စီေရာ္နယ္ဒိုနဲ႔မက္ဆီ ဘယ္သူပိုေကာင္းလဲေရြးခ်ယ္လိုက္တဲ့ေမာ္ရင္ဟို
Zawgyi သမားမ်ားေအာက္ဆြဲဖတ္ေပးပါ
စီရော်နယ်ဒိုနဲ့မက်ဆီ ဘယ်သူပိုကောင်းလဲရွေးချယ်လိုက်တဲ့မော်ရင်ဟို
ဟိုဆေးမော်ရင်ဟိုကတော့ မက်ဆီနဲ့စီရော်နယ်ဒို တို့နှစ်ဦးအနက်ဘယ်သူပိုကောင်းလဲဆိုတာ ပြောသွားခဲ့ပါတယ်။တစ်ခြားနည်းပြ,ကစားသမာနဲ့ သတင်းသမားတွေလိုပဲ Ballon d'Or ငါးဆုဆီရခဲ့တဲ့ ဒီနှစ်ဦးကြား ဘယ်သူပိုကောင်းလဲဆိုတာပြောဖို့ ဝေခွဲရခက်နေပုံပါပဲ။
မော်ရင်ဟိုက''သူတို့နှစ်ဦးအနက် ဘယ်သူကပိုကောင်းတယ်ပြောရမှာ မမျှတသလိုပါပဲ။နှစ်ယောက်လုံးကခြားနားတဲ့ကစားဟန်နဲ့ပါ။ကျနော်ပြောနိုင်တာကတော့ စီရော်နယ်ဒိုရှိတဲ့အသင်းကို ကိုင်တွယ်ရတာ ကျနော့်အတွက်တကယ်ပျော်စရာပါပဲ။ပြီးတော့ မက်ဆီနဲ့ပြိုင်ဘက်အဖြစ်ရင်ဆိုင်ကစားရပြီဆိုရင်လည်း ကျနော့်အသင်းအနိုင်ရဖို့ အများကြီးအားထုတ်ပြင်ဆင်ရတော့မှာပါ။ဒီနှစ်ယောက်လုံး ထိပ်တန်းအဆင့်မှာအကြာကြီးရှိနေနိုင်တာ အံ့မခမ်း ချီးကျူးစရာပဲ။ အနိုင်ရဖို့က သိပ်မခက်ပါဘူး။ဒါပေမယ့် ထပ်ခါထပ်ခါ အနိုင်ယူနေပြီး အကောင်းဆုံးပုံစံအမြဲရှိနေဖို့က သိပ်ခက်ပါတယ်။မုန်တိုင်းလိုမျိုး ဖျက်စီးအားအပြည့်နဲ့တောက်ပပြီး လွယ်လွယ်ပျောက်ကွယ်သွားတဲ့ကစားသမားတွေတောင်ပုံရာပုံပါပဲ။သူတို့နှစ်ယောက်ကတော့ အခြားကြယ်ပွင့်တွေကိုချောင်ထိုးထားပြီး ၁၀နှစ်လောက်ဘောလုံးလောကကိုသိမ်းပိုက်ထားခဲ့တယ်။သူတို့ဆုံးဖြတ်ထားတဲ့အတိုင်းတာတစ်ခုထက်ပိုကောင်းအောင်ကို လုပ်ပြသွားခဲ့တာပါ''လို့ မော်ရင်ဟိုကထုတ်ဖော်သွားခဲ့ပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလက မန်ချက်စတာယူနိုက်တက်အသင်းကထုတ်ပယ်ခံခဲ့ရပေမယ့် နည်းပြလောကမှအနားယူမှာမဟုတ်သေးကြောင်း အတည်ပြုသွားခဲ့ပါတယ်။''ကျနော်ဆက်ပြီး နည်းပြလုပ်ချင်သေးတယ်။ဘယ်မှာလဲမပြောတတ်သေးပေမယ့် ကျနော်ထိပ်တန်းအသင်းမှာရှိနေအုံးမှာပါ။ကျနော့်အသက်က ငယ်ပါသေးတယ်။မကြာခင်ရက်သတ္တပတ်တွေအတွင်း၅၆နှစ်ပြည့်တော့မှာဖြစ်ပေမယ့် ဘောလုံးလောကမှာအကြာကြီးနေအုံးမှာပါ။''လို့မော်ရင်ဟိုက ဖြေကြားသွားခဲ့ပါတယ်။
ဘာကာအသင်းခေါင်းဆောင် မက်ဆီကတော့ လာလီဂါဂိုး၄၀၀သွင်းပြီး ဥရောအထိပ်တန်းအမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက်အများဆုံးကစားသမားဖြစ်လာပါပြီ။မဟာပြိုင်ဘက်ရော်နယ်ဒိုကလည်း အီတလီစူပါကိုပါ ဖလားမှာ အေစီမီလန်ကိုတစ်လုံးထဲသောအနိုင်ဂိုးသွင်းပြီး ဂျူဗင်တပ်ဖလားကိုင်မြှောက်နိုင်ဖို့ အသုံးတော်ခံခဲ့ပါတယ်။သူတို့နှစ်ယောက် ကစားသမားဘဝကအနားယူချိန်မှာဘယ်သူကပိုခမ်းနားတဲ့သမိုင်းစံချိန်တွေချန်ထားခဲ့မလဲစိတ်ဝင်စားစရာဖြစ်နေပါတယ်။
တကယ့်စံချိန်တွေချိုးဖို့မွေးဖွားလာတဲ့ ဘောလုံးနတ်ဘုရားနှစ်ယောက်ပါပဲ။
(Zawgyi)
စီေရာ္နယ္ဒိုနဲ႔မက္ဆီ ဘယ္သူပိုေကာင္းလဲေရြးခ်ယ္လိုက္တဲ့ေမာ္ရင္ဟို
ဟိုေဆးေမာ္ရင္ဟိုကေတာ့ မက္ဆီနဲ႔စီေရာ္နယ္ဒို တို႔နွစ္ဦးအနက္ဘယ္သူပိုေကာင္းလဲဆိုတာ ေျပာသြားခဲ့ပါတယ္။တစ္ျခားနည္းျပ,ကစားသမာနဲ႔ သတင္းသမားေတြလိုပဲ Ballon d'Or ငါးဆုဆီရခဲ့တဲ့ ဒီနွစ္ဦးျကား ဘယ္သူပိုေကာင္းလဲဆိုတာေျပာဖို႔ ေဝခြဲရခက္ေနပံုပါပဲ။
ေမာ္ရင္ဟိုက''သူတို႔နွစ္ဦးအနက္ ဘယ္သူကပိုေကာင္းတယ္ေျပာရမွာ မမ်ွတသလိုပါပဲ။နွစ္ေယာက္လံုးကျခားနားတဲ့ကစားဟန္နဲ႔ပါ။က်ေနာ္ေျပာနိုင္တာကေတာ့ စီေရာ္နယ္ဒိုရွိတဲ့အသင္းကို ကိုင္တြယ္ရတာ က်ေနာ့္အတြက္တကယ္ေပ်ာ္စရာပါပဲ။ျပီးေတာ့ မက္ဆီနဲ႔ျပိဳင္ဘက္အျဖစ္ရင္ဆိုင္ကစားရျပီဆိုရင္လည္း က်ေနာ့္အသင္းအနိုင္ရဖို႔ အမ်ားျကီးအားထုတ္ျပင္ဆင္ရေတာ့မွာပါ။ဒီနွစ္ေယာက္လံုး ထိပ္တန္းအဆင့္မွာအျကာျကီးရွိေနနိုင္တာ အံ့မခမ္း ခ်ီးက်ဴးစရာပဲ။ အနိုင္ရဖို႔က သိပ္မခက္ပါဘူး။ဒါေပမယ့္ ထပ္ခါထပ္ခါ အနိုင္ယူေနျပီး အေကာင္းဆံုးပံုစံအျမဲရွိေနဖို႔က သိပ္ခက္ပါတယ္။မုန္တိုင္းလိုမ်ိဳး ဖ်က္စီးအားအျပည့္နဲ႔ေတာက္ပျပီး လြယ္လြယ္ေပ်ာက္ကြယ္သြားတဲ့ကစားသမားေတြေတာင္ပံုရာပံုပါပဲ။သူတို႔နွစ္ေယာက္ကေတာ့ အျခားျကယ္ပြင့္ေတြကိုေခ်ာင္ထိုးထားျပီး ၁၀နွစ္ေလာက္ေဘာလံုးေလာကကိုသိမ္းပိုက္ထားခဲ့တယ္။သူတို႔ဆံုးျဖတ္ထားတဲ့အတိုင္းတာတစ္ခုထက္ပိုေကာင္းေအာင္ကို လုပ္ျပသြားခဲ့တာပါ''လို႔ ေမာ္ရင္ဟိုကထုတ္ေဖာ္သြားခဲ့ပါတယ္။
ဒါ့အျပင္ ဒီဇင္ဘာလက မန္ခ်က္စတာယူနိုက္တက္အသင္းကထုတ္ပယ္ခံခဲ့ရေပမယ့္ နည္းျပေလာကမွအနားယူမွာမဟုတ္ေသးေျကာင္း အတည္ျပဳသြားခဲ့ပါတယ္။''က်ေနာ္ဆက္ျပီး နည္းျပလုပ္ခ်င္ေသးတယ္။ဘယ္မွာလဲမေျပာတတ္ေသးေပမယ့္ က်ေနာ္ထိပ္တန္းအသင္းမွာရွိေနအံုးမွာပါ။က်ေနာ့္အသက္က ငယ္ပါေသးတယ္။မျကာခင္ရက္သတၲပတ္ေတြအတြင္း၅၆နွစ္ျပည့္ေတာ့မွာျဖစ္ေပမယ့္ ေဘာလံုးေလာကမွာအျကာျကီးေနအံုးမွာပါ။''လို႔ေမာ္ရင္ဟိုက ေျဖျကားသြားခဲ့ပါတယ္။
ဘာကာအသင္းေခါင္းေဆာင္ မက္ဆီကေတာ့ လာလီဂါဂိုး၄၀၀သြင္းျပီး ဥေရာအထိပ္တန္းအမွတ္ေပးျပိဳင္ပြဲသမိုင္းတစ္ေလ်ွာက္အမ်ားဆံုးကစားသမားျဖစ္လာပါျပီ။မဟာျပိဳင္ဘက္ေရာ္နယ္ဒိုကလည္း အီတလီစူပါကိုပါ ဖလားမွာ ေအစီမီလန္ကိုတစ္လံုးထဲေသာအနိုင္ဂိုးသြင္းျပီး ဂ်ဴဗင္တပ္ဖလားကိုင္ေျမွာက္နိုင္ဖို႕ အသံုးေတာ္ခံခဲ့ပါတယ္။သူတို႔နွစ္ေယာက္ ကစားသမားဘဝကအနားယူခ်ိန္မွာဘယ္သူကပိုခမ္းနားတဲ့သမိုင္းစံခ်ိန္ေတြခ်န္ထားခဲ့မလဲစိတ္ဝင္စားစရာျဖစ္ေနပါတယ္။
တကယ့္စံခ်ိန္ေတြခ်ိဳးဖို႔ေမြးဖြားလာတဲ့ ေဘာလံုးနတ္ဘုရားနွစ္ေယာက္ပါပဲ။
Post a Comment