တစ္ေန႔ထဲကစားတဲ့ကြာတားဖိုင္နယ္ပြဲစဥ္နွစ္ခုမွာစြမ္းေဆာင္ရည္ကြာျခားလြန္းခဲ့တဲ့မက္ဆီနဲ႔စီေရာ္နယ္ဒို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မက္ဆီကျပည္တြင္းရံႈးထြက္ဖလားမွာဘာစီလိုနာအသင္းအတြက္ အေကာင္းဆံုးေျခစြမ္းျပခဲ့ခ်ိန္မွာ စီေရာ္နယ္ဒိုကေတာ့ဂ်ဴဗင္တပ္စ္အတြက္ ဆန္႔က်င္ဘက္ျဖစ္ခဲ့ရပါတယ္။ ဘာစီလိုနာဟာ ကိုပါဒယ္ေရးကြာတားဖိုင္နယ္ပေက်ာ့မွာ ဆီဗီလာကို ၂-၀နဲ႕ရံႈးနိမ့္ခဲ့ေပမယ့္ ဒုတိယေက်ာ့မွာေတာ့ ၆-၁နဲ႕အနိုင္ယူျပီးအေကာင္းဆံုးျပန္လာခဲ့ပါတယ္။
ဂ်ဴဗင္တပ္အသင္းကေတာ့ကိုပါအီတလီ ကြာတားဖိုင္နယ္မွာ အတၲလန္တာကို သံုးဂိုးျပတ္ရံႈးျပီး ျပိဳင္ပြဲကထြက္ခြာခဲ့ရပါျပီ။ေမာ္ဒန္ေဘာလံုးကမာၻမွာ ဒီBallon d'Orငါးဆုရွင္နွစ္ေယာက္ဟာဘတစ္ျပန္က်ားတစ္ျပန္အျမဲအျပိဳင္အဆိုင္ျဖစ္ေနျကပါ။ဒါေျကာင့္ပဲ တစ္ေန႔ထဲကစားတဲ့ ကြားတားဖိုင္နယ္နွစ္ခုမွာ ဒီနွစ္ေယာက္ျကား ေျခစြမ္းကြာဟခ်က္ျကီးမားခဲ့တာေလာက္ကို ပရိတ္သတ္ေတြဆီက ေဝဖန္သံေတြထြက္လာတာပါ။
ဘာစီလိုနာအသင္းေခါင္းေဆာင္မက္ဆီအေျကာင္းအရင္ေျပာ႐ေအာင္။သူက ဒီပြဲမွာ rating 9.5နဲ႕MOMရခဲ့ပါတယ္။ဂိုးကန္သြင္းမႈ ၇ျကိမ္ရွိခဲ့ျပီး ၄ျကိမ္ဂိုးေပါက္တည့္ကာ တစ္ဂိုးသြင္း တစ္ဂိုးဖန္တီးေပးခဲ့ပါတယ္။တစ္ဦးခ်င္းေက်ာ္ျဖတ္မႈ၁၅ျကိမ္မွာ ၇ျကိမ္ေအာင္ျမင္ခဲ့ျပီး ေဘာလံုးေပးပို႔မႈ၈၅ရာနႈန္းအထိလိုရာေရာက္ခဲ့ပါတယ္။key passသံုးျကိမ္နဲ႔ အပိုင္အခြင့္အေရး၂ျကိမ္ေတာင္ဖန္တီးခဲ့တဲ့အျပင္ သူ႔ေျကာင့္ပဲပင္နယ္တီရခဲ့တာပါ။ျပိဳင္ဘက္ဆီဗီလာအသင္းရဲ႕ratingအေကာင္းဆံုးကစားသမားက၇.၁ပဲရွိခ်ိန္မွာမက္ဆီက၉.၅ထိရွိခဲ့တာပါ။
စီေရာ္နယ္ဒိုကေတာ့ ဒီအရာေတြအားလံုးရဲ႕ဆန္႔က်င္ဘက္မွာရွိေနခဲ့ပါတယ္။ဂ်ဴဗင္အသင္းရဲ႕ratingအနည္းဆံုးကစားသမားက၆.၉ျဖစ္ျပီး သူကေတာ့ ၇.၁ပဲရွိခဲ့ပါတယ္။စီေရာ္နယ္ဒိုဘာလို႔ဒီေလာက္ထိဆိုးရြားသြားရတာလဲ။ဒီပြဲမွာ သူ႔အေနနဲ႔ သြင္းဂိုးနဲ႕ဖန္တီးမႈေတြမျပဳလုပ္နိုင္တဲ့အျပင္ ဂိုးေပါက္တည့္ေအာင္ ကန္သြင္းနိုင္ခဲ႔ျခင္းမရွိပါဘူး။သူ႔ရဲ႕ျကိဳးပမ္းမႈနွစ္ျကိမ္ကလည္း လြဲေခ်ာ္ခဲ့ပါတယ္။ဒါအျပင့္ သူရဲ႕တစ္ဦးခ်င္ေက်ာ္ျဖတ္မႈကလည္းတစ္ျကိမ္မွမေအာင္ျမင္ခဲ့ပဲ သာမန္ေဘာလံုးေပးတာေတာင္လြဲေနခဲ့ပါတယ္။ေဘာလံုးေပးပို႔မႈ ၆၅ရာနႈန္းပဲ လိုရာေရာက္ခဲ့ျပီး သူ႔ဆီက ထြက္တဲ့key passက သုညပါတဲ့။ဒီပြဲရဲ႕ratingအျမင့္ဆံုးသူကေတာ့ ဂ်ဴဗင္ကိုဂိုးသြင္းခဲ့တဲ့ အတၲလန္တာ ကစားသမား ဒူဗင္ဇက္ပတာျဖစ္ျပီး၈.၇ထိရွိခဲ့ပါတယ္။
မက္ဆီအေကာင္းဆံုးပံုစံျပခဲ့ခ်ိန္မွာ စီေရာ္နယ္ဒိုကေျခစြမ္းပိုင္း ငုပ္ဆင္းခဲ့တာေျကာင့္ဆိုရွယ္မီဒီယာမွာ ေလွာင္ေျပာင္မႈေတြရွိေနပါတယ္။လီယြန္နယ္မက္ဆီကေတာ့ ေကာ္တင္ဟိုကို ပင္နယ္တီေပးကန္ခဲ့တာအပါအဝင္ ခ်ီးက်ဴးမႈေတြခံေနရပါတယ္။ဒီနွစ္ေရာ္နယ္ဒိုအေနနဲ႔မက္ဆီကိုေက်ာ္ျပီးဥေရာပဂိုးသြင္းအမ်ားဆံုးေရႊဖိနပ္ဆု ရနိုင္ပါ့မလား။ေရြဖိနပ္ဆုကေရာဘယ္သူ႔အတြက္ျဖစ္မယ္ထင္ျကလဲ။
(Unicode)
တစ်နေ့ထဲကစားတဲ့ကွာတားဖိုင်နယ်ပွဲစဉ်နှစ်ခုမှာ စွမ်းဆောင်ရည်ကွာခြားလွန်းခဲ့တဲ့ မက်ဆီနဲ့ စီရော်နယ်ဒို
မက်ဆီကပြည်တွင်းရှုံးထွက်ဖလားမှာဘာစီလိုနာအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့ချိန်မှာ စီရော်နယ်ဒိုကတော့ဂျူဗင်တပ်စ်အတွက် ဆန့်ကျင်ဘက်ဖြစ်ခဲ့ရပါတယ်။ ဘာစီလိုနာဟာ ကိုပါဒယ်ရေးကွာတားဖိုင်နယ်ပကျော့မှာ ဆီဗီလာကို ၂-ဝနဲ့ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယကျော့မှာတော့ ၆-၁နဲ့အနိုင်ယူပြီးအကောင်းဆုံးပြန်လာခဲ့ပါတယ်။
ဂျူဗင်တပ်အသင်းကတော့ကိုပါအီတလီ ကွာတားဖိုင်နယ်မှာ အတ္တလန်တာကို သုံးဂိုးပြတ်ရှုံးပြီး ပြိုင်ပွဲကထွက်ခွာခဲ့ရပါပြီ။မော်ဒန်ဘောလုံးကမ္ဘာမှာ ဒီBallon d'Orငါးဆုရှင်နှစ်ယောက်ဟာဘတစ်ပြန်ကျားတစ်ပြန်အမြဲအပြိုင်အဆိုင်ဖြစ်နေကြပါ။ဒါကြောင့်ပဲ တစ်နေ့ထဲကစားတဲ့ ကွားတားဖိုင်နယ်နှစ်ခုမှာ ဒီနှစ်ယောက်ကြား ခြေစွမ်းကွာဟချက်ကြီးမားခဲ့တာလောက်ကို ပရိတ်သတ်တွေဆီက ဝေဖန်သံတွေထွက်လာတာပါ။
ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီအကြောင်းအရင်ပြောရအောင်။သူက ဒီပွဲမှာ rating 9.5နဲ့MOMရခဲ့ပါတယ်။ဂိုးကန်သွင်းမှု ၇ကြိမ်ရှိခဲ့ပြီး ၄ကြိမ်ဂိုးပေါက်တည့်ကာ တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။တစ်ဦးချင်းကျော်ဖြတ်မှု၁၅ကြိမ်မှာ ၇ကြိမ်အောင်မြင်ခဲ့ပြီး ဘောလုံးပေးပို့မှု၈၅ရာနှုန်းအထိလိုရာရောက်ခဲ့ပါတယ်။key passသုံးကြိမ်နဲ့ အပိုင်အခွင့်အရေး၂ကြိမ်တောင်ဖန်တီးခဲ့တဲ့အပြင် သူ့ကြောင့်ပဲပင်နယ်တီရခဲ့တာပါ။ပြိုင်ဘက်ဆီဗီလာအသင်းရဲ့ratingအကောင်းဆုံးကစားသမားက၇.၁ပဲရှိချိန်မှာမက်ဆီက၉.၅ထိရှိခဲ့တာပါ။
စီရော်နယ်ဒိုကတော့ ဒီအရာတွေအားလုံးရဲ့ဆန့်ကျင်ဘက်မှာရှိနေခဲ့ပါတယ်။ဂျူဗင်အသင်းရဲ့ratingအနည်းဆုံးကစားသမားက၆.၉ဖြစ်ပြီး သူကတော့ ၇.၁ပဲရှိခဲ့ပါတယ်။စီရော်နယ်ဒိုဘာလို့ဒီလောက်ထိဆိုးရွားသွားရတာလဲ။ဒီပွဲမှာ သူ့အနေနဲ့ သွင်းဂိုးနဲ့ဖန်တီးမှုတွေမပြုလုပ်နိုင်တဲ့အပြင် ဂိုးပေါက်တည့်အောင် ကန်သွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။သူ့ရဲ့ကြိုးပမ်းမှုနှစ်ကြိမ်ကလည်း လွဲချော်ခဲ့ပါတယ်။ဒါအပြင့် သူရဲ့တစ်ဦးချင်ကျော်ဖြတ်မှုကလည်းတစ်ကြိမ်မှမအောင်မြင်ခဲ့ပဲ သာမန်ဘောလုံးပေးတာတောင်လွဲနေခဲ့ပါတယ်။ဘောလုံးပေးပို့မှု ၆၅ရာနှုန်းပဲ လိုရာရောက်ခဲ့ပြီး သူ့ဆီက ထွက်တဲ့key passက သုညပါတဲ့။ဒီပွဲရဲ့ratingအမြင့်ဆုံးသူကတော့ ဂျူဗင်ကိုဂိုးသွင်းခဲ့တဲ့ အတ္တလန်တာ ကစားသမား ဒူဗင်ဇက်ပတာဖြစ်ပြီး၈.၇ထိရှိခဲ့ပါတယ်။
မက်ဆီအကောင်းဆုံးပုံစံပြခဲ့ချိန်မှာ စီရော်နယ်ဒိုကခြေစွမ်းပိုင်း ငုပ်ဆင်းခဲ့တာကြောင့်ဆိုရှယ်မီဒီယာမှာ လှောင်ပြောင်မှုတွေရှိနေပါတယ်။လီယွန်နယ်မက်ဆီကတော့ ကော်တင်ဟိုကို ပင်နယ်တီပေးကန်ခဲ့တာအပါအဝင် ချီးကျူးမှုတွေခံနေရပါတယ်။ဒီနှစ်ရော်နယ်ဒိုအနေနဲ့မက်ဆီကိုကျော်ပြီးဥရောပဂိုးသွင်းအများဆုံးရွှေဖိနပ်ဆု ရနိုင်ပါ့မလား။ရွေဖိနပ်ဆုကရောဘယ်သူ့အတွက်ဖြစ်မယ်ထင်ကြလဲ။
Post a Comment