Zawgyi သမားများအောက်ဆွဲဖတ်ပေးပါ
ပဲလေ့စ်အသင်းနဲ့ပွဲမှာဟန်ဆောင်လဲကျတယ်လို့ဝေဖန်ခံနေရပြန်တဲ့ဆာလာ
မိုဟာမက်ဆာလာဟာ ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်ဆိုတဲ့စွပ်စွဲဝေဖန်ချက်တွေနဲ့အတူနောက်ထပ်ဝေဖန်ခံရေပြန်တာပဲဖြစ်ပါတယ်။ဒီတစ်ကြိမ်မှာ လီဗာပူးတိုက်စစ်ကစားသမားဟာ ပဲလေ့စ်အသင်းနဲ့ပထမပိုင်းမှာ မြက်ခင်းပေါ်မှာ လွယ်လွယ်ကူကူလဲကျခဲ့တယ်လို့ဝေဖန်ခြင်းခံနေရတာပဲဖြစ်ပါတယ်။
မိုဆာလာဟာ ဘယ်လောက်ကောင်းလဲ သံသယဖြစ်စရာမလိုပါဘူး။လီဗာပူးလ်တိုက်စစ်ကစားသမားဟာ အားလုံးထင်ထားတာထက်ပိုမိုလုပ်ပြနိုင်ခဲ့တာဖြစ်ပြီး မနှစ်ရာသီသူ့ရဲ့အင်္ဂလန်ပထမရာသီမှာလည်း လိပ်ထိပ်တန်းဂိုးသွင်းသူဖြစ်ခဲ့တာကိုကြည့်ရင်တွေ့နိုင်ပါတယ်။
ဒါပင်မယ့်လည်း အချို့အရာတွေဟာ ထင်သလောက်ကောင်းကောင်းမွန်မွန်ဖြစ်မလာခဲ့ပါဘူး။အထူးသဖြင့် ဒီရာသီဆာလာရဲ့သွင်းဂိုးနှုန်းတွေဟာကျဆင်းသွားခြင်းမရှိသည့်တိုင်အောင်သူ့ကိုပရိတ်သတ်တွေက ဟန်ဆောင်ဒိုင်ဗင်ထိုးတဲ့သူလို့ဝိုင်းဝန်းလက်ညိုးထိုးနေကြတာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်တွေကလည်း အီဂျစ်ဘုရင်ဟာ ပယ်နယ်တီဧရိယာအတွင်း ဘာမှမလုပ်ပဲနဲ့ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ ပြိုင်ဘက်ပရိတ်သတ်တွေကဝေဖန်အပြစ်တင်စွပ်စွဲခဲ့ကြဖူးပါတယ်။
မနေ့ညကကစားခဲ့တဲ့ ခရစ်စတယ်ပဲလေ့စ်နဲ့ပွဲမှာ ပထမပိုင်းကစားချိန်အတွင်း တောင်ပံတိုက်စစ်ကစားသမားဟာ ပဲလေ့စ်ကစားသမားနဲ့အနည်းငယ်သာထိခိုက်မိပြီးအလွယ်တကူချော်လဲသွားတဲ့အတွက်ဝေဖန်နေကြတာပဲဖြစ်ပါတယ်။
” ဆာလာဟာ ဒိုင်ဗင်ဒီအော်ဆုနဲ့ထိုက်တန်ပါတယ်။”
” သူဒိုင်ဗင်ထက်ထိုးပြန်ပြီလား၊ ရှက်စရာကောင်းလိုက်တာ” လို့လူမှုကွန်ယက်တွေပေါ်မှာဝေဖန်နေကြတာပဲဖြစ်ပါတယ်။
ပြိုင်ဘက်ပရိတ်သတ်တွေက သူ့ရဲ့အဆိုပါအပြုအမူနဲ့ပတ်သတ်ပြီး ကြိုက်နှစ်သက်ခြင်းလုံးဝမရှိပါဘူး။ဒါပင်မယ့်လည်း အီဂျစ်ဘုရင်ဟာ အဆိုပါပွဲမှာ ၂ဂိုးသွင်းယူခဲ့ပြီးနောက် ပရီးမီးယားလိပ်သွင်းဂိုး၅၀ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။
ဆာလာဟာ သူ့ရဲ့ဟန်ဆောင်လဲချမှုအတွက် အဝါကဒ်ပြစ်ဒဏ်ချမှတ်ခြင်းမခံခဲ့ရပါဘူး။
(Zawgyi)
Post a Comment