Header Ads


တနဂၤေႏြေန ့နံနက္ခင္းေနာက္ဆံုးရေဘာလံုးသတင္းမ်ား



Zawgyi သမားမ်ားေအာက္ဆြဲဖတ္ေပးပါ
တနင်္ဂနွေနေ့နံနက်ခင်းနောက်ဆုံးရဘောလုံးသတင်းများ

ချဲလ်ဆီးနည်းပြဆာရီက အာဆင်နယ်အသင်းကို ၂-၀ ဖြင့်ရှုံးနိမ့်ခဲ့တဲ့ပွဲပြီးနောက်ချဲလ်ဆီးအသင်းကို စိတ်ဓာတ်တက်ကြွအောင်လုပ်ဆောင်ဖို့ဆိုတာအတော်လေးခက်ခဲကြောင်း ငြီးတွားသွားခဲ့ပါတယ်။

လန်ဒန်ဒါဘီပွဲမှာ ၁ဂိုးသွင်းယူသွားခဲ့တဲ့ အာဆင်နယ်နောက်ခံလူကိုစီယယ်နီက အာဆင်နယ်အသင်းသမိုင်းတစ်လေ ျှာက်နောက်ခံလူတစ်ယောက်အနေနဲ့ဂိုး၂၀သွင်းယူထားတဲ့ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီပဲဖြစ်ပါတယ်။

ယူနိုက်တက်နောက်ခံလူဟောင်းဖာဒီနန်က ချဲလ်ဆီးကွင်းလယ်လူဂျော်ဂျင်ဟိုဟာ မပြေးနိုင်၊မခုခံနိုင်၊ဂိုးဖန်တီးမှုမလုပ်နိုင်တဲ့လူပိုကစားသမားတစ်ယောက်လို့ပွဲအပြီးမှာဝေဖန်ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားက ကျန်နေသေးတဲ့ သူ့ဘဝတစ်လေ ျှာက်လုံးမန်ချက်စတာယူနိုက်တက်ကို ကိုင်တွယ်ခဲ့တာတွေကို သတိရနေမှာဖြစ်တယ်လို့ဝန်ခံပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့အသင်းခေါင်းဆောင်အက်ရ်ှလေယန်းဟာ အသင်းလူငယ်တိုက်စစ်မှူးဟာ ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပြီလို့ဘရိုက်တန်အသင်းနဲ့ပွဲအပြီးမှာပြောကြားခဲ့ပါတယ်။

ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ပွဲမှာ ၂ဂိုးသွင်းယူပေးခဲ့ပြီး ဂိုး၅၀ ပြည့်မြောက်ခဲ့တဲ့ တိုက်စစ်ကစားသမားဆာလာကို လီဗာပူးလ်နည်းပြကလော့က ခြွင်းချက်မရှိအောင်မြင်မှုကိုရယူနိုင်တဲ့ကစားသမားလို့ချီးကျုးပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားက မန်ယူနိုက်တက်အသင်းဟာ အမြဲတမ်းဘောလုံးကို စိတ်ကူးယဉ်အိပ်မက်ဆန်ဆန်ကစားဟန်နဲ့အမြဲတမ်းကစားလို့မရကြောင်း၊ရပ်ဖို့ဒ်ဆို ပိုမိုတိုးတက်ကောင်းမွန်လာတဲ့ကစားသမားဖြစ်လာကြောင်းပွဲအပြီးမှာပြောကြားသွားခဲ့ပါတယ်။

ပဲလေ့စ်အသင်းကိုအနိုင်ရလိုက်တာဟာ ချန်ပီယံအိပ်မက်အတွက်လီဗာပူးလ်အသင်းတို့ပိုမိုအသက်ရှုချောင်သွားစေခဲ့တာဖြစ်တယ်လို့ပွဲအပြီးနည်းပြကြီးကလော့ကဆိုလိုက်ပါတယ်။

ချဲလ်ဆီးအသင်းနဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့နောက်ခံလူဘယ်လာရင်ရဲ့အခြေအနေဟာ အကောင်းဘက်မှာမရှိဘူးလို့နည်းပြအူနိုင်းအမ်မရီကပွဲအပြီးမှာပြောကြားသွားခဲ့ပါတယ်။

(Zawgyi)

တနဂၤေႏြေန ့နံနက္ခင္းေနာက္ဆံုးရေဘာလံုးသတင္းမ်ား

ခ်ဲလ္ဆီးနည္းျပဆာရီက အာဆင္နယ္အသင္းကို ၂-၀ ျဖင့္ရံႈးနိမ့္ခဲ့တဲ့ပြဲၿပီးေနာက္ခ်ဲလ္ဆီးအသင္းကို စိတ္ဓာတ္တက္ၾကြေအာင္လုပ္ေဆာင္ဖို ့ဆိုတာအေတာ္ေလးခက္ခဲေၾကာင္း ၿငီးတြားသြားခဲ့ပါတယ္။

လန္ဒန္ဒါဘီပြဲမွာ ၁ဂိုးသြင္းယူသြားခဲ့တဲ့ အာဆင္နယ္ေနာက္ခံလူကိုစီယယ္နီက အာဆင္နယ္အသင္းသမိုင္းတစ္ေလ ွ်ာက္ေနာက္ခံလူတစ္ေယာက္အေနနဲ ့ဂိုး၂၀သြင္းယူထားတဲ့ပထမဆံုးကစားသမားအျဖစ္မွတ္တမ္း၀င္သြားခဲ့ၿပီပဲျဖစ္ပါတယ္။

ယူနိုက္တက္ေနာက္ခံလူေဟာင္းဖာဒီနန္က ခ်ဲလ္ဆီးကြင္းလယ္လူေဂ်ာ္ဂ်င္ဟိုဟာ မေျပးနိုင္၊မခုခံနိုင္၊ဂိုးဖန္တီးမႈမလုပ္နိုင္တဲ့လူပိုကစားသမားတစ္ေယာက္လို ့ပြဲအၿပီးမွာေ၀ဖန္ေျပာၾကားခဲ့ပါတယ္။

ယူနိုက္တက္နည္းျပဆိုးလ္ရွားက က်န္ေနေသးတဲ့ သူ ့ဘ၀တစ္ေလ ွ်ာက္လံုးမန္ခ်က္စတာယူနိုက္တက္ကို ကိုင္တြယ္ခဲ့တာေတြကို သတိရေနမွာျဖစ္တယ္လို ့၀န္ခံေျပာၾကားခဲ့ပါတယ္။

ယူနိုက္တက္ရဲ ့အသင္းေခါင္းေဆာင္အက္ရ္ွေလယန္းဟာ အသင္းလူငယ္တိုက္စစ္မွဴးဟာ ကမာၻ ့အဆင့္ကစားသမားတစ္ေယာက္ျဖစ္လာခဲ့ၿပီလို ့ဘရိုက္တန္အသင္းနဲ ့ပြဲအၿပီးမွာေျပာၾကားခဲ့ပါတယ္။

ခရစ္စတယ္ပဲေလ့စ္အသင္းနဲ ့ပြဲမွာ ၂ဂိုးသြင္းယူေပးခဲ့ၿပီး ဂိုး၅၀ ျပည့္ေျမာက္ခဲ့တဲ့ တိုက္စစ္ကစားသမားဆာလာကို လီဗာပူးလ္နည္းျပကေလာ့က ျခြင္းခ်က္မရိွေအာင္ျမင္မႈကိုရယူနိုင္တဲ့ကစားသမားလို ့ခ်ီးက်ဳးေျပာၾကားသြားခဲ့ပါတယ္။

ယူနိုက္တက္နည္းျပဆိုးလ္ရွားက မန္ယူနိုက္တက္အသင္းဟာ အျမဲတမ္းေဘာလံုးကို စိတ္ကူးယဥ္အိပ္မက္ဆန္ဆန္ကစားဟန္နဲ ့အၿမဲတမ္းကစားလို ့မရေၾကာင္း၊ရပ္ဖို ့ဒ္ဆို ပိုမိုတိုးတက္ေကာင္းမြန္လာတဲ့ကစားသမားျဖစ္လာေၾကာင္းပြဲအၿပီးမွာေျပာၾကားသြားခဲ့ပါတယ္။

ပဲေလ့စ္အသင္းကိုအနိုင္ရလိုက္တာဟာ ခ်န္ပီယံအိပ္မက္အတြက္လီဗာပူးလ္အသင္းတို ့ပိုမိုအသက္ရႈေခ်ာင္သြားေစခဲ့တာျဖစ္တယ္လို ့ပြဲအၿပီးနည္းျပၾကီးကေလာ့ကဆိုလိုက္ပါတယ္။

ခ်ဲလ္ဆီးအသင္းနဲ ့ပြဲမွာ ဒဏ္ရာရသြားခဲ့တဲ့ေနာက္ခံလူဘယ္လာရင္ရဲ့အေျခအေနဟာ အေကာင္းဘက္မွာမရိွဘူးလို ့နည္းျပအူနိုင္းအမ္မရီကပြဲအၿပီးမွာေျပာၾကားသြားခဲ့ပါတယ္။

No comments

Powered by Blogger.