Header Ads


ဒဏ္ရာေၾကာင့္ မ်က္ရည္မ်ားနဲ ့အတူကြင္းကေနထြက္သြားခဲ့ရတဲ့ PSG စတားေနမာ



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
PSG အသင္းတုိက္စစ္မွဴး ေနမာ ကေတာ့ မေန႔ညက ကစားခဲ့တဲ့ စထရာဘုိးအသင္းနဲ႔ လိဂ္ဖလားပြဲစဥ္မွာ ၿပိဳင္ဖက္ကစားသမားနဲ႔ ေဘာလုံးယွဥ္လုဖုိ႔ ႀကိဳးစားခဲ့ရင္း ဒဏ္ရာျပင္းျပင္းထန္ထန္ရရွိသြားခဲပါတယ္။PSGအသင္းက စထရာဘုိးကုိ (-) ဂုိးနဲ႔ ႏုိင္ခဲ့တဲ့ ပြဲစဥ္မွာ ပထမပုိင္း ()မိနစ္ကတည္းက ကာဗာနီရဲ႕ သြင္းဂုိးနဲ႔ ဦးေဆာင္ေနခဲ့ၿပီး အသာစီးကေန ကစားႏုိင္ေနခဲ့ပါတယ္။

ဒုတိယပုိင္းပြဲခ်ိန္ (၆၂)မိနစ္မွာေတာ့ စထရာဘုိးေနာက္ခံလူ ဂြန္ကဲလ္ဗက္စ္ နဲ႔ ေဘာလုံးယွဥ္လုဖုိ႔ ႀကိဳးစားရင္း ဟန္ခ်က္ပ်က္သြားခ့ဲလုိ႔ ေနမာ ဒဏ္ရာရရွိသြားခ့ဲပါတယ္။ေနမာရဲ႕ ဒဏ္ရာကုိ ေဆးအဖြဲ႕က စစ္ေဆးၿပီးတဲ့ေနာက္ ဆက္ကစားလုိ႔မရေတာ့ေၾကာင္း အတည္ျပဳေပးခဲ့ၿပီး ေျခက်င္း၀တ္နဲ႔ေျခေခ်ာင္းေတြကုိ ဆက္သြယ္ေပးထားတဲ့ အရုိးက်ိဳးသြားခဲ့တာ ျဖစ္တယ္လုိ႔ ယူဆခဲ့ပါတယ္။ရုပ္သံကင္မရာေတြကေတာ့ ကြင္းထဲကေန မ်က္ရည္ေတြနဲ႔ ထြက္ခြာသြားခဲ့တဲ့ ေနမာ ကုိ ရုိက္ျပေနၾကၿပီး PSG ရဲ႕ နည္းျပအဖြဲ႕၀င္တစ္ဦးက သူ႕ကုိႏွစ္သိမ့္ေပးဖုုိ႔ ေဘးကေန လုိက္ပါသြားခဲ့ပါတယ္။

ပြဲအၿပီးမွာေတာ့ PSG နည္းျပတူခ်ယ္က ေနမာရဲ႕ ဒဏ္ရာဟာ ျပင္းထန္မယ္လုိ႔ ယူဆရေၾကာင္းနဲ႔ လက္ရွိအခ်ိန္မွာ ေဆးရုံေရာက္ေနၿပီး စစ္ေဆးမႈေတြခံယူေနၿပီျဖစ္ေၾကာင္း ေျပာဆုိသြားခဲ့ပါတယ္။PSG ပရိသတ္ေတြကေတာ့ ေနမာတစ္ေယာက္ ဒီဒဏ္ရာေၾကာင့္ မန္ခ်က္စတာယူနိုက္တက္အသင္းန႔ဲ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္ကုိ လြဲေခ်ာ္မွာ စိတ္ပူေနၾကၿပီး အဲဒီပြဲက လာမယ့္ ေဖေဖာ္္၀ါရီ (၁၃)မွာ ကစားရေတာ့မွာပါ။


PSG နည္းျပ တူခ်ယ္ က ေနမာဟာ အရင္တုန္းက ျဖစ္ပြားခဲ့တဲ့ ဒဏ္ရာကုိ ျပန္လည္ထိမိခဲ့တာျဖစ္ၿပီး (၂၀၁၈)အေစာပုိင္းမွာ ျဖစ္ပြားခဲ့တဲ့ ဒဏ္ရာနဲ႔ ပုံစံတူလိမ့္မယ္လုိ႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။ ဒါ့အျပင္ သူ႕အေနနဲ႔လည္း ေနမာရဲ႕ ဒဏ္ရာကုိ စုိးရိမ္ေနမိတယ္လုိ႔ တူခ်ယ္က ဆုိပါတယ္။


ေနမာဟာ ဒီရာသီမွာ အသင္းအတြက္ သြင္းဂုိး (၂၀) သြင္းယူေပးခဲ့ၿပီး (၁၀)ဂုိး ဖန္တီးေပးႏုိင္ခဲ့သူ ျဖစ္တာေၾကာင့္ေနမာသာ မကစားႏုိင္ဘူးဆုိရင္ PSG အေနနဲ႔ မန္ခ်က္စတာယူနိုက္တက္ကုိ ယွဥ္ႏိ္ုင္ဖုိ႔ ခက္လိမ့္မယ္လုိ႔ သုံးသပ္မႈေတြ ရွိေနခဲ့ပါတယ္။

(Unicode)

ဒဏ်ရာကြောင့် မျက်ရည်များနဲ့အတူကွင်းကနေထွက်သွားခဲ့ရတဲ့ PSG စတားနေမာ

PSG အသင်းတိုက်စစ်မှူး နေမာ ကတော့ မနေ့ညက ကစားခဲ့တဲ့ စထရာဘိုးအသင်းနဲ့ လိဂ်ဖလားပွဲစဉ်မှာ ပြိုင်ဖက်ကစားသမားနဲ့ ဘောလုံးယှဉ်လုဖို့ ကြိုးစားခဲ့ရင်း ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားခဲပါတယ်။PSGအသင်းက စထရာဘိုးကို (၂-ဝ) ဂိုးနဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ပထမပိုင်း (၄)မိနစ်ကတည်းက ကာဗာနီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး အသာစီးကနေ ကစားနိုင်နေခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန် (၆၂)မိနစ်မှာတော့ စထရာဘိုးနောက်ခံလူ ဂွန်ကဲလ်ဗက်စ် နဲ့ ဘောလုံးယှဉ်လုဖို့ ကြိုးစားရင်း ဟန်ချက်ပျက်သွားခဲ့လို့ နေမာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။နေမာရဲ့ ဒဏ်ရာကို ဆေးအဖွဲ့က စစ်ဆေးပြီးတဲ့နောက် ဆက်ကစားလို့မရတော့ကြောင်း အတည်ပြုပေးခဲ့ပြီး ခြေကျင်းဝတ်နဲ့ခြေချောင်းတွေကို ဆက်သွယ်ပေးထားတဲ့ အရိုးကျိုးသွားခဲ့တာ ဖြစ်တယ်လို့ ယူဆခဲ့ပါတယ်။ရုပ်သံကင်မရာတွေကတော့ ကွင်းထဲကနေ မျက်ရည်တွေနဲ့ ထွက်ခွာသွားခဲ့တဲ့ နေမာ ကို ရိုက်ပြနေကြပြီး PSG ရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးက သူ့ကိုနှစ်သိမ့်ပေးဖို့ ဘေးကနေ လိုက်ပါသွားခဲ့ပါတယ်။

ပွဲအပြီးမှာတော့ PSG နည်းပြတူချယ်က နေမာရဲ့ ဒဏ်ရာဟာ ပြင်းထန်မယ်လို့ ယူဆရကြောင်းနဲ့ လက်ရှိအချိန်မှာ ဆေးရုံရောက်နေပြီး စစ်ဆေးမှုတွေခံယူနေပြီဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။PSG ပရိသတ်တွေကတော့ နေမာတစ်ယောက် ဒီဒဏ်ရာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်မှာ စိတ်ပူနေကြပြီး အဲဒီပွဲက လာမယ့် ဖေဖော်ဝါရီ (၁၃)မှာ ကစားရတော့မှာပါ။


PSG နည်းပြ တူချယ် က နေမာဟာ အရင်တုန်းက ဖြစ်ပွားခဲ့တဲ့ ဒဏ်ရာကို ပြန်လည်ထိမိခဲ့တာဖြစ်ပြီး (၂၀၁၈)အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒဏ်ရာနဲ့ ပုံစံတူလိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့လည်း နေမာရဲ့ ဒဏ်ရာကို စိုးရိမ်နေမိတယ်လို့ တူချယ်က ဆိုပါတယ်။

နေမာဟာ ဒီရာသီမှာ အသင်းအတွက် သွင်းဂိုး (၂၀) သွင်းယူပေးခဲ့ပြီး (၁၀)ဂိုး ဖန်တီးပေးနိုင်ခဲ့သူ ဖြစ်တာကြောင့်နေမာသာ မကစားနိုင်ဘူးဆိုရင် PSG အနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ယှဉ်နိုင်ဖို့ ခက်လိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိနေခဲ့ပါတယ်။

No comments

Powered by Blogger.