နာမည္ၾကီးသြားတဲ့နယူးကာဆယ္နဲ ့ပြဲကေဒးဗစ္လုဇ္၀စ္ရဲ ့လံုး၀လူမၾကည့္ပဲေပးပို ့တဲ့ဂိုးဖန္တီးမႈ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မေန ့ညက နယူးကာဆယ္အသင္းနဲ ့ကစားခဲ့တဲ့ပြဲမွာ ခ်ဲလ္ဆီးေနာက္ခံလူေဒးဗစ္လုဇ္၀စ္တစ္ေယာက္ သူ ့ရဲ ့ေဘာလံုးအရည္အေသြးေကာင္းကို ျပသခဲ့ပါတယ္။အဲ့ဒါကေတာ့ ကိုယ့္လူကို လံုး၀မၾကည့္ပဲ ေပးပို ့တဲ့နည္းနဲ ့ကိုက္၅၀ အကြာကေန ပတ္ဒရိုဆီေပးပို ့ျပခဲ့ၿပီး ဦးေဆာင္ဂိုးကို ရယူဖန္တီးေပးခဲ့တာပဲျဖစ္ပါတယ္။အသက္၃၁ နွစ္အရြယ္ေနာက္ခံလူဟာ ေဘာလံုးကိုေနာက္တန္းကေနဆြဲယူလာၿပီး ပတ္ဒရိုတက္ေျပးသြားတဲ့လမ္းေၾကာင္းထဲေဘာလံုးကိုခ်ေပးခဲ့တာပဲျဖစ္ပါတယ္။
သူဟာေဘာလံုးကို သူ ့ရဲ ့ေရွ ့တစ္လွမ္းမွာထားထားၿပီး အျခားဆန္ ့က်င္ဘက္ေနရာကိုၾကည့္ရင္းနဲ ့ပတ္ဒရိုရဲ ့လမ္းေၾကာင္းထဲတန္းတန္းမတ္မတ္ေရာက္သြားေအာင္ေပးပို ့နိုင္ခဲ့တာပဲျဖစ္ပါတယ္။ပတ္ဒရိုတစ္ေယာက္နယူးကာဆယ္အသင္းရဲ ့ေနာက္တန္းကို ေက်ာ္ျဖတ္ေျပးသြားၿပီးအသင္းေဖာ္ေဒးဗစ္လုဇ္၀စ္ရဲ ့ေဘာလံုးကို တစ္ခ်က္ထိန္းက အေရွ ့တက္ဖမ္းတဲ့ နယူးကာဆယ္ဂိုးသမားကို ေက်ာ္ျဖတ္သြင္းယူခဲ့ၿပီး အဖြင့္ဂိုးကိုရယူနိုင္ခဲ့ပါတယ္။ခ်က္ခ်င္းဆိုသလိုပဲ ပတ္ဒရိုဂိုးသြင္းၿပီးေနာက္ လူမႈကြန္ယက္ေတြအေပၚမွာခ်ီးက်ဴးေျပာၾကားသံေတြညံေနခဲ့တာပဲျဖစ္ပါတယ္။
ခ်ဲလ္ဆီးပရိတ္သတ္တစ္ေယာက္ကေတာ့ တြစ္တာစာမ်က္နွာေပၚမွာ ” ေဒးဗစ္လုဇ္၀စ္ရဲ ့ေဘာလံုးကတကယ့္ကို အဖိုင္းပဲဗ်ာ၊လုဇ္၀စ္က ကိုက္၆၀ အကြာကေန ပတ္ဒရိုဆီလံုး၀မၾကည့္ပဲေပးပို ့လိုက္တာပဲ။ဒီလူကိုဘာလို ့ေနာက္ခံလူထားထားရတာလဲဗ်ာ” လို ့လည္းေနာက္ထပ္ဖန္တစ္ေယာက္က ၀င္ေရာက္ေရးသားခဲ့တာပဲျဖစ္ပါတယ္။
‘ No-look Pass ‘ လို ့ေခၚတဲ့ ကိုယ့္လူကို လံုး၀မၾကည့္ဘဲေပးပို ့နည္းဟာ ပရီးမီးယားလိပ္မွာ ဘရာဇီးကစားသမားေတြေၾကာင့္ေခတ္စားလာခဲ့တာျဖစ္ၿပီး လီဗာပူးတိုက္စစ္မွဴး ေရာဘတ္တိုဖာမီနိုတို ့ဆို ဒီလို မရိုမေသးဆန္တဲ့ စေကးေတြေၾကာင့္နာမည္ၾကီးေနတာပဲျဖစ္ပါတယ္။
ဒီရာသီေဒးဗစ္လုဇ္၀စ္ရဲ့ ပံုစံဟာ နည္းျပသစ္ဆာရီလက္ေအာက္ အစမ္းသပ္ခံပံုစံအျဖစ္နဲ ့သာရိွေနတာပဲျဖစ္ပါတယ္။ဆာရီဟာ လုဇ္၀စ္တစ္ေယာက္ေဘာလံုးကိုင္ကစားတဲ့ေနရာမွာ သက္ေသာင့္သက္သာျဖစ္တာေၾကာင့္ ဒီပြဲမွာ အသင္းလူစာရင္းထဲထည့္သံုးခဲ့တာပဲျဖစ္ပါတယ္။
မနွစ္ရာသီမွာေတာ့ ေဒးဗစ္လုဇ္၀စ္တစ္ေယာက္ ဟာ နည္းျပေဟာင္းကြန္တီနဲ ့အဆင္မေျပျဖစ္ခဲ့တာေတြေၾကာင့္ အသင္းလူစာရင္းမွာ ပါ၀င္ခြင့္သိပ္မရခဲ့ပါဘူး။
(Unicode)
နာမည်ကြီးသွားတဲ့နယူးကာဆယ်နဲ့ပွဲကဒေးဗစ်လုဇ်ဝစ်ရဲ့လုံးဝလူမကြည့်ပဲပေးပို့တဲ့ဂိုးဖန်တီးမှု
မနေ့ညက နယူးကာဆယ်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ချဲလ်ဆီးနောက်ခံလူဒေးဗစ်လုဇ်ဝစ်တစ်ယောက် သူ့ရဲ့ဘောလုံးအရည်အသွေးကောင်းကို ပြသခဲ့ပါတယ်။အဲ့ဒါကတော့ ကိုယ့်လူကို လုံးဝမကြည့်ပဲ ပေးပို့တဲ့နည်းနဲ့ကိုက်၅၀ အကွာကနေ ပတ်ဒရိုဆီပေးပို့ပြခဲ့ပြီး ဦးဆောင်ဂိုးကို ရယူဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်။အသက်၃၁ နှစ်အရွယ်နောက်ခံလူဟာ ဘောလုံးကိုနောက်တန်းကနေဆွဲယူလာပြီး ပတ်ဒရိုတက်ပြေးသွားတဲ့လမ်းကြောင်းထဲဘောလုံးကိုချပေးခဲ့တာပဲဖြစ်ပါတယ်။
သူဟာဘောလုံးကို သူ့ရဲ့ရှေ့တစ်လှမ်းမှာထားထားပြီး အခြားဆန့်ကျင်ဘက်နေရာကိုကြည့်ရင်းနဲ့ပတ်ဒရိုရဲ့လမ်းကြောင်းထဲတန်းတန်းမတ်မတ်ရောက်သွားအောင်ပေးပို့နိုင်ခဲ့တာပဲဖြစ်ပါတယ်။ပတ်ဒရိုတစ်ယောက်နယူးကာဆယ်အသင်းရဲ့နောက်တန်းကို ကျော်ဖြတ်ပြေးသွားပြီးအသင်းဖော်ဒေးဗစ်လုဇ်ဝစ်ရဲ့ဘောလုံးကို တစ်ချက်ထိန်းက အရှေ့တက်ဖမ်းတဲ့ နယူးကာဆယ်ဂိုးသမားကို ကျော်ဖြတ်သွင်းယူခဲ့ပြီး အဖွင့်ဂိုးကိုရယူနိုင်ခဲ့ပါတယ်။ချက်ချင်းဆိုသလိုပဲ ပတ်ဒရိုဂိုးသွင်းပြီးနောက် လူမှုကွန်ယက်တွေအပေါ်မှာချီးကျူးပြောကြားသံတွေညံနေခဲ့တာပဲဖြစ်ပါတယ်။
ချဲလ်ဆီးပရိတ်သတ်တစ်ယောက်ကတော့ တွစ်တာစာမျက်နှာပေါ်မှာ ” ဒေးဗစ်လုဇ်ဝစ်ရဲ့ဘောလုံးကတကယ့်ကို အဖိုင်းပဲဗျာ၊လုဇ်ဝစ်က ကိုက်၆၀ အကွာကနေ ပတ်ဒရိုဆီလုံးဝမကြည့်ပဲပေးပို့လိုက်တာပဲ။ဒီလူကိုဘာလို့နောက်ခံလူထားထားရတာလဲဗျာ” လို့လည်းနောက်ထပ်ဖန်တစ်ယောက်က ဝင်ရောက်ရေးသားခဲ့တာပဲဖြစ်ပါတယ်။
‘ No-look Pass ‘ လို့ခေါ်တဲ့ ကိုယ့်လူကို လုံးဝမကြည့်ဘဲပေးပို့နည်းဟာ ပရီးမီးယားလိပ်မှာ ဘရာဇီးကစားသမားတွေကြောင့်ခေတ်စားလာခဲ့တာဖြစ်ပြီး လီဗာပူးတိုက်စစ်မှူး ရောဘတ်တိုဖာမီနိုတို့ဆို ဒီလို မရိုမသေးဆန်တဲ့ စကေးတွေကြောင့်နာမည်ကြီးနေတာပဲဖြစ်ပါတယ်။
ဒီရာသီဒေးဗစ်လုဇ်ဝစ်ရဲ့ ပုံစံဟာ နည်းပြသစ်ဆာရီလက်အောက် အစမ်းသပ်ခံပုံစံအဖြစ်နဲ့သာရှိနေတာပဲဖြစ်ပါတယ်။ဆာရီဟာ လုဇ်ဝစ်တစ်ယောက်ဘောလုံးကိုင်ကစားတဲ့နေရာမှာ သက်သောင့်သက်သာဖြစ်တာကြောင့် ဒီပွဲမှာ အသင်းလူစာရင်းထဲထည့်သုံးခဲ့တာပဲဖြစ်ပါတယ်။
မနှစ်ရာသီမှာတော့ ဒေးဗစ်လုဇ်ဝစ်တစ်ယောက် ဟာ နည်းပြဟောင်းကွန်တီနဲ့အဆင်မပြေဖြစ်ခဲ့တာတွေကြောင့် အသင်းလူစာရင်းမှာ ပါဝင်ခွင့်သိပ်မရခဲ့ပါဘူး။
Post a Comment