Header Ads
လာလီဂါသမိုင်းတစ်လျှောက်ပထမဆုံးဂိုး၄၀၀အထိသွင်းယူနိုင်တဲ့ ဂြိုလ်သားလီယွန်နယ်မက်ဆီ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မက်ဆီဟာလာလီဂါသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတစ်ယောက်လား?
(Unicode)
လာလီဂါသမိုင်းတစ်လေ ျှာက်ပထမဆုံးဂိုး၄၀၀အထိသွင်းယူနိုင်တဲ့ ဂြိုလ်သားလီယွန်နယ်မက်ဆီ
အီဘာအသင်းကို ၃-ဝဖြင့်အနိုင်ရခဲ့ ဘာစီလိုနာတို့ရဲ့လာလီဂါနိုင်ပွဲမှာ ၁ဂိုးသွင်းယူခဲ့တဲ့လီယွန်နယ်မက်ဆီဟာ လာလီဂါသမိုင်းတစ်လေ ျှာက် ဂိုး၄၀၀အထိသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီပဲဖြစ်ပါတယ်။အသက် ၃၁ နှစ် အရွယ် အာဂျင်တိုင်းမှော်ဆရာဟာ စပိန်ကလပ်အတွက် ၂၀၀၄ ခုနှစ်ကစပြီး ယခုစံချိန်ကို ရဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။အဲ့အချိန်ထဲက အခုထိ မက်ဆီဟာ Final Third ဇုန်အတွင်း အန္တရာယ်များတဲ့ ကစားသမားအဖြစ်ရှိနေခဲ့တာဖြစ်ပြီး ယခုဂိုး၄၀၀စံချိန်ကို ပွဲပေါင်း ၄၃၅ ပွဲဖြင့်စံချိန်တင်ခဲ့တာပဲဖြစ်ပါတယ်။
ဘော်လွန်ဒီအော်၅ကြိမ်ဆုရမက်ဆီရဲ့၃၉၉ မြောက်ဂိုးကို ပြီးခဲ့တဲ့အပတ်က ဂီတာဖေးနဲ့ ပွဲမှာသွင်းယူခဲ့တာဖြစ်ပြီး ယခုအပတ်စံချိန်တင်သွင်းဂိုးကိုတော့ အီဘာနဲ့ပွဲမှာရယူခဲ့တာပဲဖြစ်ပါတယ်။နူးကမ့်မှာ မက်ဆီတစ်ယောက်ကစားနေချိန် ဆုဖလားပေါင်း ၃၂ လုံးထိရယူခဲ့ပြီး နောက်ထပ်လည်း ၉ ကြိမ်မြောက်လာလီဂါဖလား၊ ၄ကြိမ်မြောက်ချန်ပီယံလိပ်ဖလား၊ ၆ကြိမ်မြောက် ကိုပါဒီရေးဖလားတို့နဲ့အတူ ၇ကြိမ်မြောက်စူပါကိုပါဖလားတို့ကိုရယူဖို့ရှိနေပါသေးတယ်။
သူ့ရဲ့မဟာပြိုင်ဘက်ဂျုဗင်တပ်စ်စတား ရိုနယ်ဒိုက သူ့ကို အီတလီမှာလာကစားဖို့စိန်ခေါ်လိုက်တဲ့အချိန်မှာတော့ မက်ဆီတစ်ယောက် ဘာစီလိုနာကနေထွက်ခွာဖို့ဆန္ဒလုံးဝမရှိကြောင်းပြောကြားခဲ့တာပဲဖြစ်ပါတယ်။
“ ရိုနယ်ဒိုရဲ့စိန်ခေါ်မှုကိုလက်ခံပြီး အီတလီမှာသွားကစားရမှာလား? ကျွန်တော့်အတွက်တစ်စုံတစ်ရာပြောင်းလဲဖို့မလိုအပ်လို့ပါ။ကျွန်တော်ဟာကမ္ဘာ့အကောင်းဆုံးအသင်းမှာရှိနေပြီးသားပါ။ကျွန်တော့်စိန်ခေါ်မှုတွေဟာ တစ်နှစ်ပြီးတစ်နှစ်အသစ်ပြန်ပြန်ဖြစ်သွားပါတယ်။ကျွန်တော့်အတွက် အသင်းပြောင်းဖို့မလိုသလို လိပ်ပြောင်းပြီး ဂိုးအသစ်တွေရှာဖွေဖို့မလိုတာပါ။ကျွန်တော်ဟာကိုယ့်အိမ်မှာကိုယ်ရှိနေတာပါ။ဘာမှပြောင်းလဲစရာမလိုပါဘူး။”  လို့မက်ဆီက ဆိုခဲ့တာပဲဖြစ်ပါတယ်။
မက်ဆီဟာလာလီဂါသမိုင်းတစ်လေ ျှာက်အကောင်းဆုံးကစားသမားတစ်ယောက်လား?
No comments
Powered by Blogger.