Header Ads












Zawgyi သမားများအောက်ဆွဲဖတ်ပေးပါ

ပီပီကတော့ ပီပီအကျင့်အတိုင်းလုပ်မြဲလုပ်နေဆဲပါပဲ။


ပီပီကတော့ပီပီအကျင့်ကိုမမေ့မဖျောက်လုပ်နေဆဲပါပဲ။

ညစ်ညစ်ပတ်ပတ်ကစားတတ်တဲ့ပေါ်တူဂီသား ပီပီဟာ အသင်းဟောင်းပေါ်တိုကို ဇန်နဝါရီ အပြောင်းအရွေ့မှာပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ပီပီဟာ၂၀၀၇မှာ ပေါ်တိုအသင်းနှင့်ပထမဦးအကြိမ်ပွဲထွက်ကစားခွင်ရရှိလာခဲ့ပြီး သူရဲ့အကျင့်ဆိုးကြောင့် အသင်းကထွက်ခွာခဲ့ရသူလည်းဖြစ်ပါတယ်။

"ပီပီကအရင် ကစားတဲ့နေရာဖြစ်တဲ့ခံစစ်မှုးနေရာကိုဒီနေ့မကစားတော့ပါဘူး။ဒါပေမယ့်သူက များသောအားဖြင့်ညာဖက်တလျှောက်ကစားခဲ့တာပါ။အဲဒါကိုသူကိုဘာအခက်အခဲမှ မရှိစေခဲ့ပါဘူး"

ပေါ်တိုအသင်းအဆိုပွဲစဉ်မှာ Leixoesအသင်းကို၁ ဂိုး၁ဂိုသရေကျပြီးနောက်မှာအချိန်ပိုဆက်လက်ကစားခဲ့ရပါတယ်။hector herreraက ပေါ်တိုအသင်းအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့သော်လည်း Leixoesအသင်းက ၇၈မိနစ်မှာ ခြေပဂိုးနှင့်ပေးခဲ့တာကြောင့် အချိန်ပိုဆက်လက်ကစားခဲ့ရပါတယ်။
ပေါ်တိုအသင်းအတွက် အနိုင်ဂိုးကိုဆန်းတို့စ်က၁၁၈မိနစ်မှာအနိုင်ဂိုးသွင်းယူပေးခဲ့ပြီးပေါ်တိုအသင်းကိုနောက်တဆင့်ကိုတက်လှမ်းစေခဲ့ပါတယ်။

အသက်၃၅အရွယ် ပေါ်တူဂီသား က သူရဲ့ကစားသမားဘဝကိုစုတ်ပြက်သပ်အောင်ဖြတ်သန်းခဲ့ပြီး စပိန်မြေ ရီးရဲလ်မက်ဒရစ်အသင်းမှာတော့အောင်မြင်မှုအချို့ရရှိခဲ့ပါတယ်။သူကအသင်းနှင့်အတူ ဖလား ၁၀လုံးအထိရရှိခဲ့ပြီး လာလီဂါဖလား နှင့် ချန်ပီယံလိဂ် ဖလားအပါအဝင် ၃ကြိမ်စီရရှိထားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ တူရကီမြေကိုရောက်ရှိလာခဲ့ကာ ဘက်ဆစ်တပ်အသင်းမှာ ကစားခဲ့ပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ လမှာအသင်းကနေထွက်ခွာခဲ့ပါတယ်။အဲဒီနောက်မှာ ပေါ်တိုအသင်းကိုအလွတ်ပြောင်းရွေ့ကြေးနှင့် ၂နှစ်ခွဲစာချုပ်ချုပ်ဆိုကာ ရောက်ရှိလာခဲ့ပါတယ်။လက်ရှိပေါ်တိုအသင်းက ပေါ်တူဂီလိဂ်ဖလား ဖြစ်တဲ့ Taca de Portugalဖလား ဆီမီးဖိုင်နယ်တက်ရောက်သွားခဲ့ပြီး ဘရာဂါအသင်းနှင့်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။


(Zawgyi)











No comments

Powered by Blogger.