Header Ads


အာဖရိကန္အေကာင္းဆံုးကစားသမားဆုကိုလက္ခံရယူၿပီးအကနဲ ့ပါေဖ်ာ္ေျဖေပးခဲ့တဲ့မိုဟာမက္ဆာလာ





Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အံၾသစရာမရိွတာပါ။မိုဟာမက္ဆာလာဟာ ၂နွစ္ဆက္တိုက္ အာဖရိကန္အေကာင္းဆံုးကစားသမားဆုကိုဆြတ္ခူးခဲ့ပါတယ္။သူဟာ ၂၀၁၇-၁၈ ရာသီမွာ လီဗာဗူးလ္အသင္းအတြက္ ပရီးမီးယားလိပ္စံခ်ိန္တင္သြင္းဂိုး၄၄ဂိုးထိသြင္းယူေပးခဲ့ၿပီး ေရႊဖိနပ္ဆုကိုရယူခဲ့သလို အနီေရာင္ၾကိဳးၾကာနီတို ့ကိုခ်န္ပီယံလိပ္ဖိုင္နယ္အထိပို ့ေဆာင္ေပးနိုင္ခဲ့ျခင္းတို ့ေၾကာင့္အခုလို CAF ဆုကိုရယူသိမ္းပိုက္နိုင္ခဲ့တာပဲျဖစ္ပါတယ္။

အီဂ်စ္ဘုရင္လို တင္စားေခၚေ၀ၚၾကတဲ့မိုဟာမက္ဆာလာဟာ ဆီနီေဂါနိုင္ငံမွာ ဆုလက္ခံရယူၿပီးေနာက္ စင္ျမွင့္ေပၚမွာပဲ အသင္းေဖာ္ဆာဒီယိုမာေနးနဲ ့အတူ အာဖရိကန္သီခ်င္းမ်ားအၾကားကခုန္ခဲ့ၿပီး သူ ့တို ့ေဘးမွာ အာဖရိကန္ရိုးရာ၀တ္ဆံုမ်ား၀တ္ဆင္ထားတဲ့သူေတြလည္းပါ၀င္ခဲ့ၾကတာကိုေတြ ့ရပါတယ္။ဆာလာဟာ ဆုကိုလက္ထဲမွာ ကိုင္ထားရင္ကခုန္ခဲ့တာျဖစ္ၿပီး အဆိုပါျမင္ကြင္းဟာ သင့္အား ေပ်ာ္ရႊင္စရာမိသားစုတစ္ခုရဲ ့မဂၤလာေဆာင္အခမ္းအနားတစ္ခုကို ေခၚေဆာင္သြားသလို ခံစားေစရမွာအမွန္ပါပဲ။


ဒီဆုေပးပြဲအခမ္းအနားဟာတစ္ခ်ိဳ ့အတြက္ေတာ့ အခ်ိဳးေျပခ်င္မွေျပမွာပါ။ဒါပင္မယ့္လည္း ေပ်ာ္ရႊင္စရာေကာင္းတာေတာ့ျငင္းလို ့မရပါဘူး။ဆာလာဟာ ကခုန္တဲ့ေနရာမွာစည္းခ်က္မိခ်င္မွမိနိုင္မွာျဖစ္ေသာ္လည္း သူဟာ ကြင္းထဲမွာေတာ့ ျပိဳင္ဘက္ေနာက္ခံလူေတြကို စည္းခ်က္က်က်အတိုးအလႈပ္၊အယိမ္းေတြနဲ ့ေက်ာ္ျဖတ္တဲ့ေနရာမွာ ျပႆနာလံုး၀မရိွတာေတာ့အေသအခ်ာပါပဲ။

ဆာလာဟာ ဒီရာသီ၂၉  ပြဲကစားၿပီးခ်ိန္မွာလည္း ၁၆ဂိုးထိသြင္းယူထားကာ လီဗာပူးလ္အသင္းရဲ ့အေရးပါတဲ့ကစားသမားျဖစ္လို ့ေနပါတယ္။

(Unicode)

 အာဖရိကန်အကောင်းဆုံးကစားသမားဆုကိုလက်ခံရယူပြီးအကနဲ့ပါဖျော်ဖြေပေးခဲ့တဲ့မိုဟာမက်ဆာလာ


အံသြစရာမရှိတာပါ။မိုဟာမက်ဆာလာဟာ ၂နှစ်ဆက်တိုက် အာဖရိကန်အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးခဲ့ပါတယ်။သူဟာ ၂၀၁၇-၁၈ ရာသီမှာ လီဗာဗူးလ်အသင်းအတွက် ပရီးမီးယားလိပ်စံချိန်တင်သွင်းဂိုး၄၄ဂိုးထိသွင်းယူပေးခဲ့ပြီး ရွှေဖိနပ်ဆုကိုရယူခဲ့သလို အနီရောင်ကြိုးကြာနီတို့ကိုချန်ပီယံလိပ်ဖိုင်နယ်အထိပို့ဆောင်ပေးနိုင်ခဲ့ခြင်းတို့ကြောင့်အခုလို CAF ဆုကိုရယူသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

အီဂျစ်ဘုရင်လို တင်စားခေါ်ဝေါ်ကြတဲ့မိုဟာမက်ဆာလာဟာ ဆီနီဂေါနိုင်ငံမှာ ဆုလက်ခံရယူပြီးနောက် စင်မြှင့်ပေါ်မှာပဲ အသင်းဖော်ဆာဒီယိုမာနေးနဲ့အတူ အာဖရိကန်သီချင်းများအကြားကခုန်ခဲ့ပြီး သူ့တို့ဘေးမှာ အာဖရိကန်ရိုးရာဝတ်ဆုံများဝတ်ဆင်ထားတဲ့သူတွေလည်းပါဝင်ခဲ့ကြတာကိုတွေ့ရပါတယ်။ဆာလာဟာ ဆုကိုလက်ထဲမှာ ကိုင်ထားရင်ကခုန်ခဲ့တာဖြစ်ပြီး အဆိုပါမြင်ကွင်းဟာ သင့်အား ပျော်ရွှင်စရာမိသားစုတစ်ခုရဲ့မင်္ဂလာဆောင်အခမ်းအနားတစ်ခုကို ခေါ်ဆောင်သွားသလို ခံစားစေရမှာအမှန်ပါပဲ။


ဒီဆုပေးပွဲအခမ်းအနားဟာတစ်ချို့အတွက်တော့ အချိုးပြေချင်မှပြေမှာပါ။ဒါပင်မယ့်လည်း ပျော်ရွှင်စရာကောင်းတာတော့ငြင်းလို့မရပါဘူး။ဆာလာဟာ ကခုန်တဲ့နေရာမှာစည်းချက်မိချင်မှမိနိုင်မှာဖြစ်သော်လည်း သူဟာ ကွင်းထဲမှာတော့ ပြိုင်ဘက်နောက်ခံလူတွေကို စည်းချက်ကျကျအတိုးအလှုပ်၊အယိမ်းတွေနဲ့ကျော်ဖြတ်တဲ့နေရာမှာ ပြဿနာလုံးဝမရှိတာတော့အသေအချာပါပဲ။

ဆာလာဟာ ဒီရာသီ၂၉  ပွဲကစားပြီးချိန်မှာလည်း ၁၆ဂိုးထိသွင်းယူထားကာ လီဗာပူးလ်အသင်းရဲ့အရေးပါတဲ့ကစားသမားဖြစ်လို့နေပါတယ်။



No comments

Powered by Blogger.