Header Ads


ေမာ္ရင္ဟိုလက္ထက္ကအသင္းရဲ႕ဂိုးသြင္းနႈန္းတဝက္ေလာက္ရွိလာေတာ့မယ့္မန္ယူနိုက္တက္




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အိုေလဂန္းနားဆိုးရွားလက္ထက္မွာ ပံုစံေကာင္းေတြဆက္တိုက္ျပသေနတဲ့ယူနိုက္တက္အသင္းဟာ ေလးပြဲဆက္နိုင္ပြဲရခဲ့ပါတယ္။အမွတ္ေတြစုေဆာင္းနိုင္ခဲ့ရံုသာမက ေမာ္ရင္ဟိုကိုင္တြယ္စဥ္ကထက္ သိသာတဲ့တိုးတက္မႈကေတာ့ သြင္းဂိုးအေျမာက္အမ်ား ရရွိခဲ့တာပါပဲ။လီဗာပူးကို ရံႈးနိမ့္ျပီးေနာက္မွာ ျပန္လည္ေပါက္ကြဲျပခဲ့တဲ့ ယူနိုက္တက္ဟာ ျခားနားတဲ့ကစားဟန္နဲ႔အတူ ပိုမိုေကာင္းမြန္တဲ့ အသင္းျဖစ္လာပါျပီ။ေမာ္ရင္ဟိုရဲ႕ေနာက္ဆံုးပြဲမွာ လီဗာပူးကို၃-၁နဲ႔ရံႈးခဲ့ေပမယ့္ ဒါကအဓိကျပသနာမဟုတ္ပါဘူး။လက္ရွိအေျခအေနမွန္မွာ လီဗာပူးနဲ႔ မန္စီးတီးဟာ ယူနိုက္တက္ထက္ပိုေကာင္းတဲ့အသင္းေတြျဖစ္တာေျကာင့္ အရံႈးကိုလက္ခံေပးလို႔ရပါတယ္။ဒါေပမယ့္ေျပာစရာေတြက ဒီထက္မကရွိေနပါတယ္။သမိုင္းဝင္ျပိဳင္ဘက္ကိုရံႈးခဲ့တာ ခံျပင္းစရာဆိုတာေတာ့အမွန္ပါပဲ။ဒီထက္ဆိုးတာက ဆိုးဝါးတဲ့ကစားပံုနဲ႔ အဖက္ဖက္ကရံႈးနိမ့္ခဲ့ျခင္းပါ။ဒါတင္မက  အသင္းငယ္ေတြကိုပါ မျကာခနလက္ေျမွာက္ေနရျပီး ယူနိုက္တက္ ရဲ႕ပံုစံအမွန္ကိုပါေပ်ာက္ဆံုးေစခဲ့တာေျကာင့္  ေမာ္ရင္ဟိုကိုထုတ္ပယ္ျပီး ဆိုးရွားလ္ကို  ရာသီကုန္အထိခန္႔အပ္ခဲ့တာပါ။


သရဲနီတိုက္စစ္မွဴးေဟာင္း လက္ေအာက္မွာေတာ့ တိုက္စစ္အသားေပးကစားဟန္နဲ႔ အတူ ယူနိုက္တက္အသင္းဆီ ေျပာင္းလဲမႈေတြယူေဆာင္လာေပးခဲ့ပါတယ္။နယူးကာဆယ္ကို၂-၀နဲ႕ အနိုင္ယူျပီး ေလးပြဲဆက္နိုင္ခဲ့ျခင္းအတြက္ ဆိုးရွားလ္ ကအဓိကအခန္းက႑မွာ ရွိေနပါတယ္။ ေမာ္ရင္ဟိုလက္ထက္ယူနိုက္တက္အသင္းဟာ ၁၇ပြဲကစားျပီး ၃၁ဂိုးသာသြင္းယူထားေပမယ့္ ဆိုးရွားလ္ရဲ႕အသင္းကေတာ့ ေလးပြဲအျပီး ၁၄ဂိုးအထိသြင္းယူနိုင္ခဲ့တာ ထင္ရွားတဲ့ တိုးတက္မႈပါပဲ။ဒါအျပင္ ေမာ္ရင္ဟိုထုတ္ပယ္ခံရခ်ိန္မွာ ဂိုးကြာျခားခ်က္သုညအေျခအေနသာရွိခဲ့ေပမယ့္ လက္ရွိမွာေတာ့+၁၁နဲ႔ အာဆင္နယ္ေနာက္၃မွတ္အကြာအေျခအေနသို႔ေရာက္ရွိလာပါျပီ။

တစ္ခ်ိဳ႕ကေတာ့ စစကိုင္ျခင္းပြဲမွာ ခ်န္ပီယံရွစ္က တန္းတက္ လာတဲ့ ကာဒစ္နဲ႔ေတြ႕တာ ဆိုးရွားလ္ရဲ႕ကံေကာင္းမႈပဲလို႔မွတ္ခ်က္ေပးေနျကပါတယ္။ဒါေျကာင့္ဂိုးျပတ္နိုင္ပြဲရျပီး  အရွိန္ေကာင္းေကာင္းရသြားတယ္လို႔ထင္ျမင္ေနသူေတြရွိပါတယ္။မနွစ္က ယူနိုက္တက္အိမ္ကြင္းမွာ ဟတ္ဒါဖီး,ဘုန္းေမာက္တို႕ကိုနိုင္ခဲ့တယ္ဆိုတာ တစ္ဂိုးအသာ နွစ္ဂိုးအသာေလာက္နဲ႔ပါ။အေဝးကြင္းမွာေတာ့နယူးကာဆယ္နဲ႔ ဘရိုက္တန္ကို၁-၀နဲ႕ရံူးခဲ့ျကတယ္။လက္ရွိဆိုးရွွားရဲ႕ဦးေဆာင္မႈေအာက္မွာေတာ့ ဂုဏ္သိကၡာရွိရွိဂိုးျပတ္နိုင္ပြဲေတြရယူေနတာျဖစ္ျပီး ဒီေျခစြမ္းမ်ိဳးကို ရာသီကုန္ထိထိမ္းထားနိုင္ဖို႔ပဲလိုတာပါ။ 

မပူပါနဲ႕။ ယူနိုက္တက္ဆိုတာ ျမဴးနစ္အျဖစ္ဆိုးမ်ိဳးကေနေတာင္ ျပန္နိႈးထခဲ့နိုင္တဲ့အသင္းမ်ိဳးပါ။

လက္ရွိအခ်ိန္ဟာTheatre Of Dreamsျကီးမွာ အံ့အားသင့္ဖြယ္ေျပာင္းလဲမႈေတြျမင္ေတြ႕ရေတာ့မယ့္ အရိပ္အေယာင္ပါပဲ။

(Unicode)

မော်ရင်ဟိုလက်ထက်ကအသင်းရဲ့ဂိုးသွင်းနှုန်းတဝက်လောက်ရှိလာတော့မယ့်မန်ယူနိုက်တက်

အိုလေဂန်းနားဆိုးရှားလက်ထက်မှာ ပုံစံကောင်းတွေဆက်တိုက်ပြသနေတဲ့ယူနိုက်တက်အသင်းဟာ လေးပွဲဆက်နိုင်ပွဲရခဲ့ပါတယ်။အမှတ်တွေစုဆောင်းနိုင်ခဲ့ရုံသာမက မော်ရင်ဟိုကိုင်တွယ်စဉ်ကထက် သိသာတဲ့တိုးတက်မှုကတော့ သွင်းဂိုးအမြောက်အများ ရရှိခဲ့တာပါပဲ။လီဗာပူးကို ရှုံးနိမ့်ပြီးနောက်မှာ ပြန်လည်ပေါက်ကွဲပြခဲ့တဲ့ ယူနိုက်တက်ဟာ ခြားနားတဲ့ကစားဟန်နဲ့အတူ ပိုမိုကောင်းမွန်တဲ့ အသင်းဖြစ်လာပါပြီ။မော်ရင်ဟိုရဲ့နောက်ဆုံးပွဲမှာ လီဗာပူးကို၃-၁နဲ့ရှုံးခဲ့ပေမယ့် ဒါကအဓိကပြသနာမဟုတ်ပါဘူး။လက်ရှိအခြေအနေမှန်မှာ လီဗာပူးနဲ့ မန်စီးတီးဟာ ယူနိုက်တက်ထက်ပိုကောင်းတဲ့အသင်းတွေဖြစ်တာကြောင့် အရှုံးကိုလက်ခံပေးလို့ရပါတယ်။ဒါပေမယ့်ပြောစရာတွေက ဒီထက်မကရှိနေပါတယ်။သမိုင်းဝင်ပြိုင်ဘက်ကိုရှုံးခဲ့တာ ခံပြင်းစရာဆိုတာတော့အမှန်ပါပဲ။ဒီထက်ဆိုးတာက ဆိုးဝါးတဲ့ကစားပုံနဲ့ အဖက်ဖက်ကရှုံးနိမ့်ခဲ့ခြင်းပါ။ဒါတင်မက  အသင်းငယ်တွေကိုပါ မကြာခနလက်မြှောက်နေရပြီး ယူနိုက်တက် ရဲ့ပုံစံအမှန်ကိုပါပျောက်ဆုံးစေခဲ့တာကြောင့်  မော်ရင်ဟိုကိုထုတ်ပယ်ပြီး ဆိုးရှားလ်ကို  ရာသီကုန်အထိခန့်အပ်ခဲ့တာပါ။


သရဲနီတိုက်စစ်မှူးဟောင်း လက်အောက်မှာတော့ တိုက်စစ်အသားပေးကစားဟန်နဲ့ အတူ ယူနိုက်တက်အသင်းဆီ ပြောင်းလဲမှုတွေယူဆောင်လာပေးခဲ့ပါတယ်။နယူးကာဆယ်ကို၂-ဝနဲ့ အနိုင်ယူပြီး လေးပွဲဆက်နိုင်ခဲ့ခြင်းအတွက် ဆိုးရှားလ် ကအဓိကအခန်းကဏ္ဍမှာ ရှိနေပါတယ်။ မော်ရင်ဟိုလက်ထက်ယူနိုက်တက်အသင်းဟာ ၁၇ပွဲကစားပြီး ၃၁ဂိုးသာသွင်းယူထားပေမယ့် ဆိုးရှားလ်ရဲ့အသင်းကတော့ လေးပွဲအပြီး ၁၄ဂိုးအထိသွင်းယူနိုင်ခဲ့တာ ထင်ရှားတဲ့ တိုးတက်မှုပါပဲ။ဒါအပြင် မော်ရင်ဟိုထုတ်ပယ်ခံရချိန်မှာ ဂိုးကွာခြားချက်သုညအခြေအနေသာရှိခဲ့ပေမယ့် လက်ရှိမှာတော့+၁၁နဲ့ အာဆင်နယ်နောက်၃မှတ်အကွာအခြေအနေသို့ရောက်ရှိလာပါပြီ။

တစ်ချို့ကတော့ စစကိုင်ခြင်းပွဲမှာ ချန်ပီယံရှစ်က တန်းတက် လာတဲ့ ကာဒစ်နဲ့တွေ့တာ ဆိုးရှားလ်ရဲ့ကံကောင်းမှုပဲလို့မှတ်ချက်ပေးနေကြပါတယ်။ဒါကြောင့်ဂိုးပြတ်နိုင်ပွဲရပြီး  အရှိန်ကောင်းကောင်းရသွားတယ်လို့ထင်မြင်နေသူတွေရှိပါတယ်။မနှစ်က ယူနိုက်တက်အိမ်ကွင်းမှာ ဟတ်ဒါဖီး,ဘုန်းမောက်တို့ကိုနိုင်ခဲ့တယ်ဆိုတာ တစ်ဂိုးအသာ နှစ်ဂိုးအသာလောက်နဲ့ပါ။အဝေးကွင်းမှာတော့နယူးကာဆယ်နဲ့ ဘရိုက်တန်ကို၁-ဝနဲ့ရူံးခဲ့ကြတယ်။လက်ရှိဆိုးရှားရဲ့ဦးဆောင်မှုအောက်မှာတော့ ဂုဏ်သိက္ခာရှိရှိဂိုးပြတ်နိုင်ပွဲတွေရယူနေတာဖြစ်ပြီး ဒီခြေစွမ်းမျိုးကို ရာသီကုန်ထိထိမ်းထားနိုင်ဖို့ပဲလိုတာပါ။ 

မပူပါနဲ့။ ယူနိုက်တက်ဆိုတာ မြူးနစ်အဖြစ်ဆိုးမျိုးကနေတောင် ပြန်နှိုးထခဲ့နိုင်တဲ့အသင်းမျိုးပါ။

လက်ရှိအချိန်ဟာTheatre Of Dreamsကြီးမှာ အံ့အားသင့်ဖွယ်ပြောင်းလဲမှုတွေမြင်တွေ့ရတော့မယ့် အရိပ်အယောင်ပါပဲ။

No comments

Powered by Blogger.