ေကာ္တင္ဟိုကိုေခၚယူဖို ့ဘာစီလိုနာအသင္းနဲ ့စတင္ေဆြးေႏြးေနၿပီျဖစ္တဲ့မန္ခ်က္စတာယူနိုက္တက္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဇန္နဝါရီအေျပာင္းအေရြ႕ကာလမွာ ကို႔ရို႕ကားယားအနိုင္ဆံုးသတင္းတစ္ပုဒ္ အျဖစ္ဆုေပးသင့္တဲ့ ေကာလဟာလအခ်ိဳ႕ထြက္ေပၚေနပါတယ္။ဒါကေတာ့ ဖိလစ္ပီေကာ္တင္ဟိုအေျကာင္းပါပဲ။ ဘရာဇီးသား ေကာ္တင္ဟိုဟာ နူးကမ့္ကိုေရာက္လာတဲ့ပထမ၁၂လအတြင္းမွာေတာ့အခက္အခဲတစ္ခ်ိဳ႕ရွိခဲ့ျပီးပံုစံေကာင္းျပနိုင္ဖို႕ရုန္းကန္ေနရပါတယ္။လီဗာပူးကေန ေကာ္တင္ဟိုကိုေခၚယူဖို႔အတြက္ဘာစီအသင္းဟာ ေပါင္၁၀၅သန္းအထိအသံုးျပဳခဲ့ရပါတယ္။ ေကာ္တင္ဟိုအေနနဲ႔ကေတာ့ လက္ရွိရာသီမွာ ၁၅ပြဲကစား ၄ဂိုးသြင္းနိုင္ခဲ့ပါတယ္။ကြင္းလယ္ဖန္တီးရွင္တစ္ေယာက္အတြက္ေတာ့ ေကာင္းမြန္တဲ့ ရာသီအစပါပဲ။
ဒါေပမယ့္ ေကာလဟာလေတြကေတာ့ လာမယ့္အပတ္အတြင္းဟေကာ္တင္ဟို ဘာကာကေနထြက္ခြာလိမ့္မယ္လို႕ဆိုလာပါတယ္။ဒါေပမယ့္ မန္ခ်က္စတာယူနိုက္တက္အသင္းက ေကာ္တင္ဟိုကို ေခၚယူလိုတယ္လို႔ ထုတ္ေျပာခဲ့တာေတာ့အမွန္ပါပဲ။သတင္းေတြအရေတာ့ PSG,မန္စီးတီး,ခ်ယ္ဆီးတို႔လည္းဒီကစားသမားကို စိတ္ဝင္စားေနတယ္ဆိုေပမယ့္ ယူနိုက္တက္ကပဲလက္ဦးမႈရယူျပီး အံ့အားသင့္ဖြယ့္ အေျပာင္းေရြ႕တစ္ခုကို လုပ္ေဆာင္သြားလိမ့္မယ္လို႔ ဥေရာပသတင္းစာေတြကေဖာ္ျပေနျကပါတယ္။
အသက္၂၆နွစ္အရြယ္ ေကာ္တင္ဟို ဟာ ဗယ္ဗာဒီရဲ႕ ယံုျကည္မႈကိုအျပည့္အဝမရခဲ့ပဲ တိုက္စစ္ပိုင္းမွာဒမ္ဘီလီေနာက္ ဒုတိယဦးစားေပးအျဖစ္သာရွိေနခဲ့ပါတယ္။ဒါ့အျပင္ ကြင္းလယ္မွာလည္း ရာကီတစ္,ဘတ္စကြတ္တို႔ပံုစံေကာင္းျပေနတာေျကာင့္ သူ႔အတြက္ ေနရာတစ္ေနရာ ရဖို႔မလြယ္ကူလွပါဘူး။ကတ္တလန္အသင္းကို ေပါင္၁၀၅သန္းနဲ႕ေျပာင္းလာျပီးေနာက္ ဘာကာမွာသူ႔အေျကာင္းတခုပ္တရေျပာစရာလည္း မရွိသေလာက္ပါပဲ။ဘာစီလိုနာအသင္းသည္လည္း ေကာ္တင္ဟိုကိုေခၚယူခဲ့ရာမွာ ေပါင္၃၆သန္းအထိ လီဗာပူးကိုေပးဖို႔က်န္ေနပါေသးတယ္။ဒါေပမယ့္ စာခ်ဳပ္ပါအခ်က္အလက္ေတြအရ ဘာကာမွာ ေျခစြမ္းေကာင္းေတြျပနိုင္မွသာ ဒီပမာဏကိုေပးေခ်သြားရမွာျဖစ္ပါတယ္။
ဒီထဲမွာ ေကာ္တင္ဟိုအေနနဲ႕ ဘာစီအတြက္ အနည္းဆံုးပြဲတစ္ရာကစားေပးမွဆိုတဲ့အခ်က္လည္းပါဝင္ပါတယ္။သူပြဲတစ္ရာျပည့္ခဲ့ရင္ ဘာကာအသင္းဟာ လီဗာပူးကို ေပါင္၁၇သန္းေပးရမွာပါ။ဒီေငြ႕ကိုေပါင္၄.၄သန္းစီခြဲျပီး ေလးခါ အရစ္က်ခြဲေပးနိုင္တယ္လို႕လဲသိရပါတယ္။ ဒါက သတင္းစာေတြေရးေနက် အဖြသတင္းအေနနဲ႔ပဲအဆံုးသတ္သြားမလား။အမွန္တကယ္ယူနိုက္တက္ရဲ႕ကြင္းလယ္ပိုင္းအားျဖည့္မႈျဖစ္လာမလား သိပ္မျကာခင္အေျဖထြက္လာေတာ့မွာပါ။
(Unicode)
ကော်တင်ဟိုကိုခေါ်ယူဖို့ဘာစီလိုနာအသင်းနဲ့စတင်ဆွေးနွေးနေပြီဖြစ်တဲ့မန်ချက်စတာယူနိုက်တက်
ဇန်နဝါရီအပြောင်းအရွေ့ကာလမှာ ကို့ရို့ကားယားအနိုင်ဆုံးသတင်းတစ်ပုဒ် အဖြစ်ဆုပေးသင့်တဲ့ ကောလဟာလအချို့ထွက်ပေါ်နေပါတယ်။ဒါကတော့ ဖိလစ်ပီကော်တင်ဟိုအကြောင်းပါပဲ။ ဘရာဇီးသား ကော်တင်ဟိုဟာ နူးကမ့်ကိုရောက်လာတဲ့ပထမ၁၂လအတွင်းမှာတော့အခက်အခဲတစ်ချို့ရှိခဲ့ပြီးပုံစံကောင်းပြနိုင်ဖို့ရုန်းကန်နေရပါတယ်။လီဗာပူးကနေ ကော်တင်ဟိုကိုခေါ်ယူဖို့အတွက်ဘာစီအသင်းဟာ ပေါင်၁၀၅သန်းအထိအသုံးပြုခဲ့ရပါတယ်။ ကော်တင်ဟိုအနေနဲ့ကတော့ လက်ရှိရာသီမှာ ၁၅ပွဲကစား ၄ဂိုးသွင်းနိုင်ခဲ့ပါတယ်။ကွင်းလယ်ဖန်တီးရှင်တစ်ယောက်အတွက်တော့ ကောင်းမွန်တဲ့ ရာသီအစပါပဲ။
ဒါပေမယ့် ကောလဟာလတွေကတော့ လာမယ့်အပတ်အတွင်းဟကော်တင်ဟို ဘာကာကနေထွက်ခွာလိမ့်မယ်လို့ဆိုလာပါတယ်။ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းက ကော်တင်ဟိုကို ခေါ်ယူလိုတယ်လို့ ထုတ်ပြောခဲ့တာတော့အမှန်ပါပဲ။သတင်းတွေအရတော့ PSG,မန်စီးတီး,ချယ်ဆီးတို့လည်းဒီကစားသမားကို စိတ်ဝင်စားနေတယ်ဆိုပေမယ့် ယူနိုက်တက်ကပဲလက်ဦးမှုရယူပြီး အံ့အားသင့်ဖွယ့် အပြောင်းရွေ့တစ်ခုကို လုပ်ဆောင်သွားလိမ့်မယ်လို့ ဥရောပသတင်းစာတွေကဖော်ပြနေကြပါတယ်။
အသက်၂၆နှစ်အရွယ် ကော်တင်ဟို ဟာ ဗယ်ဗာဒီရဲ့ ယုံကြည်မှုကိုအပြည့်အဝမရခဲ့ပဲ တိုက်စစ်ပိုင်းမှာဒမ်ဘီလီနောက် ဒုတိယဦးစားပေးအဖြစ်သာရှိနေခဲ့ပါတယ်။ဒါ့အပြင် ကွင်းလယ်မှာလည်း ရာကီတစ်,ဘတ်စကွတ်တို့ပုံစံကောင်းပြနေတာကြောင့် သူ့အတွက် နေရာတစ်နေရာ ရဖို့မလွယ်ကူလှပါဘူး။ကတ်တလန်အသင်းကို ပေါင်၁၀၅သန်းနဲ့ပြောင်းလာပြီးနောက် ဘာကာမှာသူ့အကြောင်းတခုပ်တရပြောစရာလည်း မရှိသလောက်ပါပဲ။ဘာစီလိုနာအသင်းသည်လည်း ကော်တင်ဟိုကိုခေါ်ယူခဲ့ရာမှာ ပေါင်၃၆သန်းအထိ လီဗာပူးကိုပေးဖို့ကျန်နေပါသေးတယ်။ဒါပေမယ့် စာချုပ်ပါအချက်အလက်တွေအရ ဘာကာမှာ ခြေစွမ်းကောင်းတွေပြနိုင်မှသာ ဒီပမာဏကိုပေးချေသွားရမှာဖြစ်ပါတယ်။
ဒီထဲမှာ ကော်တင်ဟိုအနေနဲ့ ဘာစီအတွက် အနည်းဆုံးပွဲတစ်ရာကစားပေးမှဆိုတဲ့အချက်လည်းပါဝင်ပါတယ်။သူပွဲတစ်ရာပြည့်ခဲ့ရင် ဘာကာအသင်းဟာ လီဗာပူးကို ပေါင်၁၇သန်းပေးရမှာပါ။ဒီငွေ့ကိုပေါင်၄.၄သန်းစီခွဲပြီး လေးခါ အရစ်ကျခွဲပေးနိုင်တယ်လို့လဲသိရပါတယ်။ ဒါက သတင်းစာတွေရေးနေကျ အဖွသတင်းအနေနဲ့ပဲအဆုံးသတ်သွားမလား။အမှန်တကယ်ယူနိုက်တက်ရဲ့ကွင်းလယ်ပိုင်းအားဖြည့်မှုဖြစ်လာမလား သိပ်မကြာခင်အဖြေထွက်လာတော့မှာပါ။
Post a Comment