆာင္ဂိုးကိုရယူခဲ့ၿပီးပြဲကိုအဆံုးသတ္နိုင္ခဲ့ပါတယ္။
နည္းျပဆိုးလ္ရွားလက္ေအာက္မွာ ယူနိုက္တက္ကစားသမားေတြဟာ ေပ်ာ္ရႊင္ေနၾကၿပီး မာကပ္စ္ရပ္ဖို ့ဒ္ ဆို တစ္လံုးဖန္တီး၊တစ္လံုးဂိုးသြင္းနိုင္ခဲ့ၿပီးအေကာင္းဆံုးပံုစံေတြကိုျပသေနတာပဲျဖစ္ပါတယ္။မန္ေနဂ်ာသစ္လက္ထက္မွာေတာ့ ေတာက္ပဖို ့အခြင့္အေရးသိပ္မရေသးတဲ့ကစားသမားတစ္ေယာက္ကေတာ့ အလက္ဆစ္ဆန္းခ်က္စ္ပဲျဖစ္ပါတယ္။သူဟာ ၿပီးခဲ့တဲ့ ပြဲ၉ ပြဲမွာ ဒဏ္ရာရေနတဲ့သူျဖစ္ပါတယ္။ဒါပင္မယ့္လည္း ခ်ီလီေတာင္ပံတိုက္စစ္မွဴးဟာ နယူးကာဆယ္နဲ ့ပြဲမွာေတာ့ အရံခုံကေန၀င္ကစားၿပီး သူ ့ရဲ ့အေကာင္းဆံုးအခြင့္အေရးကိုအသံုးခ်ခဲ့ပါတယ္။ဆန္းခ်က္စ္ဟာ အခြင့္အေရးေကာင္းေတြသိပ္မဖန္တီးနိုင္ခဲ့ေသာ္လည္း မာကပ္စ္ရပ္ဖို ့ဒ္ရဲ ့သြင္းဂိုးကို သူအေကာင္းဆံုးဖန္တီးေပးခဲ့ပါတယ္။ဒါဟာ သူ ့ရဲ ့လ်င္ျမန္တဲ့ေျပးနႈန္းေတြရယ္၊သြင္းဂိုးဖန္တီးေပးဖို ့ဆာေလာင္ေနတဲ့စိတ္ဓာတ္တို ့ကိုခ်ီးက်ဳးရမွာျဖစ္ၿပီး အဆိုပါဂိုးဖန္တီးဖို ့အစျပဳေနခ်ိန္မွာ ရပ္ဖို ့ဒ္နဲ ့လူကာကူတို ့ကိုသာ ပံုမွာျမင္ရၿပီး ဆန္းခ်က္စ္က စကၠန္ ့ပိုင္းအတြင္း တိုက္စစ္ကို လိုက္ပါကစားကာဖန္တီးေပးခဲ့တာပဲျဖစ္ပါတယ္.
ဆန္းခ်က္စ္ဟာ အုိထရက္ဖို ့ဒ္မွာလာမကစားခင္ အာဆင္နယ္အသင္းမွာ ေနာက္ခ်န္တိုက္စစ္အရိပ္ ကစားသမားအျဖစ္လိုက္ကစားၿပီး အေရးၾကီးတဲ့ကစားသမားတစ္ေယာက္အျဖစ္ရိွေနခဲ့တာျဖစ္ကာယူနိုက္တက္ပရိတ္သတ္မ်ားကေတာ့ နည္းျပဆိုလ္ရွားကို အဆိုပါစြမ္းေဆာင္မႈေတြအတိုင္း ယူနိုက္တက္မွာလည္း ျပန္လည္ရရိွေစဖို ့အားကိုးေနၾကတာပဲျဖစ္ပါတယ္။
နည္းျပဆိုးလ္ရွားလက္ထက္မွာေတာ့ မာရွယ္၊ရပ္ဖို ့ဒ္တို ့ဟာေၾကာက္စရာေကာင္းတဲ့ တိုက္စစ္ကစားသမားေတြျဖစ္လာခဲ့ၾကၿပီး ကြင္းလယ္လူေပါ့ဘာဆို နံပါတ္၁၀ ေနရာမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ကစားျပေနနိုင္တာပဲျဖစ္ပါတယ္။သရဲနီတို ့ဟာ ဆိုးလ္ရွားလက္ထက္ ပထမဆံုး Clean Sheet တစ္ပြဲကိုရွာေဖြနိုင္ခဲ့ၾကပါတယ္။အကယ္၍ ဆန္းခ်က္စ္သာ အခုလို ျမန္နႈန္းျမင့္ပံုစံမ်ိဳးေတြထပ္ျပမယ္ဆိုရင္ေတာ့ ယူနို္က္တက္တိုက္စစ္ဟာ အလြန္ေပါက္ကြဲလြယ္တဲ့ ဂိုးသြင္းစက္ေတြျဖစ္သြားနိုင္ၿပီး ျပိဳင္ဘက္အသင္းရဲ ့ေနာက္ခံလူေတြကို အိပ္မက္ဆိုးေတြေပးေစမွာပဲျဖစ္ပါတယ္။
(Unicode)
ရပ်ဖို့ဒ်သွင်းယူခဲ့တဲ့ဂိုးကိုစတင်တိုက်စစ်ဆင်တဲ့နေရာမှာဆန်းချက်စ်တစ်ယောက်တိုက်စစ်မှာရှိမနေသေးပါဘူး။
မန်ချက်စတာယူနိုက်တက်အသင်းဟာမနေ့ညကကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့အဝေးကွင်းပွဲမှာ ၂-၀ ဖြင့်အနိုင်ရခဲ့ပါတယ်။ယူနိုက်တက်တို့ရဲ့ဒုတိယဦးဆောင်ဂိုးကိုဖန်တီးပေးခဲ့တဲ့ အလက်ဆစ်ဆန်းချက်စ်ဟာလည်း သူ့ရဲ့မယုံနိုင်စရာအပြေးနှုန်းကြောင့် ရပ်ဖို့ဒ်ရဲ့ဂိုးကိုအကောင်းဆုံးဖန်တီးပေးနိုင်ခဲ့တဲ့အတွက် ချီးကျုးအသိအမှတ်ပြုသင့်တာတော့အမှန်ပါပဲ။
နည်းပြဆိုလ်ရှားလက်ထက်မန်ယူနိုက်တက်အသင်းဟာ နယူးကာဆယ်တို့ရဲ့မြေမှာသွားကစားရမှာဖြစ်တာကြောင့်အဆိုပါပွဲအတွက်သံသယတစ်ချို့ရှိခဲ့ကြတာတော့အမှန်ဖြစ်သော်လည်း ပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့အဆိုပါစိုးရိမ်စိတ်တွေနဲ့သံသယစိတ်တွေပျောက်ဆုံးသွားခဲ့ကြပါတယ်။
ယူနိုက်တက်တို့ဟာ သူတို့ရဲ့၄ပွဲဆက်နိုင်ပွဲရမှတ်တမ်းကောင်းကိုစိုက်ထူနိုင်ခဲ့ပြီး အဆိုပါပွဲမှာလည်း နယူးကာဆယ်တို့ရရှိတဲ့အခွင့်အရေးကောင်းကို အသုံးမချနိုင်တဲ့နောက် လူကာကူ၊ရပ်ဖို့ဒ်၊နဲ့ဆန်းချက်စ်တို့ရဲ့တွဲလုံးတွေကနေ ဒုတိယမြောက်ဦးဆောင်ဂိုးကိုရယူခဲ့ပြီးပွဲကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။
နည်းပြဆိုးလ်ရှားလက်အောက်မှာ ယူနိုက်တက်ကစားသမားတွေဟာ ပျော်ရွှင်နေကြပြီး မာကပ်စ်ရပ်ဖို့ဒ် ဆို တစ်လုံးဖန်တီး၊တစ်လုံးဂိုးသွင်းနိုင်ခဲ့ပြီးအကောင်းဆုံးပုံစံတွေကိုပြသနေတာပဲဖြစ်ပါတယ်။မန်နေဂျာသစ်လက်ထက်မှာတော့ တောက်ပဖို့အခွင့်အရေးသိပ်မရသေးတဲ့ကစားသမားတစ်ယောက်ကတော့ အလက်ဆစ်ဆန်းချက်စ်ပဲဖြစ်ပါတယ်။သူဟာ ပြီးခဲ့တဲ့ ပွဲ၉ ပွဲမှာ ဒဏ်ရာရနေတဲ့သူဖြစ်ပါတယ်။ဒါပင်မယ့်လည်း ချီလီတောင်ပံတိုက်စစ်မှူးဟာ နယူးကာဆယ်နဲ့ပွဲမှာတော့ အရံခုံကနေဝင်ကစားပြီး သူ့ရဲ့အကောင်းဆုံးအခွင့်အရေးကိုအသုံးချခဲ့ပါတယ်။ဆန်းချက်စ်ဟာ အခွင့်အရေးကောင်းတွေသိပ်မဖန်တီးနိုင်ခဲ့သော်လည်း မာကပ်စ်ရပ်ဖို့ဒ်ရဲ့သွင်းဂိုးကို သူအကောင်းဆုံးဖန်တီးပေးခဲ့ပါတယ်။ဒါဟာ သူ့ရဲ့လျင်မြန်တဲ့ပြေးနှုန်းတွေရယ်၊သွင်းဂိုးဖန်တီးပေးဖို့ဆာလောင်နေတဲ့စိတ်ဓာတ်တို့ကိုချီးကျုးရမှာဖြစ်ပြီး အဆိုပါဂိုးဖန်တီးဖို့အစပြုနေချိန်မှာ ရပ်ဖို့ဒ်နဲ့လူကာကူတို့ကိုသာ ပုံမှာမြင်ရပြီး ဆန်းချက်စ်က စက္ကန့်ပိုင်းအတွင်း တိုက်စစ်ကို လိုက်ပါကစားကာဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်.
ဆန်းချက်စ်ဟာ အိုထရက်ဖို့ဒ်မှာလာမကစားခင် အာဆင်နယ်အသင်းမှာ နောက်ချန်တိုက်စစ်အရိပ် ကစားသမားအဖြစ်လိုက်ကစားပြီး အရေးကြီးတဲ့ကစားသမားတစ်ယောက်အဖြစ်ရှိနေခဲ့တာဖြစ်ကာယူနိုက်တက်ပရိတ်သတ်များကတော့ နည်းပြဆိုလ်ရှားကို အဆိုပါစွမ်းဆောင်မှုတွေအတိုင်း ယူနိုက်တက်မှာလည်း ပြန်လည်ရရှိစေဖို့အားကိုးနေကြတာပဲဖြစ်ပါတယ်။
နည်းပြဆိုးလ်ရှားလက်ထက်မှာတော့ မာရှယ်၊ရပ်ဖို့ဒ်တို့ဟာကြောက်စရာကောင်းတဲ့ တိုက်စစ်ကစားသမားတွေဖြစ်လာခဲ့ကြပြီး ကွင်းလယ်လူပေါ့ဘာဆို နံပါတ်၁၀ နေရာမှာ ပျော်ပျော်ရွှင်ရွှင်ကစားပြနေနိုင်တာပဲဖြစ်ပါတယ်။သရဲနီတို့ဟာ ဆိုးလ်ရှားလက်ထက် ပထမဆုံး Clean Sheet တစ်ပွဲကိုရှာဖွေနိုင်ခဲ့ကြပါတယ်။အကယ်၍ ဆန်းချက်စ်သာ အခုလို မြန်နှုန်းမြင့်ပုံစံမျိုးတွေထပ်ပြမယ်ဆိုရင်တော့ ယူနိုက်တက်တိုက်စစ်ဟာ အလွန်ပေါက်ကွဲလွယ်တဲ့ ဂိုးသွင်းစက်တွေဖြစ်သွားနိုင်ပြီး ပြိုင်ဘက်အသင်းရဲ့နောက်ခံလူတွေကို အိပ်မက်ဆိုးတွေပေးစေမှာပဲဖြစ်ပါတယ်။
Post a Comment