ဇန်န၀ါရီအပြောင်းအရွှေ့ နောက်ဆုံးရသတင်းများ Live News
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
6:00AM
5:00PM
4:00PM
3:00PM
2:20PM
4.1.2019
2:00PM
9:30PM
5:00PM
4:00PM
3:35PM
2:55PM
လီဗာပူးလ်အသင်းဟာ အသင်းရဲ့တိုက်စစ်မှူးစတာရစ်ခ်ျကိုစာချုပ်သစ်ချုပ်ဆိုသွားဖို့ ရှိနေကြောင်းသိရပြီးကစားသမားကိုယ်တိုင်ကလည်းအသင်းမှာဆက်နေဖို့ လိုလာနေကြောင်းသိရပါတယ်။
2:21PM
11:30AM
3:07AM
2:45 AM
3 Jan 2019
1:00AM
10:00PM
8:30PM
|
7:36PM
7:15PM
6:00PM
5:00 PM
3:50 PM
3:41 PM
2:45 PM
2:24 PM
1:51 PM
အင်တာမီလန်အသင်းဟာ ယူနိုက်တက်ရဲ့ ဝါရင့်နောက်ခံတောင်ပံလူအက်ရှ်လေယန်းကို တိုးတိုးတိတ်တိတ်စာချုပ်ချုပ်ထားတယ်လို့ The Sun နဲ့ Mirror တို့ ကဖော်ပြနေကြတာပဲဖြစ်ပါတယ်။အက်ရှ်လေယန်းဟာ ယူနိုက်တက်မှာ စာချုပ်သက်တမ်းပြည့်ဖို့ လအနည်းငယ်သာ လိုတော့သာဖြစ်ပြီး အဆိုပါသတင်းများဟာယူနိုက်တက်ကို စာချုပ်သစ်ကမ်းလှမ်းဖို့ တွန်းအားတစ်ခုဖြစ်နေပြီလို့ သိရပါတယ်။
(Unicode)
6:00AM
လီဗာပူးလ်နောက်ခံလူကလိုင်းဟာ ဘုန်းမောက်အသင်းဆီ ရာသီကုန်အထိအငှားသွားရောက်ကစားခဲ့ပြီဖြစ်ကြောင်းဘုန်းမောက်အသင်းကအတည်ပြုပြောကြားလိုက်ပြီပဲဖြစ်ပါတယ်။
5:00PM
ချဲလ်ဆီးအသင်းဟာ PSV အသင်းရဲ့မက္ကစီကိုတောင်ပံကစားသမား လိုရန်ဇိုကို ပေါင်၃၆သန်းဖြင့်ခေါ်ယူဖို့စိတ်ဝင်စားနေကြောင်းသိရပါတယ်။
4:00PM
ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာအပြောင်းအရွှေ့မှာ လူသစ်ခေါ်ယူဖို့နဲ့စပ်လျဉ်းပြီး CEO အက်ဒ်ဝုဒ်နဲ့တွေ့ဆုံဆွေးနွေးသွားဖို့ရှိနေကြောင်းသိရပါတယ်။
3:00PM
ဆီဗီလားအသင်းဟာ ချဲလ်ဆီးတိုက်စစ်မှူး မိုရာတာကို အငှားဖြင့်ခေါ်ယူဖို့စိတ်ဝင်စားနေကြောင်းသိရပါတယ်။
2:20PM
မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းနောက်ခံလူဘိုင်လီကိုရောင်းချမှာမဟုတ်ဘူးလို့သိရပါတယ်။
4.1.2019
2:00PM
အာဆင်နယ်ကွင်းလယ်ကစားသမား အိုလ်ဇေးလ်ဟာ ယခုဆောင်းရာသီအပြောင်းအရွှေ့မှာအသင်းကနေထွက်ခွာဦးမှာမဟုတ်သေးဘူးလို့သိရပါတယ်။
9:30PM
အာဆင်နယ်နည်းပြအမ်မရီက ရီးရဲလ်ဂိုးသမားနာဗက်စ်ကို ကမ်းလှမ်းထားတယ်ဆိုတဲ့သတင်းများအား ငြင်းဆန်ခဲ့ကြောင်းသိရပါတယ်။
5:00PM
ချဲလ်ဆီးအသင်းဟာ ဘုန်းလ်မောက်တိုက်စစ်မှူး ဝီလ်ဆင်ကိုခေါ်ယူဖို့ရှိနေပြီး နောက်ထပ် နောက်ခံလူသစ်တစ်ယောက်ကိုပါခေါ်ယူအားဖြည့်ဖို့ရှိနေကြောင်းသိရပါတယ်။
4:00PM
အဲဗာတန်အသင်းဟာ ဘာစီလိုနာအသင်းမှာနေရာမရဖြစ်နေတဲ့ ဘရာဇီးတောင်ပံကစားသမား မယ်လ်ကွန်ကိုခေါ်ယူဖို့စိတ်ဝင်စားနေကြောင်းသိရပါတယ်။
3:35PM
ချဲလ်ဆီးနည်းပြဆာရီက ခရစ်စတယ်ပဲလေ့စ်အသင်းကို ဂိုးမရှိသရေကျခဲ့ပြီးနောက် အသင်းရဲ့တိုက်စစ်ပိုင်းကို ဖြည့်တင်းဖို့အကြံပေးပြောဆိုခဲ့ပြီး သူဖြစ်ချင်တာကို ကလပ်ဘုတ်အဖွဲ့ကသိတယ်လို့ပြောကြားခဲ့ပါတယ်။
2:55PM
လီဗာပူးလ်အသင်းဟာ အသင်းရဲ့တိုက်စစ်မှူးစတာရစ်ချ်ကိုစာချုပ်သစ်ချုပ်ဆိုသွားဖို့ရှိနေကြောင်းသိရပြီးကစားသမားကိုယ်တိုင်ကလည်းအသင်းမှာဆက်နေဖို့လိုလာနေကြောင်းသိရပါတယ်။
2:21PM
စပါးလ်အသင်းဟာ အသင်းရဲ့ကွင်းလယ်လူ အဲရစ်ဆင်ကို လက်ရှိတစ်ပတ်လုပ်ခ ပေါင် ၇၀၀၀၀ ရဲ့၂ဆဖြင့်စာချုပ်သစ်ချုပ်ဆိုသွားဖို့ပြင်ဆင်နေကြောင်းသိရပါတယ်။
11:30AM
ချဲလ်ဆီးကနေထွက်ခွာဖို့သေချာသလောက်ရှိနေတဲ့ဖာဘရီဂတ်စ်ကို မိုနာကိုအသင်းက လက်ဦးပြီးခေါ်ယူသွားဖို့ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ပြင်သစ်သတင်းစာ L’Equipe ကဆိုထားတာပဲဖြစ်ပါတယ်။
10:00PM
ချဲလ်ဆီးအသင်းရဲ့လူငယ်ကစားသမား ဟောဆန်အိုဒီယို ကိုခေါ်ယူဖို့RP Leipzig အသင်း၊ဂျုဗင်တပ်စ်အသင်းနဲ့ဘိုင်ယန်မြူးနစ်အသင်းတို့ကစိတ်ဝင်စားနေပြီး ကစားသမားကိုယ်တိုင်ကလည်း ဘိုင်ယန်မြူးနစ်ကိုရွေးချယ်ဖို့စိတ်အားထက်သန်နေပါတယ်။ချဲလ်ဆီးအသင်းကလည်း ပြောင်းရွှေ့ကြေးကို ပေါင်သန်း၃၀အထိဈေးကိုင်ထားလျက်ရှိနေပါတယ်။
8:30PM
လီဗာပူးလ်နည်းပြကလော့က ” ကျွန်တော်တို့တွေအပြောင်းအရွေ့အကြောင်းမပြောပါဘူး။ပြီးတော့ အငှားကလည်း အပြောင်းအရွှေ့တွေပါပဲ။ ဇန်နဝါရီ ၃၁ ရက်နေ့မတိုင်မီဘာတွေဖြစ်လာမလဲကျွန်တော်တို့စောင့်ကြည့်ကြတာပေါ့။ဘာမှပြောစရာမရှိဘူး” လို့မန်စီးတီးနဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

8:30AM
Friday Sports ပရိတ်သတ်တွေအားလုံးပဲမင်္ဂလာနံနက်ခင်းပါ။ဒီနေ့အတွက်အပြောင်းအရွှေ့သတင်းအသစ်တွေကို ထပ်မံစောင့်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျ။
3:07AM
မန်စီးတီးနည်းပြပတ်ဂွာဒီယိုလာက ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားအသစ်ခေါ်ယူမှာမဟုတ်ဘူးလို့အတည်ပြုပြောကြားလိုက်ပါတယ်။
2:45 AM
ချဲလ်ဆီးအသင်းဟာ ဟာဇက်နေရာကိုအစားထိုးဖို့ပူလီဆစ်ကိုခေါ်ယူခဲ့တာမဟုတ်ဘူးလို့သိရပါတယ်။
3 Jan 2019
1:00AM
အာဆင်နယ်ကွင်းလယ်လူအိုလ်ဇေးလ်ဟာ စာချုပ်သက်တမ်းကုန်ဆုံးသည့်တိုင်အောင်အသင်းမှာဆက်ရှိနေမှာဖြစ်တယ်လို့အိုလ်ဇေးလ်အေးဂျင့်က Goal .Com ကို အတည်ပြုပြောကြားလိုက်ပါတယ်။
10:00PM
ချဲလ်ဆီးအသင်းရဲ့လူငယ်ကစားသမား ဟောဆန်အိုဒီယို ကိုခေါ်ယူဖို့RP Leipzig အသင်း၊ဂျုဗင်တပ်စ်အသင်းနဲ့ဘိုင်ယန်မြူးနစ်အသင်းတို့ကစိတ်ဝင်စားနေပြီး ကစားသမားကိုယ်တိုင်ကလည်း ဘိုင်ယန်မြူးနစ်ကိုရွေးချယ်ဖို့စိတ်အားထက်သန်နေပါတယ်။ချဲလ်ဆီးအသင်းကလည်း ပြောင်းရွှေ့ကြေးကို ပေါင်သန်း၃၀အထိဈေးကိုင်ထားလျက်ရှိနေပါတယ်။
8:30PM
လီဗာပူးလ်နည်းပြကလော့က ” ကျွန်တော်တို့တွေအပြောင်းအရွေ့အကြောင်းမပြောပါဘူး။ပြီးတော့ အငှားကလည်း အပြောင်းအရွှေ့တွေပါပဲ။ ဇန်နဝါရီ ၃၁ ရက်နေ့မတိုင်မီဘာတွေဖြစ်လာမလဲကျွန်တော်တို့စောင့်ကြည့်ကြတာပေါ့။ဘာမှပြောစရာမရှိဘူး” လို့မန်စီးတီးနဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။
7:36PM
ဘုန်းမောက်တိုက်စစ်မှူး ဂျမိန်းဒီဖိုးဟာ ဒီဇန်နဝါရီအပြောင်းအရွှေ့မှာအသင်းကနေထွက်ခွာလိုနေကြောင်းသိရပြီး ပရီးမီးယားလိပ်ကလပ်တစ်ချို့နဲ့ ချန်ပီယံရှစ်ကလပ်တစ်ချို့ကစိတ်ဝင်စားနေကြောင်း Sky Sports က ဖော်ပြထားပါတယ်။
7:15PM
လီဗာပူးလ်အသင်းရဲ့အသက်၂၁နှစ်အရွယ်တိုက်စစ်မှူး ဆိုလန်ကီကို ခေါ်ယူမယ့်ဆိုတဲ့သတင်းအားရှောလ်ကေးအသင်းက ငြင်းပယ်ခဲ့ပြီး ခရစ်စတယ်ပဲလေ့စ်အသင်းကတော့ အဆိုပါတိုက်စစ်မှူးကို ခေါ်ယူဖို့ရှိနေကြောင်းသိရပါတယ်။
6:00PM
ဂျုဗင်တပ်စ်အသင်းရဲ့ ဒါရိုက်တာ ပါရာတီစီက သူတို့အသင်းဟာ အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးကို စိတ်ဝင်စားပြီးအမှန်တကယ်ခေါ်ယူလိုကြောင်းဖွင့်ဟဝန်ခံပြောကြားလိုက်ပါတယ်။
5:00 PM
စပါးအသင်းဟာ ဟူးလ်စီးတီးရဲ့လူငယ်တောင်ပံကစားသမား ဂျာရို့ဒ် ဘိုရင်ကို ပေါင်သန်း၂၀ ပေးပြီးခေါ်ယူဖို့စီစဉ်နေကြောင်းသိရပါတယ်။
3:50 PM
ဒေါ့မွန်တောင်ပံကစားသမား အသက်၂၀အရွယ် အမေရိကန်လူမျိုး ဖြစ်တဲ့ ခရစ်စတိန်းပူလီဆစ်ဟာ ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့ကစားဖို့ပေါင် ၅၇.၅ သန်းဖြင့်သဘောတူညီမှုရရှိသွားပြီလို့ဒေါ့မွန်အသင်းကတရားဝင်ထုတ်ပြန်ကြေညာလိုက်ပြီပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း ချဲလ်ဆီးအသင်းက ရာသီကုန်တဲ့အထိ ဒေါ့မွန်အသင်းမှာ ပြန်အငှားချထားမှာဖြစ်ပြီး ရာသီကုန်မှသာအသင်းဆီလာရောက်ပူးပေါင်းမှာပဲဖြစ်ပါတယ်။
3:41 PM
နည်းပြအွန်နရီကိုင်တွယ်နေတဲ့ မိုနာကို အသင်းဟာချဲလ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ်ကို ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။
2:45 PM
အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးဟာဇန်နဝါရီမှာ အသင်းပြောင်းသေးမှာ မဟုတ်သေးပဲ အသင်းမှာဆက်ရှိဖို့အလားအလာများတယ်လို့နည်းပြအူနိုင်းအမ်မရီရဲ့စကားအရသိရပါတယ်။ “ အခုချိန်မှာတော့ သူဟာ ကျွန်တော်တို့နဲ့အတူပူးပေါင်းနေတာပါ။သူဆက်ရှိနေတုန်းပါ၊ “လို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။
2:24 PM
ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပေါင်သန်း ၂၀ဖြင့်ကမ်းလှမ်းမှုကိုပယ်ချခဲ့ပြီးနောက်ချဲလ်ဆီး တောင်ပံလူငယ်ကစားသမား ဟော့ဆန်အိုဒီယိုဟာ တိုးတက်မှုလိုသေးတာကြောင့်အငှားထွက်ကစားဖို့ရှိတေတယ်လို့ချဲလ်ဆီးနည်းပြဆာရီက အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။
1:51 PM
အင်တာမီလန်အသင်းဟာ ယူနိုက်တက်ရဲ့ဝါရင့်နောက်ခံတောင်ပံလူအက်ရ်ှလေယန်းကို တိုးတိုးတိတ်တိတ်စာချုပ်ချုပ်ထားတယ်လို့The Sun နဲ့ Mirror တို့ကဖော်ပြနေကြတာပဲဖြစ်ပါတယ်။အက်ရ်ှလေယန်းဟာ ယူနိုက်တက်မှာ စာချုပ်သက်တမ်းပြည့်ဖို့လအနည်းငယ်သာ လိုတော့သာဖြစ်ပြီး အဆိုပါသတင်းများဟာယူနိုက်တက်ကို စာချုပ်သစ်ကမ်းလှမ်းဖို့တွန်းအားတစ်ခုဖြစ်နေပြီလို့သိရပါတယ်။
နောက်ဆုံးရအပြောင်းအရွှေ့သတင်းများကို အချိန်နဲ့တစ်ပြေးညီ ယခု post ကနေ ၁လလုံးလုံးတိုက်ရိုက် live လွှင့်ပြီးတင်ပေးနေပါတယ်။ Like and share လုပ်ထားပြီး သတင်းအသစ်တွေအတွက် ခဏခဏ ဝင်ကြည့်နေနိုင်ပါတယ်။
Post a Comment